Adult Expo တွင် အကြိုက်များခဲ့သည့် လိင်ဖျော်ဖြေမှု အသုံးအဆောင်များ…
အာ ရှဆိုင်ရာ Adult Expo တွင် လိင်ဆိုင်ရာ ဖျော်ဖြေမှု ကိရိယာများ ထုတ်လုပ်သူများအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရသည်။
ဟောင်ကောင်တွင် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ကျင်းပသော Expo တွင် ကမ်ဘာ့အသေးဆုံး Vibrator နှင့် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ဆင်တူသော လိင်ဖျော်ဖြေ အရုပ်တို့မှာ ပရိသတ်အကြိုက် ဖြစ်ခဲ့သည်။
လိင်ဖျော်ဖြေမှု ပစ္စည်းများ ထုတ်လုပ်သည့် ဒိုင်အိုရှီ ပလပ်စတစ် အရုပ်လုပ်ငန်းမှ ဂျန်မင်းလီက မိမိတို့သည် သမ္မတ အိုဘားမား၏ ပုံတူရုပ်ကို ဖန်တီးရန် စိတ်ကူးရခဲ့ကြောင်း၊ ၎င်းသည် ကမ်ဘာ့ခေါင်းဆောင်များအနက် မိမိတို့အတွက် စည်းမျဉ်းများနှင့် ကင်းလွတ်ပြီး ဥပဒေကြောင်းအရ ငြိစွန်းမှု မရှိနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန် အဖော်အချွတ်နှင့် အပြာရုပ်ရှင် မင်းသမီး အန်နာဟိုင်ဆာကီသည်လည်း ဂျပန်လိင်ဖျော်ဖြေမှု ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ တင်ဂါ၏ အရောင်းရဆုံး Flip Liteပစ္စည်းအတွက် သရုပ်ပြခဲ့သေးသည်။ တရုတ်မှ ယုန်ရုပ်ပုံစံ ဝတ်ဆင်ထားသည့် မော်ဒယ်အချို့ကလည်း Playboy အမှတ်တံဆိပ် ကွန်ဒုံးများ ကြော်ငြာပြခဲ့သည်။
ယခုနှစ် Expo သို့ စုစုပေါင်း ဧည့်သည် ၃၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ရာ ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
Credit: လူထုအသံ
6 comments
thidar
September 4, 2010 at 5:40 am
ရန်ကုန်မှာ ဒါမျိုးလုပ်ရင် ဘယ်သူ သရုပ်ဲပမလဲ မသိဘူးနော်
ပရိသတ်တော့တော်တော်များမှာ
intro
September 4, 2010 at 9:36 am
တစ်မျိုးတော့ တစ်မျိုးပဲနော်၊ ကြည့်တော့ ကြည့်ချင်သား…
thetnaungtun
September 4, 2010 at 11:43 am
ကျွန်တော်လဲစိတ်ဝင်စားတယ်အဲ့ဒီပွဲကိုဒီခေတ်က sexyခေတ်ကိုဗျ။
ရန်ကုန်မှာအဲ့ဒီလိုလုပ်လို့ကတော့ကြိတ်ကြတ်တိုးနေမှာဘဲ။
မန်း ရိပ်
September 4, 2010 at 1:44 pm
မန်းလေးတော့ အဲဒါမျုးိ မလုပ်ပါနဲ့ဗျာ
arrow.ppt
September 9, 2010 at 9:10 am
မြန်မာလေဒါမိူးတော့ဘယ်လုပ်မလဲ…
Phyo
September 9, 2010 at 10:19 am
အောင်မယ်လေး… မြန်မာက လူမဟုတ်တာ ကျနေတာပဲဗျာ… မေးစရာက မြန်မာတွေကရော sex လိင်ဆက်ဆံခြင်းကို မလုပ်ကြဘူးလား… မြန်မာ့ယဉ်ကျေးမှုတွေ ဘာသာတွေလို့တော့ မပြောနဲ့ပေါ့… အဲဒါတွေက ကျယ့်ပြန်လွန်းလို့… ယဉ်ကျေးမှုတွေနဲ့ကလည်း လိင်ဆက်ဆံခြင်းနဲ့ တကန့်စီပါပဲ… မြန်မာပြည်မှာ ရောဂါကူးစက်မှုနှုန်းတွေ သူများနိုင်ငံတွေထက် တိုးတက်များပြားနေတာ ဒီလိုမျိုး လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ကျန်းမာရေး အသိပညာပေးမှုတွေ နည်းတဲ့အတွက် ကြောင့်ဖြစ်မယ်ထင်တယ်… တကယ်တော့ သေချာစဉ်းစားကြည့်ရင် လိင်ကိစ္စဆိုတာမျိုးက ရှက်စရာမှ မဟုတ်တာပါ… တချို့လူတွေက အဲလိုမျိုး လိင်ကိစ္စတွေအကြောင်း မပြောရဲတာကို အခွင့်ကောင်းယူပြီးတော့ အလွဲသုံးစား ကျူးလွန်းနေတဲ့သူတွေကလည်း အများသား… ပြီးတော့ ကျနော့်အနေနဲ့ပြောရရင် တကိုယ်ရေ အာသာဖြေတယ်ဆိုတာမျိုးက ပိုပြီးတော့တောင် ကောင်းသေး… ရောဂါကူးစက်မှုလည်း စိတ်ပူစရာမလိုတော့ဘူး…