ဝင်္ကဘာ

ဘဝရဲ့ ရက်ရာဇာတွေ ခိုးယူခံရတဲ့နေ့က

သူကိုယ့်သူ ပန်းနုရောင် ဝတ်ရုံ ခြုံပြီး

ငါ့အနား ကပ်ထိုင်ခဲ့တယ်။

တိတ်ဆိတ်တဲ့ ညနေခင်းကလည်း

နူတ်ဆက်တဲ့ စကားလုံးတွေ မသုံးဘဲ

လေချွန်သွားခဲ့တာ

ဘေးက လိပ်ပြာလေးတွေတောင်

ရင်ခုန်နေသလိုမျိုး….။

အဝေးက ပန်းရနံ့တွေတောင်

ခါးသက်တဲ့ နူတ်ခမ်းချိုချိုလေးကြောင့်

ဖိတ်ထားပါလျက်နဲ့

ရောက်မလာခဲ့ကြဘူး။

လမ်းလျှောက်တာများရင်

ခရီးဝေးရောက်နိုင်တယ် ဆိုတဲ့

ပြဌာန်းစာအုပ်ပေါ်က စကားလုံးတွေကြောင့်

ဘဝမှာ မရပ်မနား လျှောက်ခဲ့ရတဲ့

ခရီးတွေလည်း များနေပြီ။

ဒါပေမယ့်..

လမ်းဆုံးက စပြီး လျှောက်ခဲ့ရတဲ့ နေရာဖြစ်နေတာ

ငါက ထောင်ချောက်တစ်ခုထဲ

ရောက်နေတာများလား????