Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – Editorial May 2019

kaiMay 1, 20192min6312

မေလသည် မြန်မာ့သမိုင်း တကယ်ပြောင်းခဲ့ရသော လဖြစ်သည်။
၁၈၁၅ခုနှစ် ဧပြီလ ၁ဝရက်နေ့က အင်ဒိုနီးရှား၏ Tambora မီးတောင်ကြီးပေါက်ကွဲသဖြင့် ကမာ့္ဘအခင်းအကျင်းပြောင်းခဲ့ရသည်။ အမေရိကနှင့်ဥရောပတိုက်သို့ပင် ထိခိုက်ခဲ့သည့် လူသားတို့သမိုင်းတွင် အကြီးမားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ပါ၏။
မီးတောင်ပြာများဖုံး၍အေးစက်ခြောက်သွေ့ စိုက်ပျိုးလယ်ယာမြေပျက်ကုန်သဖြင့် ယခုယူနန်ပြည်နယ်သားမူလတိုင်းရင်းသား(ဟန်ချိုင်းနီစ်းများမဟုတ်)တို့ ငတ်မွတ်ဘေးဒဏ်ရှောင်ရင်း မြန်မာနိုင်ငံမြောက်ဖျား ကချင်ဒေသသို့ အလုံးအရင်းရွေ့ပြောင်းခဲ့ကြခြင်းဖြစ်သည်။ ငတ်မွတ်ဘေးကြောင့်ကုန်းဘောင်မင်းဆက်သည်လည်း အာသံမဏိပူရဖက်သို့ ထိုးထွက်တိုက်ခိုက်ရင်း ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်ရန် အင်္ဂလိပ်နှင့်ရန်စပျိုးခဲ့ရပေသည်။
ဥတုရာသီဆိုး/ကောင်းဟူသည် လူသားတို့ လူနေမှုစရိုက်၊လူမျိုးအစုလိုက်ပျက်စီးပျောက်ဆုံးခြင်းသာမက မြို့ပြယဉ်ကျေးမှုသို့လည်း လွှမ်းမိုးပြောင်းလဲပါသည်ဟူလို …

၂၀၀၈ မေလ၂ရက်နေ့တွင်ဝင်ခဲ့သော နာဂစ်အမည်ရှိမုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်း။ပဲခူးတိုင်း၊ရန်ကုန်တိုင်းဒေသကြီးတို့တွင် လူ၁၃၈,၃၇၃သေကြေ၍ ကျေးရွာပေါင်းများစွာ ရွာလုံးကျွတ်ပြုတ်ခဲ့၏။ ပြန်လည်တည်ထောင်ခြင်းစနစ်တကျမရှိသည်ဖြစ်၍ ဒေသခံတို့ မြို့ပြတက်အခြေချ အိမ်နီးချင်းနိုင်ငံပြေးကြသည်မှ ရန်ကုန်၏ လူဦးရေသည်လည်း ခုန်တိုးတက်လာသလို ကျပ်ပိတ်ပြွတ်သိပ်ကာ သောက်သုံးရေ၊မိလ္လာ၊အမှိုက်သိမ်းစနစ်မှသည် လျှပ်စစ်ပေး၊လမ်းပေးဆက်သွယ်‌ရေး အင်ဖရာစရပ်ချာအကုန် မြို့၏ဝန်ဆောင်နိုင်အားနှင့်မမျှ ဖြစ်နေခဲ့သည်။

တောသား/မြို့သား
မုန်တိုင်းဆိုးအကြောင်းကြောင့် ကျေးလက်တောရွာမှ မြို့တက်လာကြသူတို့ ယဉ်ကျေးမှုတွန်းဆောင့်ခြင်းနှင့်တွေ့ကြရ၏်။
နိုင်ငံတကာနှင့်ဆက်ဆံနေရသော ရန်ကုန်မြို့ပြ၏ လက်ငင်းအခြေအနေတို့နှင့် လိုက်လျောညီထွေမနေနိုင် မူလရှိရင်းလူတို့နှင့်သဟဇာတမဖြစ်သေးသည်တို့ရှိသည်။
Culture shock ဟူသည်လူ့သဘာဝဖြစ်သော်ငြားရုတ်တရက်အချိန်တို နှစ်တိုအတွင်းဖြစ်လိုက်ရကား တောသား/မြို့သားတွန်းတိုက်မှုလည်းပြင်းထန်ပါသည်။
တောသား/ မြို့သားခေါ်လိုက်ကြစေကာမူ မူလသဘာဝမှာ အမေရိကားမှ တောင်ပိုင်းသားလူဖြူ Redneck နှင့်သဘောတူပါမည်။
တောသား အဓိပ္ပါယ်ကို တောနေ/မြို့နေလူတန်းစားခွဲခြင်းအစား မြို့ကြီးသား နိုင်ငံကြီးသားစိတ်နှင့်ယဉ်ပါးမဝသေးသည့် တကိုယ်ကောင်းဆန်သည့် အပြုအမူအတွေးအခေါ် ပြုသူတို့ကို ခေါ်တွင်မည် ဟူလို..
ကွမ်းတံတွေး တပြစ်ပြစ်ထွေးမှုများ၊ နောက်ဖေးလမ်းကြား ကားပေါ်ယဉ်ပေါ်မှ အမှိုက်ချခြင်းများ၊ အများပိုင်မြေနေရာ ပလက်ဖောင်းတို့ကိုကျူးနေထိုင်ခြင်းများ၊ လူချင်းမျက်နှာချင်းဆိုင်မိလျှင် ရှောင်ချင်သလိုရှောင် တိုက်မိမတောင်းပန်ခြင်းများ၊ အခန်းတွင်းခန်းပြင် ကလေးလူအိုမရှောင်ဆေးလိပ်တဖွာဖွာနှင့် အငွေ့ထုတ်ဘေးလူဒုက္ခရောက်စေခြင်းများ၊ ကားဟွန်းတပွမ်ပွမ်တီး နေ့ညမခွဲ သံပြဲလော်စပီကာဖွင့် အကြားအာရုံညစ်ညမ်းစြေင်းများ စသည်ဖြင့် တောသားအကျင့်စရိုက်များ ရေတွက်လို့မှ မကုန်နိုင်။
တောသားတို့စိတ် အမှန်တကယ်မှာ ပျက်စီးပါစေ သေပါစေ စိတ်ပုတ်စိတ်ယုတ်တို့ကားမရှိ။ နိုင်ငံကြီးသားစရိုက်ကို သိပင်မသိသည်မူ၍ မြို့ပြယဉ်ကျေးမှု သညာလွတ်နေသည်ဟုသာ ဆိုရမည်။

ဇတ်တူသားမစားရာ
ရန်ကုန်မြို့သို့ရောက်ရှိဖူးသူတိုင်း ရန်ကုန်နေခွေးလေခွေးလွင့်များ၏ မာန်ထ လူသားများကိုဒုက္ခပေးသည်များကို သတိထားမိပါလိမ့်မည်။
အထူးသဖြင့် ညနက်သန်းခေါင် မနက်ဦးအိမ်ပြန်လမ်းများတွင် အုပ်စုဖွဲ့ လူကိုရန်မူအူ-ဟောင်သော ခွေးများကို ရင်ဆိုင်ရပေမည်။
နေ့ခင်းကြောင်တောင်ခွေးကိုက်ခံရသူများလည်းရှိကြပေရာ သတင်းများအရ ခွေးရူးရောဂါပိုးကြောင့်သေသည့်ကလေးငယ်များပင်တွေ့ရမည်။
စစ်တမ်းများအရ လမ်းဘေးခွေးအများစုတွင်ခွေးရူးရောဂါပိုးရှိနေသည်ဆို၏။ ၂၀၁ရ တွင်ခွေးကိုက်ခံရသူပေါင်း ၁၈၀၃၁၇ဝ ဦးရှိသည်လည်းဆိုသည်။
၂၀၁၈တွင် ခွေးရူးပြန်ကာကွယ်ဆေးအတွက် အစိုးရက ကျပ်ငွေ ၅.၈ ဘီလျံ သုံးထားရသော်ငြား ဆေးရုံများတွင် ဆေးပြတ်သည်များလည်း ဖြစ်နေသည်။
ဤသို့လျှက်နှင့် အစိုးရသည် ခွေးများကို သုတ်သင်ခြင်းငှာမစွမ်းနိုင်။ အဆိပ်တုံးချကျွေးသည်များရှိသော်ငြား တိချစ်သူဟုခေါ်သော တိရစာ္ဆန်ချစ်သူများအဖွဲ့ဖွဲ့ကာ လမ်းဘေးခွေးများအားကာကွယ်ကြသည်ဖြစ်၍ ရန်ကုန်အမေရိကသံရုံးနှင့်ပင်ဘာစာချုပ်ထားသည် သတင်းထွက်နေရကား မြူနီစပယ်လည်း ဘာမှတတ်နိုင်ပုံမရှိ။
ရေသတ္တဝါများအား အစုလိုက်အပြုံလိုက်သေကြေအောင် အဆိပ်ချ၊ လျှပ်စစ်ထိုး၊ မိုင်းခွဲသတ်သည်နှင့် မြို့ပြတွင် လူကိုဒုက္ခပေးလာသော ခွေးသုတ်သင်သည်တို့ ရောထွေးကုန်ကြသလားမသိ။
ခွေးသည်လူသားနှင့်အနီးကပ်ဆုံးသောအိမ်မွေးသစ္စာရှိသတ္တဝါဖြစ်သော်ငြား လူနှင့်ကားမည်သို့မျှနှိုင်းယှဉ်မပြုရာ။ မြန်မာဓလေ့ယဉ်ကျေးမှုအရလည်း လူကိုခွေးကိုက်သေရခြင်းသည် နိမိတ်လားရာလည်းမကောင်း။ အငြင်းပွားဖွယ်ရှိလာလျှင် မနုဿလူသားသည် ဇတ်တူသားမစားရာ၊ လူကိုသာဗဟိုပြု ဘက်လိုက်တွေးခေါ်စဉ်းစားရပေမည်။

ပြီးခဲ့သော ဧပြီလကုန်ပိုင်းတွင် ဩစတေးလျှနိုင်ငံမှလည်း မျိုးပွားလွန်း၍လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေလာသော ကြောင်ရိုင်း ၂သန်းကို ၂၀၂ဝအမှီအဆိပ်ဝက်အူချောင်းကျွေးသတ်မည် ကျေညာလာသည်။ အမေရိကတွင် Riverside မြို့နယ်၌ ပါပီကို အမှိုက်ပုံးထဲ ပလပ်စတစ်အိပ်နှင့်ထည့်၍ လာပစ်သွားသူရှိသည်။ လုြံခုံရေးဗီဒီယိုတွင်ပေါ်ရကား အိမ်အထိလိုက်သွားကာ Animal Services မှစစ်ဆေးရာတွင် အိမ်တွင်း၌ ခွေး(၃၈ကောင်)အား အစာဝလင်အောင်မကျွေး တာဝန်ယူတာဝန်မခံပဲ ထားသည်ကို တွေ့ကြရသည်။ သို့နှင့်လက်ထိပ်ခတ်ကာ အ‌ရေးယူရာတွင် သတင်းများအရ Animal Crueltyရာဇဝတ်မှုပင်မြောက်သဖြင့်ထောင် အနှစ် ၂၅အထက်သွားရတော့မည်ပင်ဆိုလေသည်။
ထိုထိုတို့မှ တိရစာ္ဆန်အခွင့်အရေးပေးသော/ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးတို့တွင် အိမ်မွေး/လမ်းဘေးတရိစ္တာန်များအား တာဝန်ယူတာဝန်ခံ လူသားဗဟိုပြု ယဉ်ကျေးမှုကို ဖမ်းတွေးနိုင်မည်။

ပိတောက်ခြွေလက် အလှဖျက်
ပြီခဲ့သော သင်္ကြန်တွင် အင်ယားကန်ဘောင်တလျှောက် နေပူသက်သာ အလှဆင်သဘောထားသည့် အလှဆင်ထီးများကို တောသားတို့မှဖြုတ်ယူသွားကြသည်။ တစုံတဦးစ,လိုက်သည်မူ၍ ကျန်သူများအသိမဲ့လိုက်လုပ်ခြင်းဖြစ်နိုင်ပါသည်။
စက္ခု ပသာဒ ဆင်ပန်းများ သစ်ကိုင်းများ ခုံများအားဖျက်ဆီးခြင်း၊ သန့်ရှင်းပြီး နံရံများ၌ဆေးရေးအရုပ်ဆွဲခြင်း၊ တွေ့ရာနေရာ အမှိုက်ပုံးမရှိအကြောင်းပြ အမှိုက်ပစ်ချခြင်း
တောသားဉာဉ်ဟုသာ ဆိုရမည်။
တကယ်တော့ ထိုထိုဉာဉ်သည် ရှေးကပင် မြန်မာမြို့သားများ၌လည်းရှိပြီးဖြစ်သည်။ တန်ခူးလ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုးများ ဖြန်းကျသည်နှင့် မြန်မာပိတောက်တို့ ပင်လုံးကျွတ်ပွင့်ကြပါသည်။
ပွင့်ချက်မှာ ဂျပန်နိုင်ငံ၏ဆာကုရာ-ချယ်ရီပန်းပွင့်ချက်ကို မလျှော့ငြား ထိုထိုပိတောက်အလှ နေ့ဝက်မျှမခံချေ။ သဘာဝအလျှောက်ကြွေကျမြေခသည်မထင်ပါနှင့် ။ မနက်မိုးမလင်းသေး၊ အမောင်သကော့င်သားတောသားတို့ အပင်ပေါ်တက် အကိုင်းကိုချိုး အခက်ကိုနှုတ် အပွင့်ကိုဖြုတ်ကြသည်မှာ နေ့လည်ခင်းရောက်လျှင် အရိုးနှင့်ပြိုင်းသော သင်္ခါရထင် ပိတောက်ပင်သာမြင်ရမည်။
ပန်းပိတောက်တို့သည် ဆိုင်ရာပုဂ္ဂလိကတို့၏ အိမ်တွင်းဘုရားပန်းအဖြစ်၊ အမျိုးသမီးများ၏အလှဆင်ပန်းအဖြစ် ဘဝပြောင်း‌ရောက်ရပေသည်။
တရားသဘောထက် တရားသလောကြည့်ကြရမည်။ အများ(မြို့ပိုင်)ပိုင် ပိတောက်ပန်းကို ချိုးယူ၍ ပုဂ္ဂလိကအသုံးသည် သင့်လျှော်ပါသလော?
မြိ့ပြနေထိုင်ကြီးပြင်းပါစေဦး ကမ္ဘာ့နိုင်ငံကြီးမြို့ကြီးများမှလှမ်းကြည့်လျှင်နိုင်ငံကြီးသားစိတ် နည်းသည် ကင်းသည်ဟုသာ..

Blood Jade & Gold
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ကျောက်စိမ်း ရွှေစသည့်သယံဇာတများထွက်သည်။
ဖားကန့်တွင်ကျောက်စိမ်းထွက်သည်ဖြစ်၍ တနိုင်ငံလုံးမှ လုပ်အားရှိ အသက်တန်းသင့်များ ချီတက်သွားကြ အလုအယက်တူးကြထုတ်နေကြသည်ကို တွေ့ကြရမည်။
ရှေးယခင်ကမူ လောပန်ဖြစ်ကြံသည်ဟူ၍ စွန့်စားခြင်းရင်းကာ လုပ်ကြသော်ငြား ယခုမူ အစိုးရနှင့် လုပ်ပိုင်ခွင့်လိုင်စင်ယူထားသော ကုမ္မဏီကြီးများမှ ယန္ဒယားကြီးများ သုံးဖေါ်ထားသည့် စွန့်ပစ်မြေစာပုံများအတွင်းလည် ရေမဆေးကျောက်ဟူ၍ ရှာဖွေလုယက်နေကြသည်ဖြစ်၏။

ကောလင်းတွင် ရွေတွေ့သည်သတင်းတက်လာပြန်သည်။ တောသားများ အပေးအလွှားသွားကာ အလုအယက်တူးယူကြသည်။ ရွှေကိုသာယူလိုသည် ဥပဒေစည်းကမ်းမသိဖြင့် လူသေလို ပတ်ဝန်ကျင်လည်လွန်စွာပျက်စီးလေသည်။
တနိုင်ငံလုံးပိုင်သော သယံဇာတကို ဦးသူရ လျှင်သူစားသဘောဖြင့် ယူငင်နိုင်သည်လော။
သယံဇာတဟူသည် တဦးတမိသားစု၏ ဘိုး။ဘွား။ဘီ။ဘင်တို့ ဖန်တီးပြုလုပ်ထားသည့်အမွေလည်းမဟုတ်။
အာဏာရအစိုးရလည်း တောသားလွှမ်းမိုးများလှသည်ဖြစ်၍ အာဏာမသက်ရောက်နိုင်။
ရှေးစစ်အစိုးရလက်ထက်ကထဲက မည်သို့လိုင်စင်လုပ်ခွင့်များချထားသည်လည်းမသိ။ တပ်၊သူပုန်နှင့် လူလည်ကြီးများလုပ်ကာ Blood Jade & Gold တွင်တွင်ထုတ်လျှက်နေသတည်း။

လောကတွင် အမှန်တရားနှင့် ချိန်ခွင်လျှာမျှခြင်းအတွက် သစ္စာဟူသည်ရှိ၏။ သယံဇာတတို့တွင် ကျိန်စာသည်လည်း ထင်ရှားရှိ၏။ တနှစ်ဒေါ်လာဘီလီယံပေါင်းများစွာ ရှာပေးနေသော မြေဖြစ်လျှက် မြေပြို။ရွံ့ကန်ပေါက်၊လုသတ်၊မူးယစ်ဆေးစွဲနှင့် အသက်သောင်းဂဏန်း လူ့ဂုဏ်သိက္ခာမဲ့သေကျေအလသဿတို့ဖြစ်နေသည် တွေ့ကြရမည်။
သစ္စာစူးကာကျိန်စာသင့်နေဟုသာ ဆိုချင်ပါသည်။

အမေရိကားတွင် လူ၏စိတ်ဓာတ်ပိုင်းဆိုင်ရာကျင့်ဝတ်တို့ကို အများစုကြီးဖြစ်သော ခရစ်ယန်တို့ဘာသာတရားကသင်ကြားပေးသည်။
တနင်္ဂ‌နွေနေ့များတွင် ဘုရားကျောင်းသွားခြင်းမျိုးသည် အဆုံးအမနှင့်အတွေ့အကြုံများ ဖလှယ်နားထောင်ခြင်းမျိုးဖြစ်သည့်အပြင် စိတ်ညစ်နွမ်းအများလုပ်ထားသူများအတွက် Confess နည်းဖြင့်ဖြေရှင်းနိင်သည်။
့်ပညာရေး နိုင်ငံရေး ရေချိန်မြင့်သူတို့အား စည်းကမ်း/ဥပဒေဖြင့်တည့်မတ်ခြင်းမှာစွမ်းနိုင်ပါသော်လည်း မြန်မာ့ လက်ရှိ အခြေအနေမျိုးတွင် ဥပဒေဖြစ်လည်းကောင်း ပညာရေးဖြစ်လည်းကောင်း တည့်မတ်ပေးရန်ခက်ခဲလွန်းလှသည်။ ကူးပြောင်းကာလအချိန်များစွာယူလိမ့်မည်။

Moral စိတ်ဉာဉ်ပိုင်းဆိုင်ရာ ထိုတောသားစိတ်ပြင်ဆင်ရေးမှာမူ ဘာသာရေးကသာ တည့်မတ်ပြုပြင်ပေးနိုင်သည်။
သို့နှင့် ထိုထိုတာဝန်သည် ဘာသာတရားနှင့်ဘာသာရေးခေါင်းဆောင်များတွင် တာဝန်ကြီးစွာရှိပါသည်။ လောကနီတိများအပြင် ဘာသာရေးအဆုံးအမများအဖြစ် သင်ပြနိုင်ပါသည်။ အတိုင်းအတာတခုအထိ ပညာရေး ရေချိန်မရောက်သေးသောသူတို့အား ငရဲနှင့်ခြောက် ဘုံနှင့်မြောက်သင့်မြောက်ကြရလိမ့်မည်။

ထလော့မြန်မာ အို မြန်မာတို့
အင်တာနက်များများတက်ကြည့်ကြ စာဖတ်ကြပါ။ ကောင်းစွာအသုံးပြုပါ။
နိုင်ငံတကာ‌ရောက်မြန်မာများကလည်း Facebook, Twitter, LinkedIn, Google+, YouTube, & Pinterest ဆိုရှယ်မီဒီယာတို့မှ တဆင့် အပြန်အလှန် ဆွေးနွေးကူညီနိုင်သမျှကူညီကြပါ။ လူထုအစိုးရအားလည်း တိုက်တွန်းသင့်သည်တို့တိုက်တွန်းပါ။
အချိန်တိုအတွင်း အသိသညာတိုးအမိဖမ်းနိုင်ကာ ကမာ္ဘအဆင့်မှီ နိုင်ငံကြီးသား မြန်မာများဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

တာဝန်မယူ/မခံ
မြန်မာတို့သည် သမိုင်းမှအဖြစ်မှန်ယူ လေ့လာသင်ခန်းစာထုတ်မှုအားနည်းပါ၏။
နာဂစ်ကဲ့သို့ မုန်းတိုင်းကြီးကြောင့်သေကျေခဲ့သူများအတွက် အထိမ်းအမှတ်ကျောက်တိုင်၊အမည်မှတ်တမ်းစိုက်ထားခြင်းမရှိ။ ထိုမှသည် နောင်ထိုကဲ့သို့မုန်တိုင်းတွင် မည်သိုကာကွယ်ကြမည်လည်း တွက်ချက်ကာကွယ်‌ရေးလုပ်ခြင်းမရှိ။ ကံကိုသာပုံချကာ သေပွဲဝင်သူများအတွက် တာဝန်မကျေ။
ထိုမုန်တိုင်းတွင် သိန်းချီသေခြင်းမှာ ထိုခေတ်ကအုပ်ချုပ်သော စစ်အစိုးရ၏အုပ်ချုပ်ရေးနှင့် ထုတ်ပြန်မှုညံ့ဖျင်းလွန်းရခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။
တဆင့်တက်လျှင် လူထုအခွန်စားမိုးလေဝသဦးစီးဌာနကြီးမှ တီဗီ၊ရေဒီယို၊သတင်းစာတို့နှင့် သတိပေးနိုင်ပါလျှက်ကယ်နှင့် အချိန်မှီ သတိပေးမှုမပြုလုပ်ခဲ့ခြင်း၊ အဖြစ်မှန်သိလျှက်ကယ်နှင့် “ပိုမိုအားကောင်းလာခြင်းမရှိပဲ အရှေ့မြောက်ဖက်သို့ ဖြည်းညင်းစွာ ရွေ့လျှားမည်ဟု ခန့်မှန်းရသည်” ဟုပင် ဧပြီ၂၉ရက်စွဲနှင့် သတင်းမှားထုတ်ပြန်ခဲ့ခြင်းတည်း။
လူထုရွေးကောက်တင်ထားသော အစိုးရအား တိုက်တွန်းပါ၏။ သမိုင်းပြန်လှန်ပါ။ တာဝန်ရှိသူများကို ဖေါ်ထုတ် တာဝန်ခံစေပါ။ နောင်တွင်လာမည့် လာလတံ့သောမုန်တိုင်းများ သဘာဝဘေးများကို မည်သို့ရင်ဆိုင်ရမည်။ ကြိုတင်ကာကွယ်ရမည် သုသေသနပြု ကမာ့္ဘအကြံဉာဏ်များယူကြပါဟု..။

2 comments

  • Thint Aye Yeik

    May 8, 2019 at 4:52 pm

    စာလုံးတွေ ဖတ်ရတာ အဆင် မ ပြေ တော့ ပါ
    Zawgyi ကြောင့်လား မသိ
    အရင်နှစ်တွေတုန်းက ရေးထားတာလေးတွေ ဘယ်လို ပြန် သိမ်းရမယ် မသိ
    သိမ်းဖို့ အချိန်ရော ရပါ့အုန်းမလား မသိ
    မသိ
    မသိ
    :k:

  • ဇီဇီ

    May 10, 2019 at 12:45 pm

    ဖတ်ရတာ စာရှည်လို့ မောတာရော။
    အကြောင်းအရာတွေ ရှင်းနိုင်ပါ့မလားမသိ တွေးပြီး မောတာရော

    🙁

Leave a Reply