*** စင်ကာပူက အပြာတန်း *** (သို့) Geylang

Mon LayNovember 19, 20161min39675

ငယ်ငယ်က ဖတ်ဖူးတယ် စာရေးဆရာကြီးတစ်ယောက်ရေးတဲ့ ထိုင်းက နာမည်ကြီး ပတ်ပုန်း အပြာတန်းအကြောင်း။

စင်ကာပူက အပြာတန်းအကြောင်းတော့ မဖတ်ဖူးသေးဘူး။ ဒါနဲ့ ရေးလိုက်ဦးမယ် ဆိုပြီး…

စင်ကာပူရဲ့ Tourist attraction နေရာတွေထဲမှာ နာမည်ကြီး Geylang လည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဓိကက red light district area(အပြာတန်း) လို့ စလုံးအစိုးရက တရားဝင်သတ်မှတ်ထားလို့ပဲ။

(ပြီးတော့ Geylang က ဒူရင်းသီးတို့ Dim Sum တို့ ဖားဆန်ပြုတ်တို့ စတာတွေလည်း နာမည်ကြီးတယ်။)

လူစည်ကားချိန်က weekend ညနေ ၂ နာရီလောက်ကနေ မနက် ၂ နာရီလောက်ထိပေါ့။

တည်နေရာက အလွယ်ဆုံးညွှန်ရရင် Kallang MRT နဲ့ Aljunied MRT station ကြားမှာရှိတယ်။ Aljunied MRT ရောက်လို့ customer service ကိုဖြတ်ပြီးတာနဲ့ ဘယ်ကိုချိုးပြီး လူသွားလမ်းလေးအတိုင်း တည့်တည့်ကြီး လျှောက်သွားလို့ (Sim Ave road နဲ့ Geylang road အကျော်) ရ မိနစ်လောက်နေရင် Geylang Lorong 24 ဆိုတာကိုရောက်လိမ့်မယ်။

အဲ့ဒီမှာ အပြာမယ်လေးတွေ စတွေ့လိမ့်မယ်။ စိတ်မစောပါနဲ့။ ဆန္ဒထိန်းပါ။ အဲ့နေ့ရာက မယ်လေးတွေက တရားမဝင်ပါဘူး။ အများအားဖြင့် ထိုင်း၊ အင်ဒို၊ ဖီလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ဗီယမ်နမ် စတဲ့နိုင်ငံတွေ ကနေ social visit pass နဲ့ လာပြီး Geylang ကလမ်းတွေပေါ်မှာ ငွေလာရှာတဲ့သူတွေပါ။ အထင်တော့ မသေးနဲ့ဗျို့။ လွန်ခဲ့တဲ့ ၁၅ နှစ်က ကိုယ်တွေ တစ်လ ၁၀၀ဝ ရဖို့ မနည်းအလုပ်လုပ်နေရတဲ့အချိန်မှာ သူတို့ ၂ ပတ်အတွင်းငွေရှာတာ ဒေါ်လာ ၇၀၀ဝ တဲ့။ (ပုံမှန် rate က ဒေါ်လာ ၂၀-၄ဝ (အပြင်တန်း), frequency တွက်ကြည့်ပေတော့ ၂ ပတ်အတွင်း) Risk ကတော့ များတာပေါ့။ရဲလာရင် ပြေးရတယ်။ အဆင်မသင့်ရင် အဖမ်းခံရပြီး cable tie နဲ့ တုတ်ပြီး တပြုံကြီး ရဲကားပေါ် ပါသွားကြရပါတယ်။ ရှောင်ရန် – အဲ့ဒီအပြင်တန်းမှာ ရပ်ပြီး အလုပ်ဖြစ်နေသူများက ၂ ပတ် ၁ ခါ ဆေးစစ်ထားတဲ့သူတွေ မဟုတ်ပါ။ တရားလည်း မဝင်ပါ။

ဒါတွေသိခဲ့ရတာကလည်း အဲ့ဒီတုန်းက ကိုယ်တွေ(ဘော်ဒါတွေစုနေတဲ့အိမ်) နေခဲ့တဲ့နေရာ Geylang Lorong 12 နဲ့ 24 က တကယ့် စူပါလမ်းလို့ပြောလို့ရတယ်။ အားလပ်ရက် တော်တော်များများ အခန်းတခါးဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတာ သူတို့မျက်နှာပဲ။ မကြာခဏဆိုသလို ရဲလိုက်လို့ ပြေးရင်း ကိုယ်တွေအိမ်ထဲ ဝင်လာပြီး ခပ်တည်တည် ထမင်းဝိုင်းမှာ ဝင်ထိုင်သွားတာမျိုးလည်း ရှိဘူးတယ်။ ရဲက အိမ်ထဲထိအောင်တော့ လိုက်မဖမ်းဘူး။

အဲ့လိုရောရောထွေးထွေးတွေဖြစ်ပြီး – တချို့ ဘော်ဒါတွေဆို FKB=_ာကြည်ဘဲ တောင်ဖြစ်လို့။ ထိုင်းက တစ်ယောက်နဲ့ပါ။ ၂ ပတ်တစ်ခါ သူမ ပြန်လာရင် ယိုးဒယား ငါးခြောက်လေးတွေတောင် လက်ဆောင်ပေးတတ်တယ်။ ဒို့များကလည်း ကြားကနေ အင်တာဗျူးတာပေါ့။

စောစောက Lorong 24 ကလေ စုံဂဏန်းအတိုင်း Lorong 22, 20>>> Lorong 4 ထိ အတွင်းလမ်းလေးအတိုင်း လျှေက်သွားရင် သောကြာ စနေ၊ တနင်္ဂနွေ ညနေများဆို ပွဲတော်အလားပဲ။ ရောင်စုံ ဆိုဒ်စုံ ဂိုက်စုံ သဘောရှိ လမ်းဘေးမှာ တိုနံနံလေးတွေနဲ့ တန်းကိုစီလို့။ ဒါပေမယ့် သူတို့အားလုံး ၂ ပတ် တစ်ခါ ဆေးမစစ်ထားကြဘူး။

သူတို့တွေက ဈေးညှိလို့ အဆင်ပြေရင် နီးစပ်ရာ ခပ်စုပ်စုပ် ခပ်မှောင်မှောင် အခန်းလေးကို ခေါ်သွားတယ်။ အတွင်းမှာ ကုတင်/မွေ့ယာ ၁ ချပ်နဲ့ water tap တစ်ခုရှိတယ်လို့တော့ ပြောတာပဲ။ အပြင်တန်းက မယ်တွေက သူတို့ညှိပြီး ရတဲ့ ငွေထဲကနေ $၅ သို့ $၁ဝ အခန်းငှားခ ပေးရပါတယ်။ maximum 30 min.
ရုပ်လှ ဘော်ဒီဖြောင့်တဲ့သူများက ကြီးကျယ်တတ်တယ်။ service က မကောင်းတဲ့။

ဆေးစစ်ပြီး ပရိုလုပ်စားတဲ့နေရာက ပြာလဲ့လဲ့ အတွင်းခန်းလေးတွေမှာ။ အိမ်ရှေ့မှာ အိမ်နံပါတ်ကို ရွှေရောင်စာလုံးနဲ့ ခပ်ကြီးကြီးလေးရေးထားကြပါတယ် (တခြားနေအိမ်တွေနဲ့ မှားမှာစိုးလို့ပါ။ ကိုယ်တွေခောတ်က ‘ပန်ပန်ပန် ကြော်ငြာ မင်းသမီး ထထမဥ’ ခောတ်စားချိန်။ ခုအတွင်းခန်းမယ်လေးများက ပန်ပန်ပန် ထက်တောင် သာတယ်လို့ ညွှန်းကြတယ်။ Rate က ရပ်ရည် အဖြူအမဲပေါ်မူတည်ပြီး ၁၀ဝ > ၁၅ဝ ဒေါ်လာ အစားစားရှိပါတယ်။ ပုတ်သင်ညို အဖော်လည်းဆောင်ရပါတယ်။ အများအားဖြင့် ပြည်ကြီးကလာတဲ့ တရုတ်မ, ဒုတိယ ထိုင်းနဲ့ မလေးတရုတ်, အင်ဒို, ဖီလစ်ပိုင်, ဗီယပ်နမ် တွေပါ။ သူတို့တွေက မှန်လုံခန်းလေးထဲမှာ ၄,၅,၈ ယောက်လောက် ထိုင်နေတတ်ကြတယ်။ အဲ့ဒါကို အပြင်ကကြည့်ပြီး cashier/owner ကို request လုပ်ကြရပါတယ်။ အခန်းတွင်းမှာ ရေချိုးခန်း ဘာညာနဲ့ သန့်ပါတယ်လို့ ပြောပါတယ်။

Lorong 10 နဲ့ 12 အဆုံးလောက်မှာတော့ ဖြတ်ဖောက်ချုပ် ဒါမှမဟုတ် shemale တွေ ကျက်စားတတ်တယ်။ သတိထားပေါ့ အအောင်းခံရနိုင်တယ် သူတို့တွေက group နဲ့။

ကြုံတောင့်ကြုံခဲ ရွှေအသစ်လေးများရောက်နေရင် စုံစမ်းစရာမလိုဘူး။ သတင်းကပြန့်လွယ်တယ်။ ကိုယ့်ထက်ဦး တဲ့ မောင်ဦး တွေလည်း ရှိရဲ့။ သေချာအောင် သွားကြည့်တော့ မြန်မာစကား အရမ်းကြီး မကျွမ်းကျင်တဲ့ ထိုင်းမြန်မာ နယ်စပ်ကဖြစ်နေတတ်တယ်။ ဒီနေရာမှာ အစွဲရှိကြတာထင်ပါ့။ အိန္ဒိကလည်း သူတို့လူမျိုးပဲ အားပေးတာများတယ်နော်။

ရံဖန်ရံခါမှာတော့ ရုရှားရုပ် အဖြူမတွေလည်း လမ်းဘေးမှာ ရပ်ပြီး စီးပွားရှာနေတာ တွေ့ရပါတယ်။

ဒီ Geylang က crime case လည်း အဖြစ်များတယ်။ Hotel မှာ အိန္ဒိယ အလုပ်သမားနဲ့ အင်ဒိုမချိန်းတွေ့။ အပေးအယူမမျှဘဲ အင်ဒိုမကိုသတ်ပြီး သတ်တဲ့သူကိုယ်တိုင်က ရေချိုးခန်းမှာ ကြိုးဆွဲချ သေတဲ့ case နဲ့ အခြား ပုံစံတူ case တွေ များတယ်။

ပြီးတော့ ရွှေတွေအခေါ် မူးယစ်ဆေး (ငါး) လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးတို့ တခြား မူးယစ် tablet တွေလည်း ပေါပေါလောလော ရနိုင်ပါတယ်။

တချို့ အသိတွေဆို အဲ့ဒီ (ငါး) ဆိုတဲ့ မူးယစ်ဆေးကို ဂါလံပုံးနဲ့ ရောင်းပြီး စီးပွားအဆင်ပြေသွားတဲ့သူရှိသလို တချို့ကျတော့လည်း ဂျေးလ် ထဲအောင်းသွားကြရတာလည်း ရှိတယ်။ သတိထားရမှာက အချက်ပြပြီး ဆေးရောင်းတဲ့ ဘဲတွေက ခေါ်ရင် ယောင်တောင်ပေါင်တောင် မသွားပါ နဲ့ ပြီးတော့ အဲ့လိုရောင်းတဲ့သူတွေနဲ့လည်း လက်ဖက်ရည် တဝိုင်းတည်း တူတူ မသောက်မိစေနဲ့။ အဲ့ဒီမှာ အရပ်ဝတ် စုံထောက်/ရဲ တွေနဲ့ ကွိသွားနိုင်တယ်။ မြန်မာပြည် စတိုင် လက်ဖက်ရည်သောက်ပြီး လမ်းသွားလမ်းလာကို ကြည့်ပြီး ဂေါ်လို့ကောင်းတာ စလုံးမှာ ဒီ Geylang ပဲရှိတယ်လို့ ထင်တယ်။

တချို့ဘော်ဒါတွေကျတော့ စလုံးမှာ တွေ့ပြီး လပ်ထပ်ကြတယ်။ သို့ပေမယ့် တစ်အိမ်တည်း အတူမနေရတော့ ကလေးယူဖို့ အဆင်မပြေဖြစ်ရတယ်။ အဲ့လိုဆို Geylang hotel တွေသွားမယ့်အစား paya labour တို့ Joo Chiat rd တို့ ဘက်သွားသင့်တယ်လို့ထင်တယ်။ မဟုတ်ရင် ကိုယ့် အိမ်သူကို ယုံထင်ကြောင်ထင် ထင်နိုင်တယ်။ Budget အရမ်းနည်းရင် Geylang Lorong 4 တို့ 6 တို့ ဘက်မှာ cheap hotel တွေရှိပါတယ်။ ကြမ်းပိုးတော့ သတိထားပေါ့။ (good things no cheap and cheap things no good)

နောက်တစ်ခုက သုံးချပ်ဖဲ လောင်းကစားကိုလဲ ရှားရှားပါးပါး တခါတရံတွေရတယ်။ ခုတော့ ရှိမယ်မထင်တော့ပါဘူး။ တကယ်လို့ရှိခဲ့ရင်လည်း ဝင်မဆော့ပါနဲ့ လို့ အကြံပေးပါရစေ။ အလံရှူးတွေပါ။ ကိုယ်က နိုင်လို့ ထွက်သွားရင် နောက်က ရန်လိုက်ရှာတတ်တယ်။ ဒို့များက ဝါသနာက တားမရလို့ ဝင်ကြည့်ပြီး ကစားတယ်။ $၁ဝ နိုင်နေတာ ချက်ချင်းလှည့်မထွက်ပဲ အလံရှူးတွေ တခြားအာရုံရောက်သွားမှ ထထွက်ခဲ့ရဖူးတယ်။

သိသလောက် ကိုယ်တွေ့ စာတွေ့ ဘော်ဒါတွေ အတွေ့ရောပြီး မျှဝေလိုက်ပါတယ်။ ကြာခဲ့ပြီဆိုတော့ outdated ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဘော်ဒါများ comment မှာ update လုပ် သွားနိုင်ပါ၏။

ဗဟုသုတ ပေါ့,
#credit

5 comments

  • ဂျစ်စူ

    November 22, 2016 at 10:31 am

    ရန်ကုန်နဲ ့ မန်းလေးက အပြာတန်းအကြောင်း သိချင်ရင်တော့ပြော
    ကျနော့မှာ ကိုယ်တိုင်ကိုယ်ကျ အသွင်ယူ သူတေသနလုပ်တဲ့ အူးလေးတွေစိတယ်
    မိတ်ဆက်ပေးမယ်

    • ဂျစ်စူ

      November 22, 2016 at 10:40 am

      အော်
      ဘာရယ် မဟုတ်ပါဘူး
      ရွာထဲခဏရောက်တယ်လို ့ သတင်းပို ့တာ
      အပြာတန်းအရင်ဝင်မိသလိုဖြစ်သွားတယ်

      ဘာရယ်ဟုတ်ပါဘူး…
      ကိုအောင်ဘုများ ရှိမလားလို ့ ဝင်ကျိတာပါ
      လစ်ပြီ

  • aye.kk

    November 22, 2016 at 1:13 pm

    အောင်ဘုက
    ကျိုက်ထိုမှာ။

  • သျှားသက်မာန်

    November 22, 2016 at 1:21 pm

    ရယ်ရတယ်နော်…ကော်မန် ့တွေရေးကြတာ

  • Thint Aye Yeik

    November 23, 2016 at 6:17 pm

    ဒါတွေကို တောင်ပြာတန်းက
    အသိဆုံးပါ မေရယ်
    ဒန့် တန့်တန် တန်
    😛

Leave a Reply