ဂေဇက် လေဖြတ်နေပြီလား

zaw linDecember 6, 20171min04

ဥဥဒီအထဲဝင်ကြည့်လိုက်တိုင်း မိတ်ဆွေတွေ

အရေးကြဲ

အတွေးတွေဆဲ

မမြဲကြပါလားလို့တွေးမိတယ်

ရွာကြီးဟာ အရင်ကလောက်မစည်

လက်မညီကြတော့ပါလား

သင်္ခါရတရားကြောင့်ဘဲထင်ပါရဲ့

အင်း တစ်နေ့နှစ်ပုတ်ကို နဲတယ်ထင်ခဲ့တဲ့ကိုယ်တောင်

ယောင်တောင်ပေါင်တောင်နဲ့

ခေါင်းပြောင်အောင်စဉ်းစား

အနုပညာသမားပေမို့

ရွာစားရေ

ကလိုက်ပေစမ်း

အဖွင့်တစ်ပုတ်။

 

 

About zaw lin

zaw lin has written 19 post in this Website..

Myanmar Navy Chief petty officer

4 comments

  • Shar Thet Man

    December 7, 2017 at 9:54 am

    မွန်လေးကတော့ ရုံးဖွင့်ရက် ဆိုအမြဲလိုလိုရှိပါတယ်

    • zaw lin

      December 7, 2017 at 4:37 pm

      တော်တော်များများပျောက်ကုန်ကြပြီမတွေ့တော့လို့

  • Shar Thet Man

    December 7, 2017 at 9:55 am

    နောက်ထပ်ရေးဖို့ပို့စ်တွေလည်းတန်းစီနေပါတယ်လို့

  • Thint Aye Yeik

    December 8, 2017 at 12:26 pm

    .ရွာသူားတော်တော်များများက အပြင်မှာ တွေ့ကြ ဆုံကြ စီးပွားတွေတောင် စပ် လုပ်ကြနဲ့….
    လက်တွေ့ ပိုဆန်ပြီး ပိုရင်းနှီးခဲ့ကြပြီ။ ဆိုတော့ ရွာထဲ မဝင်ဘူးလားဆိုတော့ ဝင်ကြပါတယ်။
    ဒါမယ့် ဝင်တယ်ဆိုရုံမျှ……. ဖတ်တယ် ဆိုရုံမျှ….
    comment ကို ဒီရွာထဲ တော်ရုံ ပေးမနေတော့ဘဲ အပြင်မှာ ဆုံချိန်မတော့ … ဘယ်ပိုစ့်က ဘယ်လို …
    စသည်ဖြင့် ပြောကြသားပဲဗျို့။

    အရင်ကတော့ အပြင်မှာ ဆုံကြတာ နည်းသမို့…
    ရွာထဲချည်း လှိမ့်ဝင် လှိမ့်မန့်ကြ ရေးကြတာကိုး

    အခု ရွာထဲမှာသာ မစည်တော့တာ…
    အပြင်မှာတော့ စည်ခနဲ စည်ခနဲ ဖြစ်နေပြီ။
    :k:

Leave a Reply

%d bloggers like this: