Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့ သင်ပုန်း – မေလ ၂၀၁၈

kaiApril 29, 20181min5215

နိုင်ငံရေးစနစ်မျိုးစုံ၊ တိုင်းရင်းသားစုံခဲ့သော မြန်မာပြည် ကိုယ့်လှေကိုယ်ထိုးရင်း သွားခဲ့ကြသည်မှာ နှစ်၇ဝကျော်ပြီ။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းမှာ တနေ့တလံနှင့်ပုဂံဘယ်မရွေ့နေပါငြားပြောင်းပြန်ကြီးလျှောက်မိရက်သားနှင့်ဝေးသထက်ဝေးသွားပုံရလေသည်။ ဘာနိုင်ငံရေးစနစ်နှင့်အုပ်ချုပ်ချုပ်၊ ဘယ်ခေါင်းဆောင်မျိုးတက်တက် ဆွဲစေ့ကာညီညာ စည်းရုံးနိုင်မည့်ပုံမပေါ်သေး။ သို့ဆိုသော် ရှေးရိုးရာနှင့်ယဉ်ကျေးမှုတို့ကို စိစစ်ဝေဖန်ကာ သစ်လွင်ခေတ်မှီအောင်လုပ်သောတော်လှန်ရေးတခုလိုပြီလားဟူ၍ …

ပြတိုက်ဝင်ဥပဒေများ

မြန်မာ့ဥပဒေအများစုတို့သည် အင်္ဂလိပ်၏ကိုလိုနီခေတ်မှဥပဒေများဖြစ်ကြသည်။ အင်္ဂလိပ်ပြည်မှတိုက်ရိုက်ကော်ပီများပင်မဟုတ်၊ အိနိ္ဒယပြည်နယ်ကိုလိုနီအမှုတွဲနှင့်ရခဲ့ကာ မူလကျောရိုးအခိုင်အခန့်လည်းမရှိခဲ့။ ခေတ်နှင့်မလျှော်ညီ ထင်သည်များကို တတ်နိုင်သလောက်ဖာထေးပြုပြင်ခဲ့သော်လည်း စစ်အာဏာရှင်ကြီးများ၏တဦးတည်းသဘောနှင့်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များထုံမွှန်းလွန်းရသည်။ အထင်ရှားဆုံးဥပမာပြုရလျှင် ဦးနေဝင်း၏ ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေဖြစ်ပါသည်။
ဥပဒေပါ အမြင့်ဆုံးဒဏ်ကြေးများပင်ကျပ်ငွေထောင်ဂဏန်းနှင့် ယခုခေတ်အတွက်ရယ်စရာပါ။ ပြည်သူတင်မြှောက်ထားသော အစိုးရသည်တရားဥပဒေစိုးမိုးရေးချည်းလှိမ့်အော်နေ၍ကားမရ၊ စိုးမိုးရမည့်ဥပဒေသည် နေ့စဉ်အသစ်ထွက်နေသည့် လူ့အသုံးအဆောင်၊ ယာဉ်ယန္ဒယား၊ လူမျိုးသစ်၊ နိုင်ငံသစ်၊ နိုင်ငံရေးစနစ်၊သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာ၊ မျိုးရိုးဗီဇ၊ သဘာဝဂေဟ စသည်အားလုံးနှင့် သဟဇာတရှိရန် ပြင်ဆင်နေဖို့လည်းလိုပါသည်။ ယခုအမေရိကပြည်တွင်ပင်လျှင် ဖေ့စ်ဘုတ် စီအီးအိုမတ်ခ်ဇက်ကာဘတ်ကို ဥပဒေပြုသူများက ကွန်ဂရက်၊ ဆိနိတ်ဆင့်ခေါ်ကာ မေးမြန်း၍ဥပဒေအသစ်ထုတ် အဟောင်းမွန်းမံရန်လုပ်နေကြသည်မဟုတ်ပါလား။မြန်မာအတွက်ဆိုလျှင် ကမ္ဘာတန်းနှင့်ညှိ၍ ပညာရှင်များခေါ်ကာ လုပ်ရမည်ဧရာမဦးစားပေးအလုပ်ကြီးပါတည်း။

သမိုင်းတွင်သင်ရိုးညွှန်းတမ်းများ

ကလေးမူလတန်းပညာရေးမှသည် တက္ကသိုလ်များအထိ သင်ရိုးညွှန်းတမ်းများလည်း ထိုနည်းလည်းကောင်းပင်။
ကမ္ဘာကြီးနှင့်အတူ အသစ်အသစ်သောဝိဇ္ဇာ၊ သိပ္ပံဗေဒများအရှိန်ဖြင့်ပြေးသွားနေသည်ကို နောက်ကပ်လိုက်ရန်မဆိုထားနှင့် ကမ္ဘာစစ်ပြီးခေတ်ကသင်ရိုးညွှန်းတမ်းနှင့်ထိုခေတ်ရဟန်းရှင်လူပညာရှိကြီးများ၏စာကျွင်းစာကျန်များနှင့်ပင် ကိုးကားနှစ်ပါးသွားနေရသေးသည်။ မြန်မာ့မူပိုင်မရှိမူ၍ ရှေးသမိုင်းဆိုင်ရာအထောက်အထားများ၊ ဒဿနစာပေများ၊ နိုင်ငံရေးစာပေများကို မြန်မာမှုပြုဘာသာပြန်ကြရာဝယ် စစ်ကြို၊စစ်ပြီးခေတ် မြန်မာဆရာကြီးများတို့သည် ထိုခေတ်က ရေဒီယို၊ကြေးနန်း၊ နောက်ကျရောက်သော ဂျာနယ်။သတင်းစာတို့နှင့်မှီငြမ်းကိုးကား စိတ်ကူးယဉ်ပုံဖေါ်ပြီး ဘာသာပြန်ကြရသည်။ခြေနှင့်မျက်စိအတတ်ပညာရှင်ကြီးများနှင့်စခန်းသွားခဲ့ကြရသည်။ ၂၁ရာစုကမ္ဘာတွင် ကလေးတန်းမှသည် ပါရဂူတန်းအထိစာသင်ရိုးစနစ်လည်းအကုန်ပြောင်းခဲ့ပြီ။ လူနှင့်လူအဖွဲ့အစည်းကို ဗဟိုပြု စိစစ်ဝေဖန်သုံးသပ်ရင်း ဖန်တီးမှုအသစ်တို့ကို ဉာဏ်ကွန့်မြူးစေသည့်ပညာရေးဖြစ်ခဲ့ပြီ။ ကမ္ဘာ့မြေပုံနှင့်နိုင်ငံရေးအခင်းအကျင်း၊ စီးပွားရေး၊ ငွေကြေးစနစ်များသည်ပင် နေ့စဉ်ပြောင်းပြင်နေသည်ကို ကွန်မြူနစ်အာဏာရှင်နှင့်အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဖြစ်သည့် တောင်နှင့်မြောက်ကိုရီးယားပေါင်းစည်းရန်ကြိုးစားနေခြင်းမှသည် အိုင်တီနည်းပညာနှင့် ငွေကြေးမဏ္ဍိုင်ပေါင်းသွားသည့် Cryptocurrency ပေါ်လာခြင်း၊ Sharing economy ခွဲဝေမျှယူစီးပွားရေး၊ Blockchain ချိတ်ဆက်တိုးထိန်းပညာရပ်သစ်ထွက်လာခြင်းတို့မှတွေ့နိုင်သည်။

ဘုန်းတော်ကြီးပညာရေး

၂၁ရာစုပင်အစိတ်သားကျိုးတော့မည်။ ဘကပညာသင်စနစ်ဟုခေတ်သော ပညာရေးစနစ်မှ ရုန်းထွက်ရန်မဆိုထားနှင့် ပြန်၍ပင်အသက်သွင်းနေသူများလည်းရှိသည်။ အစိုးရကလည်းကိုယ်တိုင်ဦးစီးအားစိုက်လုပ်ရမည့်အလုပ်ကို အချောင်ခိုကာ လစာမပေးရသောသာသနာ့ဝန်ထမ်းများအား အသုံးပြု ဘကပညာရေးအားပေးအားမြောက်ပြုဆဲ။
ဗိုလ်ချုပ်အောင်ဆန်းပင် ဘုန်းတော်ကြီးပညာရေးနှင့် ကြီးပြင်းကာ တိုင်းပြည်ခေါင်ဆောင်ဖြစ်လာသည်ဟုဆိုသူကဆိုသည်။
ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်မဟုတ်တော့ပြီကို လက်တို့သတိပေးချင်ပါသည်။ လွန်ခဲ့သော နှစ် ၂၆၀ဝမှ တရားများကို လက်လှမ်းမှီသမျှ ပေရွက်၊ ကျောက်စာ၊စာအုပ်တို့မှီငြမ်းရင်း အခန်းထဲထိုင်ကာ လက်တွေ့စမ်းသပ်ချက်မရှိ ကျမ်းညှိထိုင်ရေးသူများ၏ ဓမ္မကိုဖေါ်ထုတ်သည့်ပညာရေးနှင့်ယခုခေတ်လောကီလူ့ဘုံသိပ္ပံနှင့်မည်သို့စပ်အပ်သနည်း။ အိနိ္ဒယမှ လောကီဆရာပညာရှိကြီးဂျာဏကျ Chanakya၏ မူလလောကနီတိပင်ခေတ်နှင့်မလိုက်နိုင်နောက်ကောက်ထပ်ကျနေရကား ဘုန်းတော်ကြီးသင်ပညာရေးအစား ဘုန်းတော်ကြီးများအား ခေတ်ပညာတတ်များဖြစ်အောင် စနစ်တကျပြုစုပျိုးထောင်ရမည့်အချိန်ပါတည်း။

ဆိုင်ရာဘာသာသနာပြုလိုကြပါလျှင်ကမ္ဘာအများစုကအသုံးပြုသော အင်္ဂလိပ်စာ၊ သချင်္ာ၊ကွန်ပြူတာအိုင်တီများပါတတ်ကျွမ်းနားလည်သည့် သာသနာပြုရဟန်းများလိုသည်။ ကမ္ဘာအနှံ့ခြေဆန့်သာသနာပြုကြရမည်ဖြစ်ပေရာ ငွေကြေးစီမံခန့်ခွဲတတ်သည့် တပါးတည်းရပ်တည်နိုင်သော ဆရာတော်များလိုသည်။ သို့မှသာ ပထမရဟန်း၆ကျိပ်တို့ကို ဗုဒ္ဓခေါ်မိန့်တော်မူသည့်”တကြောင်းသောခရီးကိုနှစ်ပါးအတူမသွားလင့် ” ဟူသည့် သာသနာပြုအလုပ်ကို ထိရောက်စွာလုပ်နိုင်ပေလိမ့်မည်။အနောက်နိုင်ငံတို့တွင် ဆိုင်ရာနိုင်ငံ၏တက္ကသိုလ်၊ကောလိပ်တက်ကာ အခြေချသာသနာပြုဆရာတော်များရှိသည်။ ထိုဆရာတော်တို့၏ သာသနာပြုတာသွားမှုကို အတုမယူသင့်ပါသလော။

ကမ္ဘာစစ်က ဂျပန်တို့သည် အင်္ဂလိပ်တို့ပစ်လိုက်သော မော်တာကျည်ဆံကို ထန်းပင်ပေါ်တက်၍ လက်နှင့်ဖမ်းသည်ဟုယုံကြည်သူများရှိခဲ့သည်ကို ဖခင်ပြောပြဖူးသည်။ ထိုစဉ်ကရီလိုက်ရသည်မှာအမော။
ယခုခေတ်တွင်လည်း မြင့်မိုရ်တောင်အား အရှေ့၊အနောက်၊တောင်မြောက်ကျွန်း ဝိုင်းရံနေကာ ကမ္ဘာပြားကြီးဟု ဆိုသူကဆိုနေသလို တဆင့်ထပ်တက်ကာ နေစကြာဝဋ္ဌာSolar System သည်ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းဖြစ်ကာ Milky Way Galaxy ၏အလယ်ဗဟိုသည်မြင့်မိုရ်တောင်ဖြစ်သည်ဟုပင်ညွှန်းဆိုလာသည်လည်းဖတ်ရသည်။ အဆိုပါ သချင်္ာမတွက်တတ် သိပ္ပံနားမလည် သမားများ၏ ပါးစပ်ရာဇဝင်တို့တွင် ဂိတ်ဆုံးကြမည်လော။

ပြင်သစ်ပြည်ပါရီမြို့ရှိ ကမ္ဘာ့စံချိန်ညွှန်းသတ်မှတ်ခန်းဝယ် တစ်မီလီမီတာ၊ တစ်ဂရမ်ကိုပင် အစိတ်သိန်းဂဏန်းစိတ်ချ၍ တိကျမှုစံထားယူနေကြသောခေတ်တွင် မြန်မာတို့သည် တပဲ၊တရွေး၊တဆံချည်၊တယူဇနာ၊ တပိဿာ၊ တတင်းတို့နှင့် စံတိမရှိသေး။ မြန်မာ့အင်္ဂျင်နီယာတက္ကသိုလ်များသည်ပင် မိုင်၊ပေါင်၏ FPS စနစ်သုံးမည်လော၊ ကီလို၊ဂရမ် မက်ထရစ်တန် SI စနစ်သုံးမည်လော မသတ်မှတ်ထား။
လူနည်းစုဆိုုလျှင်မထောင်းသာသော်ငြား လူများစုကြီးဖြစ်နေသောအခါ ထိုထို ပရိသတ်လူထုကို အားပြုမောင်းနှင်ရမည့် နိုင်ငံတော်သည် မည်သို့စခန်းဆက်သွားကြမည်နည်း။

ဘုရားသမိုင်းများ

ရာဇ-မင်းတို့၏အကြောင်းကို အမွှန်းတင် ဗျာဒိတ်သွင်းရေးသားတင်ဆက်ခြင်းကို ရာဇဝင်ဟုခေါ်သည်။ ပြောချင်ရာပြောနိုင်သော ပါးစပ်နှင်ရာဇဝင်တွဲမိလေသောအခါ ဘုရားစူးသမိုင်းများဖြစ်လာသည်။
အသောက၊အနော်ရထာ၊အလောင်းစည်သူမင်းများ တိုင်းခန်းလှည့်ရင်းတည်သွားသောစေတီ၊ပုထိုးများသည် မြန်မာတနိုင်ငံလုံး ကျေးလက်တောမကျန်တွင်တည်ပြီးဖြစ်လာသည်။ အချို့မှာမူ ဗုဒ္ဓကိုယ်တော်တိုင်ပင် ကြွခဲ့ပါသည့် သမိုင်းထားချင်ထားသည်။ ထိုထိုတို့သည် မှတ်တမ်းမှတ်ရာ ကျမ်းကိုးကားအတိအကျမရှိ၊
မရှိလည်း အရေးတော့မကြီး။ ယခုခေတ်တွင် ကာဗွန်တွက်နည်းဖြစ် ပစ္စည်းသက်တမ်းကို နှစ်ရာဂဏန်းအတွင်းထိခန့်မှန်းနိုင်နေပါပြီ။
အီတလီပြည်တွင် ခရစ်ယာန်တို့လည်း Turin Shroud ခရစ်တော်လွှမ်းခြုံစောင်ကြီးကို အနားကွပ်ဖဲ့ထုတ်ကာ သက်တမ်းတိုင်းတာကြည့်ကြဖူးသည်။
မြန်မာတို့လည်း မလုပ်စမ်းသင့်သလော။ ကာဗွန်သက်တမ်းတွက်ချက်မှုတခုသည် မြန်မာတို့၏အစွဲမှား အယူမှားကို များစွာဖယ်နိုင်ကာ သမိုင်းစစ်တွင် ဘယ်နှစ်က ဘာဖြစ်ခဲ့သည်ကိုဖေါ်ထုတ်နိုင်ပါသည်။ သမိုင်းစစ်ကိုချန်ထားလိုသူ အမှန်တရားချစ်သူပညာရှင်များလိုပါသည်။လိုနေပါသည်။

မျိုးရိုးဗီဇ အတိအကျ

First Peoples | PBSထုတ်၏ အခန်းဆက်ရုပ်သံကို ဤသူကြည့်ဖူးသည်။ လွန်ခဲ့သော နှစ်၂သိန်းက လူသား၏အစ ဟိုမိုဆက်ပီယံ၊ နီယမ်ဒါသယ်တို့မှယခုခေတ်လူသားမျိုးဆက်ထိပေါင်းစည်း ရွေ့ပြောင်းသွားပုံများ ဟိုမိုဆက်ပီယံမှ ယနေ့ခေတ်လူသားဖြစ်လာသည့် အီဗေါ်လူးရှင်းဆင့်ကဲဖြစ်စဉ်များပါသည်။ တူးဖေါ်တွေ့ရှိသည့်ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစကို ဆွီဒင်ရှိဓာတ်ခွဲခန်းပို့၍ ဒီအန်အေမှတဆင့် ဗီဇနှင့်သက်တမ်းကိုတိုင်းတာတွက်ချက်ကြသည်လည်းမြင်ရသည်။
ယခုခေတ်လူသား၏ ဒီအန်အေတွင် ပါနေသည့် ဖြူမဲဝါညိုတို့၏ပါဝင်မှုရာခိုင်နှုန်းအသီးသီးလည်း သိနိုင်ကြပြီ။ လူတဦးချင်းစီ၌လည်း အတိအကျပင်တွက်နိုင်ကြပေပြီ။ အရိုးအစ၊ဆံချည်တဖျသုံး၍ လူလော၊နတ်လော၊ ဘီလူးလော သိနိုင်ပြီ။
ဗီဇတို့မှတဆင့် သင်မည်သူဖြစ်သည်။ မည်သည့်မျိုးနွယ်စုမှလာသည်။ မည်သည့်အမျိုးတို့နှင့်မည်မျှပေါင်းစပ်ထားသည် ။ လွန်ခဲ့သောနှစ်လေးသောင်းခန့်ကမျိုးသုဉ်းပျောက်ကွယ်ပြီး နီယမ်ဒါသယ်ဗီဇရာခိုင်နှုန်းဘယ်မျှပါသည်ကိုပင် အတိအကျ ဒဿမနှင့်သိနိုင်ပြီဖြစ်ပေရာ စစ်ကြပါလျှင် ငါနှင့်ငါ့လူမျိုးသာဟု လူမျိုးဗီဇခွဲပြီး နယ်မြေလုနေကြသောအဖြစ်တို့ ရုတ်ချည်းတန့်သွားဖွယ်ရာရှိပါသည်။

ရိုးရာအဝတ်ဆွဲချွတ်ကြ

ဗမာအမျိုးသား၏ ရိုးရာအဝတ်အစားဘယ်ကလာသည်သုံးသတ်ကြည့်ကြစို့။
ခေါင်းပေါင်းသည်အိနိ္ဒယမှလာသည်။ သျှောင်ပြုတ်ကြသောကာလ ဘိုကေခေါ် အင်္ဂလိပ်၏ဆံပင်ပုံခေတ်၌ ဦးရစ်အစားကြိမ်ခြင်းကြားခံသောခေါင်းပေါင်းကိုဗမာများစသုံးကြသည်။
စတိတ်ကော်လာ(Grandad collar)ရှပ်အကျီမှာ အမေရိကန်တို့၏လက်ထွက်ဖြစ်ကာ အပေါ်မှခြုံဝတ်ထားသည် တိုက်ပုံသည် ချိုင်းနားပြည်သား ချိုင်းနီးစ်တို့၏အပေါ်ဝတ်ဖြစ်သည်။ ပုဆိုးသည် အိနိ္ဒယသား အနောက်ဖက်မှမြန်မာပြည်ဖက်ကူးလာသူ ကုလတို့ရိုးရာအဝတ်ဖြစ်ပါသည်။ နောက်ပိတ်ပါခြေနင်းမှာမြန်မာတို့၏ရှေးဘုရင်ခေတ်သုံးဖြစ်သော်ငြား ကတ္တီပါဖိနပ်ရိုးရိုးမှာမူ အနောက်တိုင်းကယူပါသည်။ ရှုးဖိနပ်နှင့်ခါးပတ်မှာလည်း အနောက်နိုင်ငံထွက်တည်း။
ဂျပန်တို့ စစ်ပြီခေတ်ပြာပုံဘဝမှခုန်ထရန်အရှိန်ယူစဉ်က ဂျပန်အစိုးရသည် သူတို့၏ရိုးရာ ဂျပန်ကီမိုနိုဝတ်စုံဝတ်သူတို့ကို အမိန့်ထုတ်ဆွဲချွတ်ခဲ့ကြသည်။ သို့နှင့် ယခုခေတ်တွင်သူတို့၏အစိုးရရုံးခန်း၊ စီးပွားရေးလုပ်ငန်းများတွင် အနောက်တိုင်းဝတ်စုံဝတ်ဂျပန်လူမျိုးများကို မြင်နေကြရခြင်းဖြစ်သည်။ တကယ်တော့ ထိုခေတ်ကထိုသို့လုပ်ခဲ့ခြင်းဖြင့်ဂျပန်ပြည်တွင်းတွင် အနောက်နိုင်ငံဝတ်စုံများ နားလည်တတ်ကျွမ်းထုတ်လုပ်နိုင်ခဲ့ကာ ဥရောပနှင့်အမေရိကဈေးကွက်များသို့ အပြိုင်ဈေးကွက်ရတင်ပို့နိုင်သည်လည်းရှိ၏။ စီးပွားရေးအကွက်မြင်မှုလည်းတပါးပါလေ။
စစ်အာဏာရှင်တော်လှန်ရေးကာလတွင် မြန်မာကို ကမ္ဘာကအာရုံပြုသတိထားမိရန် မြန်မာဝတ်စုံနှင့် ပရိုမိုးရှင်းလုပ်ခဲ့သည်ကို နားလည်နိုင်ပါသော်လည်းယခုခေတ်ကာလ ကမ္ဘာရွာခေတ်ဝယ် မြန်မာတို့၏လွှတ်တော်၊ အစိုးရရုံး၊ နိုင်ငံတကာဆက်ဆံနေရသည် ကုမ္ပဏီ၊စီးပွားရေးလုပ်ငန်းတို့သည်လည်း ပြင်ဝတ်သင့်ပြီ။ အလုပ်လုပ်ရာတွင်လုံလည်းမလုံခြုံ၊ ခေတ်လည်းမမှီသော အမျိုးသားဝတ်စုံကို ပယ်ကာ ဘောင်းဘီ၊စကပ်နှင့် မြန်မာတို့စမတ်ကျကျနေသင့်ပြီ။ နေပါဦး၊ အဖြူမဟုတ်လျှင်အမည်းလည်းမဖြစ်ပါ။ ကြားတွင်ရောင်စုံသက်တန့်ရှိပါ၏။ မြန်မာတို့သည်အမျိုးသားရိုးရာဝတ်စုံကိုယဉ်ကျေးမှုဆိုင်ရာပွဲများတွင် ဂုဏ်ယူအမှတ်တရဖေါ်ပြခြင်းမျိုးဖြင့်ဝတ်နိုင်ပါသည်။

လူမျိုးတမျိုး နိုင်ငံတခု အကြောင်း ဂဃလဠကွဲပြားသိချင်လျှင် ထိုထိုနိုင်ငံတွင် အနည်းဆုံး၁ဝနှစ်အမြဲတန်းအခြေချနေထိုင် ဆိုင်ရာနိုင်ငံသား၊လူမျိုးများနှင့်ရင်ဘောင်တန်းအလုပ်လုပ်နေမှ ဖြစ်သည်ကို ကိုယ်တိုင်အတွေ့အကြုံ ကြဲပက် ဖြန့်ကျက်၍ မြင်ပါ၏။ သူ၏နေ့စဉ်ဘဝသည် လူနေမှု၏ဘဝတက္ကသိုလ်ဖြစ်ကာဆယ်စုနှစ်တခုတာ ရှင်သန်ရုန်းကန်နေနိုင်ခြင်းသည် ဘွဲ့တခုရခြင်းဖြစ်၏။
ကမ္ဘာနိုင်ငံများသို့ မြန်မာသန်းချီ ရောက်ရှိနေထိုင်နေကြသည်မှာ ဆယ်စုနှစ်တွေလွန်ချင်တိုင်းလွန်ကုန်ကြပြီမို့ ထိုသူတို့၏ ကာယ၊ဉာဏအစွမ်းတို့ဖြင့် ခေတ်စမ်းချိန်တခုဆီကို ဆွဲတင်သင့်ပါသည်။ အပြင်အားကိုယုံပါ။ ပုံပါ။

ဆိုင်ရာ ဘာသာ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့တို့ကို လက်ရှိပစ္စုပ္ပန်ခေတ် စနစ် ပညာရေးတို့နှင့်တန်းညှိပေးချိန်ရောက်ပါပြီ။ စံနှုန်းစနစ်များကို လည်းညှိသင့်ပြင်သင့်ပါပြီ။
ပေါကားများရပ်ဆိုသလိုပင် ပေါပညာရေး၊ ပေါဓလေ့ထုံးတမ်းများရပ်သင့်ပြီ။
ယဉ်ကျေးမှုတော်လှန်ရေးတခုလုပ်ကြည့်ကြပါစို့..။

5 comments

  • ကထူးဆန်း

    May 1, 2018 at 10:58 am

    ဘက ပညာရေးကတော့ အလှမ်းဝေးပါသေးတယ် …
    ငြိမ်းချမ်းရေးတောင် မဖော်ဆောင်နိုင်သေးတာ …

    ရိုးရာ အဝတ်ဆွဲချွတ်ရင်တော့ ဖင်တုံးလုံး နဲ့ဘဲ နေမယ် .. မလုံခြုံ ဘူး ဆိုတာ ဘယ်လိုတုန်းသူကြီး ရဲ့ ..
    ပေသွားရင် လှည့်ဝတ်လို့ ရတယ် .. ပြေး ချင်ရင် ခါတောင်းက ျို က်လို့ ရတယ် .. အိမ်သာသွားရင်သက်တောင့်သက်သာ လှန်လို့ ရတယ် …
    ..ခါးက ျပ်လာတယ်ထင်ရင် ဖြေလေ ျာ့ပြီး ပြန်ဝတ်နိုင်တယ် … အောက်ခံဘောင်းဘီ မဝတ်ဘဲ လေ သလပ် အနံ့ အသက်ကောင်းတယ် … စိတ်မချ ရတဲ့ နေရာမှာ ဘောင်းဘီဝတ်အလုပ်လုပ်တယ်လေ .. ရုံးတွေ ကုမ္မဏီတွေ မှာတော့ ပုဆိုး ချွတ်ဖို့ မလိုဘူးထင်တာဘဲ …. ဘောင်းဘီချွတ်တွေဘဲ နေရာပေးဖို့ မလိုတာ … 🙂 🙂 🙂

    • kai

      May 8, 2018 at 11:59 am

      ငြိမ်းချမ်းရေးမဖေါ်ဆောင်နိုင်တာကိုက.. ဘကပညာရေးကြောင့်အဓိကအချက်တခုလို့.. ဆိုလိုချင်တာပါ..။

      နိုင်ဂျံဂါးနဲ့ ဆက်ဆံနေရတဲ့ တိုးရစ်ဇင်မ် အင်ဒတ်စရီကတော့.. ပရိုမိုးရှင်းအနေနဲ့ ဝတ်ရင်ကောင်းပါတယ်..။
      အနည်းဆုံးတော့. အိနိ္ဒယနဲ့.. ချိုင်းနားက.. ဧည့်သည်တွေ စိတ်ဝင်စားကြမယ်ထင်တာပဲ.. 🙂
      ဆိုတော့..
      အရင်ကလည်း.. မြန်မာတွေ ရိုးရာပုဆိုးမချွတ်တာကိုက.. တော်တော်မာပြီး.. ကောင်းတယ်ထင်ခဲ့ဖူးတယ်…။
      အခုတော့.. အမြင်ပြောင်းပြီလေ..။
      ချိုင်းနားရဲ့.. ကွန်ဂရက်ထဲလည်း..အမတ်တွေ.. အကုန်ကုတ်အကျီ င်္.. နဲ့ ဆုသ်…။
      ဂျပန်…ပါလီမန်လည်း.. အမတ်တွေ.. အကုန်ကုတ်အကျီ င်္.. နဲ့ ဆုသ်…။
      မြန်မာလွှတ်တော်ထဲ.. ပြောင်းသင့်ပြီ..။ :k:

  • ဂျစ်စူ

    May 4, 2018 at 11:33 am

    အခက်ခဲတွေရှိလို့
    အဆင်ပြေသလို ခရီးဆက်နေကြတယ်လို ့ပဲ မြင်ပါတယ်အုခိုင်

    • kai

      May 8, 2018 at 12:00 pm

      တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းမှာ တနေ့တလံနှင့်ပုဂံဘယ်မရွေ့နေပါငြားပြောင်းပြန်ကြီးလျှောက်မိရက်သားနှင့်ဝေးသထက်ဝေးသွားပုံရလေသည်။ :k:

  • Thint Aye Yeik

    May 14, 2018 at 5:04 pm

    “ဂဃလဠ” ဆိုတဲ့စကားလုံးက
    ဂဃနဏ – အစားထိုး အနေနဲ့ သူကြီး ထွင်လိုက်တာလား
    :k:

Leave a Reply