မင်းတို့ထက် ငါတို့ကညံ့လို့ပါကွာ Worse

saffron

မြန်မာပြည်မှာ သံဃာတော်တွေ နှိပ်ကွပ်ခံနေရတာတွေကို ကြားရတော ့ ရတနာသုံးပါးအဖြစ် ဘုရားနဲ့တတန်းထဲထားခံရတဲ့ ထေရဝါဒ ဗုဒ္ဓဘသာသာနိုင်ငံမှာ ဘာကြောင့် ဒီလိုဖြစ်ရတာလည်း လို့ တွေးမိပါတယ်။ ဘာသာတရားထွန်းကားတဲ့ တခြားနိုင်ငံတွေမှာ ဘုန်းကြီးတွေနဲ့ အာာဏာပိုင်တွေ ပဋိပက္ခဖြစ်ရင် ဒီလောက်ထိ မရက်စက်။ စဉ်းစားတယ် ဆိုတာကလည်း လမ်းရိုးကြီးကနေ ဖေါက်ထွက် ပြီး လားပေါင်းများစွာ အထဲကမှ ဖြစ်တန်စွမ်း လား တကောင်များ ရမလားလို ့ပါ။
စစ်ဗိုလ်တွေက တကုန်းကုန်းနဲ ့ လူရှေ့ကြရင် ဘုန်းကြီးတွေကို ရိုသေလို့ ချချင်တော့လည်း ဝါ တော် ၆ဝ ထေရ်ကြီးတွေတောင် ဆော်တာပဲ။ သူတို့လက်သုံးက ဓမ္မစက်နဲ့ မရလို့ အာဏာစက် သုံး ရတာတဲ ့၊ ကောင်းကောင်းပြောမရလို ့တီးလိုက်တယ်ပေါ့။ ဒီခွေးသွားစက် ဘယ်ကနေ ပေါ်လာလဲ။ သိ ကြတဲ့အတိုင်း အနော်ရထာမင်းက အရည်းကြီးတွေကို နှိပ်ကွပ်ပြီး မြန်မာတို့ရဲ့ ထေရဝါဒ ဗုဒ္ဓသာသနာ ကို စခဲ့ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ဟာ မွေးကထဲက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါ ကောငး သလား၊ ကောင်းတာပေါ ့သိပ်ကောင်း၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ယုံကြည်မြတ်နိူး တာကိုး။
ဒါဆို ဗုဒ္ဓဘာသာ ကွယ်ခဲ့တဲ့ နိုင်ငံတွေက တခြား ဘာသာဝင်တွေကို ဒီမေးခွန်းမျိုးပဲ မေးလိုက် ပါအုံး၊ ကောင်းသလားလို့၊ တူတဲ့အဖြေပဲ ရပါလိမ့်မယ်။ သူတို့လည်းယုံတာကိုး။ တောင်တန်းဒေသက လူတဦးက ရင်းနှီးလို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူတို့ဘာသာကို အစိုးရက ဖိနှိပ်ပြီး ဗုဒ္ဓဘာသာကို သာသနာ ပြုတယလို့ဆိုတယ်။ ပြောစတမ်းဆို အဲဒီဒေသက နတ်ကိုးကွယ်သူ ရှေးလူကြီးတွေလည်း အင်္ဂလိပ်ရဲ့ အတင်းအကြပ် သာသနာပြုတာ ခံခဲ့ကြရတာပါ။ ဒါပေမဲ့ သူဘာလို့ စိတ်ဆိုး လဲ၊ ယုံတာကိုး။
ဆရာကြီးဒေါက်တာသန်းထွန်းက ပြောဖူးတယ်၊ ပုဂံခေတ် အရည်းကြီးသာသနာမှာ တောနဲ့ မြို့ဂိုဏ်း ဆိုပြီးရှိတယ်။ အတိုပြောရရင် မြို့ဂုဏ်းကဆိုးတယ်၊ တောဂုဏ်းကရိုးတယ်ပေါ့။ ဒါတွေထား လိုက်ပါ၊ ပြောချင်တာက အာဏာစက် သုံးခဲ့ပုံပါ၊ ဘုရင်ရဲ့အမိန့်တချက်နဲ့ မြို့ရော တောကျောင်းပါ ဇာတ်သိမ်းပြီး အရည်းကြီးတွေ ပျောက်ခဲ့ရပါတယ်။ ဘိုးတော်ဘုရားတုန်းကလဲ ဘုန်းကြီးတွေ သင်္ကန်း ရုံတဲ့ ဝိနည်းနဲ့ ပတ်သက်ပြီး့ တုံဂုဏ်းနဲ့ရုံဂုဏ်းဆိုပြီး နှစ်ခြမ်းကွဲလို့ ရှုံးတဲ့ဂုဏ်းကို ဘုရင်က လူဝတ်လဲ စေခဲ့ပါသေးတယ်။ ဒါကို ဆရာက ဘိုးတော်လက်ထက်မှာ လုပ်ခဲ့တဲ့ အကြီးဆုံးအမှား လို့ ဆိုခဲ့တာကို သတိရမိတယ်။ သမုတိသံဃာနဲ့ ပညတ်ချက်တွေအပေါ် ဇောင်းပေးလွန်းလို့ ဖြစ်ရတဲ့ အကျိုးဆက်လို့ ပြောပါရစေ။ ဟေ့ ကောင်းသလား၊ အားလုံး ကောင်းပါတယ် ဆရာကြီး၊ ဪ ယုံနေကြသေးတာကိုး။
ဒါဆိုရင် သေချာသွားအောင် စိတ်ကူးနဲ့ မြန်မာပြည်မှာ ဘုန်းတန်ခိုးအရမ်းကြီးတဲ့ မင်းတပါး ဖန်ဆင်း၊ သူ့အမိန့်နဲ့ ဗုဒ္ဓသာသနာ ကွယ်စေ၊ ရတနာသုံးပါး ဆိုတာ မရှိတော့၊ ကြံ့နဲ ့ဖွတ်သာ ရှိလို လုပ်လိုက်ပြီ ဆိုပါစို ့။ သံဃာတွေ မစစ်တော့ဘူး၊ ရှိခဲ့ရင်လည်း ကွယ်သွားပြီ။ လောကီနဲ့ မဟုတ်တာ တွေပဲ လုပ်တယ်လို့ဆိုပြီး အားလုံးကို သိမ်းကြုံးလိုက်မယ်။ မှတ်တမ်းတွေလည်းရှိတယ်။ အရည်းကြီး တွေကိုလုပ်ခဲ့သလို မြို့၊ တော မခွဲဘဲ အကုန် ဆော်ထည့်မယ်။ ဘယ့်နှယ့်လဲ၊ ကောင်းအုံးမှာပဲလား။
အခုလည်း စစ်တပ်ကလိုရင် ရတနာသုံးပါး အနွယ်ဝင် သံဃာတော်များ၊ ချချင်ရင် သင်္ကန်းဝတ် ကတုံးတွေ။ အရေးအခင်းတွေမှာ ဘုန်းကြီးတွေကို သုံးတဲ့ စကားဝှက်က လိမ္မော်သီးတဲ့။ ဒင်းတို့ကရှေး ဘုရင်တွေလည်း အာဏာစက် သုံးခဲ့ကြတာပဲ၊ ငါတို့ကြမှ အပြစ်လာတင် မနေကြနဲ့ လို့ဆင်ခြေပေးပါ လိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေ ဟုတ်နေသေးလို ့ပေါ ့၊ မဟုတ်ရင် သာသနာ ကွယ်လောက်ပြီ။ ဒီတော့ လွတ်လပ်ခွင့်နဲ့ အမိန့်အာဏာတို့ရဲ့ သာသနာအပေါ် သက်ရာက်မှုက ဘယ်လိုလဲ။ အခြားဘာသာ တွေလည်း ဘုရင်တွေကို မှီုပြီးမှ ရှင်သန်ကြီးထွား လာကြတာပါ။ ငါတို့ကြမှ ဘာကြောင့် ဒီလောက် ဆိုးနေရတာလဲ။ စစ်တပ်ပဲဆိုးလို ့လား၊ ငါတို့ကပဲ ညံ့လို ့လား၊ ဒါမှဟုတ် နှစ်ခုစလုံးပဲလား။ အဲဒီ နှစ်မျိုးစလုံးဆိုတာ လူမျိုးရဲ့ မွေးရာပါဗီဇ ပဲလား။
သီးခြားမွေးရာပါ အကျင့်စရိုက်ဟာ လူမျိုးတိုင်းမှာရှိပါတယ်၊ သာမန်အားဖြင့်တော့ နှစ်မျိုးထဲပါ။ ဖွံ ့ဖြိုးပြီးနိုင်ငံကစရိုက်နဲ့ ဖွံ ့ဖြိုးဆဲနိုင်ငံက စရိုက်တို့ပါ။ ဗီဇဆိုတာလည်း ကြီးပွားချမ်းသာ ပညာတတ် လာရင် အကောင်းဘက်ကို ယိမ်းသွားတတ်တာမျိုးပါ။ ဒါဆို မြန်မာတွေ ဆင်းရဲလို့ ညံ့သွားပြီး ရှုပ်ကုန် တာများလား၊ မဖြစ်နိုင်။ ဆင်းရဲတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို ့မှာ ဒီလိုမှမဖြစ်ခဲတာ့။ ကမာ္ဘနဲ့ ဆက်ဆံမှု မရှိခဲ့လို့ များလား။ မဟုတ်နိုင်၊ သံကွန်ခြာအုပ်ထားခဲ့တဲ့ အရှေ့ဥရောပမှာ ဖြစ်တုံးးကလည်း ဒီလောက် မဆိုးခဲ့။ အဆိုးနဲ ့အညံ့ ပေါင်းမိသွားလို ့များလား။ စစ်တပ်ဆိုးတာတော့ ပြောဖို့မလို လူတိုင်း သိပါ၏။ အသိတယောက်က ပြောဖူးတယ်၊ လူဆိုးနဲ့ လူကောင်း ကြုံလာရင် လူဆိုးကိုပဲ ဂရုစိုက်၊ ဘာလို့လဲ ဆို တော့ လူကောင်းက ဒုက္ခမပေး၊ လူဆိုးကသာပေးမှာ။ ဒါကြောင့် စစ်တပ်ဆိုးတာမပြော၊ ကိုယ်ညံ့တာပဲ ရေးပါရစေ။ နောက်တခုက မိမိအပြစ်ကို ရှုခြင်းသာ မှန်ကန်တဲ့ ဆန်းစစ်မှုဖြစ်လို့ပါ။
ရဟန်းများအပေါ် လူများ ဘယ်လိုသဘောထားလဲ ဆိုတာ အကျင့်သိက္ခာကို တန်ဖိုးထားမှု အပေါ်မှာ မူတည်ပါတယ်။ ကျင့်ဝတ်သိက္ခာနှင့် ညီလေ လူတို့ရှိန်လေပါ။ ကိုယ်ခံအားတောင့်တင်းလျင် ရန်သူ ဗုဒ္ဓဘာသာဝင် စစ်သားများတောင် ကုန်းဝတ်ချရမှာပါပဲ။ သာသနာတော်နဲ့ဆိုင်တဲ့ ပို့စ်မိုလို့ ဘုန်းကြီးကို အဓိကထား ပြောတာပါ။
လူတွေကတော့ ကြုံခဲ့ရ ပြီးပါပြီ။ လွတ်လပ်ပြီးကာစ ဒီမိုကရေစီ ရှိစဉ်က ကိုယ့်အလုပ်ကို တန်ဖိုးထားခဲ့ကြပုံ မရ။ ကြာတော့ စစ်တပ်က အုပ်ချုပ်တယ်ဆိုတာ ဘာခက် လို့လဲ။ နိုင်ငံရေးသမား ဥပဒေပြုတယ်ဆိုတာ လွှတ်တော်ထဲမှာ လေပန်းတာ၊ တရားသူကြီး ဆိုတာ ခေါင်းပေါင်းဝတ်ပြီး အမိန့်ချ၊ ရုံးအလုပ်ဆိုတာ ပန်ကာအောက်ထိုင် လက်မှတ်ထိုး၊ ရဲဆိုတာ လူဆိုးဖမ်း နပန်ကျင်းယုံပဲ၊ စီးပွားရေး ဆိုတာတော့ အရာင်းအဝယ်။ အဆုံးမတော့ ကိုလိုနီခေတ် ကထဲက အခြေ ကျခဲ့တဲ့ ပညာတတ် အရပ်သား အုပ်ချုပ်ရေးဟာ စစ်ဝါဒီတွေရဲ့ အဓမ္မကျင့် ခံရတော့တာပေါ့။ ဘယ်သူ မပြု မိမိမှု ဆိုသလို ယိုယွင်းလာတဲ့ ကိုယ်ခံအားနဲ့ ကိုယ့်ရှူးကိုယ်ပတ်စေတဲ့ အတိတ်က အာဏာစက် သုံးခြင်းတို့ ပေါင်းဆုံမိတဲ့အခါ ၂၀ဝရ ခုနှစ် သံဃာအရေးအခင်းလို လူကို ခွေးသတ်ခြင်းမျိုး ကြုံခဲ့ကြ ရသည်ဟု ယူဆမိပါကြောင်း။

မှတ်ချက်။
သူငယ်ချင်းတယောက် ကတော့ ကျနော့်ကို ဓမ္မန ္တရာယ်ဖြစ်နေပြီလို့ ချီးကြူးထောပနာ ပါတယ်။

One comment

  • Thein

    September 2, 2010 at 9:02 am

    ဘုန်းကြီးတွေသတ်မှတော့ အဲဒီစစ်တပ်ကကောင်တွေ ဘာသာမရှိတဲ့ကောင်တွေလို သို.တည်းမဟုတ် ဘာသာခြားတွေ သို.တည်းမဟုတ် ဥနှောက်မရှိတဲ့ လူရမ်းကားတွေဖြစ်မှာပေါ့။ ထိပ်ပိုင်းကလည်း လူတွေရှေ.သာဟန်ဆောင် ဖင်ကုန်းပြီး တီဗီထဲမှာ ဇာတ်မင်းသားလို ဘုန်းကြီးတွေကိုရိုသေပြနေတာ။ နောက်တော့လဲ သူမွေးထားတဲ့စစ်တပ်ကရော ကြံ.ဖွတ်ကရော တုတ်နဲ.ရိုက် သေနပ်နဲ. ပစ်သတ်တာကိုမြင်ရတာ စိတ်ဆင်းရဲရပါတယ်။ ကြည်.ရတာတဖက်သတ်ကျလွန်းပါတယ်။ သေနပ်နဲ.ချိန်ထားခံ ရလို.လက်ကိုခေါင်းပေါ်တင်ပြီး ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ကျောင်းသားငယ် လေးတွေကို မညှာမတာ လူမဆန်စွာ သေနပ်ဒင်နဲ.ဆောင့် ခြေထောက်တွေနဲ. ကန်နေကြတဲ. စစ်သားတွေ ကြံ.ဖွတ်တွေ မြင်ရတော့ အတော်ရွံစရာ လူမဆန်တဲ့ကောင်တွေ ဘယ်လိုရိုင်းစိုင်းမှန်းမသိ ကိုယ်.ကိုရှက်လွန်းလို. မြန်မာပြည်ကပါလို.တောင်မပြောရဲဘူး။ စိတ်မကောင်းပါ။

Leave a Reply