မရယ်သောသူ အသက်တိုမည်

badbabylay09@gmail.comSeptember 6, 20101min1181

ရေမင်းသား

“ဟက်ဒရစ်ကွာ…အရင်တပတ်က သူရေကူးကန်သွားတုန်း ရေနစ်လို့ ကယ်ပေးလိုက်တဲ့ ကောင်မလေးကို လက်ထပ်လိုက်ပြီတဲ့..။”
“ဟင်..ဟုတ်လား..သူတော်တော်ပျော်နေမှာပေါ့နော် ခုဆို..။”
“အဲဒါတော့မပြောတတ်ဘူး…ခု သူရေနားကို မသွားတော့ဘူးလေ..။”

ကြက်တူရွေး အာခေါင်နီ

တခါက ကြက်တူရွေးတကောင်ရှိတယ်.။သူ့သခင်က သူ့ကို အိမ်ရှေ့မှာ လှောင်အိမ်လေးထဲထည့်ပြီး ချိတ်ထားတယ်။သူတို့ အိမ်ရှေ့ကနေ နေ့တိုင်း ရဲသားတယောက်က ဖြတ်ဖြတ်လျှောက်တယ်.။အဲဒီရဲ သားဖြတ်လျှှောက်တိုင်း ကြက်တူရွေးကလှောင်အိမ်ထဲကနေအော်တယ်.။
“ဂျက်ဖရီ သောက်ရူး…ဂျက်ဖရီသောက်ရူး..။”
အဲဒီင်္လို အော်တိုင်းရဲသားက အိမ်ရှုင်ကို ဒဏ်ရိုက်တယ်။ရဲသား နေ့တိုင်းအိမ်ရှေ့က ဖြတ်တိုင်း ကြက် တူရွေးက အဲ့လိုအမြဲအော်တယ်။အော်တိုင်းလဲ ရဲသားက အိမ်ရှင်ကို ဒဏ်ရိုက်တယ်။ကြာလာတော့ အိမ်ရှင်က စိတ်ညစ်လာတယ်။နောက်တနေ့မှာ အိမ်ရှင်က အဲဒီ ကြက်တူရွေးကို ဘုရားကျောင်းက ဖာသာရဲ့ကြက်တူရွေးနဲ့သွားလဲလာခဲ့တယ်။အရင်ကလိုပဲ အိမ် ရှေ့မှာ လှောင်အိမ်လေးနဲ့ချိတ်ထားလိုက်တယ်။
နောက်တနေ့ ရဲသားက အိမ်ရှေ့ကဖြတ်လျှောက်တယ်။ကြက်တူရွေးက မအော်ဘူး။ရဲသားကပြော လိုက်တယ်။
“ဟေ့ကောင် ကြက်တူရွေး..အော်လေကွာ..ငါလေ ဂျက်ဖရီသောက်ရူးလေ..။”
ကြက်တူရွေးက ပြန်ပြောတယ်။
“ခုမှ နောင်တရနေလို့မထူးဘူး ငါ့သား။”

မဖြစ်နိုင်ဘူး

လူတယောက်က သူ့အိ်မ်ရဲ့ဧည့်ခန်းထဲမှာထိုင်ပြီး စာဖတ်နေတယ်။အဲင်္ဒီအချိန် အပြင်က တံခါး ခေါက်သံကြားရတယ်။သူကမေးလိုက်တယ်။
“ဘယ်သူလဲ”
အပြင်က ပြန်ဖြေတယ်။
“ငါပဲ..။”
အထဲကလူ အရမ်းတုန်လှုပ်သွားပြီး မှန်ရှေ့ကို ပြေးတယ်.။မှန်ထဲမှာ သူ့ကိုယ်သူမြင်တယ်။ဒီတော့ မှ သက်ပြင်းချပြီး ပြန်ပြောလိုက်တယ်။
“မဖြစ်နိုင်ဘူး။ငါက ဒီမှာ။”

အဲ့လိုလား

အိမ်တအိမ်ရှေု့မှာ ကောင်ကလေး တယောက်ထိုင်နေတယ်။လူတယောက်ရောက်လာပြီး သူ့ကို မေးတယ်.။
“သား..မင်းမေမေရောကွဲ့။”
“မေမေမရှိဘူး ဦးလေး။ကလေးမွေးနေလို့ ဆေးရုံမှ ာအနားယူနေတယ်။”
“ဟင်…ဒါနဲ့ သားဖေဖေက နိုင်ငံခြားမှာဆို။”
“အင်းလေ…အဲဒါဘာဖြစ်လဲ။။ဖေဖေက အပတ်တိုင်းဖုန်းဆက်နေတာပဲကို.။”

လိုက်တိုက်မလို့

Mr.Bean က ပို့ဆောင်ရေးလုပ်ငန်းတခုမှာ မီးရထားမောင်းတယ်။တနေ့မှာ သူမောင်းလာတဲ့ ရထားဟာ လမ်းချော်ပြီး လယ်ကွင်းထဲထိုးကျသွားတယ်.။လူတွေ တော်တော်များများ ဒဏ်ရာရ ကုန်တယ်။ဒီအခါ ရဲက Bean ကိုခေါ်မေးတယ်။
ရဲ။……..။“မင်း ဘာလို့ ဒီလိုနမော်နမဲ့ နိုင်ရတာလဲ။မီးရထားမောင်းတယ်ဆိုတာ လူ့အသက်တွေ အ များကြီးကို မင်းလက်ထဲထည့်ပြီး မောင်းရတာကွ.။မင်းဘာလို့ ခုလိုလုပ်ရတာလဲ။”
Bean။…….။“ဟုတ်ကဲ့။ကျွန်တော် လူအများကြီးရဲ့အသက်တွေကို တန်ဖိုးထားပါတယ်။ဒါပေမယ့် ဒီနေ့ ကျွန်တော် ရထားမောင်းလာတော့ ရထားလာနေတဲ့ လမ်းမှာ လူတယောက်က မှောက်အိပ် နေတယ်ဗျ။ကျွန်တော် အဝေးကြီးကနေ ဥဩဆွဲတယ်။တခါဆွဲတယ်.။သူမထဘူး.။နောက် တခါ ထပ်ဆွဲတယ်။သူမထဘူး။နောက်တခါထပ်ဆွဲတယ်။သူမထဘူးခင်ဗျ.။”
ရဲ။…….။“သူမထတာများ မင်းဝင်တိုက်လိုက်တော့ပေါ့ကွာ။လူ့အသက်တချောင်းထဲကို ငဲ့ပြီး လူတွေအများကြီးပါတဲ့ ရထားကြီးကို လယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ။”
Bean။……။“ဟုတ်ကဲ့။ကျွန်တော်လဲ တိုက်လိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်ပြီး သူ့နားရေ ာက်သွား တဲ့အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားတယ်ခင်ဗျ။”

တူးတီးတူတူးတူး

ချူချာတယောက်ဟာ အင်္ဂလန်ကို လာလည်တယ်။ဟိုတယ်တခုမှာ သူတည်းတယ်။ဟိုတယ်ရဲ့ receptionist ကိုသူပြောတယ်။
“တူးတီးတူတူးတူး။”
receptionist နားမလည်ဘုူး။ချူချာက ထပ်ပြောပြတယ်။
“တူးတီးတူတူးတူး။”
receptionist က ပြင်သစ်စကားပြန်တယောက်ကို ခေါ်ပေးတယ်။စကားပြန်က မေးတယ်။
“ဘာအလိုရှိပါသလဲခင်ဗျာ။”
ချူချာထပ်ပြောတယ်။
“တူးတီးတူတူးတူး။”
ပြင်သစ်စကားပြန်နားမလည်ဘူး။ဂျပန်စကားပြန်ရေ ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလိုရှိလို့ပါလဲခင်ဗျာ။”
ချူချာက ပြောပြတယ်။
“တူးတီးတူတူးတူး။”
စကားပြန်တွေ တော်တော်စုံသွားတယ်..ဘယ်သူမှ သူပြောတာနားမလည်ကြဘူး။နောက်ဆုံး ဟိုတယ် မန်နေဂျာရောက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလိုရှိပါသလဲခင်ဗျာ။”
ချူချာကပြောတယ်။
“တူးတီးတူတူးတူး။”
မန်နေဂျာအကြာကြီး စဉ်းစားနေတယ်။နောက်မှ ဝမ်းသာအားရ သူပြောတယ်။
“အော် သိပြီ။ချူချာက ပြောတယ်ဗျ။အခန်းနံပတ် ၂၂ ကို လက်ဘက်ရည် ၂ခွက် လာပို့ပေးပါတဲ့။”

မရှိဘူး

အိမ်ဆောက်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တဆိုင်ထဲကို လူတယောက်ဝင်လာပြီးမေးတယ်။
“တူရှိလား။”
“မရှိဘူး။”
“သံရော။”
“မရှိဘူး။”
“ဒါဆိုတိပ်ရော။”
“အဲဒါလဲ မရှိဘူး။”
“ပလာယာတို့၊ဆောက်တို့၊သွပ်နန်းကြိုးတို့…..”
“ဘာမှမရှိဘူး။”
“ခင်ဗျားဆိုင်က ဘာမှလဲမရှိဘဲနဲ့ ဘာလို့ ဆိုင်ဖွင့်ထားတာလဲဗျ။”
“ဆိုင်ပိတ်ဖို့ သော့မရှိလို့။”

မမြင်ရဘူး

ဟိုတယ်တခုမှာ တည်းနေတဲ့ အမျိုးသမီးတယောက်က reception ကို ဒေါသတကြီးနဲ့ ဖုန်းဆက် တယ်။
“ဒီမှာ..ရှင်တို့ ဟိုတယ်က စည်းကမ်းတော်တော်ပေါ့လျော့ပါလား။ကျွန်မ အခန်းနဲ့မျက်နှာချင်း ဆိုင် အခန်းမှာ ယောကျာ်းတယောက် အဝတ်အစားမပါဘဲ လျှောက်သွားနေတယ်..အဲဒါရှင်တို့ အရေးယူပေးပါ။”
“ဟုတ်ကဲ့..ဟုတ်ကဲ့။ကျွန်တော်တို့ အဲဒီအထပ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းကို လွှတ်လို်က်ပါ့မယ်။”
တာဝန်ကျတဲ့ ဝန်ထမ်းရောက်လာတော့ အဲဒီအမျိူးသမီးပြောတာ မှန်နေတယ်။မျက်နှာချင်းဆိုင် အခန်းက ယောက်ျားဟာ တကိုယ်လုံး ဘာမှဝတ်မထားဘဲ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်နေတယ်။တာဝန်ကျ ဝန်ထမ်းက အမျိုးသမီးကိုပြောတယ်။
“အမကြီးပြောတာ မှန်ပါတယ်။ဒါပေမယ့် သ ူ ဘယ်နေရာကိုပဲ လျှောက်သွားသွား သူ့အောက်ပိုင်း ခန္ဓာကိုယ်ကို မမြင်ရပါဘူးခင်ဗျား။”
“မမြင်ရဘူး ဟုတ်လား။အမလေး ကျွန်မ ကုတင်ပေါ်ကနေ လာတက်ကြည့်စမ်းပါ။မမြင်ရဘူးတဲ့။”

အေးလေအေးလေ

တက်စ်စီသမားတယောက်က ဟိုင်းဝေးလမ်းအတိုင်း ကားမောင်းလာတယ်။တကိုယ်လုံး ဘာမှ ဝတ်မထားတဲ့ အမျိုးသမီးတယောက် က တက်စ်စီကို တားတယ်။တက်စ်စီသမားက ကားမောင်း လာရင်းနဲ့ ရှေ့ကိုကြည့်ပြီ းမမောင်းဘဲ အဲဒီအမျိုးသမီးကိုပဲ ဟိုကြည့်ဒီကြည့် ကြည့်ပြီးမောင်း လာတယ်။ကြာလာတော့ အမျိုးသမီးကပြောတယ်။
“ရှင်ရှေ့ကို ကြည့်မမောင်းဘဲ ဘာလို့ ကျွန်မကို ပဲကြည့်နေရတာလဲ။ရှင်က နှာဗူးပဲ။”
ဒရိုင်ဘာက ပြန်ပြောတယ်။
“ကျွန်တော်နှာဗူး မဟုတ်ပါဘူး။ကျွန်တော် စဉ်းစားနေတာက ခင်ဗျား တက်စ်စီ ပေါ်ကဆင်းရင် ဘယ်အိတ်ထဲကနေ တက်စ်စီခ ထုတ်ရှင်းမလဲလို့ ကြည့်နေတာပါ။”

၅ယောက်စာ

တခါက အရမ်းကို အစအနောက်သန်တဲ့ ကောင်လေးတယောက်ရှိတယ်။သူက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာဆို နှိုးစက်ကို ညအချိန်မတော်ကြီး အလန်းမ်ပေးပြီး လက်ဖွဲ့ပို့ပေးတာတို့၊ မင်္ဂလာဦးညတွေမှာ အချိန်မတော်မှ ဖုန်းဆက်တာတို့ကို လုပ်လေ့ရှ်ိတယ်။သူ့သူငယ်ချင်းတွေအား လုံးဟာ သူစတဲ့ နောက်တဲ့ ဒဏ်တွေကိုခံခဲ့ရတယ်။သူငယ်ချင်းတွေက မကျေနပ်ကြဘူး။နောက် တော့ အဲဒီကောင်လေးရဲ့မင်္ဂလာဆောင်မယ့်အလှည့်ကိုရောက်လာတယ်။
ကောင်လေးက သိပ်ကြောက်နေတယ်။သူ့သူငယ်ချင်ေးတွ သူ့ကိုပြန်ကလဲ့စားချေမှာစိုးလို့ပေါ့။ သူ့ရဲ့မင်္ဂလာပွဲကို သူငယ်ချင်းတွေ အားလုံးတက်ကြတယ်။ကောင်လေးကတော့ ကြောက်နေ တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ရောက်လာတယ်။ကောင်လေးက အရမ်းကိုကြောက်နေတာပေါ့။“ငါ့ ကိုများ အဲ့လိုလုပ်လိုက်ရင်..”ဆိုပြီး…..။
သူတို့ မင်္ဂလာဆောင်တဲ့ ဟိုတယ်က မင်္ဂလာဦးည အဖြစ် တညတာ တည်းခိုခွင့်ပေးတယ်။ မင်္ဂလာ ဦးညကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကောင်လေးဖြတ်သန်းတယ်.။ဒါပေမယ့် သူထင်ထားသလို ဘယ်သူငယ်ချင်းကမှ သူ့ကိုမနှောင့်ယှက်ကြပါဘူး။
မနက်မိုးလင်းတော့ ကောင်လေး ဝမ်းသာပျော်ရွှင်စွာနဲ့ နိုးလာတယ်။ဘာအနှောင့်အယှက်မှ မရှိ တဲ့အတွက် သူပျော်သွားတယ်။အဲဒီနောက် ဟိုတယ်စားဖိုဆောင်ကို လှမ်းဖုန်းဆက်တယ်။
“အခန်းနံပါတ် ၄၀၁ကို မနက်စာ နှစ်ယောက်စာ ယူလာပေးပါ။”
အဲဒီအချိန်မှာ ကုတင်အောက်က အသံတွေ ထွက်လာတယ်။
“နှစ်ယောက်စာ မဟုတ်ဘူး။ငါးယောက်စာ.။”

ဘာလာလုပ်တာလဲ

ဆေးရုံမှ သူနာပြုနှင့် လူနာတို့၏ အပြန်အလှန်ပြောဆိုချက်များ..
သူနာပြု။…..။“ဘာလာလုပ်တာလဲ”
လူနာ။………။“ကျွန်တော်ဆေးရုံလာတက်တာပါ။”
သူနာပြု။……။“ဆေးဝါးတွေပါလား။”
လူနာ။…..။“မပါဘူးခင်ဗျ။”
သူနာပြု။……..။“ပတ်တီးတို့..ပလာစတာတို့။”
လူနာ။……။“မပါဘူးခင်ဗျ။”
သူနာပြု။…….။“ကတ်ကြေးတို့ ခွဲစိတ်ပစ္စည်းတို့..။”
လူနာ။………။“မပါဘူးခင်ဗျ။”
သူနာပြု။……..။“ဘာမှမပါဘဲ ဆေးရုံကို ရှင် ဘာလာလုပ်တာလဲ။”

ရေခဲသေတ္တာ

သိပ်ကိုစည်းကမ်းကြီးတဲ့ ယောကျာ်းတယောက်ရှိတယ်။စည်းကမ်းသိပ်ကြီးတော့ သူ့မိန်းမက ကြောက် ရတာပေါ့။တနေ့မှာ ယောက်ျားက ရေခဲသေတ္တာလေးတလုံးဝယ်လာတယ်။“စည်းကမ်း ရှိ ရှိသုံး”ပေါ့လေ။မိ်န်းမကလဲ “ဟုတ်ကဲ့ပါ”ပေါ့။
ညနေမှာ ယောကျာ်းက အလုပ်ကနေ အိမ်ကိုပြန်လာတော့ ရေခဲသေတ္တာကိုဖွင့်တယ်။နောက် မိန်းမကို ဘာမပြောဘာမဆိုနဲ့ ပါးရိုက်လို်က်တယ်။မိန်းမ က အံ့ဩပြီး စဥ်းစားတယ်။
“အော်…သူကြိုက်တဲ့ ဝက်အူချောင်းတွေထည့် ပေးမထားလို့်နေမယ်။”
နောက်နေ့မှာ မိန်းမက ဝက်အူချောင်းတွေ ဝယ်ပြီးထည့်ပေးထားတယ်။ယောကျာ်းက အလုပ်က ပြန်လာရော..ရေခဲသေတ္တာကိုဖွင့်တယ်။နောက် ဘာမပြော ဘာမဆိုနဲ့ မိန်းမကို ပါးရိုက်လိုက် တယ်။မိန်းမက အံ့ဩပြီး စဉ်းစားတယ်.။
“အော်..သူ့အတွက်ဘီယာဗူးတွေ ထည့်မပေးထားလို့နေမယ်။”
နောက်နေ့ ဘီယာဗူးတွေ ဝယ်ပြီး ထည့်ပေးထားလိုက်တယ်။ယောကျာ်းက ပြန်လာတော့ ရေခဲ သေတ္တာကို ဖွင့်ပြီင်္း ဘာမှမပြောဘဲမိန်းမကို ပါးရိုက်လိုက်တယ်။မိန်းမ က မေးတယ်။
“ရှင် ဘာလို့ အိမ်ပြန်လာတိုင်း ကျွန်မကို ပါးရို်က်နေရတာလဲ။”
ယောကျာ်းကပြန်ပြောတယ်။
“ငါမင်းကို ရေခဲသေတ္တာကို စည်းကမ်းရှိရှိသုံးပါလို့ ပြောထားတယ်မဟုတ်လား။ခုတော့ ကြည့်စမ်း။ ငါအပြင်က ပြန်လာလို့ ရေခဲသေတ္တာကိုဖွင့်လိုက်တိုင်း ရေခဲသေတ္တာက မီးလင်းနေတယ်။”

အိမ်ထောင်ရှိလား

ရွာတရွာမှာ ရွာလူကြီးက မောင်အ ကို ရွာထဲက လူဦးရေ စာရင်းကောက်ဖို့ တာဝန်ပေးလိုက်တယ်။ မောင်အ ကမေးတယ်။
“ကျွန်တော် ဘယ်လိုလုပ်ရမှာလဲ။”
“လွယ်လွယ်လေးပါကွာ။အိမ်တအိမ်ရှေ့ မင်းရောက်ပြီ ဆိုပါတော့။ထွက်လာတဲ့ လူကိုမေး။အိမ် ထောင်ရှိလား။။ကလေး ဘယ်နှယောက်ရှိလဲ ။ပြီးရင် သူတို့ိပြောတာကို မင်းက မှတ်လာရုံပဲ။”
မောင်အ ရွာထဲကို သွားတယ်။အိမ်တအိမ်ရှေ့ကိုရောက်တော့ ကောင်မလေးတယောက်ကိုတွေ့ တယ်။မောင်အ ပြောလိုက်တယ်။
“မင်းဒီအိမ်ကလား။”
“ဟုတ်တယ်။”
“အိမ်ဖောင်စုစာရင်းကောက်မလို့..မင်းအိမ်ထောင်ရှိလား။”
“မရှိဘူး။”
“ဒါဆို ကလေးရော?”
“ဖြန်းးးးးးးးးးးးးးးးးးးးးးးးး”
ကောင်မလေး မောင်အကို ပါးရိုက်ပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။မောင်အ အံ့ဩပြီးပါးကိုပွတ်ပြီး ရွာလူကြီးဆီပြန်လာတယ်။ရွာလူကြီးကပြောတယ်။
“အင်း..မင်းက အိမ်ထောင်မရှိပါဘူးပြောတဲ့လူကိ ုကလေးရှိလားလို့ ထပ်မေးလိုက်တာကိုးကွ။ဒီတ ခါ ကလေးရှိလားလို့မေး။ကြားလား”
မောင်အ ရွာထဲပြန်ထွက်သွားတယ်။အိမ်တအိမ်ရှေ့ကိုရောက်တော့ အဘွားကြီးတယောက်ကို တွေ့တယ်။မောင်အ မေးလိုက်တယ်။
“အဘွား ဒီအိမ်ကလား။”
“အေး။”
“အ်ိမ်ထောင်စုစာရင်းကောက်မလို့….အဘွားမှာ ကလေးရှိလား။”
“အေး..ရှိတယ်..၅ယောက်။”
“ဒါဆို အိမ်ထောင်ရော ရှိလား။”
“ဖြန်းးးးးးးးးးးးးးးးးးးးးးးးးး”
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်။

မဖွင့်ဘူးဗျာ

“တံခါးဖွင့်ပါ”
“ဘယ်သူမှ မရှိကြဘူးဗျ။”
“ဘယ်သူမှ မရှိရင် ခုပြောနေတာ ဘယ်သူလဲ။”
“ဘယ်သူမှ မပြောဘူး..ခင်ဗျားနားကြားလွဲလို့.။”

One comment

  • hlahtun

    September 6, 2010 at 3:58 pm

    အခုလို ဟာသလေးတွေ စုစည်းဖော်ပြပေးတဲ့အတွက် ကျေးဇူး။

Leave a Reply