တရုတ် – အင်ဒီးယား စစ်ပွဲ ( ၁၉၆၂ )
၁၉၆၂ တွင် ကဗာ့ လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့သည်။ တရုတ် – အင်ဒီးယား စစ်ပွဲကြောင့် လူ ၂၀၀ဝ အသက် ဆုံးရှုံးခဲ့ပြီး မီတာ ၄၂၇ဝ (ပေ ၁၄၀၀၀) ပင်လယ်ရေမျက်နှာပြင်အထက် ခက်ခဲကြမ်းတမ်း တောတောင်ထူထပ်သော ကာရာကိုရမ် တောင်တန်းတွင် အနိုင်လုခဲ့ကြသည်။
စစ်ပွဲ နောက်ခံသမိုင်း
နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမှာ အင်ဒီးယား နှင့် တရုတ်အကြား ဖြစ်သော ၁၉၆၂ စစ်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံထက် အနည်းငယ် ပိုကြီးသော ထိုဒေသကို သူတို့ ထိန်းချုပ်သည့် ကက်ရှ်မီးယားအပိုင်းမှ ပိုင်ကြောင်း အိန်ဒိယက ခိုင်ခိုင်မာမာ ပြောဆိုပြီး တရုတ်က ထိုဒေသမှာ ရှင်ကျန်းပြည်နယ် အစိတ်အပိုင်း ဖြစ်ကြောင်း တုံ့ပြန်သည်။ ။။။။
အငြင်းပွားရခြင်း အဓိက ရေသောက်မြစ်ကို ပြန်ကြည့်လျင် ၁၉ရာစု အလယ် အင်ဒီးယားကို အုပ်ချုပ်သော ဗြိတိသျျ နှင့် ကွင်တရုတ်နိုင်တို့ မိရိုးဖလာ ရှိထားသည့်အတိုင်း တိုင်းပြည်နှစ်ခုအကြား နယ်စပ်သတ်မှတ်ရန် သဘောတူခဲ့ခြင်းမှ ဖြစ်သည်။ ၁၈၆၄ အထိ ကာရာကိုရမ် တောင်ကြား နှင့် ပန်ဂွန် ရေကန် အနီး အစိတ်အပိုင်းများသာ သတ်သတ်မှတ်မှတ် ခွဲထားပြီး ကျန်နယ်စပ်မှာ တရားဝင် နယ်စပ်မျဉ်း ပိုင်းခြားမှု မရှိပေ။ ။။။။။
၁၉၆၅ တွင် ကက်ရှ်မီးယား နယ်မြေအတွင်းရှိ Aksai ချင်း သုံးပုံတပုံ ပါဝင်သော ဂျွန်ဆင် နယ်စပ်မျဉ်းကို ဗြိတိသ ျှတို့ ရေးဆွဲခဲ့သည်။ ရှင်ကျန်းနယ်မှာ ထိုအချိန်တွင် ပီကင်း ထိန်းချုပ်မှုအောက် မရှိတော့သဖြင့် ဗြိတိသ ျှတို့က တရုတ်နှင့် နယ်စပ်မျဉ်း ပိုင်းခြားသတ်မှုကို တိုင်ပင်ခြင်း မရှိခဲ့ပါ။ သို့ပေမဲက တရုတ်က ရှင်ကျန်းနယ်ကို ၁၈၇၈ တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။ တရုတ်တို့ နဲနဲခြင်း ရှေ့တိိုးကာ ၁၈၉၂တွင် နယ်စပ်မျဉ်း ကိုရာကိုရမ် တောင်ကြားသို့ ရောက်လာပြီး အရှိုချင်းဒေသ ရှင်ကျန်းနယ်သို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။ ။။။။။။
ကာကိုရမ် တောင်တန်းတလျောက် နယ်မြေကို ပိုင်းခြားသော မက်ကာနေ-မက်ဒေါ်နယ်လ် နယ်ခြားလိုင်းကို ၁၈၉၉ ခုနှစ်တွင် ဗြိတိသ ျှတို့ ထပ်မံ အဆိုပြုခဲ့ပြီး အင်ဒီးယားအား ပိုမိုကြီးမားသော ဝေစု ပေးခဲ့သည်။ ။။။။။
အင်ဒီးယားကို အုပ်ချုပ်သော ဗြိတိသ ျှတို့ အင်ဒူမြစ် ရေဝပ်ဒေသကို ထိန်းချုပ်မည် ဖြစ်ပြီး တရုတ်က တာရင်မ်မြစ် ရေဝပ်ပိုင်းကို ရယူသည်။ ဗြိတိသ ျှတို့ ပေကျင်းသို့ ပေးပို့သော အဆိိုပြုချက်နှင့် မြေပုံကို တရုတ်မှ ပြန်ကြားခြင်း မပြုခဲ့။ အဲဒီအချိန်အတွက်တော့ နှစ်ဖက်စလုံးမှ နယ်ခြားစည်း သတ်မှတ်ချက် သဘောတူခဲ့ကြသည်။ ။။။။။
ဗြိတိသ ျှ နှင့် တရုတ် နှစ်ဖက်စလုံး မတူညီ ကွဲပြားသော နယ်ခြားစည်းမျဉ်းကို အပြန်အလှန် အသုံးပြုခဲ့ပြီး ထိုဒေသဟာ များသောအားဖြင့် လူနေထိုင်မှုကင်းမဲ့ကာ ရာသီချိန် ကုန်သွယ်မှု လမ်းကြောင်းအဖြစ်သာ အသုံးပြုရသောကြောင့် ဘယ်ဖက်ကမှ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မရှိခဲ့ပေ။ ။။။။။
တရုတ်အတွက် ပြည်တွင်းစစ် စတင်မည့် ၁၉၁၁တွင် အဆုံးသတ်သော ကွင်မင်းဆက် နဲ့ နောက်ဆုံး အင်ပါယာ ကျဆုံးခန်းတို့မှာ ပိုစိုးရိမ် ပူပန်စရာ ဖြစ်နေသည်။ ဗြိတိန်မှာလည်း မကြာခင် ပထမကဗာစစ်နှင့် ရင်ဆိုင်ရတော့မည်။ ၁၉၄ရ မှာ အင်ဒီးယား လွတ်လပ်ရေးရပြီး အင်ဒီးယ တိုက်ငယ် မြေပုံများ ပြန်လည်ရေးဆွဲပေမဲ့ Aksai ချင်းအရေး ပြေလည်မှုမရှိ ကျန်ရစ်သည်။ တရုတ်ပြည်တွင်းစစ်မှာ မော်စီတုံး နဲ့ ကူမြူနစ်များ အနိုင်မရခင် ၁၉၄၉ ခုနှစ် တိုင်အောင် နောက်ထပ်၂နှစ် ဆက်ဖြစ်နေခဲ့သည်။ ။။။။။
၁၉၄ရခုနှစ် ပါကစ်စတန်နိုင်ငံ တည်ထောင်မှု၊ ၁၉၅ဝခုနှစ် တရုတ်ရဲ့ တိဘက်ကို ကျူးကျော်ပြီး နိုင်ငံအစိတ်အပိုင်းအဖြစ် သွပ်သွင်းမှု၊ အင်ဒီးယားမှ ပိုင်ဆိုင်တယ် ကြေငြာသော နယ်မြေမှတဆင့် ဇင်ကျန်း နှင့် တိဘက်ကို ဆက်သွယ်သည့် ကားလမ်းဖေါက်လုပ်မှုတို့က ပြသနာကို ပိုရှုပ်ထွေးစေသည်။ နောက်တကြိမ် တရုတ်တို့၏ ကျူးကျော်စီးနင်းမှုအပြီး တိဘက် ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင် ဒလိုင်လားမား ပြည်ပ ထွက်ပြေးတိမ်းရှောင် သွားချိန် ၁၉၅၉ခုနှစ်တွင် ဆက်ဆံရေးမှာ အနိမ့်ဆုံး ရောက်ရှိခဲ့သည်။ အင်ဒီးယား ဝန်ကြီးချုပ် ဂျာဝါဟာလာ နေရူး မလုပ်ချင်လုပ်ချင်နှင့် ဒလိုင်လားမားအား အင်ဒီးယားတွင် အခြေစိုက်နေထိုင်ခွင့် ပြုခဲ့ခြင်းဖြင့် မော်အား အကြီးအကျယ် စိတ်ဆိုးဒေါသ ထွက်စေသည်။
တရုတ် – အင်ဒီးယား စစ်ပွဲု
၁၉၅၉ နောက်ပိုင်း အငြင်းပွားနေသော နယ်စပ်မျဉ်းတလျောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ တရုတ်မြောက်ပိုင်း နေရာများအား စောင့်ကြပ် ကင်းလှည့်မည့် နယ်စပ် ရှေ့တန်းစခန်းများ တည်ဆောက်ရန် ကြိုးပမ်းသော ရှေ့သို့ ပေါ်လစီကို ၁၉၆၁ ခုနှစ်တွင် နေရူး အသက်သွင်းသည်။ တရုတ်တို့မှ ငြင်ငြင်သာသာ တုံ့ပြန်ခဲ့ပြီး တဖက်နှင့်တဖက် တိုက်ရိုက် ရင်ဆိုင်မှု မလုပ်ဘဲ ရန်စောင်နေကြသည်။ ။။။။။
၁၉၆၂ နွေ နှင့် ဆောင်းဦး ရာသီတွင် Aksai ချင်းဒေသ၌ နယ်စပ် ပြသနာ ပိုဖြစ်လာသည်။ ဂျွန်လတွင် တရုတ်စစ်သား နှစ်ဆယ်ကျော် တိုုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ ဂျူလိုင်လတွင် အင်ဒီးယားက သူ့စစ်တပ်အား မိမိကိုယ်မိမိ ခုခံကွာကွယ်ရုံတင်မက တရုတ်တို့အား ပြန်လည်မောင်းထုတ်ရန် ပစ်ခွင့်ပြုလိုက်သည်။ Zhou Enlai မှ နေရူးအား တရုတ်မှ စစ်ပွဲ မဖြစ်ချင်ကြောင်း လူကိုယ်တိုင် အာမခံ ပြောထားပေမဲ့ အောက်တိုဘာလတွင် တရူတ်ပြည်လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) စစ်တပ် နယ်စပ်တလျောက် စုရုံးလာသည်။ ၁၉၆၂ အောက်တိုဘာ ၁ဝ တွင် ပထမအကြိမ် အကြီးအကျယ် တိုက်ပွဲ ဖြစ်ပြီး အင်ဒီးယား စစ်သား ၂၅ဦး နှင့် တရုတ် စစ်သား ၃၃ ဦး ကျဆုံးသည်။ ။။။။။
အောက်တိုဘာ ၂ဝ တွင် Aksai ချင်းဒေသမှ အင်ဒီးယားအား မောင်းထုတ်ရန် ပီအယ်လ်အေ တရုတ်တပ် စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်သည်။ နှစ်ရက်အတွင်း နယ်မြေတခုလုံးအား တရုတ်မှ သိမ်းပိုက်ခဲ့သည်။ နယ်စပ်ထိန်းချုပ်မျဉ်း တောင်ဖက် ဆယ်မိုင်သို့ တရုတ် ပီအယ်လ်အေတပ်များ အောက်တိုဘာ ၂၄တွင် ရောက်ရှိသည်။ သုံးပတ်ကြာ အပစ်အခတ် ရပ်စဲချိန်အတွင်း တရုတ်တပ်များ သူ့တို့နေရာ ထိန်းထားရန် Zhou Enlai အမိန့်ပေးခဲ့ပြီး နေရူးထံ ငြိမ်းချမ်းရေး အဆိုပြုချက် ပေးပို့သည်။ ။။။။။
တရုတ် အဆိုပြုချက်မှာ နှစ်ဖက်တပ် ထိတွေ့မှု မရှိတော့ဘဲ လက်ရှိ နေရာများမှ ကီလိုမီတာ နှစ်ဆယ် နောက်ဆုတ်ရန် ဖြစ်သည်။ တရုတ်တပ်များသာ သူတို့ မူလ နေရာသို့ ပြန်လည်ဆုတ်ခွာပေးရန် နေရူးမှ တုံ့ပြန်ပြီး ပိုကျယ်ပြန့်သော စစ်မဲဇုံ ထားရန် နေရူးမှ တောင်းဆိုသည်။ ၁၉၆၂ နိုဝင်ဘာ ၁၄ တွင် Walong ဝါလောင်ရှိ တရုတ်စခန်းကို အင်ဒီးယားတို့ တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲ ပြန်လည်စတင်သည်။ ။။။။။။
နောက်ထပ် ရာပေါင်းများစွာ သေဆုံးပြီးနောက် အင်ဒီးယားဖက်မှ အမေရိကန်တို့ ဝင်ကူမည့် သတိပေးချက်ကြောင့် နိုဝင်ဘာ ၁၉တွင် နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်စဲရေး တရားဝင် ကြေငြာခဲ့သည်။ တရားမဝင် သတ်မှတ်ထားသော မက်မာဟွန် နယ်စပ်မျဉ်း မြောက်ဖက်သို့ လက်ရှိလနရာမှ ၎င်းတို့ ဆုတ်ခွာမည်ဟု တရုတ် ကြေငြာသည်။ သို့သော်လည်း တောင်တန်းများထဲ ပိတ်မိနေသည့် တပ်များ အပစ်အခတ် ရပ်သည့်သတင်းကို ရက်ပေါင်းများစွာကြာသည်အထိ မကြားသိဘဲ နောက်ထပ် ပစ်ခတ်မှုများ လုပ်နေခဲ့ကြသည်။ ။။။။။
စစ်ပွဲ တလလောက် ကြာမြင့်ခဲ့ပြီး အင်ဒီးယား စစ်သား ၁၃၈၃ ယောက် နှင့် တရုတ် စစ်သား ၇၂၂ ယောက် ကျဆုံးသည်။ နောက်ထပ် အင်ဒီးယား ၁၀၄ရ ဦး နှင့် တရုတ် ၁၆၉ရ ဦး ဒဏ်ရာရပြီး အင်ဒီးယား စစ်သား လေးထောင်နီးပါး အဖမ်းခံရသည်။ ထိခိုက်ကျဆုံးမှု အများအပြားမှာ ရန်သူ ပစ်ခတ်မှုထက် ပေ၁၄၀၀ဝ အမြင့် ပြင်းထန်ဆိုးရွားသော ရာသီဥတု အခြေအနေကြောင့် ဖြစ်သည်။ ဆေးဝါးကုသမှု အချိန်မှီ မပေးနိုင်ခင် ရာသီဥတုဒဏ်ကြောင့် ဒဏ်ရာရ နှစ်ဖက်စစ်သားများ သေဆုံးကုန်သည်။ အဆုံးမှာ Aksai ချင်းဒေသကို ထိန်းချုပ်ခွင့် တရုတ် လက်ဝယ် ရရှိသွားသည်။ ဝန်ကြီးချုပ်နေရူးမှာ ပြည်တွင်း၌ တရုတ်ကို ကျူးကြော်မှုကို သူ၏ အင်အားမသုံး ငြိမ်းချမ်းစွာ ဖြေရှင်းမှု နှင့် တရုတ် တိုက်ခိုက်မှု မတိုင်ခင် လုံလောက်သော ပြင်ဆင်မှု ကင်းမဲ့မှုကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။
ဝီဂါပန်းသေး တရုတ်မူဆင် ကြေးမုံဂျီး၏ဘဲ မဂို၇၈၆ မော်လဝီကြောင်ကြီး
4 comments
ဦးကြောင်ကြီး
August 29, 2017 at 8:43 am
မူရင်းစာ။။
The Sino-Indian War, 1962
by Kallie Szczepanski
Updated February 10, 2017
In 1962, the world’s two most populous countries went to war. The Sino-Indian War claimed about 2,000 lives and played out in the harsh terrain of the Karakoram Mountains, some 4,270 meters (14,000 feet) above sea level.
Background to the War
The primary cause of the 1962 war between India and China was the disputed border between the two countries, in the high mountains of Aksai Chin. India asserted that the region, which is slightly larger than Portugal, belonged to the Indian-controlled portion of Kashmir.
China countered that it was part of Xinjiang.
The roots of the disagreement go back to the mid 19th century when the British Raj in India and the Qing Chinese agreed to let the traditional border, wherever that might be, stand as the boundary between their realms. As of 1846, only those sections near the Karakoram Pass and Pangong Lake were clearly delineated; the rest of the border was not formally demarcated.
In 1865, the British Survey of India placed the boundary at the Johnson Line, which included about 1/3 of Aksai Chin within Kashmir. Britain did not consult with the Chinese about this demarcation because Beijing was no longer in control of Xinjiang at the time. However, the Chinese recaptured Xinjiang in 1878. They gradually pressed forward, and set up boundary markers at Karakoram Pass in 1892, marking off Aksai Chin as part of Xinjiang.
The British once again proposed a new border in 1899, known as the Macartney-Macdonald Line, which divided the territory along the Karakoram Mountains and gave India a larger piece of the pie.
British India would control all of the Indus River watershed while China took the Tarim River watershed. When Britain sent the proposal and map to Beijing, the Chinese did not respond. Both sides accepted this line as settled, for the time being.
Britain and China both used the different lines interchangeably, and neither country was particularly concerned since the area was mostly uninhabited and served only as a seasonal trading route.
China had more pressing concerns with the fall of the Last Emperor and the end of the Qing Dynasty in 1911, which set off the Chinese Civil War. Britain would soon have World War I to contend with, as well. By 1947, when India gained its independence and maps of the subcontinent were redrawn in the Partition, the issue of Aksai Chin remained unresolved. Meanwhile, China’s civil war would continue for two more years, until Mao Zedong and the Communists prevailed in 1949.
The creation of Pakistan in 1947, the Chinese invasion and annexation of Tibet in 1950, and China’s construction of a road to connect Xinjiang and Tibet through land claimed by India all complicated the issue. Relations reached a nadir in 1959, when Tibet’s spiritual and political leader, the Dalai Lama, fled into exile in the face of another Chinese invasion. Indian Prime Minister Jawaharlal Nehru reluctantly granted the Dalai Lama sanctuary in India, angering Mao immensely.
Sino-Indian War
From 1959 forward, border skirmishes broke out along the disputed line. In 1961, Nehru instituted the Forward Policy, in which India tried to establish border outposts and patrols north of Chinese positions, in order to cut them off from their supply line.
The Chinese responded in kind, each side seeking to flank the other without direct confrontation.
The summer and fall of 1962 saw increasing numbers of border incidents in Aksai Chin. One June skirmish killed more than twenty Chinese troops. In July, India authorized its troops to fire not only in self-defense but to drive the Chinese back. By October, even as Zhou Enlai was personally assuring Nehru in New Delhi that China did not want war, the People’s Liberation Army of China (PLA) was massing along the border. The first heavy fighting took place on October 10, 1962, in a skirmish that killed 25 Indian troops and 33 Chinese soldiers.
On October 20, the PLA launched a two-pronged attack, seeking to drive the Indians out of Aksai Chin. Within two days, China had seized the entire territory.
The main force of the Chinese PLA was 10 miles (16 kilometers) south of the line of control by October 24. During a three-week ceasefire, Zhou Enlai ordered the Chinese to hold their position, as he sent a peace proposal to Nehru.
The Chinese proposal was that both sides disengage and withdraw twenty kilometers from their current positions. Nehru responded that the Chinese troops needed to withdraw to their original position instead, and he called for a wider buffer zone. On November 14, 1962, the war resumed with an Indian attack against the Chinese position at Walong.
After hundreds more deaths, and an American threat to intervene on behalf of the Indians, the two sides declared a formal ceasefire on November 19. The Chinese announced that they would “withdraw from their present positions to the north of the illegal McMahon Line.” However, the isolated troops in the mountains did not hear about the ceasefire for several days and engaged in additional firefights.
The war lasted just one month but killed 1,383 Indian troops and 722 Chinese troops. An additional 1,047 Indians and 1,697 Chinese were wounded, and nearly 4,000 Indian soldiers were captured. Many of the casualties were caused by the harsh conditions at 14,000 feet, rather than by enemy fire. Hundreds of the wounded on both sides died of exposure before their comrades could get medical attention for them.
In the end, China retained actual control of the Aksai Chin region. Prime Minister Nehru was roundly criticized at home for his pacifism in the face of Chinese aggression, and for the lack of preparation prior to the Chinese attack.
kai
August 29, 2017 at 10:55 am
ခုတော့လယ်ကုန်ပြီ..။
=
China and India Agree to Ease Tensions in Border Dispute
By JEFFREY GETTLEMAN and JAVIER C. HERNÁNDEZAUG. 28, 2017
NEW DELHI — India and China agreed on Monday to back away from their confrontation over a tiny slice of territory high in the Himalayas, easing tensions between the world’s two most populous countries.
For weeks, worries had been growing of a major conflict between the two nuclear powers, in what had developed into one of the worst border disputes between the countries in 30 years — punctuated by a rock-throwing, chest-bumping fracas between the Chinese and Indian soldiers.
Both sides agreed to give some ground in order to end the standoff. In a short statement, the Indian government said it had reached an “understanding” with Beijing and had agreed to an “expeditious disengagement” along the border, pulling back troops who had been sent to the disputed area to block the Chinese from building a new road.
https://www.nytimes.com/2017/08/28/world/asia/china-india-standoff-withdrawal.html
ဦးကျောက်ခဲ
August 29, 2017 at 12:22 pm
အဲဒါတွေကြောင့် မြန်တျန့်ကို တရုတ်က ဝင်မတိုက်ဘူးလို့ အခိုင်အမာပြောရဲတာ…
မြန်တျန့်တွေကို ဂရုစိုက် သွားကြားအညပ်ခံပြီး စဉ်းစားနေတာမဟုတ် …
ဘေးအိမ်က အနဲကြီး ငြိမ်နေမှာမဟုတ် … ဝင်ပါတော့မှာမို့လို့ …
အနဲကြီးကလည်း စစ်မျက်နှာ အများကြီး မဖွင့်ချင်ဘူးလေ …
နယ်စပ်ဘက် ကချင်ဘက်က ၊ ဘင်္ဂလားပင်လယ်က တရုတ်လှုပ်ရှားမှုတွေကို …
အနဲကြီးတို့သံရုံး သတင်းပေးရင် ဘောက်ဆူးကောင်းကောင်းရတယ်ဗျ …
ဟိုးအရင် တောခို ဘန်ကောက်ရောက် အေဘီတွေဆို ဈေးသုံးပြတ်တိုင်း လုပ်နေကြ … :k:
သင့်အေးရိပ်
August 30, 2017 at 9:42 am
တရုပ်ပစ္စည်း ကောင်းတယ်လို့ ကြားမိတယ်။ ဟုတ် မဟုတ် စမ်းကြည့်ချင်သာ
:k: