Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်နေ ့နေ ့ရောက်ခဲ့ရင်…………

Mon LayJanuary 6, 201712min2250

⛲?⛲?⛲?⛲?⛲?⛲?⛲?⛲
ဥရောပတစ်ခွင်စုံစုံလင်လင်……………….. ၏ 2017 EU(8)နိုင်ငံ ခရီးစဉ်
⛲?⛲?⛲?⛲?⛲?⛲?⛲?⛲

2016 ဧပရယ်အတွင်းမှာ ဥရောပ(၈)နိုင်ငံ ခရီးစဉ်လေးဟာ ဘာကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ရတယ်ဆိုတာရယ် ၊ ဘာကြောင့် ………………… နဲ့ရွေးချယ်ခရီးသွားသင့်တယ်ဆိုတာရယ်ကို ရှင်းပြပေးပါရစေရှင်။

*****မင်္ဂလာပါရှင်။…………………… ကပါ။ ^___^ *****
—————————————————————-
Q: 2017 ဧပရယ်သင်္ကြန်အတွင်း ညီမတို့ရဲ့နာမည်ကြီးတဲ့ ဥရောပ(၈နိုင်ငံ) ခရီးစဉ် အကြောင်းလေး သိချင်လို့ပါ။

? ဪဟုတ်ကဲ့ပါရှင်။ ညီမတို့အနေနဲ့ ဧပရယ်သင်္ကြန်ပိတ်ရက်အတွင်းမှာ ဧပရယ် (၁ဝရက်နေ့ထွက်ပြီး – ၂၅ရက်နေ့) ပြန်ရောက်မဲ့ (၁၅ညအိပ် / ၁၆ရက်) ဥရောပခရီးစဉ်လေးကို တစ်ဦးလျှင် USD 5000 နှင့် ဖွင့်လှစ်ပေးထား ပါတယ်။ ဒီခရီးစဉ်လေးမှာဆိုရင်တော့ နိုင်ငံအားဖြင့် (၈)နိုင်ငံ + မြို့အားဖြင့် (၁၈)မြို့ အစရှိသည်တို့ရဲ့ အထင်ကရနေရာများကို စုံလင်အောင် သွားရောက် လည်ပတ်ထားရှိပါတယ်ရှင်။
—————————————————————-
Q: အစ်မတစ်ခုလောက်မေးပါရစေ။ နိုင်ငံ (၈)နိုင်ငံဆိုတာ တကယ်ရော ဟုတ်ပါ့မလား?

?တကယ်ဟုတ်ပါတယ်ရှင်။ ဒီခရီးစဉ်လေးမှာ Italy ၊ Switzerland ၊ Lichtenstein ၊ Austria ၊ Germany ၊ Netherland ၊ Belgium နဲ့ France တို့ကို အားလုံး ရောက်ဖူးသွားမှာပါ။ ဒါကြောင့်မို့လို့ အရမ်းကောင်းတဲ့ လူကြိုက်များတဲ့ ခရီးစဉ်လေးပဲဖြစ်ပါတယ်။
—————————————————————-
Q: လေကြောင်းလိုင်းတွေကကော ဘယ်လိုင်းတွေကိုအသုံးပြုထားတာပါလဲ?

? ဟုတ်ကဲ့ပါရှင်။ ဒီဥရောပခရီးစဉ်မှာလည်းပဲ အစားအသောက် ခံတွင်းတွေ့စေမဲ့ ၊ မြန်မာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင် ရှိလှတဲ့ အဆင့်မြင့် သလို ဈေးလည်းမြင့်တဲ့ SINGAPORE AIRLINE (SQ) နဲ့သာ စီစဉ် ထားရှိပြန်ပါတယ်။ အသွားမှာ (ရန်ကုန် – စင်ကာပူ – ရောမ) Boeing Aircraft ဖြစ်ပြီး အပြန်မှာကတော့ (ပဲရစ် – စင်ကာပူ – ရန်ကုန်) အတွက် A380 (Double Decker) နှစ်ထပ်လေယာဉ်ကြီးနဲ့ ပျံသန်းမှာဖြစ်ပါတယ်။
—————————————————————-
Q: လေယာဉ်စီးရန်ကြာမြင့်ချိန်ကကော?

? (ရန်ကုန် – စင်ကာပူ) က ၃နာရီခန့်စီးရမှာဖြစ်ပြီး (စင်ကာပူ – ရောမ) ကတော့ ၁၂နာရီခွဲလောက်စီးရမှာဖြစ်ပါတယ်။ ၁၂နာရီစီးရတဲ့ လေယာဉ်ပေါ် မှာကိုတော့ အစားအသောက် (၂)ခါ တည်ခင်းဧည့်ခံသွားမှာပါ။
—————————————————————-
Q: ဒီလောက်နိုင်ငံတွေအများကြီးကကော လေယာဉ်နဲ့သွားရမှာလား?

? ဥရောပက နိုင်ငံတွေဟာတစ်ခုနဲ့တစ်ခု ထိစပ်နေတာဖြစ်လို့ လေယာဉ်နဲ့ အထူးတလည်သွားစရာ မလိုပါဘူးရှင်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကားနဲ့သာ ကူးသန်းရမှာပါ။
—————————————————————-
Q: နည်းနည်းလေးပြောပြပေးပါဦးညီမရယ်။ ဥရောပနိုင်ငံက အရမ်းကို ခေတ်မီ တိုးတက်မှာပေါ့နော် ?

? ဟုတ်ကဲ့ ပြောပြပေးပါ့မယ်ရှင်။ အမှန်မှာတော့ ဥရောပဟာ အနောက်နိုင်ငံဖြစ်ပေမဲ့လို့ အများစိတ်ထင်နေသလို ခေတ်မီ တိုးတက်မှု မရှိပါဘူး။ တကယ်တမ်းက ဥရောပကမြို့လေးတွေဟာ အရမ်းကိုလှပပြီး သူတို့ရဲ့ ရှေးမူမပျက်တဲ့ အဆောက်အဦး ၊ CHURCH / BASILICA ဘုရား ရှိခိုးကျောင်း ၊ ဗိသုကာလက်ရာတွေ အားလုံးကို မူမပျက်ထိန်းသိမ်းထား တာကြောင့် ဒီခရီးစဉ်လေးမှာ မိုးမျှော်တိုက်ကြီးတွေ ၊ ခေတ်မီစနစ်တွေ ၊ နောက်ဆုံးပေါ် ကားတွေကို မြင်တွေ့မယ်လို့ မျှော်လင့်ထားရင် မှားသွားပါ လိမ့်မယ်ရှင်။ တကယ်တမ်းခရီးစဉ်မှာ စောင့်ကြိုနေမှာကတော့ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိတဲ့ ၂ထပ် / ၃ထပ် ထက်ပိုမမြင့်တဲ့ အဆောက်အဦးလေးတွေ ၊ ခမ်းနားထည်ဝါတဲ့ Church ကျောင်းကြီးတွေ ၊ လမ်းကြိုလမ်းကြားလေးတွေ နဲ့ သဘာဝဆန်ဆန်လှပလွန်းလှတဲ့ရှုခင်းတွေ စသည်တို့ပဲ ဖြစ်မှာပါ။ လမ်းလေးတွေဟာ ကျဉ်းတာကြောင့်မို့ ကားအကြီးတွေဟာနေရာတိုင်း ဝင်လို့မရပါဘူးရှင်။ မြို့တစ်မြို့ရောက်တိုင်းရောက်တိုင်း ကားပေါ်ကဆင်းပြီး ထိုမြို့ရဲ့အလှအပနဲ့ အထင်ကရနေရာလေးတွေကို လမ်းကြို လမ်းကြားလေးတွေကနေ တဆင့် ရှေ့ကဂိုက်ရဲ့ဦးဆောင်မှု ၊ ရှင်းပြမှုတွေနဲ့ အတူ ရာဇဝင်တွင်ခဲ့တဲ့ သမိုင်းကြောင်းလေးများကို နားဆင်ရင်း လှည့်လည် ကြည့်ရှု ၊ ဓာတ်ပုံမှတ်တမ်းတင်ကာ မိန်းမောခံစားရမှာပါ။ ဒါကြောင့်မို့ ခေတ်မီ တာမျိုး မဟုတ်ပဲ ခေတ်နဲ့အညီ ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ နိုင်ငံလေးဖြစ် ပါတယ်လို့ပဲ ဆိုရမှာပါရှင်။

ဒါပေမဲ့လို့ ထိုနိုင်ငံကရှုခင်းအလှအပတွေဟာ ဓာတ်ပုံထဲမှာမြင်တွေ့နေရ တာထက်ကို အပြင်မှာပိုပြီးထူးခြားလှပပါတယ်ရှင်။ ဒါကြောင့်မို့လို့ လူတိုင်း တစ်သက်မှာ တစ်ခေါက်လောက်တော့ အရောက်သွားရတဲ့ခရီးစဉ်တွေအကြား ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ =D
—————————————————————-
Q: ဒါဆိုကားကတချိန်လုံး စီးနေရမှာပေါ့နော်။ ကားပေါ်မှာပဲ အချိန် ကုန်နေမှာပေါ့ ?

? ကားကတချိန်လုံးစီးနေရမှာတော့မဟုတ်ပါဘူးရှင်။ အများဆုံး ၆နာရီလောက်ပါပဲ။ ပြီးတော့ ဥရောပကရှုခင်းတွေက တကယ်ကို တမူထူးခြား လှပတာကြောင့် ဒီလိုလှပတဲ့ ဘေးဘီဝဲယာကရှုခင်းတွေကိုကြည့်ပြီး ကားစီးရ တာဟာလည်း ဘာနဲ့မှမတူပဲ စိတ်ကိုကြည်နူးစေမှာပါ။
—————————————————————-
Q: ဒါပေမဲ့ ကားစီးပြီးဒီလောက်နေရာအများကြီးသွားမှာ ပင်ပန်းလွန်း မနေဘူး လားဟင် ?

? ကားစီးရတာပင်ပန်းလားဆိုပြီးတွေးနေသူတွေ အတွက် ဖြေရှင်း ချက်လေးပေး ချင်တာကတော့ တစ်မြို့ကနေတစ်မြို့ကိုကူးတဲ့အခါမှာ ကားပေါ်မှာ သက်တောင့်သက်သာလိုက်ပါလာပြီး ၊ ၃/၄နာရီခြားတခါ Toilet အတွက်ရပ်နားပေးတဲ့အခါမှာ အညောင်းအညာ ဆန့်ပြီး နောက်တစ်မြို့ကို ခရီးဆက်ကြတာမို့ လုံးဝမပင်ပန်းပါဘူး။ ဒီခရီးစဉ်လေးကိုဆိုရင်လည်း ကား တဘရိတ်တည်းအကြာကြီးမစီးရပဲ လုံးဝအဆင်ပြေစေမဲ့ လမ်းကြောင်းလေး ဆွဲကာ စီစဉ်ပေးထားတာပဲဖြစ်ပါတယ်ရှင်။
—————————————————————-
Q: တကယ်ဆို နေရာတစ်နေရာမှာပဲ အကြာကြီးနေမဲ့ ခရီးစဉ်မျိုးက ပိုမကောင်းဘူးလား ညီမရယ်? အခုလိုကျတော့(တက်သုတ်ရိုက်) ဖြစ် မနေလောက်ဘူးလား?

? ဒီခရီးစဉ်လေးမှာ ၁၆ရက်တည်းနဲ့ အစုံအလင်ရောက်စေရန်အတွက် မြို့ အများကြီးကို သွားလည်ပေးထားတာဖြစ်လို့ (ရောက် / ပြန်)လို့ ထင်ကောင်း ထင်ရပါလိမ့်မယ်ရှင်။ ဒါပေမဲ့လို့ တကယ့်တကယ်သွားကြည့်တဲ့ အခါမှာ မြို့လေးတွေဟာ နေ့တဝက်လည်ရုံနဲ့ နှံ့စပ်သွားပြီ ဖြစ်ပြီး အဲ့ဒီမှာ ညအိပ်ပြီးထပ်လည်ပါဆိုရင်တောင်မှ “ဒီမြို့လေးကနှံ့သွားပြီလေ။ နောက် တစ်မြို့ကိုပဲ ထပ်ကူးပြီးလည်ရအောင်” ဆိုတဲ့ အတွေးတွေပဲ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ ဒါကြောင့်မို့လည်း ညီမတို့ဟာ လည်လို့ပိုကောင်းတဲ့ ၊ လည်စရာ ပိုစုံတဲ့ ” ဆွစ်ဇာလန် ” မှာ ၂ညတည်းခိုပေးထားပြီး ၊ “ပြင်သစ်ပဲရစ်” မှာ ၃ညတောင်မှ တည်းခိုပေးထားတာဖြစ်ပါတယ်ရှင်။ အခြားနေရာတွေက တစ်ညနေရုံနဲ့ လုံလောက်ပြီဖြစ်လို့ပါ။
—————————————————————-
Q: အစားအသောက်တွေကကော ခရီးစဉ်တစ်လျှောက်မှာ ဘယ်လိုတွေ စီစဉ်ပေးထားပါလဲ?

? ဟုတ်ကဲ့ပါရှင်။ ခရီးစဉ်ဟာရက်ကြာမြင့်တာဖြစ်လို့ အစားအသောက် တည်ခင်းဧည့်ခံခြင်းဟာ အရမ်းကို အရေးကြီးပါတယ်။ အာရှအစားအစာ ရှားပါးတဲ့နိုင်ငံဖြစ်ပေမဲ့လို့ ဒီခရီးစဉ်မှာ အစားအသောက်တွေကို မငြီးငွေ့သွား ရလေစေအောင် မြန်မာတွေခံတွင်းတွေ့မဲ့ တရုတ်စာ ၊ ထိုင်းစာတွေ အပြင် နိုင်ငံတစ်နိုင်ငံရောက်ရင် သူ့ဒေသရဲ့ နာမည်ကြီးအစားအစာတွေကိုပါ တည်ခင်းဧည့်ခံကျွေးမွေးသွားမှာ ပဲ ဖြစ်ပါတယ်။ (ဥပမာ – ဗင်းနစ်မှာ ကျွေးမွေး ရန်စီစဉ်ထားတဲ့ Black Ink Spaghetti ဆိုတဲ့ ပြည်ကြီးငါးကထွက်တဲ့ Antioxidant တွေပါတဲ့ Black Ink နဲ့လုပ်ထားတဲ့ Spaghetti ခေါက်ဆွဲ ဟာဆိုရင် ဗင်းနစ်မြို့လေးရဲ့ နာမည်ကြီး အစားအစာပဲဖြစ်ပါတယ်။ အခြားမြို့တွေမှာလည်း ထိုနည်းလည်းကောင်းသာ စီစဉ်ပေးထားပါတယ်။)

နောက်ပြီး ခရီးစဉ်လေးကိုဖတ်ရှုကြည့်ပါကလည်း ဘယ်နေ့မှာ ဘာအစား အစာဖြင့် ဧည့်ခံမယ်ဆိုပြီး တိတိကျကျဖော်ပြထားတာဟာ အခြားခရီးစဉ် များစွာထက် သာလွန်တဲ့အချက်လေးပဲဖြစ်ပါတယ်။ အစားအစာများကို တစ်နပ်တစ်လေမှ လွှတ်မထားပဲ နေ့စဉ် စီစဉ်ပေးထားတာကို လည်းတွေ့ရမှာပါ။ နောက်ဆုံးနေ့ ပဲရစ်မှာရှော့ပင်းထွက်ရမဲ့နေ့မှာတောင် မှ နေ့လည်စာစားဖို့ပြန်လည်လူစုရင် ရှော့ပင်းချိန်လွတ်သွားမှာစိုးလို့ တစ်ဦးကို USD 15 ပြန်အမ်းပေးထားပါတယ်ရှင်။ အဲ့လောက်ထိ ညီမတို့………………ဟာ ဧည့်သည်တွေအတွက် အဘက်ဘက်မှ စဉ်းစားပေးထား တာပါရှင်။
—————————————————————-
Q: ဟိုတယ်တွေကကော ကောင်းမှာလား?

? ဟိုတယ်လေးတွေနဲ့ပတ်သက်ပြီးတော့မှ ညီမတို့အနေနဲ့ ကြိုတင် မေတ္တာရပ်ခံပြီး ရှင်းပြချင်တာလေးရှိပါတယ်ရှင်။ ဘာလို့လည်း ဆိုတော့ အဆင့်မြင့်ဟိုတယ်ကြီးတွေ အမြောက်အများတွေ့ကြုံလာဖူးတဲ့ ညီမတို့အာရှကလူတွေဟာ အနောက်နိုင်ငံတွေသွားတဲ့အခါမှာ ဟိုတယ်တွေ ကို ပိုပြီးမြင့်မြင့်မှန်းထားတတ်ကြပါတယ်ရှင်။ လက်တွေ့မှာတော့ Europe မှ ဟိုတယ်များဟာ အာရှနိုင်ငံတွေနဲ့လုံးဝပုံစံကွဲနေကာ အကွာကြီး ကွာတာ ကိုကြုံတွေ့ရမှာပါ။ ခေတ်မီအဆင့်မြင့်တာမျိုး မဟုတ်တဲ့အပြင် စောစော ကပြောထားသလို Europe မှာရှိတဲ့ အဆောက်အဦး များဟာ ရှေးဟောင်း အဆောက်အဦးပုံစံလေးများဖြစ်တဲ့အတွက် ဟိုတယ်များမှာလည်း တိုက်အမြင့်ကြီးများ မဟုတ်ဘဲ Boutique ပုံစံလေးတွေသာ များပါတယ်။ ပြီးတော့ ဓာတ်လှေကားဆိုရင်လည်း ဧည့်သည်(၃)ဦးခန့်နဲ့ အိတ်များသာဆန့်တာမျိုးတို့ ၊ ဟိုတယ် Lobby တခမ်းတနား မရှိတာမျိုး တို့တွေ ဟာ ဒီခရီးစဉ်လေးမှာ မျှော်မှန်းထားရမဲ့ အရာတွေပါရှင်။ ရုပ်ရှင်ထဲမှာတွေ့နေကြလိုမျိုး အရမ်းကြီး Grand ကျတဲ့ ဟိုတယ် တွေဆိုရင် တစ်ညကို ယူရို ၈၀ဝ / ၁၀၀ဝ နားကပ်နေတာကြောင့် ဈေးအတော်ခေါင်ခိုက် သွားမှာဖြစ်လို့ ထိုဈေးအနေနဲ့ တည်းလို့အဆင်မပြေပါဘူး။

ပြီးတော့ဒီခရီးစဉ်လေးမှာဆိုရင် တစ်မြို့နဲ့တစ်မြို့ ကူးသန်းရအဆင်ပြေအောင် လမ်းခုလတ်မှာရှိတဲ့ ဟိုတယ်များမှာတည်းခိုပေးထားပါတယ်။ ဟိုတယ်နာမည် အတိအကျတွေကိုလည်း ခရီးစဉ်အသေးစိတ်စာရွက်လေး ထဲတွင် သေချာစွာဖော်ပြပေး ထားပြီး 4star နှင့် 3.5star ဟိုတယ် များကိုသာ အသုံးပြုထားပါတယ်။ ဟိုတယ်များဟာလည်း အီတလီကနေ တဖြည်းဖြည်း ပြင်သစ် ပဲရစ်ရောက်တဲ့အချိန် ပိုပိုပြီးကောင်းလာတာ ကို တွေ့ရမှာ ပါရှင်။ နောက်ဆုံးမြို့ပဲရစ်မှာဆိုရင်တော့ Holiday Inn Paris Porte de Clichy Hotel မှာတည်းခိုပေးထားပါတယ်။
—————————————————————-
Q: ဒါနဲ့ အစ်မလေ ဥရောပသွားဖူးတဲ့ သူငယ်ချင်းတွေဆီက ကြားဖူးတာလေးရှိတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့နော်။ ဥရောပ ခရီးစဉ် တွေမှာဆိုရင် ပါလာတဲ့ဂိုက်က လမ်းခုလတ်မှာ အချိန်ပြည့်ပြီဆိုပြီး ကားပေါ်ကဆင်းသွားကာ ဧည့်သည်တွေကို ထားခဲ့တာမျိုးတို့ ၊ ဒရိုင်ဘာက သူ့ကိုငှားထားတဲ့အချိန်ပြည့်ပြီဆိုပြီး ကားကိုဆက်မသွားပဲ ရပ်ပစ်လိုက် တာမျိုးတို့၊ အဲ့ဒါမျိုးတွေက ကောလဟာလ တွေလားဟင်?

? အစ်မပြောတဲ့အချက်လေးတွေကို ညီမတစ်ချက်စီ ရှင်းပြပေးသွား ပါမယ်နော်။ အစ်မကြားထားတာတွေက ကောလဟာလမဟုတ်ပါဘူးရှင်။ တကယ်ကိုဖြစ်လေ့ဖြစ်ထရှိတဲ့ ဥရောပခရီးစဉ်က အခက်အခဲလေးတွေပါ။ ဒါတင်မကသေးပါဘူး။ ဒရိုင်ဘာက ကားပေါ်ကဧည့်သည်ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ယူထားကာ သူခိုးကဧည့်သည်အယောင်ဆောင်ပြီး ကားပေါ် တက်ယူသွားတယ်လို့ လွှဲချတာမျိုးတို့ ၊ ဂိုက်ကအချိန် ပြည့်ငှားထားတာ မဟုတ်လို့ သူ့အချိန်ဒေါင်ခနဲမြည်တာနဲ့ ဘာဖြစ်ဖြစ်ဆိုပြီးထားခဲ့တဲ့ အခါမှာ မြန်မာပြည်က Tour Leader ခမျာ GPS နဲ့စားသောက်ဆိုင်ကို စမ်းတဝါးဝါးလိုက်ရှာရပြီး တစ်အုပ်စုလုံးထမင်းစားနောက်ကျတာမျိုး အစရှိသည်ဖြင့် အခက်အခဲတွေ အများကြီးမှ အများကြီးမရေမတွက်နိုင်အောင် ကြုံတွေ့ရနိုင်ပါသေးတယ်။

ဒါပေမဲ့လို့…………… ခရီးစဉ်လေးနဲ့သာလိုက်ပါမယ်ဆိုရင် ဒီလိုအခက်အခဲ မျိုးတွေ လုံးဝမဖြစ်စေရဘူးလို့ ရဲရဲကြီးအာမခံရဲပါတယ်။ ဘာလို့လည်းဆိုတော့

– ………………….. ရဲ့ဥရောပက ဂိုက်ဟာ တကယ့်ကို နှစ်ပေါင်း (၂၅)နှစ်နဲ့အထက် ဂိုက်အတွေ့အကြုံရှိကာ ၊ သမိုင်း ကြောင်းတွေကိုထုံးလိုမွှေ ရေလိုနှောက် လက်တမ်းရွတ်ပြနိုင်ရုံမကပဲ အရာရာတတ်သိနားလည် စိတ်ရှည်တဲ့ ဂိုက် ဖြစ်တာကြောင့်တင်မကပဲ (ခရီးစဉ်အစ ရောမမှ စလို့ နောက်ဆုံး ပဲရစ်လေဆိပ်မှာ တာ့တာပြတဲ့အထိ) အချိန်ပြည့်လိုက်ပါဝန်ဆောင်မှုပေးမဲ့သူ လိုက်ပါမှာ ဖြစ်လို့ပါပဲရှင်။

– ဒရိုင်ဘာဆိုရင်လည်း တာဝန်အပြည့်ယူတဲ့ Europe ရှိ စိတ်အချရဆုံး Coach Company မှ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လက်စွဲသုံးနေကျ ဒရိုင်ဘာကိုသာ အသုံးပြုထားလို့ပဲဖြစ်ပါတယ်။

– နောက်ဆုံး Tour Leader ဆိုရင်လည်းပဲ Management ပိုင်းမှ တာဝန်ရှိသူ က မြန်မာပြည်လေဆိပ်မှစထွက်လို့ ခရီးသည်တွေနဲ့အတူ မြန်မာပြည် လေဆိပ်ပြန်ရောက်လို့ အိတ်ရွေးပြီးသည် အထိ အတူတူရှိနေမှာ ဖြစ်လို့ အစစအရာရာမှီခို အားထားလို့ရမှာဖြစ်တာ ကတော့ …………………… ရဲ့သာလွန်ကောင်းမွန်တဲ့အချက်လေးတွေပါ။
—————————————————————-
Q: ဥရောပမှာ ခါးပိုက်နှိုက်တွေအရမ်းပေါတယ်ဆိုတာကော အမှန်ပဲလားဟင်? အစ်မကြားဖူးတာ တိုးတွေနဲ့သွားတဲ့ ဧည့်သည်တော်တော်များများ ခါးပိုက်နှိုက် ခံရဖူးတယ်တဲ့။ ပတ်စပို့တွေကော ပိုက်ဆံတွေကောအကုန်ပါသွားတယ်ဆိုရင် ဒုက္ခအတော်များမှာပဲနော်ညီမ?

? ဟုတ်ကဲ့ပါရှင်။ နိုင်ငံတကာမှာ တိုးရစ်များတဲ့ဘယ်နေရာမှာမဆို ခါးပိုက်နှိုက်တွေ အမြောက်အများရှိလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ အစ်မပြော တဲ့ ဥရောပမှာ ခါးပိုက်နှိုက်ပေါတယ်ဆိုတာဟာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ခါးပိုက်နှိုက်ရန်ကိုကြောက်လို့ မသွားတော့ဘူးဆိုရင်တော့ ဘယ်တော့မှ သွားရမယ်လို့ မှန်းလို့ရမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့လို့ ညီမတို့နဲ့သာ လိုက်ပါခဲ့မယ်ဆိုရင် အထူးတလည်စိတ်ပူစရာမလိုတော့ပါဘူးရှင်။ ဘာလို့ လည်းဆိုတော့ ခါးပိုက်နှိုက်ပေါများလွန်းတဲ့ ဒီနိုင်ငံတွေမှာ ခရီးစဉ်လိုက်ပါတဲ့ ညီမတို့ရဲ့ ဧည့်သည်တွေကို မိမိရဲ့ပတ်စပို့နဲ့ပိုက်ဆံတွေကို ဘယ်လိုကာကွယ် ထားရမယ်ကအစ သင်ကြားပေးပြီး ၊ တဖွဖွသတိပေးနေမဲ့ အတွေ့အကြုံရှိ ဂိုက်နဲ့ တိုးလီဒါတို့ပါရှိတာကြောင့်လည်း ခရီးစဉ်တိုင်းမှာ ဧည့်သည်တွေ တပြားတချပ်မှ မပျောက်ရှပဲ စိတ်အေးချမ်းသာ စွာ ပြန်လာနေကြဖြစ်တာ ကြောင့်မို့လို့ပါရှင်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ လည်း စိတ်ကိုဒုံးဒုံးချ ပေးပါနော်။
—————————————————————-
Q: ရှော့ပင်းတွေကရော EU မှာ ဝယ်လို့ကောင်းရဲ့လား? ဝယ်ဖို့အချိန်ကော ရမှာလား?

? ဟုတ်ကဲ့ ဥရောပရဲ့ရှော့ပင်းတွေလို့ ပြောလိုက်ရင်တော့ ကမ္ဘာကျော် Branded အမျိုးစုံကို သူ့ရဲ့မွေးဖွားရာမြို့မှာပဲဝယ်ရမှာဖြစ်လို့ အမှန်ကန်ဆုံး အသက်သာဆုံးဈေးနဲ့ ရရှိနိုင်မှာဖြစ်သလို တိုးရစ်တွေအတွက် VAT Refund ပြန်ပေးမဲ့ အခွင့်အရေးလေးလည်းပါရှိတာကြောင့် ခေတ်မီအမျိုး သမီးတွေပဲဖြစ်ဖြစ် ၊ အမျိုးသားတွေပဲဖြစ်ဖြစ် အားလုံး အကြိုက်ပါပဲရှင်။

ဒီခရီးစဉ်လေးမှာဆိုရင် ဒါကြောင့်မို့ “Made in Italy” ဖြစ်တဲ့ Prada , Versace အစရှိသည်ကို မီလန်မှာ ဝယ်နိုင်ရန်အချိန်ခေတ္တပေးမှာဖြစ်ပြီး “Made in Paris” ဖြစ်တဲ့ “Louis Vuitton , Lanvin , Celine , Chanel , Valentino” အစရှိတဲ့ အိတ်တွေကိုတော့ တစ်နေရာ ၊ တစ်မိုးအောက်ထဲမှာ ရရှိနိုင်မဲ့ Galleries Lafayette မှာ နေ့တစ်ဝက်တောင် မှ ရှော့ပင်းချိန်ပေး မှာဖြစ်လို့ အကြိုက်ပါပဲနော်။
—————————————————————-
Q: ခရီးစဉ်မှာ ဖော်ပြပြီးသားစရိတ်ထက် အပိုကုန်ကျစရာကော ရှိပါသေး သလား?

? ဟုတ်ကဲ့ပါရှင်။ ညီမတို့ ………………. မှ စီစဉ်လေ့ရှိတဲ့ ခရီးစဉ်များမှာ ဆိုရင် ဧည့်သည်တော်များအတွက် အပြီးအစီး စရိတ်ငြိမ်းသာ လုပ်ပေးထားပြီး သားပါ။ ဧည့်သည်တော်တို့အနေနဲ့ ခရီးစဉ်တလျှောက်မှာဆိုရင် ဧည့်သည်တော်တို့ ဖုန်း(Sim)ကဒ်ဝယ်တာနဲ့ Shopping ထွက်တဲ့ စရိတ်တွေမှ လွဲပြီးတော့ ၊ ခရီးစဉ်မှာပါဝင်တယ်လို့ဖော်ပြပြီး သားတွေအတွက် ညီမတို့ဆီမှထပ်မံကောက်ခံသွားမဲ့စရိတ်များ လုံးဝ (လုံးဝ)မရှိတော့ပါဘူးရှင်။ အဲဒါလေးကိုတော့ စိတ်ချပေးပါ။ တစ်ခုလေးတော့ ရှိပါတယ်။ ဒီဥရောပဘက် မှာက လမ်းခုလတ်နဲ့ ရှော့ပင်းနေရာ တွေမှာ အပေါ့အပါးသွားမယ်ဆိုရင် 1ယူရိုခန့် ပိုက်ဆံလေးပေးပြီးတော့ သွားရ ပါတယ်ရှင်။ ဒါလေးကတော့ အပို ကုန်ကျနိုင်တာလေးကို တွက်ပြထားခြင်းပါ။
—————————————————————-
Q: EU Visa ကကောရမယ်လို့အာမခံပါသလား? Visa ကြေးကော တခါတည်း ပါပြီးသားပါလား?

? ဗီဇာအနေနဲ့လည်းပဲ ………………ရဲ့သက်တမ်းတစ်လျှောက်မှာဆိုရင် ဥရောပ Schengen Visa အား တစ်ကြိမ်တစ်ခါမှ Reject မထိခဲ့ဖူးသေး ခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သံရုံးမှချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အမြဲတမ်းတသွေမတိမ်းလိုက်နာကာ အမှန်ကန် ဆုံးလျှောက်ထားပေးတဲ့ အတွက်ကြောင့်မို့ပါ။ ဒါပေမဲ့လို့ ထိုသို့ အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရန်အတွက် သံရုံးရဲ့လိုအပ်ချက်များ ကိုတော့ ဧည့်သည်တော်များကနေ အတိအကျပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုလေးတော့ ရှိရပါမယ်ရှင်။ ဘယ်လိုပဲဖြစ်ဖြစ် ……………..ရဲ့ Visa Consultant များမှအကောင်းဆုံး Result ရရန် ကြိုးစားလျှောက် ထားပေးသွား မှာပဲ ဖြစ်ပါတယ်။ ခရီးစဉ်ဈေးနှုန်းမှာလည်း Visa ကြေးဟာ တခါတည်းပါဝင်ပြီးသားပါရှင်။ အကြောင်းအမျိုးမျိုးကြောင့် Visa မရရှိခဲ့ပါက ဗီဇာကြေးကိုသာနှုတ်ပြီး စရန်ငွေများကို ပြန်အမ်းပေး သွားမှာပဲဖြစ်တာကြောင့် စိတ်ချ ယုံကြည်ပေးပါနော်။
—————————————————————-
Q: ညီမလေးပြောတာတွေအကုန်လုံး လိုတာထက်တောင်မှ ပြည့်စုံနေလို့ အစ်မတောင်သွားချင်စိတ်ပေါက်သွားပါပြီကွယ်။ ဒါပေမဲ့ တစ်ဦးကို USD 5000 တောင်မှကျသင့်မှာမို့လို့ အခုဒေါ်လာပေါက်ဈေးနဲ့ စဉ်းစားနေတာပါ။

? အစ်မရယ်။ အခုဒေါ်လာပေါက်ဈေးတွေ ပြင်းနေတယ်ဆိုတာ ညီမ နားလည်ပါတယ်။ ဒါပေမဲ့ ဒေါ်လာဈေးနှုန်းအတက်အကျဆိုတာ ညီမတို့ ဘယ်တော့မှမှန်းလို့မရမဲ့အရာလေးပါ။ ဒီနှစ်မှာ ဒေါ်လာဈေးတက်လို့ မသွားဖြစ်ဘူး ဆိုရင် နောက်နှစ်မှာလည်း ဒေါ်လာဈေးလေးက ဒီထက် တက်သွားရင် ပိုပြီးနစ်နာသွားမှာပါ။ ပြီးတော့လည်းလက်ရှိ ပစ္စုပန်သာလျှင် အစိုးရတာမို့လို့ ဒီရှေးဟောင်းလက်ရာလေးတွေဟာ အကြောင်းကြောင်းကြောင့် ပြိုကျပျက်စီးသွားခဲ့ရင်ဆိုတဲ့ စဉ်းစားစရာလေးတွေ အားလုံးကိုသာ ခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဒီနှစ်မှာသွားဖို့ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲရှင်။
—————————————————————-
Q: ဒါပေမဲ့ ညီမလေးတို့ Package က ဈေးကွက်ထဲမှာ နည်းနည်း ဈေးမြင့်နေသလိုပဲနော်?

? ဟုတ်ကဲ့ရှင့်။ တစ်ဦးနှင့်တစ်ဦး ဈေးနှုန်းကွာဟချက်လေးတွေဆိုတာ အမျိုးမျိုး ရှိပါတယ်ရှင်။ ညီမတို့ကတော့ ညီမတို့ ………………. ရဲ့ ဒီဈေးနှုန်းလေး ဟာ အရမ်းကိုတန်လွန်းတယ်လို့ ရဲရဲကြီးပြောချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ခရီးစဉ်တစ်လျှောက်မှာ အသုံးပြုထားတဲ့ လေကြောင်းလိုင်း ၊ ဟိုတယ် ၊ အစားအသောက်တွေ ၊ Facilities တွေနဲ့ သွားရောက်လည်ပတ်ထား တဲ့ နေရာတွေ ၊ ဝင်ကြေးတွေ ၊ စိတ်ချမ်းသာစေမဲ့ ဝန်ဆောင်မှု စသည်ဖြင့် ပိုမိုကောင်းမွန်ပြီး ကွာဟသွားတာကြောင့် ဈေးအနေနဲ့လည်း ပိုများသလိုဖြစ်သွား ရတာပါ။ အကယ်၍သာဈေးသက်သာချင်လို့ ညီမတို့ကို မရွေးချယ်ခဲ့ပဲ ခုနကအစ်မသိထားသလို အခက်အခဲလေးတွေနဲ့ကြုံတွေ့ ခဲ့မယ်ဆိုရင် တကယ်ကိုခရီးသွားရတာ မတန်ပဲဖြစ်သွားမှာပါ။ သွားမဲ့သွားတော့လည်း ပိုင်နိုင်ကျွမ်းကျင်တာဝန်ယူနိုင်တဲ့သူနဲ့သွားရတာ အကောင်းဆုံး ပဲဖြစ်ပါတယ်ရှင့်။

တကယ်တော့ ခရီးစဉ်မသွားခင်မှာ ညီမပြောပြတဲ့ ထိုအခက်အခဲတွေဟာ ပါးစပ်နဲ့ပြောပြတာမို့လို့ အရမ်းကြီးဆိုးရွားတယ်လို့မသိသာပေမဲ့ ၊ တကယ်သာခရီးစဉ်မှာ ကိုယ် ကြုံတွေ့ရမယ်ဆိုရင်တော့ နောင်တကြီးကျယ်စွာ ရနေရမှာပါရှင်။ ညီမတို့ရဲ့ဈေးကွာဟချက်ဟာ ဥပမာအလွန်ဆုံး (၄၀၀)လောက် ကွာခဲ့သည်ဆိုပါစေ။ သွားရမဲ့ရက်ပေါင်း (၁၆)ရက်နဲ့ ပြန်စားကြည့်လိုက်မယ် ဆိုရင် တစ်ရက်ကိုမှ $25လောက်ပဲ ကွာသွားမှာပါ။ ဒါပေမဲ့ ညီမတို့ခရီးစဉ်မှာ လိုက်ပါလို့ ရရှိမဲ့စိတ်ချမ်းသာမှုတွေကို အစ်မအနေနဲ့ တစ်ရက် $25 နဲ့ ဝယ်ယူရတာဟာ အလွန်တန်ပါတယ်လို့သာ ညီမအနေနဲ့ မဲဆွယ်ပါရစေနော်။ ဒါကြောင့်မို့လို့ လိုက်ပါခဲ့ပါလို့လည်း လှိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်အပ် ပါတယ် အစ်မရယ်။
—————————————————————-
Q:အခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီမ။ ပြီးတော့အစ်မသူငယ်ချင်းတွေပြရအောင် ခရီးစဉ်လေး ဗိုင်ဘာပို့ပေးပါဦး။ အစ်မကတော့ မကြာခင်ပဲစရန်ငွေလာချပါမယ်။ နောက်ဆုံးဘယ်တော့ စာရင်းပိတ်မလဲဟင်?

? အခုလိုစိတ်ဝင်စားပြီး ……………..ကိုယုံကြည်တဲ့အတွက်လည်း ကျေးဇူး အများကြီးတင်ရှိပါတယ်ရှင်။ ဟုတ်ကဲ့ Day by Day ခရီးစဉ်အသေးစိတ်လေး ကို ဒီဖုန်းနံပါတ်လေးကိုပဲ Viber မှ ပို့ပေးလိုက်မှာဖြစ်လို့စောင့်မျှော်ပေးနေ ပါနော်။ ပြီးတော့စရန်ငွေလာချရမဲ့ရက်ကို ညီမတို့နောက်ဆုံးဘယ်တော့ ရယ်လို့ သတ်မှတ်ထားခြင်းမရှိပါဘူးအစ်မ။ ဘာလို့လည်းဆိုတော့ ညီမတို့ ခရီးစဉ်လေးကို စရန်လာချသူများ ပြည့်သွားတာနဲ့ တပြိုင်နက် စာရင်း ပိတ်လိုက်မှာဖြစ်တဲ့အတွက်ပါ။ ပြီးတော့ ဒီခရီးစဉ်လေးဟာ (၈)နိုင်ငံဖြစ်တာက တကြောင်း ၊ ………….. ရဲ့ခရီးစဉ်တိုင်းကို စေတနာ အပြည့်နဲ့သာလျှင် စီစဉ်ပေးလေ့ရှိတဲ့ အခြင်းအရာအား သိရှိပြီးသော ကျေးဇူးရှင် ဧည့်သည်တော်ဟောင်းများရဲ့ တစ်ခဲနက် အားပေးမှုကြောင့်လည်း အမြဲတမ်း အချိန်တိုအတွင်း လူစာရင်းပြည့်သွားတတ်တာမို့လို့ ချက်ချင်းစရန် လာချပေးထားမှပဲ စိတ်ချရမှာ ဖြစ်ပါတယ်နော်အစ်မ။
—————————————————————-
Q: ကျေးဇူးပါညီမ။ အစ်မ နံနက်ဖြန်ပဲစာရင်းလာသွင်းထားလိုက်ပါမယ်နော်။

? ဟုတ်ကဲ့ပါရှင့်။ အစ်မတို့လို သဘောကောင်းပြီး ကြင်နာတတ်တဲ့ ဧည့်သည်အသစ် အသစ်တွေကိုလည်း CitiAvenue မှအမြဲပဲ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ လွှမ်းခြုံပေးချင်တာကြောင့် လက်ကမ်းလင့်လို့ ကြိုဆိုနေပါ တယ်ရှင်။ မင်္ဂလာရှိသောနေ့လေးတစ်နေ့ ဖြစ်ပါစေရှင်။

#credit