တရုတ်ကြီး ငရုတ်သီး အပြုတ်တီး ခံရတော့မို့…
၁၉၆၉ခုနှစ်တွင် တရုတ်ကို နြူကလီးယားအင်အားသုံး တိုက်ဖို့ ဆိုဗီယက် USSR ကြံစည်ခဲ့ကြောင်း….
ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၉ခုနှစ်တွင် တရုတ်နိုင်ငံအား နြူကလီးယားဗုံးသုံး တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့ပြီး ယူအက်စ်မှ မော်စကိုအား ထိုသို့ပြုပါက တတိယကဗာစစ် စတင်ခြင်းဖြစ်မည်ဟု ဆိုသောကြောင့် နောက်ဆုတ်လိုက်ကြောင်း တရုတ် သမိုင်းပညာရှင်တဦးမှ ပြောသည်။
ကျူးဘားကျွန်း ဒုံးပျံအရေးအခင်းပြီးလို့ ခုနှစ်နှစ်အကြာ ကဗာကြီးသည် နူကလီးယားစစ်ပွဲ ဖြစ်ရန် လွန်စွာ နီးကပ်ခဲ့ကြောင်း အာဏာရ တရုတ်ကူမြူနစ်ပါတီ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသော ရှားရှားပါးပါး သုတေသန စာတမ်းက ညွှန်ပြသည်။
၁၉၄၉ခုနှစ်မှစရွေ့ တရုတ်နိုင်ငံ ရင်ဆိုင်ခဲ့ရသော နြူကလီးယား အန်ဒရာယ် ခြိမ်းခြောက်မှု ငါးခုကို အသေးစိတ် မှတ်တမ်းတင် ပြုစုရေးသားသည့် ပညာရှင် Liu Chenhan က ကြောက်စရာ အကောင်းဆုံး ခြိမ်းခြောက်မှုမှာ လူတထောင်စီ နှစ်ဖက်စလုံး၌ သေဆုံးခဲ့သော ၁၉၆၉ခုနှစ် မော်စကို နှင့် ပေကျင်း အကြား ခါးသီးလှသည့် နယ်စပ်အငြင်းပွားမှု အမြင့်ဆုံးအချိန်တွင် ဖြစ်သည်။ တရုတ် ခြိမ်းခြောက်မှု အန်ဒရာယ်ကို သုတ်သင်ရန်နှင့် ခေတ်သစ် စီးပွားလုဖက်အား ဖယ်ရှားရန် ညူကလီးယားဗုံးနှင့် တိုက်ခိုက်လျင် ယူအက်စ် ကြားနေရန် မော်စကို၏ အစီအစဉ်ကို ဝါရှင်တန်အား ဆိုဗီယက် သံတမန်များ သတိပေးခဲ့ကြောင်း စာရေးသူမှ ဆိုသည်။
ဝါရှင်တန်က မော်စကို အနေနှင့် တရုတ်ကို တိုက်လျင် ယူအက်စ် အနေဖြင့် လက်ပိုက်ကြည့်မည် မဟုတ်ဘဲ သူကလဲ ဆိုဗီယက်အား ညူကလီးယား အင်အားသုံးကာ ဆိုဗီယက် မြို့ကြီးပေါင်း ၁၃ဝဆီသို့ ညူကလီးယားဒုံးကျည်များ ပစ်လွှတ်ရလိမ့်မည်ဟု ပြောသည်။ အဲဒီ တုံ့ပြန်ခြိမ်းခြောက်မှုက မော်စကို ကို နှစ်ခါပြန် စဉ်းစားစေပြီး နှစ်နိုင်ငံစလုံး၏ နယ်စပ်ပြသနာ တင်းမာမှု လျော့ကျကာ ဆွေးနွေးပွဲ စားပွဲဆီသို့ တွန်းပို့ခဲ့သည်။
စာရေးသူက သူ့တင်ပြချက်ကို ထိုအချိန်ရှိ ဆိုဗီယက် ဝန်ကြီးများနှင့် သံတမန်များ၏ ပြောဆိုချက်များနှင့် ကောက်နှုတ် အားဖြည့်ထားသည်။
၁၉၆၉ အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆိုဗီယက် ဝန်ကြီးချုပ် Alexei Kosygin မှ ဆိုဗီယက်ခေါင်းဆောင် လီယိုနက် ဘရက်ဇ်ညက်ကိုပြောသော ” အကယ်ရွေ့ တရုတ်ကို တိုက်လျင် ဆိုဗီယက်နှင့် ညူကလီးယား စစ်ပွဲ ဆင်နွှဲရန် ဝါရှင်တန်က အသေးစိတ် ပြင်ဆင်နေကြောင်း” စကားကို စာရေးသူမှ ကောက်နှုတ်တင်ပြသည်။တရုတ် အကျိုးစီးပွားနှင့် သူတို့အကျိုးစီးပွား နီးနီးကပ်ကပ် ဆက်သွယ်ကြောင်း ယူအက်စ်က ရှင်းရှင်းလင်းလင်း ပြောထားပြီး ကျနော်တို့နဲ့ ညူကလီးယာစစ် ဆင်နွှဲဖို့ အသေးစိတ် စီမံချက်များ ရေးဆွဲထားကြောင်း Kosygin မှ ဘရက်ဇ်ညက်အား ပြောသည်ဟု ဆိုသည်။
အဲဒီနေ့မှာပဲ အမေရိကန်နိုင်ငံ ဆိုင်ရာ ဆိုဗီယက်သံအမတ် Anatoly Dobrynin မှ ယူအက်စ် သံတမန်များနှင့် တိုင်ပင်အပြီး ဘရက်ဇ်ညက်အား အလားတူ ပြောခဲ့ကြောင်း သူကဆိုသည်။ ညူကလီးယား တိုက်ခိုက်မှုဒဏ် တရုတ်ခံခဲ့ရလျင် အမေရိကန်မှ တတိယကဗာစစ် အစဟု ထင်မြင်မည်ဖြစ်ကြောင်း Dobrynin မှ ပြောသည်။ “အမေရိကန်တွေ ကျနော်တို့ကို သစ်စာဖောက်တယ်”။ ဝါရှင်တန်က ယူအက်စ်အက်စ်အာရ်အား တရုတ်ထက် ပိုကြီးမားသော ခြိမ်းခြောက်မှုလို့ မြင်ကာ ဆိုဗီယက်အင်အားကို တန်ပြန်ထိန်းညှိရန်အတွက် အင်အားကောင်းသော တရုတ်နိုင်ငံ ဖြစ်စေလိုကြောင်း သမိုင်းပညာရှင်က ဆိုသည်။ ပြီးတော့ ယူအက်စ်သမတ ရစ်ချတ်နစ်ဆင်သည် ညူကလီးယား စစ်ပွဲမှ အာရှ ပစိဖိတ် ဒေသတွင်း စခန်းချထားသော ယူအက်စ်တပ်ဖွဲ့ နှစ်သိန်းငါးသောင်း အပေါ် သက်ရောက်မည့် အကျိုးဆက်များကို ကြောက်ရွံထိတ်လန့်ကြောင်း သိသာနေပြီး လွန်ခဲ့သော ငါးနှစ် အညွန့်ပေါက်ကာစ တရုတ် ညူကလီးယား စီမံကိန်းကို ပူးပေါင်းတိုက်ခိုက်ရန် ဆိုဗီယက်မှ ငြင်းပယ်ခဲ့ခြင်းအား မကျေမနပ် အပြစ်တင်လိုဟန်ရှိသည်။
တင်ပြချက်များဟာ ခေတ်သစ်သမိုင်းအတွက် အပြန်အလှန် စကားရည်လုပွဲ ဖြစ်လာနိုင်ပြီး အငြင်းပွားမှုများအဖြစ် တင်ကျန်နေဦးမည် ဖြစ်သည်။ စာရေးသူက သူ့ရဲ့ သမိုင်းအမြင်ဟာ ခေတ်ပြိုင် ပညာရှင်များရဲ့ စိန်ခေါ်မေးခွန်းထုတ်မှုများနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ဝန်ခံသည်။ နိုင်ငံတော်အဆင့် အရေးကြီးမှတ်တမ်းများကို ဖတ်ရှုခွင့် သူမှာ ရှိခဲ့သလား မရှင်းလင်းပေမဲ့ သတင်းမီဒီယာကို တင်းကျပ်စွာ ချုပ်ကိုင်ထားသော နိုင်ငံတွင် တရားဝင် ထုတ်ဝေတဲ့ စာစောင်မှာ ပါလာတဲ့ ဆောင်းပါးကြောင့် လူအချို့က သူ့မှာ ထူးခြားတဲ့ ဖတ်ရှုလေ့လာခွင့် ရှိထားပုံရကြောင်း ထင်မြင်နေကြသည်။
ဘာသာပြန်။ ။ တရုတ်မကြိုက်သူ ကြေးမုံဂျီး၏ဘဲ ကကြောင်ကြီး (ခ) မော်စီထက်
USSR planned nuclear attack on China in 1969
The Soviet Union was on the brink of launching a nuclear attack against China in 1969 and only backed down after the US told Moscow such a move would start World War Three, according to a Chinese historian.
Andrew Osborn in Moscow and Peter Foster in Beijing
6:09PM BST 13 May 2010
The extraordinary assertion, made in a publication sanctioned by China’s ruling Communist Party, suggests that the world came perilously close to nuclear war just seven years after the Cuban missile crisis.
Liu Chenshan, the author of a series of articles that chronicle the five times China has faced a nuclear threat since 1949, wrote that the most serious threat came in 1969 at the height of a bitter border dispute between Moscow and Beijing that left more than one thousand people dead on both sides.
He said Soviet diplomats warned Washington of Moscow’s plans “to wipe out the Chinese threat and get rid of this modern adventurer,” with a nuclear strike, asking the US to remain neutral.
But, he says, Washington told Moscow the United States would not stand idly by but launch its own nuclear attack against the Soviet Union if it attacked China, loosing nuclear missiles at 130 Soviet cities. The threat worked, he added, and made Moscow think twice, while forcing the two countries to regulate their border dispute at the negotiating table.
He quotes Soviet ministers and diplomats at the time to bolster his claim.
On 15 October 1969, he quotes Soviet premier Alexei Kosygin as telling Soviet leader Leonid Brezhnev that Washington has drawn up “detailed plans” for a nuclear war against the USSR if it attacked China.
“[The United States] has clearly indicated that China’s interests are closely related to theirs and they have mapped out detailed plans for nuclear war against us,” Kosygin is said to have told Brezhnev.
That same day he says Anatoly Dobrynin, the Soviet ambassador to Washington, told Brezhnev something similar after consultations with US diplomats. “If China suffers a nuclear attack, they (the Americans) will deem it as the start of the third world war,” Dobrynin said. “The Americans have betrayed us.”
The historian claims that Washington saw the USSR as a greater threat than China and wanted a strong China to counter-balance Soviet power. Then US President Richard Nixon was also apparently fearful of the effect of a nuclear war on 250,000 US troops stationed in the Asia-Pacific region and still smarting from a Soviet refusal five years earlier to stage a joint attack on China’s nascent nuclear programme.
The claims are likely to stir debate about a period of modern history that remains mired in controversy.
Mr Liu, the author, admits his version of history is likely to be contested by rival scholars. It is unclear whether he had access to special state archives but the fact that his articles appeared in such an official publication in a country where the media is so tightly controlled is being interpreted by some as a sign that he did have special access.
4 comments
kai
August 14, 2017 at 2:58 pm
History repeats itself ပေါ့..။
အခုတော့.. မြောက်ကကြီးက(သာ) အမေရိကားကို စတင်တိုက်ခိုက်လျှင် ချိုင်းနားက ကြားနေမယ်ဆိုတဲ့လေသံ.. ဟထားတာတွေ့ရတယ်..။ အမေရိကားကသာစတိုက်ရင်တော့ ချိုင်းနားလည်း ဝင်ပါမယ့်သဘောရှိတယ်..။
ရုရှားကတော့ ဘာမှဝင်ရှုပ်မယ့်ပုံမရ.. မြောက်ကကြီးကို လက်နက်ရောင်းဖို့ကလည်း … ဘေးမှာချိုင်းနားကြီးငုတ်တုတ်နဲ့မဖြစ်..။
အမေရိကားကရော..။
ကမ္ဘာသူဌေး၂နိုင်ငံဖြစ်တဲ့ တောင်ကကြီးနဲ့ ဂျပန်တွေက ငွေဘယ်လောက်ထုတ်ပေးမလဲ.. ညစ်ချချင်ပုံ..။
သင့်အေးရိပ်
August 15, 2017 at 1:20 pm
ဦးဦးကြောင်
တီလုပ်ပျစ်စီး ကောင်း မကောင်း သေချာ လက်တွေ့ စမ်းကြည့်ဖူးရား
manawphyulay
August 15, 2017 at 2:50 pm
အဲလိုမျိုးတွေတော့ သိပ်လိုက်မမှီဘူး အူးအူးကြောင်ရယ်…
ဦးကျောက်ခဲ
August 16, 2017 at 4:55 pm
ခင်ဗျား ပေါက်ဖော်ကြီးကို ဘေးအိမ်က အနဲကြီးက ဖုနေတာလည်း ထည့်တွက်…
ပေါက်ဖော်ကြီးတင် ဝရဇိန်ရှိတာမဟုတ် … အနဲကြီးမှာလည်းရှိတယ်…
One Belt One Road ကို အနဲကြီးက ကန့်လန့်တိုက်နေပြီ…
တောင်တရုတ်ပင်လယ်ထဲ ဒါတို့တိုင်းတို့ပြည်သွားလုပ်လို့…
အန်ကယ်ဆမ်က နားရွက် တံတွေးဆွတ်တာလေးလည်း ရှိသေး… :k: