မျောက်ညို
ဖိုဘီကိတ်ရဲ့ ပုံလေးကိုကြည့်
ရိုစီတာသီချင်းလေးကိုနားထောင်
မန္တလေးမြို့ကြီးကိုလွမ်း
ငါတမ်းတခဲ့ဘူးပါရဲ့။
ကျောင်းကိုအသွား
အဖြူအစိမ်းလေးတွေကြား
ခြေလှမ်းမှန်အောင်လျှောက်
ပုဆိုးအထက်အောက်မှားတာကိုစ
ငါအရှက်ရခဲ့ဘူးပါရဲ့။
မမတစ်ယောက်
လူမြင်ကွင်းမှာစိတ်ဖေါက်လို့
ငါ့ပါးကိုနမ်း
ရှက်သွေးဖြန်းဖြန်းထ
အိမ်တွင်းပုန်းဘဝလည်းရောက်ခဲ့ဘူးပါရဲ့။
နယ်တကာသွား
ကျားဆိုမှကျား
တက်စုံရွက်ကုန်ဖွင့်ခဲ့တဲ့သကောင့်သား
ခုများကျမှနောက်လှည့်ကြည့်
အဖေါ်မရှိတဲ့အဖြစ်
ချစ်တတ်တဲ့နှလုံးသား
ယမုံနာတစ်ဖက်ကမ်းမှာထားခဲ့ရော့သလား
အတိတ်တွေကိုပြန်ရစ်
ရကော်ဒါလိုပြန်ရစ်လို့ရခဲ့ရင်
ငါ့ရဲ့နှလုံးသား
ပြန်ယူပေးကြပါလားဟင်
6 comments
Shar Thet Man
November 6, 2018 at 2:42 pm
ရေလယ်မိုက်တယ်..အော်..ပါရမီ…ပါရမီ
zaw lin
November 6, 2018 at 8:40 pm
ဗြမ္မာ့ဘုံပြန်ရတော့မှာပေါ့
kai
November 11, 2018 at 5:27 am
ယခင်ယခု… နှိုင်းယှဉ်ပြုလော့..
ရုပ်သည်အနိစ္စာ ..လူခန္ဓာတည်း..။
aye.kk
November 19, 2018 at 4:05 pm
သင်္ခါရလောက
ပြောပြနေသောတရား
အမှားမရှိဘူး။
Thint Aye Yeik
November 23, 2018 at 9:38 am
အသက်တွေ တစ်ရက်ပြီးတစ်ရက် ကြီးလာလေလေ
ငယ်ငယ်က ဖြူစင်တဲ့ နှလုံးသားလေးကို ပြန်လိုချင်လာလေလေ…
:k:
manawphyulay
November 29, 2018 at 11:10 am
ယမုံနာ တစ်ဖက်ကမ်းရောက်ရင် ပြန်ယူလာခဲ့ပေူပါမယ်မောင်လေးရယ်…