လေးစားပါတယ်

Mon LaySeptember 11, 20191min48030

ကိုရီးယား topik စာမေးပွဲ ကိုအောက်တိုဘာမှာပြန်ကျင်းပတော့မယ်တဲ့။ အပျော်ကြီးပြန်ပျော်လိုက်ကြတော့နော် ကိုကိုတို့ရေ။

ဟိုတလောက အဲ့စာမေးပွဲကို ကိုရီးယားအစိုးရကပိတ်လိုက်ပြီလို့ကို ကြေညာလိုက်တော့ ကိုရီးယားသွားဖို့ပြင်ဆင်ထားတဲ့ အမျိုးသားတွေ..ခြေမကိုင်မိ၊ လက်မကိုင်တွေဖြစ်ကုန်ရော။ တချို့ ဆိုနယ်ကလေ ကိုရီးယားစာတွေလာသင်၊ ဘုန်းကြီးကျောင်းတွေမှာနေပြီး စာမေးပွဲဖြေဖို့ ပြင်ဆင်ထားတဲ့သူတွေအကုန် စိတ်ထိခိုက်ကုန်ရော၊ ငွေတွေဆုံးကုန်ရော။ ကိုရီးယားအစိုးရကလည်း အလုပ်သမားတွေတအားများလွန်းနေတော့ အလုပ်ခေါ်တာကိုခဏရပ်လို်က်တာ..ကိုယ်တွေနိုင်ငံတစ်နိုင်ငံထဲမဟုတ်ပါဘူး။ တခြား ဖိလစ်ပိုင်နိုင်ငံတို့လည်း အကုန်မျှော်လင့်ချက်တွေမဲ့ကုန်တာ။

ဒါနဲ့ အရင်အပတ်က ကိုရီးယားသမ္မတ လင်မယား ၂ယောက် မြန်မာနိုင်ငံကို အလည်အပတ်လာခဲ့ပါတယ်။ ကိုယ်ကလည်း သတင်းစာကိုနေ့တိုင်းနီးပါးဖတ်လေ့ရှိတော့အဲ့မှာ ဒေါ်စုက မြန်မာနိုင်ငံကို အလုပ်သမားတွေကိုလည်းခေါ်ပါဦး ဆိုပြီးတောင်းဆိုတာကို ဖတ်လိုက်ရပါတယ်။ ဖတ်လိုက်တုန်းကတော့ အော်..တောင်းဆိုရုံပဲပေါ့။ ခုလိုလုံးဝကြီး topik ကိုပြန်ဖွင့်ပေးမယ်မထင်ဘူးပေါ့။ မနေ့ကမှ 7 days daily ကိုဖတ်မှ အောက်တိုဘာမှာ အဲ့စာမေးပွဲကိုပြန်ကျင်းပမယ်ဆိုတာလည်းမြင်ရော…ဒေါ်စုကိုမလေးစားဘဲမနေနိုင်လောက်အောင်ဖြစ်သွားတာ။ အရမ်းတော်ပါတယ်။ အင်္ဂလိပ်စကားလည်း တတ်တော့ one by one ကိုပြောတာ။

မြန်မာပြည်ကြီး အမြန်စည်ပင်သာယာဝပြောပါစေ။

Leave a Reply