Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – မတ် ၂၀၁၇

kaiFebruary 23, 20171min2983

လိုချင် ပေးလိမ့်

လောကတွင်ပေးသူ/ယူသူများရှိသည်။ နှောင်ကြိုးပါသည်/မပါသည်လည်းရှိ၏။ အကျိုးလို၍ညောင်ရေလောင်းကြသလို “ငါ့လက်ကလွတြ်ဗွတ်” အလှူလက်ခံသူဘာဖြစ်ဖြစ်လှည့်မကြည့် ပြီးပြီးရော ပစ်လှူများလည်းရှိသည်။ သို့သော် လူ၏မူလအတွင်းစိတ်အရ “လိုချင်သောသူသည် ပေးချင်နေသည်”ဟုသာ ဆိုချင်သည်။ အတွေးနက်နက်ချ စစ်ဆေးကြည့်ပါလေ။

1st amendment

Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

အမေရိကား၏အခြေခံဥပဒေအရ လူသားတဦးတယောက်အား မိမိ၏စိတ်ဆန္ဒရှိရာကို ပွင့်လင်းစွာထုတ်ဖေါ်ပြောခွင့်ပေးထားပေသည်။
အစိုးရ/လူထုသည် ထိုအခြေခံဥပဒေအား အခြေခံထား၍ အုပ်ချုပ်ဆုံးဖြတ်။ လိုက်နာနေထိုင်ရသဖြင့် အမေရိကန်တို့သည် စိတ်အားဖြင့် အနေအားဖြင့်လွတ်လပ်သည်။ မနောကံဖြင့် လွတ်လပ်စွာတွေးသည်ကို ဝစီကံမြောက်မိမိပြောချင်ရာထုတ်ဖွင့်ပြောနိုင်သည်။
အမေရိကန်တိုင်းအား လက်နက်ကိုင်ဆောင်ခွင့်ပြုထားသဖြင့် သူတဖက်သားကိုကား တိုက်ရိုက်ကြီး စိတ်နာအောင်စော်ကားခြင်းလည်း မပြုဝံ့၊ မပြုဖြစ်၊ လက်နက်ဖြင့်ကာယကံမြောက်တုံ့ပြန်နိုင်သည် မဟုတ်ပါလော။ သို့အားဖြင့် လူသားဆန်စွာ ခွင့်တူညီမျှဟန်ချက်တည်လေသည်။
အခြေခံဥပဒေအရ မီဒီယာတခုဖြစ်ပါရန် အစိုးရထံတွင်မှတ်ပုံတင်ရန်မလိုပေ။ သို့နှင့် ယခုကဲ့သို့အင်တာနက်ခေတ်ဝယ် မိမိကိုယ်ပိုင် Website ထောင်၍ မီဒီယာအမည်ခံကာ မိမိဆန္ဒ၊ အတွေးတို့ကိုရေးထုတ်ကြသည်။
ဆိုရှယ်ကွန်ယက်(Social Network)ခေတ်ဝယ်တွင်ကား ဆိုရှယ်မီဒီယာသုံးလျှက် စိတ်ကြိုက်တို့ကို တင်ကြပြင်ကြပေရာ လူတိုင်း နိုင်ငံသားဂျာနယ်လစ် ( Citizen Journalist) ဖြစ်ကုန်သည်။

တတိယမျက်လုံး

မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်။ Checks and Balances အစိုးရ၏အာဏာပါဝါကိုထိမ်းညှိပေးရာလည်း ဖြစ်သည်။
အစိုးရထောက်လှမ်းရေး၏ တတိယမျက်လုံးသဖွယ်လည်းဖြစ်သည်။ အချက်အလက်တို့အရကောက်၍ ဆန်းစစ်အဖြေထုတ်ရာ မူလရင်းမြစ်လည်းဖြစ်သည်။ မီဒီယာအားဖြင့် လူထု၏စိတ်သဘောအမှန်ကို နိုင်ငံရေးသမားမှကောက်ယူနိုင်သည်ဖြစ်ပါ၏။
သို့သော်မီဒီယာတို့ဟူသည် (အများအားဖြင့်)လုပ်ငန်းရှင်များ၏ ဝင်ငွေကြော်ငြာခဖြင့် လုပ်ငန်းလည်ပါတ်မောင်းနှင်ရပေရာ ငွေပေးသူဘက် လိုက်ရသည်များရှိခဲ့သည်ကိုတွေ့ရသည်။ အရင်းရှင်နိုင်ငံတွင် စီးပွားရေးသမားလုပ်ငန်းရှင်တို့သည် တိုင်းပြည်၏အဓိကမောင်းနှင်အားဖြစ်ပေရာ ထိုသူတို့အား ဦးစားပေး ဘက်လိုက်ခြင်းသည် အစိုးရ၏ပေါ်လစီနှင့်လမ်းကြောင်းဦးတည်ရာတူပါ၏။
သို့သော်ယခုခေတ်ကဲ့သို့ Social Network များ၊ Search Engineများက ကြော်ငြာဝင်ငွေကို ခွဲဝေမျှယူလာသောခေတ်တွင် ပုံနှိပ်နှင့် တီဗီ၊ ရေဒီယိုမှတဆင့်ခံ လူထုကို အသိပေးရသော မီဒီယာတို့ သိသာစွာခြံခုန်ရတော့သည်။
ဈေးကွက်ကို စွမ်းသူတဦးချင်းဆီမှ ခွဲဝေယူနိုင်လာသောခေတ်တွင် Mainstream Media ကြီးများသည် ရပ်တည်နိုင်ရေးအတွက်မတူသောအခြေအနေ တင်ပြမှုတို့ကိုဖန်တီးယူရသည်။ Fiction တို့လည်းဖန်တီးရသည်။ အတွေးအခေါ်အယူအဆမျိုးစုံကို လူထုအားအသိပေးနိုင်ရန် ဆိုင်ရာပရောဖက်ရှင်နယ်များကို ဖိတ်ခေါ်၍ အပြန်အလှန်ဆွေးနွေးခန်းများကို ပြုရပေရာ ဆိုင်ရာသတင်းဌာန၏ မူလပေါ်လစီ ဘယ်လော/ညာလော ရည်ရွယ်ထုတ်ပြရပါသည်။

မီဒီယာတို့ ဘက်ရှိသလော

အမေရိကားနိုင်ငံရေးတွင်အထင်ရှားဆုံးဘယ်/ညာ၊ ဒီမိုကရက်/ရီပါဗလစ်ကန်င် ပါတီကြီးအားထောက်ကန်ပေးသည့် MSM သည် MSNBC နှင် ့Fox News ဖြစ်သည်။ ယခုလပိုင်းများတွင်ပင် Fox News မှ ထိပ်တန်းသတင်းဆောင်းပါးကြေငြာဖန်တီးသူ၂ဦး (Megyn Kelly, Greta Van Susteren) ဘယ်ယိမ်းမီဒီယာဖက်သို့ ခြံခုန်ကူးလာပေရာ မီဒီယာတို့၏ ဘက်လိုက်မှု၊ ခြံခုန်မှုတို့အတွက် အကောင်းဆုံးသက်သေတို့ဖြစ်၏။
အချက်အလက်ကို မူလအတိုင်းဖေါ်ပြကာ လူထုကိုအသိပေးသောမီဒီယာတို့ကားရှိ၏။ သို့သော် ရှား၍ဤခေတ်တွင်
လွတ်လပ်စွာရပ်တည်နိုင်ရန်လွန်စွာခက်ပါ၏။ အစိုးရမှ ထောက်ပံ့သော မီဒီယာနှင့် အကျိုးအမြတ်မယူ လှူတန်းငွေနှင့်ရပ်တည်ရသော မီဒီယာတို့သည် ဘက်လိုက်မှုနည်းသည်ဆိုရမည်ဖြစ်သော်ငြား အစိုးရအထောက်အပံ့တို့ပါသည့် VOA, BBC, NPR နှင့် Al Jazeera တို့ကိုကြည့်လျှင် အတွေးတချို့ ရနိုင်ပါလိ့မ်မည်။ သတင်းရောင်း၍ အသက်မွေးသော AP, Reuters တို့မှာသာ ဘက်ကပ်ခြင်းနည်းမည်ထင်ပါသတည်း။

Followers / Likes

 

အမေရိကားတွင် သမ္မတအိုဘားမားက သူ၏သမ္မတကန်ပိန်းများအတွက် ဆိုရှယ်မီဒီယာကို ထိရောက်စွာသုံးခဲ့ပြီး အာရပ်ရုန်းကန်ထကြွမှု(Arab Spring) နှင့် အစ္စလမ်မစ်အကြမ်းဖက်များကလည်း ဆိုရှယ် နက်ဝပ်တို့ကို ထိထိရောက်ရောက်သုံးခဲ့ကြသည်။
ဆိုရှယ်မီဒီယာ၏သဘောမှာ ထိုထိုသူသည် သူ၏အတွေးအခေါ် (သို့) တင်ပြအသိပေးလိုသည်ကို ဆိုရှယ်ကွန်ယက်ပေါ်တွင်တင်ပေးခြင်းမှစ,ပါ၏။
သို့နှင့် ဆိုရှယ်မီဒီယာတွင် အယူအဆအတွေးအခေါ်ကောင်းသူများ၊ လုပ်ရဲရေးရဲဖေါ်ရဲပြရဲသူများ၏ ဆိုင်ရာ အကောင့်၊ ဝက်ဘ်ဆိုက်များတွင် လူအဝင်များလာသည်။ ဤသည်ကို Facebook ကLike ဖြင့်၊ Twitter က Follower ဖြင့်၊ google က ဆိုင်ရာKeyword များနှင့် Youtube က ဗီဒီယိုကြည့်သူ အရေအတွက်ဖြင့် ကိန်းထားဆုံးဖြတ်သည်။
ထိုအရေအတွက်ကိန်းဂဏန်းတို့သည် “ငွေ”ဖြစ်လာသည်။ လူစု၊လူဝေးများသောနေရာတို့တွင် ကြော်ငြာထိုးရသည်၊ နေရာရှင် ကြော်ငြာခရသည် မဟုတ်ပါလော။ ထိုငွေကို ဆိုင်ရာဆိုရှယ်မီဒီယာ ဌာနကြီးများက သူရသော ကြော်ငြာဝင်ငွေမှ ရာခိုင်နှုန်းချခွဲဝေပေးလေသည်။
ဆိုင်ရာ ပိုင်ရှင်သည် များများလိုချင်က များများပေးရမည်။
ပေးရင်း ယူရင်း အချက်အလက်တို့ မှန်သည်မှားသည်ထက် ပေါ်ပြူလာဖြစ်မှုဖက်နှင့် လူများများ followers/Likes ရရန်သာ ဦးတည်ရသည့်အခြေအနေသို့ဆိုက်ရောက်တတ်သည်။

ပေါ်ပြူလာဖြစ်ခြင်းကို နိုင်ငံရေးအခြေအနေပေးလာမှုအပေါ်ဆွဲတင်လိုက်လျှင် (အမေရိကပြည်ထောင်စုဆိုပါက) သမ္မတပင်တက်ဖြစ်လောက်သော လမ်းပေါ်အထိရောက်သွားနိုင်သည်။ ငွေလည်းဖြစ်သည်။ အာဏာလည်းဖြစ်သည်။

Trump

နိုင်ငံရေးလောကထဲစဝင်ပြီဆိုကထဲက သိုက်စကားများထုတ်ပြောသည်။ အထိမခံကိစ္စကို ဆွဖေါ်သည်။ သို့နှင့် သူ၏ အဓိပ္ပါယ်ဖေါ်ရခက်အယူအဆနှင့် စကားများအား မီဒီယာတို့တွင်ဖေါ်ပြဆွေးနွေးကြရပေရာ ကြော်ငြာပေးနေရသလိုဖြစ်လာသည်။
ဤနည်းနှင့် ပေါ်ပြူလာဖြစ်ရှေ့တန်းရောက်အောင်ထိန်းထားနိုင်ခဲ့သည်။ လူသားဟူသည် စပ်စုများပင်မဟုတ်ပါလား။
စပ်စုစူးစမ်းချင်သည့်စိတ်သည်သာ လူသားအား တိရိစ္ဆာန်အဖြစ်မှ ဘုံမြှောက်ပေးလိုက်သည်မဟုတ်ပါလား။ ဤအချက်သည် ထရမ့်အားသမ္မတဖြစ်ရန်အထိဆွဲယူသွားသောမူလအကြောင်းတရားဖြစ်နိုင်ကောင်း၏။

Fake News

သမ္မတဖြစ်ပြီးနောက်ဝယ် ဆွ၍ဖွသွားသောကိစ္စတို့အား မီဒီယာတို့က ဆက်လိုက်ကြရပေရာ သမ္မတဖြစ်မှုကို အနှောက်အယှက်ပြုနိုင်သည့် အခြေအနေဆိုက်ရောက်လာဟန်ရှိသည်။ သို့နှင့် မီဒီယာတို့အား ဦးတည်တိုက်ခိုက်လာသည်။ သမ္မတဖြစ်အောင် ဆွဲတင်ပေးလိုက်သည့် မီဒီယာများ ကျေးဇူးကမ်းသလော။ ဘုရားပြီးငြမ်းဖျက်သလော။ သူ၏ Twitter @realDonaldTrump တွင် Follower ၂၅သန်းကျော်ရှိနေလာပေရာ မီဒီယာ(ကြားခံ) မလိုသောအဖြစ်ကို သူကိုယ်တိုင်သိလာ၍ ကျူးသည်လောမသိ။ သတင်းဌာနကြီးများကို Fake News ဟူ၍တွင်တွင်စော်ကားလာကာ ထိန်းချုပ်ရန်ကြိုးပမ်းလာသည်ကိုတွေ့ရသည်။
ထိုတိုက်ခိုက်မှုများအပေါ် ရီပါ့ဗလစ်ကန်ပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ စိနိတ်တာ မက်ခ်ကိန်းက အောက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ဖူးသည်။

‘That’s How Dictators Get Started’

ဟူသတည်း။

Bagan Cybertech

ယခုခေတ်တွင် မြန်မာတို့အတွက် မီဒီယာလွတ်လပ်ခွင့်ရနေခြင်းသည် ရှစ်လေးလုံးအရေးတော်ပုံ၏ အကောင်းဆုံးသောအောင်မြင်မှု ပြယုဂ်ဖြစ်ပါသည်။
တကယ်တော့ မြန်မာတို့၏အင်တာနက်အစ ပုဂံဆိုက်ဘာတက်ခ် ကုမ္ပဏီမှဟုဆိုရမည်။ ပရော့ဆီဆာဗာ(ကြားခံကွန်ပျူတာ) ဖြင့်ထိမ်းချုပ်ကာ အလိုရှိသည့် ဝက်ဘ်ဆိုက်တို့ကိုသာ လူထုအား ဖေါ်ပြခြင်းဖြင့်စခဲ့သလို ဖိုရမ်တို့ဖွင့်၍ အချင်းချင်းဆွေးနွေးနိုင်ကြချိန် ၂၀၀၂လောက်တွင်လည်း ဆင်ဆာလုပ်ပြီးမှတင်ပေးခဲ့သောခေတ်များရှိခဲ့ပါ၏။
Yahoo mail, Gmail တို့ကိုပင် လွတ်လပ်စွာ ပေးပို့ကြည့်ရှုနိုင်ခြင်းမရှိ ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ဆိုရှယ်မီဒီယာတို့တွင် မိမိရေးပြောချင်ရာကို တင်ချင်သလိုတင်ခွင့်ရသောခေတ်ရောက်ကြကာ အမေရိကားကဲ့သို့ ဒီမိုကရေစီဘိုးအေ နှင့် တန်းတူအခြေအနေရောက်ခဲ့သည်မှာ အားရစရာရှိပါသည်။

ပုဒ်မ ၆၆ (ဃ)

“ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြု ခြင်း၊ မတရား
တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်ကြောင်း ပြစ်မှု
ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေ ရမည်။”

ဟူ၍ဖြစ်သည်။

နုနယ်သော ဒီမိုကရေစီနှင့် မခိုင်မာသေးသည့် အခြေခံအဆောက်အအုံပေါ်တည်ထားခြင်းဖြစ်ရကား သူတပါးအပေါ်လွန်ကျူးခြင်းရှိသလို မိမိကိုယ်တိုင်က ဖေါက်ထွင်းခြင်းလည်းရှိနေသေးသည်။ လွတ်လပ်စွာပြောဆိုခွင့်ကို သူတပါးအားလွတ်လပ်စွာ နှောက်ယှက်ခွင့် ထိခိုက်ခွင့် ဆဲဆိုခွင့်နှင့်ထပ်၍ ရောထွေးအသုံးပြုသောအခါ ဆက်သွယ်ရေး ဥပဒေဟူသည်ကြီးအသက်ဝင်လာသည်။ ထိုအထဲမှ အဆိုပါ ပုဒ်မ ၆၆ (ဃ) ဟူသည်ကား လက်စွမ်းအထက်ဆုံးဖြစ်လာကာ ဒီမိုကရေစီအစိုးရဟူသော NLD ၏အစိုးရကပင် လိုရာသုံးနေခဲ့သည်ကိုတွေ့ရသည်။ မြန်မာ့မီဒီယာနှင့် အတိုက်အခံ၊ Activist တို့ကိုလည်း အဆိုပါပုဒ်မသုံး၍ နှိပ်ကွပ်အသံတိတ်စေခဲ့သည်ကို တွေ့ရသည်။
အစိုးရက လူထုအား ပညာပေး ထိမ်းကြောင်းတည့်မတ်သွားရန်တာဝန်ရှိသလို ၆၆(ဃ) တွင်တွင်သုံး၍ လူထု၏ လွတ်လပ်စွာပြောခြင်းကို ကြောက်ရွံနှုတ်ဆိတ်သွားအောင်ကားမလုပ်သင့်။

မီဒီယာဟူသည် လူအများစုအား အသိပေးခြင်းကြားခံတခုသာဖြစ်သည်။ လွတ်လပ်ခြင်း ဒီမိုကရေစီ၏ ပင်စည်တခုလည်းဖြစ်သည်။
ပေးသူ/ယူသူ၊ ရသူ/မျှသူတို့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြရန်သာဖြစ်သည်။
ထရမ့်နှင့်မီဒီယာ၊ ၆၆(ဃ) နှင့် မြန်မာ မည်သူနိုင်မည်နည်း။ စောင့်၍ကြည့်ကြပါစို့။ သို့သော် ပွဲကြည့်ပရိသတ်ကားမရှိ။    ။

3 comments

  • Mr. MarGa

    February 23, 2017 at 10:35 pm

    CNN ကဘယ်လိုလုပ် clickbait ဖြစ်သွားတာပါလိမ့်

  • ဇီဇီ

    February 24, 2017 at 8:16 am

    ပွဲကြည့်ပိတ်သတ်တွေပါ ဝင်ရန်ဖစ် ဝင်ကန်နေတဲ့ ဘောလုံးပွဲလိုဖစ်နာ။
    မြန်မာ နိုင်ငံရေးက။
    ငိငိ

    :k:

Leave a Reply