* အောင်ဆန်း အာဇာနည် *

badbabylay09@gmail.comSeptember 6, 20101min1121
အောင်ဆန်း ဗိုလ်ချုပ်
မျက်မှောင်ကုတ်ကုတ်

အရပ်ပုပု အသားညိုညို
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား…။

သူမသိနားမလည်တာတွေက
အများသား
ရေမကူးတတ်ဘူး…
စက်ဘီးမစီးတက်ဘူး…

စန္ဒရားမတီးတက်ဘူး…
သီချင်းကောင်းကောင်းနားမထောင်ခ့
ဲရဖူး

မိန်းမ မပိုးတတ်ဘူး…။

ဘိလပ်ပြန်သန်းကို
မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို
လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို
အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ…
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ
..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ…
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့
ရွာသားတွေနဲ့အတူ လမ်းဘေးမှာ အကြော်စားတဲ့
ဝန်ကြီးချုပ်….
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်….။

ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ……။

” ကြည်…..ပဲပြုပ်နဲ့နံပြားရရင်
စားချင်တယ် ”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့
သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
” အောင်ဆန်း(သို့) အရိုင်း” တဲ့…။

လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃ဝမရှိ့တရှိ့…။

စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရြ
ပီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ…တဲ့……။

လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ…
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ…….။

ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့…
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်….။

ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီး
ဒူးထောက်ခဲ့ရပါသလဲ……..။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်

ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံး
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့…..

ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ…….။

ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ
..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်း
လို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ………။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ၊ ချို တို့ကအစ
“ငါတို့ အားကိုးပါရစေ” ဆိုလာကြ…
ရှေးဘိုးဘွားမိဘပြည်သူတွေက
“ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ

“ပြုံးပျော်ကြ”
လူငယ်သွေးသောက်မြန်မာတွေက…
” ငါတို့စွန်ပါရစေ ” ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ……..
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့….။

အောင်ဆန်းရှေ့ရောက်ရင်

ရှမ်းတွေက
ရှမ်းစကားမဆိုကြ…
ကချင်တွေကလည်း ကချင်စကားမဟကြ…
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ….

ဒီပြည်လုံးကျွတ်
အားလုံးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ…

မျက်နှာမပျက်
အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ….
အောင်ဆန်းနဲ့အတွေ့မှာပေါ့……

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို
တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃ဝ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ
့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ…..
.။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် ” ရရင်ရ မရရင်ချ “ဆိုတာ
အောင်ဆန်းဝါဒ….
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့…..။

ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ…..။

အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
“အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ ” လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ……..

မြန်မာမှာရော
ကမာ္ဘမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ……။

ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်……။

“မမေ့နဲ့……မင်းတို့ကနေ့ရှုေနတဲ့လေဟာ

ငါတို့….မနေ့က
ချွေးစက်တွေဆိုတာ…မမေ့နဲ့…
မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
ငါတို့…. ဗုံးပေါလအော
ကျဆုံးပေးခဲ့ရတာ…မမေ့နဲ့….
မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်
ဖို့
ငါတို့…..အလောင်းကောင်တွေဆင့်
ပြီး
ထမ်းတင်ပေးခဲ့တာ…. မမေ့နဲ့………..။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေမြန်မာ့အဖေအောင်ဆန်းပေါ့။

One comment

  • bigcat

    September 6, 2010 at 3:08 pm

    ဪ ခင်ဗျားက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကဗျာဖွဲ့တော့ ကျူပ်ကလည်း ကျုပ်တို့အဘကြီး ဗိုလ်ပြုတ်သန်းရွှေ ဂုဏ်ကိုပြန်ဖေါ် ရတော့မှာပေါ့။ ကျုပ်အဘက ရိုးလို့ ရှေရှေဝေးဝေး မလိုပါဘူး။ ခင်ဗျားစပ်တဲ့ အကြောင်းအရာနဲ့ ပြောင်းပြန်လို့ တကြောင်းထဲနဲ့လုံလောက်ပါတယ်။ အဲ ဇနီးကိုချစ်တဲ့သူ ဆိုတဲ့နေရမှာ မုန်းသူလို့မပြန်ဘဲ မိန်းမကြောက်တဲ့သူလို့ ပြောင်းလိုက်ရင် လုံလောက်ပြီ။

Leave a Reply