လွန်ခဲ့တဲ့ ၁၁နှစ် ဒီနေ့ ၄-၄-၂၀၁ရ က.. မန္တလေးဂဇက်ဆိုတဲ့နာမယ်နဲ့သတင်းစာထုတ်ဖို့.. စပြင်ဆင်တဲ့အနေနဲ့.. ဒိုမိန်းအမည်ဝယ်တဲ့နေ့ပေါ့..။ (ပုံကြည့်) MandalayGazette.com ကို သီးသန့်ထောင်ပြီး ဖိုရမ်လုပ်.. အပြန်အလှန်ဆွေးနွေးတာတွေအတွက်.. မန်င်ဘာတွေလက်ခံခဲ့တာမှာ.. မန်ဘာထောင်ချီရှိခဲ့ပြီး.. ၂၀၀ရ နဲ့ ..၂၀၀၈ ၊ သင်္ကန်းရောင်တော်လှန်ရေးနဲ့.. နာဂစ်မုန်တိုင်းခေတ်မှာ..AP, AFP တို့ကတဆင့်… ပြည်တွင်းက ဓာတ်ပုံတွေ နိုင်ငံတကာကို ဖြန့်နိုင်ခဲ့သမို့.. ဝက်ဘ်ဆိုက်လည်း နာမယ်ကြီး.. ဟက်ကာလည်းဝင်ဖျက်လိုက်ပါလေေရာပေါ့..။

http://www.npr.org/templates/story/story.php…

အခုရှိနေတဲ့ WordPress ပေါ်ကဝက်ဘ်ဆိုက်ကတော့.. ၂၀၀၉ မှစထောင်တာဖြစ်ပါတယ်..။ အဲဒီခေတ်တွေက.. မြန်မာပြည်တွင်းဆိုတာက.. အင်တာနက်ဆို.. gmail တောင်အနိုင်နိုင်ကြည့်ရတာမို့.. Mandalaygazette.com ကျ.. မြန်မာပြည်စစ်အစိုးရကလည်း မပိတ်ထား..မဘမ်းထားသမို့.. ပြည်ပ/ပြည်တွင်းပေါင်းကူးဖြစ်ပြီး.. မန်ဘာတွေများ.. စာတွေ ပုံတွေတင်နဲ့တော်တော်စည်ကားခဲ့ပါတယ်..။

ရှေ့စကားပြန်ဆက်ရရင်.. အင်တာနက်ပေါ်မယ်….ဝက်ဘ်ဆိုက်လုပ်တော့… လိုဂိုလေးပါဒီဇိုင်းလုပ်ဆွဲ.. နောက်… ပုံနှိပ်သတင်းစာအတွက်..လိုအပ်မယ့် အဒိုဘီအင်ဒီဇိုင်းဆော့ဖ်ဝဲဝယ်..။ လေးအောက်အတွက် ဖရိမ်တွေချ..။ ကြော်ငြာတွေလိုက်နဲ့.. ပုံနှိပ်သတင်းစာကတော့ .. ၂၀၀၆ ဇူလိုင်မှာတကယ်ထွက်ဖြစ်သွားပါတယ်..။ စထွက်တော့.. စာမျက်နှာ၁၂မျက်နှာ နဲ့ ပါးပါးလေး..။( ပုံကြည့်..။)

ရန်ကုန်မှာကျောင်းသားဘဝက.. လေးအောက်ဒီဇိုင်းမှာကူလုပ်တုံးက.. ဂူတန်င်ဘတ်ရဲ့ ဂျိန်းဂျိန်းခဲစာလုံးပုံနှိပ်စက်ရယ်.. ဖူဂျီ ၂ကာလာပုံနှိပ်စက်ရယ်က … ထုတ်ပေးလိုက်တဲ့.. စာရွက်တွေကို.. ဒမ်ဘီချတယ်ဆိုပြီး.. ဖြတ်ညှပ်ကပ်.. လုပ်ပြီးလေးအောက်လုပ်..။
စာမူတွေလိုက်..။ စာပေစိစစ်ရေးဆိုတဲ့.. စစ်သားတွေအုပ်ချုပ်မင်းလုပ်တဲ့.. ရုံးကိုလက်ဆောင်ကြီးငယ်များနဲ့တကွ.. မဂ္ဂဇင်းစာမူတွေ ဖိုင်တွဲ… သွားတင်..။
ဆရာမောင်မောင်သိုက်၊ ဆရာကျော်ညွှန့်၊ ဆရာမျိုးမြင့် စတဲ့ပန်းချီဆရာတွေဆီမှာ.. သရုပ်ဖေါ်ပုံတွေအပ်..။
အဆင့်ဆင့်.. အဆက်ဆက်.. ၃လလောက်ကြိုလုပ်ခဲ့ရတာတွေကို.. သတိရမိသား..။

အခုကျတော့လည်း.. ကွန်ပြူတာရှေ့ချည်း.. တောက်လျှောက်ထိုင်နေလိုက်ရင်.. အကုန်ထွက်လာတာပဲပေါ့..။ တွေးနေမိတာပါ…။ ခေတ်ကြီးပြောင်းသွားချက်..။
ပုံနှိပ်စာတွေကို ဖတ်သူသိပ်မရှိတော့ဘူးထင်ရပေမယ့်… အရှိန်နည်းနည်းကျသလိုဖြစ်သွားပြီး.. ပြန်ခိုင်မာနေတယ်ပဲ.. မြင်မိပါရဲ့..။
အင်တာနက်ထဲက.. သတင်းတွေ..ပုံတွေ.. ခိုင်မှမခိုင်မာတာကိုး..။
မှားနေရင်ခပ်တည်တည်နဲ့ကောက်ဖျက်..ပြင်လိုက်လည်း.. ဘာလုပ်လို့ရတယ်လိုက်လို့..။
နယူးစ်ဝိခ် မဂ္ဂဇင်းတောင်.. ပုံနှိပ်လောကကိုစွန့်ပြီး.. ၂၀၁၂အကုန်မှာ အင်တာနက်ဖက်ကိုပြောင်းသွားရာက.. ၁နှစ်ကျော်လောက်လဲကြာရော ပုံနှိပ်မဂ္ဂဇင်းပြန်ထုတ်နေရပါရောလား..။ ပလေးဘွိုင်းမဂ္ဂဇင်းကြီးကလည်း… ကိုယ်လုံးတီးမိန်းကလေးပုံတွေပုံနှိပ်မထုတ်တော့ပါဘူးပြောပြီး.. မထုတ်တော့ရာက..ပြီးခဲ့တဲ့ ၂လကတင်..ပြန်ထုတ်ရပြန်ရောလား..။
ဆိုတော့.. ပုံနှိပ်ခေတ်ကပြောသဗျ.. ငါမအိုသေး.. အဲ.. အဲ.. ခေတ်မကုန်သေး..။

About kai

Kai has written 1040 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.