Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အော့နှလုံးနာ

Mon LayMay 25, 20181min4821

မြန်မာဂဇက်ကို ဖေ့ဘွတ်မှာလည်းဖတ်လို့ရတော့ ဒီဖတ်ခဲ့ရတဲ့ ရင်နင့်ဖွယ်၊သနားဖွယ်၊ အော့နှလုံးနာဖွယ် သတင်းလေးကို အများသူငါသိစေချင်တဲ့စိတ်နဲ့ တင်ပေးလိုက်ပါတယ်။ များမာျးလေးရှယ်ပေးကြပါ။ ကလေးတွေကိုသွားရောက်လှူဒါန်းလို့ရရင်သိပ်ကောင်းမှာပဲ။

———————————————————————————————————————————-

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရာ လမ်းဘေးရှိ အိမ်လေးတစ်လုံး တွင် ကျေးရွာအုပ်ချုပ်ရေးခေါင်း ဆောင်များနှင့် အမျိုးသမီးအချို့ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြ သည်။ သားရေကွင်းကို လက်ချောင်းများတွင် ရစ်ပတ် ဆော့က စားနေသော ဆယ်နှစ်အရွယ် မိန်း ကလေးတစ်ဦးလည်း သူတို့နှင့် အတူ ရှိနေသည်။

ဤကလေးအပါအဝင် မူလ တန်းကျောင်းသူ လေးဦး ရွာ၏ တစ်ပါးတည်းသော ဘုန်းကြီး၏ ကျောင်းတွင် လပေါင်းအတန် ကြာ သွားရောက်နေထိုင်စဉ် လိင်ကျွန်ပမာ ပြုမူခံရမှုများအ ကြောင်းကို ၎င်းတို့က ဝမ်းနည်း တုန်လှုပ်စွာ ပြောပြနေကြသည်။

ကလေးများ နေ့ခင်းဘက်တွင် စာသင်ကျောင်းသွား၊ ကျောင်း

ဆင်းလျှင် အနီးရှိ ဘုန်းကြီး ကျောင်းသို့ ပြန်ကာ ဝေယျာဝစ္စ လုပ်ကိုင်၊ စာကျက်၊ အိပ်စက်နေ သည်ဟု တစ်မိုင်ခန့်အကွာမှ မိဘ များက ယူဆခဲ့ကြသည်။ အံ့ဩ ထိတ်လန့်ဖွယ် ဖြစ်ရပ်များအ ကြောင်းက ကလေးများ နွေကျောင်းပိတ်ရက် အိမ်ပြန်ရောက် ပြီး ရက်အတန်ကြာမှ ပေါ်ပေါက် လာသည်။

ကလေးတို့၏ ဖြစ်ရပ်အ ကြောင်း ရုတ်တရက် ကြားလိုက် ရသည့်နေ့ကဆိုလျှင် လွန်စွာ စိတ် ဆိုး၊ ဒေါသဖြစ်ခဲ့ရပြီး ဘုန်းကြီး ကျောင်းသို့ အရောက်ပြေးသွား ရန်ပင် စဉ်းစားမိသည်ဟု (၁၀)နှစ် သမီး၏မိခင်က ဆိုသည်။

‘‘လူဆိုရင်တော့ အဲဒီနေ့က တည်းက ဓားနဲ့ တက်ခုတ်တယ်။ ဘုန်းကြီးဆိုတော့ လုပ်လို့မရဘူး လေ’’ဟု (၁၀)နှစ်သမီး၏ မိခင်က မချိတင်ကဲပြောသည်။

မူလတန်းကျောင်းတက်နေ သည့် မိန်းကလေးများ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားခံ ရခြင်းမှာ မိသားစုများ ဆင်းရဲနွမ်း ပါးမှု၊ ယုံလွယ်မှုတို့ကြောင့် ဖြစ် ကြောင်း ထိုကလေးတို့၏ မိဘ အုပ်ထိန်းသူများက ပြောကြ သည်။

ချို့တဲ့၊ ပညာမဲ့ခြင်း

(၁၀)နှစ်သမီး၏ အိမ်သည် စာသင်ကျောင်းနှင့် တစ်မိုင်ဝန်း ကျင် ကွာဝေးသည်။ စက်ဘီးဝယ် စီးနိုင်လျှင်ပင် ထိုလမ်းမှာ ကုန်း တက်၊ ကုန်းဆင်းများသဖြင့် သွား လာရ ခက်ခဲလှသည်။ မိသားစု တစ်နေ့ဝင်ငွေမှာ ထောင်ဂဏန်း အနည်းငယ်မျှဖြစ်သောကြောင့် ဆိုင်ကယ်တက္ကစီဖြင့် ကျောင်းပို့ ရန် မစဉ်းစားကြချေ။

ဤအခြေအနေတွင် ဘုန်းကြီးက ၎င်းထံသို့ ကလေးပို့ထား ရန် ကမ်းလှမ်းခဲ့ရာ မိဘတို့က ရင်သွေးငါးဦးထဲမှ အကြီးဆုံးဖြစ် သော (၁၀)နှစ်သမီးကို ဘုန်းကြီး ကျောင်းသို့ ဝမ်းသာအားရ ပို့ လိုက်သည်။

ပုသိမ်မြို့မှ ၁၉ မိုင်ခန့် ဝေးကွာသည့် ရေသိုးရွာရှိ ၎င်းတို့၏ဆယ်ပေပတ်လည် တဲအိမ်ငယ် သည် အမိုးအကာစုံလင်ခြင်းမရှိ ပေ။ ဒေသခံ အများစုကဲ့သို့ ထင်းခုတ်၊ မီးသွေးဖုတ် အပါအဝင် ကျပန်းအလုပ်မျိုးစုံ လုပ်ကိုင်ကြ သည်။ အလုပ်အကိုင် စုံလင် သော်လည်း ဝင်ငွေနည်းလှသော ကြောင့် ပင်လယ်ငါးဟင်းချက် သည့်နေ့သည် မိသားစုအတွက် အပျော်ရွှင်ဆုံးနေ့များထဲတွင် ပါ ဝင်သည်။

နောက်ထပ်ကလေးတစ်ဦး မှာ ရေသိုးမှပင် ဖြစ်ပြီး (၁၂) နှစ်အရွယ်ရှိပြီဖြစ်သည်။ မိသားစုဝင် လေးဦးသာရှိသော သူတို့အိမ် သည် အခြားအိမ်များထက် ပိုမို အမြင်တင့်တယ်နေသောကြောင့် ဝင်ငွေပိုကောင်းသည့် မိသားစုဟု ထင်စရာရှိသည်။ သို့သော်လည်း သူ၏မိဘများသည် အခြားသော ဒေသခံများနည်းတူ ရုန်းကန်နေရ သူများပင်။

အိမ်နှင့် ဝေးကွာစဉ် ကြမ္မာ ဆိုးကြုံခဲ့ရသူများထဲမှ အခြားနှစ်ဦးမှာ ရေသိုးရွာနှင့် တစ်မိုင်ခန့်ဝေး သည့် နေရာတွင် နေထိုင်ကြသူ များဖြစ်သည်။ မဒေ့ါကုန်းရွာမှ အဆိုပါ (၁၄)နှစ်နှင့် (၁၀)နှစ် အရွယ် ညီအစ်မ၏ မိသားစုသည် လည်း နေ့စဉ် ဝင်ငွေ ၃,ဝဝဝ မှ ၅,ဝဝဝ ကြားသာရှိသည့်အတွက် ၎င်းတို့ကျောင်းတက်စရိတ် မ လွယ်ကူပေ။

၎င်းတို့၏မိဘများက ဦးနန္ဒ သီရိကို ဘုန်းကြီးမဖြစ်ခင်က ရင်း နှီးခဲ့ဖူးခြင်း၊ ကျောင်းစရိတ်တာဝန် ယူမည်ဟု သဘောတူခြင်းတို့ ကြောင့် သမီးနှစ်ဦးကို ယုံကြည်စွာ အပ်နှံခဲ့သည်ဟု ဆိုသည်။

ဤသို့ဖြင့် မိန်းကလေးများ သည် ပညာရေးအတွက် မိဘ အိမ်မှ စိတ္တသုခဘုန်းကြီးကျောင်း သို့ သွားရောက်နေထိုင်ကြသူများ ဖြစ်လာသည်။

ရွာထိပ် ရေသိုးချောင်းအနီး မြေနှစ်ဧကပေါ်တွင် တည်ရှိသည့် ထိုကျောင်းအတွင်း ပေ ၂ဝ ပတ် လည်ခန့်ရှိမည့် သစ်သားကျောင်း ဆောင်တွင် သူတို့ နေထိုင်ကြ သည်။ ပျဉ်ခင်းထားသော ထိုကျောင်းဆောင်တွင် သီးသန့်ဖွဲ့ထားသော အခန်းတစ်ခန်းရှိရာ ကျက်သရေခန်းဟု ခေါ်ကြသည်။ ညဘက်ရောက်လျှင် ဘုန်းကြီးက ထိုအခန်းအတွင်း၊ မိန်းကလေး များက အခန်းအနီး၊ ကိုရင်တစ်ပါး နှင့် ယောက်ျားလေးများက မလှမ်း မကမ်းတွင် အိပ်စက်ကြသည်ဟု ဆိုသည်။

ကျက်သရေခန်းဆိုသည်မှာ ဘုန်းကြီးကျောင်းတွင် အစားအစာနှင့် အခြား အလှူခံရရှိထား သော ပစ္စည်းအချို့ သိုလှောင် သည့် နေရာဖြစ်သည်။ သို့သော် လည်း မိန်းကလေးများအတွက်မူ ထိုအခန်းသည် မကြာခဏဆိုသ လိုပင် ငရဲခန်း ဖြစ်လာခဲ့သည်။

ငရဲခန်း

၂ဝ၁ရ ဇွန်လ ကျောင်းစတက်ကြ ပြီး တစ်ပတ်ခန့်အကြာတွင် ဘုန်းကြီးက ၎င်းတို့ကို စတင် လိင်ဆက် ဆံခဲ့သည်ဟု ဆိုသည်။ နေ့ညမရွေး ၎င်းလိင်ဆက်ဆံလိုသည့်အ ခါတိုင်း ‘‘ရဲဘော်တို့..မာဆတ်’’ဟု ဆိုကာ နှစ်ယောက်၊ သုံးယောက် ခန့်ကို ခေါ်နှိပ်ခိုင်းသည်။ ထိုတစ် ကြိမ်အတွက် သူ၏ သားကောင် ဖြစ်လာမည့်သူမှာ အခန်းထဲမှ နောက်ဆုံးထွက်ရသူဖြစ်သည်ဟု မိန်းကလေးတို့၏ ပြောဆိုချက် အရ သိရသည်။

နေ့ခင်းဘက် အနိုင်ကျင့်မှု များမှာ ယောက်ျားလေးတို့ ကျောင်းအပြင်ဘက်တွင် ဆော့ကစားလေ့ရှိသည့် အချိန်တွင် ဖြစ်ပေါ်တတ်ပြီး ကျောင်းဆောင်အ တွင်း ဝင်လာပါကလည်း နှင်ထုတ် ခံရသည်ဟု (၁၀)နှစ်သမီးက ပြောသည်။

‘ကျောင်းပေါ်တက်လာရင် မင်းတို့ခြေထောက်က သဲတွေနဲ့၊ ကျောင်းပေါ်မတက်နဲ့၊ သွား … မင်းက ထမင်းသွားချက်၊ ရေသွား ခပ်ဆိုပြီး သူလုပ်ချင်တဲ့ တစ် ယောက်ကို ခေါ်ထားတယ်’ ဟု (၁၀)နှစ်သမီးက ပြောပြပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

အဓမ္မပြုကျင့်စဉ် အခြားတစ်ဦးကို ကင်းစောင့်ခိုင်းထားကြောင်း၊ မိဘများကို အသိပေးပါက အရိုက်ခံရမည်ဟု ခြိမ်းခြောက်ကြောင်း၊ အဓမ္မပြုကျင့်စဉ် ကွန်ဒုံးအသုံးပြု ခြင်းမရှိကြောင်း ကလေးများက ပြောသည်။

(၁၄)နှစ် သမီးသည်လည်း ကျောင်းရောက်ပြီး တစ်ပတ်ခန့် အကြာတွင် အဓမ္မကျင့်ခံရသည် ဟု ဆိုသည်။

‘‘ဆရာတော့်မျက်နှာမှာ ချွေး တွေနဲ့။ သမီးက ဘာလုပ်မလို့လဲ ဘုန်းဘုန်းလို့ မေးတော့ သမီးကို ဘာမှမပြောဘူး။ ပြီးတော့ ဆရာ တော်က သင်းပိုင်မချွတ်ဘဲ သမီးကိုလုပ်တယ်’’ ဟု (၁၄)နှစ် သမီးက ဒူးနှစ်ဖက်ကို လက်နှင့်သိုင်းကာ ခြေဖမိုးပေါ်မှ ထဘီစလေးကို ဆွဲ လိမ်ကာ ပြောပြသည်။

ထိုကဲ့သို့ ပြုကျင့်ခံရပြီးတိုင်း မိန်းမကိုယ်မှ သွေးထွက်ကာ အလွန်နာကျင်ရသည်ဟု မျက်ရည် ဝဲနေသော (၁၄)နှစ်သမီးက ဆိုသည်။

‘‘တစ်ခါတလေ လမ်းမလျှောက်နိုင်ဘူး။ ခြေထောက်တွေ က တန်းနေတယ်’’ဟု သူက မျက် လွှာချကာ ပြောပြသည်။ သူ့စကားသံက တစ်ချက်တစ်ချက် သိသိသာသာ တိမ်ဝင်သွားတတ် သည်။

စတုတ္ထတန်းတစ်နှစ်လုံး အတန်းဖော်များ အပါအဝင် မည်သူ့ကိုမျှ ဖွင့်မပြောခဲ့ဟုဆိုသည်။ သူက သူ့ထက် (၄)နှစ်ငယ်သော ညီမဖြစ်သူလည်း စော်ကားခံခဲ့ရ သည်ဟုပြောသည်။ ကာယကံရှင်ကို ဆက်လက်တွေ့ဆုံမေးမြန်း ရာတွင်မူ မေးခွန်းများကို ပြန်လည်ဖြေဆိုခြင်းမရှိပေ။

အဓမ္မကျင့်ခံခဲ့ရသည့် က လေးများအနက် အဖွံ့ထွားဆုံးဖြစ် သော (၁၄)နှစ်သမီးတွင် ကိုယ်ဝန်ရှိသည့်လက္ခဏာ မတွေ့ရ ကြောင်း ၎င်း၏ဖခင်ထံမှ သိရ သည်။

‘‘သူ့မြေးအရွယ် ကလေးငယ်လေးတွေပါ။ ဒီအရွယ် ကလေးတွေကိုတော့ သူ ဒီလို မလုပ်သင့်ပါ ဘူး’’ဟု ၎င်းက ဆို့နင့်စွာ ပြော သည်။

(၁၄)နှစ် သမီးသည် အခြားသူနှင့် မျက်လုံးချင်းဆုံ စကားမ ပြောရဲသည်မှာ အတန်ကြာပြီဟု

အစ်မဖြစ်သူက ဆိုသည်။

‘‘ကျောင်းပိတ်ရက် ပြန်လာ လို့ သူ့ကြည့်ရင် ထိုင်းမှိုင်းနေ တာပဲ။ အပျိုစဖြစ်လို့ ဒီလိုဖြစ် တယ်လို့ပဲ ကိုယ်တွေကတော့ ထင်ခဲ့တာပေါ့’’ ဟု သူကဆိုသည်။

မကြာသေးခင်က ထိုဒေသ သို့ သွားရောက်ခဲ့သော ခရီးစဉ်အ တွင်း ကျန်မိန်းကလေးနှစ်ဦးကို ဆက်သွယ်တွေ့ဆုံနိုင်ခြင်း မရှိခဲ့ ပေ။

ကျောင်းတွင် နေထိုင်ခဲ့သော ယောက်ျားလေးများအနက်မှ တစ်ဦးကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့ သည်။ ကျက်သရေခန်းအတွင်း မတရားကျင့်မှုများ ပေါ်ပေါက်ခဲ့သည်ဟူသော မိန်းကလေးများ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး မသိ ရှိကြောင်း ၎င်းကပြောသည်။

ကျေးရွာအုပ်ချုပ်ရေး တာ ဝန်ရှိသူတစ်ဦးဖြစ်သော ဦးစောဝင်းက ကျောင်းတွင် ယောက်ျား လေး၊ မိန်းကလေး စုစုပေါင်း ၁၁ ဦး နေထိုင်ခဲ့ကြောင်း ပြောသည်။ ယခုအခါ ကျောင်းတွင် မည်သူမျှ နေထိုင်ခြင်းမရှိဘဲ ခြံတံခါးကို ရွာလူကြီးတို့က သော့ခတ်ထား သည်။

ဦးနန္ဒသီရိ ဘယ်သူလဲ

ဦးနန္ဒသီရိ ရေသိုးကျေးရွာသို့ ရောက်နေသည်မှာ ဆယ်နှစ်ဝန်း ကျင်ခန့်ရှိပြီဟု ဒေသခံတို့က ခန့် မှန်းသည်။

ရွာရောက်ပြီး သုံးနှစ်ကြာသည့်အခါ စိတ္တသုခကျောင်းတွင် ရဟန်းခံသည်။ လွန်ခဲ့သည့် ငါးနှစ်က ကျောင်းထိုင်ဆရာတော် ပျံလွန် တော်မူသွားရာ သူက ထိုကျောင်း ၏ တာဝန်ခံ အလိုအလျောက် ဖြစ်သွားကြောင်း၊ သူ့လက်ထက် တွင် ကျောင်းသို့ လှူဒါန်းကြသည့် ဆွမ်းနှင့် ဝတ္ထုပစ္စည်း လျော့နည်း သွားကြောင်း ဒေသခံတချို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရွာသားတချို့ကို မေးမြန်းကြည့်ရာ ဦးနန္ဒသီရိ မည်သည့်ဒေ သမှ ရောက်လာမှန်း မသိကြဟု ဆိုကြသည်။

Myanmar Now က ဖတ်ရှု ရသော ရဲမှတ်တမ်းတစ်ခုတွင် ဦးနန္ဒသီရိ၏ အမည်ကွဲများနှင့် အသက်ကို ‘‘ဥုးနန္ဒသီရိ(ခ)ဦးလူလေး(ခ)ဦးခင်မောင်ဦး အသက် (၅၆)နှစ်’’ဟု ဖော်ပြထားသည်။

ထိုမှတ်တမ်းမှာ သူ့ကို တွေ့သည့်နေရာတွင် ဖမ်းဆီးရန် ရဲစခန်းအများအပြားသို့ အကြောင်း ကြားသော ပေးစာဖြစ်သည်။ ထို စခန်းတို့မှာ ပုသိမ်ဝန်းကျင်ရဲစခန်း များအပြင် စစ်ကိုင်းနှင့် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲစခန်းလည်း ပါဝင်သည်။ စုံစမ်း ဆဲကာလတွင် ဦးနန္ဒသီရိ အ ကြောင်း ဖြေကြားရန် အဆင်သင့် မဖြစ်သေးဟု ပုသိမ်ဝန်းကျင်မှ တာဝန်ကျရဲအရာရှိများက ပြော ကြသည်။

ဦးနန္ဒသီရိသည် ကျောင်းမြေ တွင် ရှိနေသော ဆက်သွယ်ရေး တာဝါတိုင်ကြောင့် ပုံမှန်ဝင်ငွေ ရနေပြီး နှစ်စဉ် ကထိန်ပွဲတော် ကာလရောက်တိုင်း ငွေဆောင်မြို့ ဘက်မှ လှူဒါန်းငွေမှာ ၁ဝ သိန်း ကျော်အထိ ရှိတတ်သည်ဟု ထိုကျောင်းတွင် ၂ နှစ်ကြာ သာသနာ့ ဘောင် ဝင်ဖူးသည့် ဒေသခံ ဦးလှ အေးက ပြောသည်။

တိုင်းရင်းဆေးဆရာ လက် မှတ်ကိုင်ဆောင်ထားသည်ဟုဆို သော ဦးနန္ဒသီရိထံ ရပ်နီးရပ်ဝေးမှ လာရောက်ပြီး ကုသမှုခံယူသူများ ရှိသည်ဟု သူက ဆက်ပြောသည်။

မိန်းကလေးများ ကျောင်းသို့ လာရောက်နေထိုင်ပြီး ရက်များမကြာ မီ သူ၏အခန်းထဲတွင် မိန်းကလေးတချို့ကို တွေ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် နေသည်ကို တွေ့ရသဖြင့် ကန့် ကွက်ခဲ့ဖူးကြောင်း ဦးလှအေးက ဆိုသည်။

‘‘ကလေးနှစ်ယောက်ရဲ့ နို့သီးခေါင်းကို တစ်ယောက်တစ် ဖက်စီ သူ့လက်နဲ့ ပွတ်နေတာ။ ဦးပဉ္စင်း ဒီလိုနေလို့ မသင့်တော်ဘူး ပြောတော့ ငါ့အကြောင်းနဲ့ငါ၊ မင်းနဲ့ မဆိုင်ဘူးလို့ ပြောတယ်’’ ဟု ဦးလှအေးက ရှင်းပြသည်။

နောက်ပိုင်းတွင် ဦးနန္ဒသီရိ က သူ့ကို ကျောင်းအသစ်ရှာပြီး ပြောင်းရွှေ့နေထိုင်စေခဲ့ရာ သူက တစ်ခါတည်း လူထွက်လိုက် သည်။

‘‘ကျွန်တော်ရှိနေရင် ကျောင်း ထဲက အကြောင်းတွေ တစ်နေ့ မပေါ် တစ်နေ့ပေါ်မယ်ဆိုတာ သူသိတယ်’’ဟု ဦးလှအေးက မချိတင်ကဲပြောသည်။

ဦးနန္ဒသီရိထံမှ နေ့စဉ် ကျောင်းမုန့်ဖိုး ၂ဝဝ စီ ရရှိ ကြောင်း၊ ရံဖန်ရံခါတွင် မုန့်ဖိုး တစ်ထောင်မှ နှစ်သောင်းအထိ ပေးတတ်ကြောင်း အဓမ္မပြုကျင့် ခံရသည်ဆိုသည့် ကလေးများက ပြောသည်။ ကလေးတို့ မုန့်ဖိုးရ သည်ကိုလည်း သိရှိကြောင်း ၎င်း တို့၏ မိဘများ၊ ရွာလူကြီးများက ပြောကြသည်။

တိမ်းရှောင်

စာမေးပွဲများအပြီး နွေ ကျောင်းပိတ်ရက်ရှည် ရောက် သည့်အခါ ကလေးများအားလုံး အိမ်သို့ပြန်ကြသည်။

ရက်များမကြာမီ ဦးနန္ဒသီရိ ရွာထဲသို့လာပြီး (၁၀)နှစ်သမီး၏ မိခင်နှင့်တွေ့ရာ ကလေးများကို သတိရကြောင်း၊ သမီးဖြစ်သူကို ကျောင်းဝေယျာဝစ္စ လုပ်ဆောင် ရန် စေလွှတ်စေလိုကြောင်း မှာ ကြားလိုက်သည်။

မိခင်က (၁၀)နှစ်သမီးကို ကျောင်းသို့သွားခိုင်းရာမှ ကလေးက ကျက်သရေခန်းအတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်ဟုဆိုသည်။

‘‘နောက်တစ်ခါ မေကြီးသွား ခိုင်းမှာစိုးလို့ ဖွင့်ပြောလိုက်တာ’’ ဟု (၁၀)နှစ်သမီးက Myanmar Now ကို ပြောသည်။

ထိုသို့ ဖွင့်ပြောလိုက်သည့် နံနက်မှာပင် သူ၏မိခင်က တခြား မိန်းကလေးများ၏အိမ်သို့ သွား ရောက်မေးမြန်းတိုင်ပင်ရာ ရွာက လေးရှိ မိသားစုတချို့ကြား ပွက် လောရိုက်သွားလေသည်။

တစ်နေကုန် မေးမြန်းဆွေး နွေးပြီးနောက် သန်းခေါင်ယံတွင် မိဘများသည် ထိုဖြစ်ရပ်ကို တိုင် ကြားရန် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ သလပ် ခွာရဲစခန်းသို့ သွားရောက်ခဲ့ကြ သည်။ ထိုအချိန်တွင် ဦးနန္ဒသီရိ လည်း သူ၏ကျောင်းမှ ထွက်ခွာ သွားပြီဖြစ်သည်။ ညတွင်းချင်း သွားရောက်သည့် နေရာမှာ အနီးဆုံး ဘုန်းကြီးကျောင်းတစ်ခုဖြစ် သည့် သလပ်ခွာကျောင်းတိုက် ဖြစ်ကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းအ တွင်း Myanmar Now က သလပ် ခွာကျောင်းထိုင်ဆရာတော် ဦး ကောဝိဒကို တွေ့ဆုံမေးမြန်းခဲ့ သည်။ ဦးနန္ဒသီရိသည် သလပ်ခွာ ကျောင်းတွင် တစ်ညသာ တည်း ခိုနေထိုင်သွားသည်ဟု ဆရာတော်က မိန့်သည်။ နောက်တစ် နေ့နံနက်တွင်မူ ပုသိမ်မြို့သို့ သွား ရောက်မည်ဟုဆိုကာ ထွက်ခွာ သွားပြီး ပြန်ရောက်လာခြင်း မရှိ တော့ဟုဆိုသည်။

ကလေးများကို ကျောင်းတွင် လက်ခံထားခြင်းမှာ သူ၏ ပရဟိတ လုပ်ငန်းဟု နားလည်ခဲ့ကြောင်း၊ ယခုဖြစ်ရပ်ကြောင့် သံဃာထုကို တိုက်ခိုက်လှုံ့ဆော်နေသူတို့ ပိုမို ထိုးနှက်ဖွယ်အနေအထား ဖြစ်နိုင် သောကြောင့် တိမ်းရှောင်နေသူ နှင့် ပတ်သက်ပြီး သတင်းရလျှင် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မည်ဖြစ် ကြောင်း ဦးကောဝိဒက မှတ်ချက် ပေးသည်။

‘‘အခုကလည်း သာသနာကို အဘက်ဘက်က ထိုးနှက်နေတဲ့အချိန်။ ကလေးငယ်လေးတွေပေါ် မှာတော့ အမှန်တကယ်ကြီး ဖြစ် နေတာဆိုတော့ သတင်းကြား တာနဲ့ ကြားသလို ပေးမှာပါ’’ဟု ဦးကောဝိဒက မိန့်သည်။

မုဒိမ်းကျင့်သည်ဟု စွပ်စွဲခံ ရသူကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဧရာဝတီ တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရုံး ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

‘‘အခုက တစ်လ ပတ်ဝန်း ကျင်လောက်ပဲ ရှိသေးတယ်ဆို တော့ တခြားဘုန်းကြီးချင်းရော၊ စည်းရုံးရေးနဲ့ရော ကြိုးတော့ ကြိုးစားကြည့်နေပါတယ်။ လေးငါးလ လောက် ပတ်ဝန်းကျင်ရှိလို့မှ လိုက်စုံစမ်းလို့ မမိရင် ကျွန်တော် တို့က တခြားအထောက်အထား တွေနဲ့ တရားခံပြေးအဖြစ် တရားစွဲ တင်တာပေါ့’’ဟု ရဲမှူးကြီးက မေ ၂၃ ရက်နေ့တွင် ပြောသည်။

တိုင်ချက်ဖွင့်ပြီး နှစ်ရက်အ ကြာတွင် ကလေးများကို ပုသိမ် ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အပြစ်တင်ခြင်း

ယခုအခါ ဘုန်းကြီးကျောင်း သို့သွားရန် မလိုအပ်တော့သဖြင့် စိတ်ချမ်းသာကြသော်လည်း ဖြစ် ရပ်ဆိုးများ လွန်မြောက်ခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော ကြောင့် ကလေးများ စိတ်မသက် မသာ ဖြစ်နေဆဲပင်။

ပြောရဲဆိုရဲသော (၁၀)နှစ် သမီး၏ထုတ်ဖော်ချက် ပေါ်ပေါက် မလာပါက မတရားမှု ဆက်လက် ဖြစ်ပေါ်နေမည်ဟု ဆယ်အိမ်မှူး တစ်ဦးဖြစ်သည့် ဦးကိုလတ်က မှတ်ချက်ချသည်။

ချီးကျူးသူများရှိသလို ကဲ့ရဲ့ ပြစ်တင်သူလည်း ရှိသည်ဟု (၁၀)နှစ်သမီးက ပြောသည်။

‘‘မနေ့က သူတို့အိမ်ရှေ့က ဖြတ်သွားတာကို ဘုန်းကြီးမယား က ဘာလို့ အိမ်ရှေ့ဖြတ်သွားတာ လဲလို့လည်းပြောတယ်’’ဟု (၁၀)နှစ်သမီးက ပြောသည်။ ပြောနေစဉ် မျက်ရည်ဝိုင်းလာပြီး အသံတိမ်ဝင်သွားသည်။ ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်ကို ချက်ချင်းသုတ်၊ တံတွေးမျိုချကာ ဆက်ပြောပြသည်။

‘‘သူငယ်ချင်းတွေကတော့ မပြောဘူးပေါ့။ အဘွားကြီးတွေ ကတော့ သမီးကို ပြောတယ်။ သူ့မြေးတွေနဲ့လည်း မဆော့ခိုင်းဘူး။ သမီးက မေကြီးကို မပြောချင်လို့၊ မေကြီးနဲ့ (သူတို့)ရန်ဖြစ်မှာစိုးလို့’’ ဟုဆိုကာ ဆက်တိုက်ငိုကြွေးလေ သည်။

အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မပြုကျင့်မှုအတွက် ကာယကံရှင်မိဘများ က ပြင်းထန်သည့် ပြစ်ဒဏ်ကို ချမှတ်ပေးစေချင်ကြသည်ဟု (၁၄)နှစ်သမီး၏ ဖခင်က ပြောသည်။ ကလေးများ မတရားကျင့်ခံရ သည့် အကြောင်းရင်းများတွင် မိဘတို့ ပညာမတတ်မှု၊ ရိုးအမှု တို့လည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

‘‘ဒါမျိုးတော့ နောက်အဖြစ် မခံဘူး။ ကျွန်တော်ပင်ပန်းရင် ပင် ပန်းပါစေ၊ ကျွန်တော့်သားသမီး တွေ ပညာမတတ်တတ်အောင် ထားမယ်’’ ဟု သူက မာန်တင်းရင်း ပြောသည်။

ကလေးများကလည်း စာသင်ကျောင်းတွင် ပျော်ကြသည်။

‘‘သမီးက ကျောင်းဆက်တက်မှာ။ အတန်းထဲမှာလည်း စာမေးပွဲဆို တစ်ခါမှ မကျဖူးဘူး။ စာမေးပွဲ အောင်ရင် ဆရာမလုပ်မှာ’’ ဟု (၁၀)နှစ်သမီးက ဆိုသည်။

တိုင်းဒေသကြီးများတွင် ၂၀၁ရ ခုနှစ်အတွင်း မုဒိမ်းမှုအ ဖြစ်များဆုံးမှာ ရန်ကုန်ဖြစ်ပြီး ဧရာဝတီက ဒုတိယအဖြစ်အများ ဆုံးဟု သိရသည်။

ထိုကာလအတွင်း ဧရာဝတီ တိုင်းဒေသကြီးတွင် ရဲစခန်းသို့ ရောက်ရှိသည့် မုဒိမ်းမှုအရေအ တွက် ၂၄၃ မှုရှိပြီး ၎င်းတို့အနက် ၁၅၆ မှုတွင် ကျူးလွန်ခံရသူမှာ အသက်မပြည့်သေးသူများ ဖြစ် သည်။

စိတ္တသုခကျောင်းတွင် သွား ရောက်နေထိုင်ခဲ့ကြသော ထိုမိန်း ကလေးတို့တွင် တူညီသည့် အ ချက်တစ်ခုမှာ မောင်နှမသားချင်း များပြားခြင်းဖြစ်သည်။ မိဘများ က သားသမီးကို ကိုယ်နှင့်မကွာ စောင့်ရှောက်လိုသော်လည်း ထိုသို့ စောင့်ရှောက်ရန် အခြေအနေမပေးကြောင်း၊ ဆင်းရဲမွဲတေမှု သည် ထိုကလေးများ အဖြစ်ဆိုး ကြုံရခြင်း၏ အဓိက အကြောင်း ရင်းတစ်ခုဖြစ်နေကြောင်း ရန်ကုန် အခြေစိုက် အမျိုးသမီးရေးရာအ သင်းအဖွဲ့တစ်ခုဖြစ်သော Tria-ngle Women Support Group မှ ဒါရိုက်တာဒေါ်ခင်လေးက သုံး သပ်သည်။

ပရဟိတဂေဟာ၊ အဖွဲ့အ စည်းအချို့သည် ခေါ်ယူထား သည့် ကလေးများကို ဗန်းပြပြီး အလှူခံခြင်း၊ နောက်ကွယ်တွင် ကောင်းမွန်စွာ မပြုစုသည့်အပြင် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကား ခြင်းတို့ဖြင့် နာမည်ပျက်နေသည် ဟု သူကဆိုသည်။

ရေသိုးရွာ မူလတန်းကျောင်း သူလေးဦး၏ဖြစ်စဉ်ကို သင်ခန်း စာယူပြီး သက်ဆိုင်ရာ အာဏာပိုင် တို့သည် အသက်မပြည့်သေးသူ များ ခိုလှုံနေသည့် နေရာတိုင်းကို အခါအားလျော်စွာ ဝင်ရောက်စစ် ဆေးသင့်သည်ဟု ဒေါ်ခင်လေးက ယူဆသည်။

‘‘ဒါတွေကိုသာ စစ်ဆေးတဲ့ စနစ်လေးတစ်ခု ရှိလာနိုင်မယ် ဆိုရင် ကလေးတွေကို ရုပ်ပိုင်း ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် မှုတွေ လျော့သွားမယ်လို့ ကျွန်မ ထင်တယ်’’ဟု ဒေါ်ခင်လေးက ပြောလိုက်သည်။ ။

ဝင်းနန္ဒာ/Myanmar Now

Credit

One comment

  • ဦးကြောင်ကြီး

    June 15, 2018 at 11:05 am

    ခြစ်သျှားမုံးဝါးပေမှဲ့ အတူခြစ်တမ်း ကစားခဲ့တာ နွားကြီးလို စားမြုံ့ပြန် သတိရနေမယ် ဘွတ်အဲ..

Leave a Reply