Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မတ် ၂၀၂၂

kaiMarch 19, 20221min47970

၃ပါတ်ကျော်လာသည်ထိ ယူကရိန်းစစ်မပြီးသေးချေ။ သတင်းများလိုက်ဖတ်သုံးသပ်ပြီးနောက်ဖြစ်နိုင်ချေ၅ချက်ကိုတင်ပြပါမည်။
(၁)ယူကရိန်းတနိုင်ငံလုံး ရုရှားသိမ်းပိုက်၍ ရုပ်သေးအစိုးရတင်သွားမည်မှာ အမြင့်ဆုံးခန့်မှန်းချက်ဖြစ်သည်။ (၂) ယူကရိန်းစစ်တပ်၏အပြင်းအထန်ခုခံမှုများပါလျှင် Dnieper မြစ်အရှေ့ဖက်ခြမ်းနှင့် ပင်လယ်ထွက်ပေါက်အားလုံး(သို) တစိတ်တပိုင်းသိမ်း၍ ဒေသလုံးကျွတ်မဲဆန္ဒခံယူပွဲလုပ်ကာ ရုရှားအောက်သို့ထိုးထည့်ခြင်းပြုသွားမည်။ (၃)နေတိုး၏ ယူကရိန်းကောင်းကင်ပျံသန်းမှုကင်းမဲ့ဇုံသက်ဝင်လာလျှင်ကား စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်တက်၍ ရုရှားမူလတောင်းဆိုချက် ခရိုင်းမီးယားကိုရုရှားပိုင်အဖြစ်အသိအမှတ်ပြုရေး၊ Donetsk နှင့် Luhansk ဒေသနှစ်ခုလွတ်လပ်နိုင်ငံ/ဒေသအဖြစ်အသိအမှတ်ပြုရေးနှင့် နေတိုး/အီးယူသို့မည်သည့်အခါမှဝင်ရောက်ခြင်းမပြုပါဟု ဖွဲ့စည်းပုံတွင်ပြဌာန်းအတည်ပြုရေးဖြစ်နိုင်လိ့မ်မည်။ (၄)ယခုကဲ့သို့အလုံးစုံစီးပွားပိတ်စို့မှုကြောင့် ရုရှန်းလူထုထိခိုက်လွန်းလာ၍ဖြစ်လာနိုင်သည်ကား ပူတင်အစိုးရအား အာဏာသိမ်းပြီး သမ္မတအားဖြုတ်ချခြင်းတည်း။ ရုရှားသမိုင်းတွင် မအောင်မြင်သောစစ်ဆင်နွှဲခြင်းကြောင့် ဒဇားဘုရင်နှင့် ကွန်မြူနစ်USSRတို့ကို အာဏာသိမ်းမှုတို့ဖြစ်ခဲ့ဖူးသည်။ (၅)အဖြစ်ခဲဆုံးကား နေတိုး-ရုရှားစစ်ပွဲကြီးပါ။ တတိယကမ္ဘာစစ်ကြီးဟု ဆို၍ရမည်။ နှုလက်နက်ပိုင်ထားကြသည်ဖြစ်၍ ပူတင်အမှားတခုလုပ်မိက ကမ္ဘာပျက်သွားနိုင်ချေရှိပါသည်။
မည်သို့ဖြစ်စေ၊ ချပြီးဆန်ရှင်တို့ကြောင့်ရုရှားပြည်၏စီးပွားရေးမှာမူ စစ်မဖြစ်မှီအခြေအနေကို ဆယ်စုနှစ်ချီပြန်ရောက်လာတော့မည် မမြင်ချေ။
ကိုဗစ်ကြောင့်ထိခိုက်ထားသော စီးပွားရေးတွင် စစ်ကြောင့်ရုရှားနိုင်ငံတော်၏ဂုဏ်သိက္ခာကျခဲ့ပြီးဖြစ်သလို တိုင်းပြည်၏အကြွေးရာဇဝင် credit ratingများ ပြန်ဖြည့်ဖို့ရန် များစွာလုပ်ရပေဦးမည်။
အဓိကဝင်ငွေမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်၍ အလကားနီးပါးရသည့် သဘာဝပေးငွေဖြစ်သော်ငြား ယခုကဲသို့ကမ္ဘာအဝှမ်း ပူနွေးမူအကြောင်းပြု ရုပ်ကျွင်းလောင်စာများကို ကန့်ကွက်လျှော့ချသည် ခေတ်ကြီးဖြစ်ရကား အချိန်တိုနှင့်ပြန်လည်ထူထောင်ရန်မလွယ်။ အဆုံးသပ်လျှင်တော့ စစ်ကိုအကြောင်းပြု ရုရှားစီးပွားရေးကိုဆွဲချသွားမည့် အမေရိကား၏ရည်ရွယ်ချက်မှာလည်း ထိုသည်သာဖြစ်ပေလိမ့်။ ရုရှားသည် ကမ္ဘာ့အကောင်းဆုံးစီးပွားနိုင်ငံ နံပါတ်၁၁မှနောက်ဆုတ်ပေးရပါတော့မည်။ မြန်မာပြည်၌ စစ်အုပ်စုအာဏာလု၍ တိုင်းပြည်မတည်မငြိမ်ချိန်နှင့်တိုက်ဆိုင်နေသဖြင့် ယူကရိန်းစစ်သည် မြန်မာတနှစ်ကျော်စာအဖြစ်တို့ကို တလအတောအတွင်းအမြန်ရစ်သကဲ့သို့ ထုတ်ပြသွားခဲ့ကာ ဆတိုးကျော်လွန်ဖြစ်ခဲ့သဖြင့် ယူတတ်လျှင်အတွေ့အကြုံများစွာရ မည်သို့ရှေ့ဆက်သွားရမည်ကို နိုင်ငံရေးသမားများသုံးသပ်နိုင်သည့်အဖြစ်တို့ပါ။

“မြန်မာ၆ချက် ဖြစ်ရခက်”
ယခင်နှစ်မတ်လ၏အယ်ဒီတာ့အာဘော်တွင် ဖြစ်နိုင်ချေ၆ချက်ရေးထားခဲ့သည်။ “မည်သို့ဆိုစေ အဆိုပါ၆ချက်ကိုပြင်ဆင်သတ်မှတ်နိုင်သည့် မှော်နှင်တံမှာ အမေရိကား/ချိုင်းနားထံတွင်ရှိသည်။ ပြင်ပဧရာမအင်အားစုမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုပါက နွေဦးတော်လှန်ရေးနှစ်တိုအတွင်းအောင်မြင်ချေနည်းသည်။” ဟုအဆုံးပိုင်းသုံးသပ်ထားပါသည်။ ယခုအမေရိကားမှ ဒေါ်လာ၁၃၆သန်းကို အကြမ်းမဖက်သည့်နေရာများတွင်သုံးနိုင်ရန် ဥပဒေပြု၍ပေးလာသည်။ ၂၀၁၂ ဒီမိုကရေစီလမ်းကြောင်း‌ပေါ်တက်လာသည့်နှစ်မှစတွက်လျှင် ၁၀နှစ်၌အမေရိကား၏ပေးငွေပေါင်းသည် သန်း၁၆၀၀ကျော်နေပြီဟုသိရ၏။ တော်လှန်ရေးကားမပြီးသေး၊

“သကုဏဂ္ဓိသုတ်”
၁၉၈၈က ကုန်သွယ်ရေးရုံးဝင်စီးမှုအကြောင်းပြု အာဏာသိမ်းပစ်ခဲ့ငြား ယခု၂၀၂၁မှာမူအာဏာသိမ်းပြီးဖြစ်နေ၍ တည်ငြိမ်အေးချမ်းနေပြီး တိုင်းပြည်ကို အခြေအနေဆိုးဝါးပါစေရန်ဖန်တီးမှုအဆင့်ဆင့် စတင်သည်။ သို့မှသာ အာဏာသိမ်း/ထိန်းရည်ရွယ်ချက်အကြောင်းပြ၍ရမည်။ နှစ်ရှည်စီစဥ် တဆင့်စီစနစ်တကျလုပ်သွားခြင်းဟု ပေ၃သောင်းအမြင့်မြင်နှင့်သိနိုင်သည်။
ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကာလကြာရှည်လွှတ်ထားသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ထွက်လာကြသောအခါ ဤသို့ဆိုလျှင် လက်နက်ကိုင်အဖွဲ့အစည်း လုံခြုံရေးသမား ရဲ/တပ်မတော်သားများပါပါဝင်မည့်အခြေရောက်လာမည်ကိုသတိပြုမိပြီ။ စစ်အုပ်ချုပ်ရေးထုတ်ပြန်သည်။ အကြမ်းဖက်ရိုက်နက်ဖမ်းဆီးသည်။ လက်နက်နှင့် မထိတထိပစ်ခတ်နှိမ်နင်းပြသည်။ ကျည်ဆံ၏ပစ်အား ထိရောက်အားကိုပစ်မသိရှာသော လူငယ်တို့သည် တိုင်ကီသံပြားများနှင့် သစ်သားကိုဒိုင်းကာလုပ်ကာကွယ်ကြသည်။ တုတ်ဓါးမှသည် လေးဂွ ဂျင်ကလိတို့ဖြစ်ပြန်လည်ခုခံဖြစ်အောင် ထိုမှ မြို့မှနယ် နယ်မှတောထဲ EAOs နယ်မြေများသို့ရောက်အောင် စနစ်တကျလမ်းဖွင့်တွန်းပို့လိုက်ခြင်းသာဖြစ်ပါသည်။ သမိုင်းဘီးတပတ်လည်လေပြီ။
ဗီလုံးငှက်နှင်သိမ်းငှက်ကို ဥပမာထား၍ဟောကြားသော ဗုဒ္ဓ၏ သကုဏဂ္ဓိသုတ်အရ ရန်သူကိုကိုယ်ကျွမ်းကျင်ရာနယ်ပယ်သို့ မျှားယူသိမ်းသွင်း၍ ဖြိုခွင်းဖျက်ဆီးနိုင်၏။ စစ်သားသည် သူ၏ရန်သူကိုစစ်ပွဲတွင်းမျှားခေါ်၍ဖျက်ဆီးနှိမ်နင်းသည်။
ယူကရိန်းစစ်တွင် အရပ်သားသေဆုံးမှုများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုသာ ကမ္ဘာကစာရင်းလုပ်တိတိကျကျစောင့်ကြည့်နေသည်။ အရပ်သားကိုသတ်ဖြတ်သူတို့ကိုသာ စစ်ရာဇဝတ်ကောင်အဖြစ် စာရင်းသွင်းအပြစ်ပေးနိုင်သည်။ စစ်ပွဲတွင်တိုက်ခိုက်ရင်း စစ်သားများကျဆုံးမှုသည် စာရင်းလည်းမထွက် အရေးတယူလည်းမပြုကြချေ။ စစ်တွင် စစ်သားအချင်းချင်း သတ်ကြခြင်းသည် စိန်ခေါ်ကြိုးဝိုင်းတွင်းဝင်၍ ထိုးကြခြင်းသဘောမျှရယ်ပါ။
အင်အားမမျှခြင်း/မျှခြင်းထက် ကြိုးဝိုင်းဝင်လျှင် ကြိုးဝိုင်းဓလေ့ထုံးစံသာ။

“အိမ်နီးချင်းမုန်းဝါဒ ဘယ်က”
ယခုဖြစ်နေသော အဖြစ်အပျက်အားလုံးသည် ၈၈အရေးတော်ပုံခရီးလမ်းနှင့်နီးပါးတူလေရာ များမကြာမှီတွင် ခိုလှုံရာစခန်းဒေသနေရာများသို့ လက်နက်ကြီးလေယာဥ်တို့သုံး၍ နှိမ်နင်းမည်ဟုခန့်မှန်း၍ရသည်။ မဲသဝေါကဲ့သို့ အခိုင်အခံတပ်စခန်းပင်ကျခဲ့သည်ကို မမေ့စကောင်း။ ထိုင်း၊အိန္ဒိယနှင့် ချိုင်းနားတို့သည်လည်း ဘက်မကမ်းနိုင်။ ဘာဖြစ်လာမည်ကို သူတို့ကြို၍မြင်နေကြပါလေသည်။
စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေးအင်အားစုများပူးပေါင်း၍မရအောင် တန်ပြန်စိတ်ဓာတ်စစ်ဆင်နှင့် နှစ်ဆင့်ပရိုပဂမ်ဒါများထုတ်ရိုက်ထားသည်။
ထင်ရှားသော ဥပမာမှာ ချိုင်းနားမှသမ္မတရှီကိုယ်တိုင်လည်းလာ၍ ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့်စာချုပ်များစွာချုပ်ထားသည့်အပြင် စစ်တပ်နှင့်လည်း စစ်ရာဇဝင်ကြွေးမကျေထားသည့်နိုင်ငံဖြစ်သည်။ ချိုင်းနားကွန်မြူနစ်ပါတီမှ ဗကပတို့ကိုထောက်ပို့ခြင်းဖြင့်ဖြစ်ခဲ့သော သွေးလွှမ်းသည့်စစ်ပွဲကြီးများကို တပ်မတော်ကမေ့နေလိမ့်မည်မထင်။ သို့နှင့်မဟာဗျူဟာကျကျ တပ်မတော်၏မိတ်ဖက်မှာ ရုရှားနိုင်ငံသွားဖြစ်ပြီး မဟာဗျူဟာမြောက်လက်နက်များနှင့် ဆယ်စုနှစ်ချီ နှစ်စဥ်စစ်တပ်အရာရှိများထောင်ချီပို့လွှတ် စစ်ပညာများကိုရုရှားဆီမှယူသည်ကို မြင်နေကြခြင်းဖြစ်၏။ ထိုအိမ်နီးချင်း ပြောင်းရွေ့ထုတ်ပစ်မရသည့်နိုင်ငံကြီးအား မြန်မာလူထုက အမုန်းကြီးမုန်းနေသည်တမုံ့။ သို့နှင့်ပေါ်လစီခိုင်မာ နိုင်ငံရေးပါးဝလွန်းသည့် ဗကပတို့၏အကူအညီကို တော်လှန်ရေးကမရ။
အိန္ဒိယမှာလည်း နှုတ်ဆိတ်အသံတိတ်လျှက်သား။ သူ၏အရှေ့မြောက်ပိုင်းနာဂသူပုန်တို့အရေးအခင်းနှင့် ကုလားတန်မြစ်စီမံကိန်းတို့သည် စစ်အုပ်စုချပေးထားသော ငါးစာများဖြစ်၏။ ထိုင်းနိုင်ငံမှာလည်း ကမ္ဘာ့စစ်အာဏာအသိမ်းဆုံးနိုင်ငံတခုမူ၍ အာဏာသိမ်းဗိုလ်ချုပ်ကြီးက ဝန်ကြီးချုပ်တက်လုပ်သည့်ခေတ်ဖြစ်၏။ မိတ်ဖက်ညီနောင်တည်း။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်သည်ပင်လျှင် ရိုဟင်ဂျာများကို ပြန်လက်ခံနိုးနိုး/မနိုးနိုးနှင့် အသံထွက်နှေးရပ်ထားရသည့်အခြေအနေ။

“အပေးနဲ့အယူ အပိတ်နဲ့အဖွင့်”
စစ်အုပ်စုမှ သမိုင်းအဖြစ်အပျက်တို့အား သင်ခန်းစွာကောင်းစွာယူတတ်သည် ယူထားသည်ကို ၂၀၀၇ သင်္ကန်းရောင်တော်လှန်ရေးတွင် ထိုစဥ်ကနအဖကိုကိုင်လှုပ်ခဲ့သော ရဟန်းသံဃာအင်အားကို ယခုနွေဦးတော်လှန်ရေးတွင် ဖက်ပြောင်းဝေဝါးသွားအောင်ပြုနိုင်ခြင်းကပြ၏။ အမျိုးဘာသာသာသနာကိုဆွဲသုံးကာ ဘာသာခြားလူမျိုးခြားများနှင့် ထိပ်တိုက်စေရင် မြန်မာပြည်၏ အခိုင်မာဆုံးအင်အားအကြီးဆုံး လွတ်လပ်သော အင်စတီကျူးရှင်း သံဃာထုကို ယခုနွေဦးတွင် စစ်အုပ်စုဘက်ပါအောင်ဆွဲထားနိုင်ခြင်းဖြင့်မြင်သာသည်။
ထောင်တခါးဖွင့်/ပိတ်၊ ပိုင်ဆိုင်မှုသိမ်း/လွတ်၊ နိုင်ငံသားသိမ်း/ပေးတို့မှသည် ယခုလပိုင်းများတွင် လူထု၏သည်းခံနိုင်ခြင်းအဆင့်ကို လျှပ်စစ်မီးပိတ်ဖွင့်ခလုပ်ကိုင် စမ်းကြည့်လျှက်နေပေသည်။ မှောင်ခဲ့ပြီ။ အသံတို့တဖြည်းဖြည်းတိတ်လျှက်လာပေပြီ။ ငွေ/လူအင်အားထောက်ပံ့သော လူထုမှာလည် ပန်းကြချေပြီ။ မည်သို့မည်မျှဆက်သွားကြမည်နည်း။
ဒီမိုကရေစီခရီးသည် မနီးပါ။ အမေရိကားအပါအဝင် ဒီမိုကရေစီနိုင်ငံများသည် ဒီမိုကရေစီအတွက်အသက်သွေးချွေးများစွာရင်း၍ ရထားသူများချည်း။

“ငါတို့မှာ ငါတို့သာ”
ထိုထိုအခြေအနေတို့ကို အလိုက်သင့်မြင်၍ ပေါ်လစီချဆောင်ရွက်နေခြင်းကို NUG,CRPH တို့တွင်မတွေ့ရပေ။ နွေဦးတော်လှန်ရေးကအားသာသည်မှာ NLD ကအစိုးရဖြစ်နေခဲ့သော ၅နှစ်သက်တမ်း(၂၀၁၆-၂၀၂၁)နှင့် ဒုတိယငါး၅နှစ်သက်တမ်းကာလအစဦးတွင် စစ်အုပ်စု၏အာဏာလုခံလိုက်ခြင်းဖြစ်၍ သူ၏အစိုးရဝန်ထမ်းအများစု CDM ပြုကြခြင်းနှင့် ၁၉၈၈ မှယခုထိထွက်ခွာလာကြသော နိုင်ငံခြားရောက်အင်အားစုကြီးက လူအား/ငွေအားစိုက်ထုတ်၍ ကူညီနေခြင်းကြောင့်သာဟု။ ထောက်ပံ့ပေးကမ်း/ဒဏ်ခတ်အရေးယူနိုင်သည့် နိုင်ငံခြားအစိုးရတို့အားလည်း စနစ်တကျဖိအားပေးနိုင်ကြသည်။
သို့နှင့် ၂၀၂၃သို့ဝင်သွားပေလိမ့်မည်။ ရွေးကောက်ပွဲကျင်းပပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပေလိမ့်မည်။ NLD ပါတီသည် ရွေးကောက်ပွဲဝင်ပေလိမ့်မည်။ (သို့) တပိုင်းတစအချို့သူများဝင်ပေလိ့မ်မည်။ ထိုသူများကို NLD မှထုတ်ပယ်ပေလိ့မ်မည်။ အုပ်စု/ဂိုဏ်းဂဏတို့ကွဲကြပေဦးမည်။ ထိုသူများသည် နောက်နောင်လာလတံ့သော စစ်တပ်ဖွဲသည့်အာဏာသိမ်းအုပ်စုကိုကူညီပေလိမ့်မည်။ ဤအဖြစ်သည် ၂၀၀၉-၁၀ ကချွတ်စွတ်နီးပါး ဖြစ်ခဲ့ပြီးဖြစ်သည်။ ၂၀၀၉ဧပြီလ၂၉ရက်နေ့က အများသဘောတူထုတ်ပြန်သော ရွေဂုံတိုင်ကြေညာစာတမ်းအားဘေးဖယ်ထုတ်ကာ ၂၀၀၈ခြေဥအောက်တွင်ရွေးကောက်ပွဲဝင်လိုက်သော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရောက်၈၈များနှင့် ဟံသာဝတီဦးဝင်းတင်ဂိုဏ်းသားများ ယခုထိ”ခု”နေသေးသည်မဟုတ်ပါလော။ ထို”အခု”သည်ပင်လျှင် ယခုအာဏာသိမ်းမှုတွင် စစ်အုပ်စုနှင့်၈၈မျိုးဆက်တချို့ ပူပေါင်းခြင်းဖြစ်သွားရသည်မဟုတ်လော။
တနေ့သောအခါတွင်စစ်အုပ်စုသည် ပြည်ပရောက်မြန်မာများကိုလည်း တနည်းတလမ်းသိမ်းသွင်းပြီးဖြစ်နေပေလိမ့်မည်။

“စစ်သော်မှတည့် သြော် ကောင်း၏”
အားလုံးကိုပြောင်းပြန်လှန်ရန်မှာ အမှန်တရား/သစ္စာကို သိမြင်စွမ်းဆောင်နိုင်သည့် မြန်မာခေါင်းဆောင်လိုပါသည်။ သို့မဟုတ် ကမ္ဘာစစ်ကြီးကဲ့သို ဒေသန္တရ ဧရာမစစ်ကြီးလိုပါသည်။
လက်ငင်းကမ္ဘာ့အခြေအနေသည် တက်/ကျအင်ပါယာကြီးများနှင့် New World Order ပြန်ပြင်ဆွဲရန်အချိန်ကျနေပါသည်။ ဘီလီယံနာစာရေးဆရာ Ray Dalio ၏သုံးသတ်ချက်အရ ဒတ်ချ်အင်ပါယာ။ ဗြိတိသျှအင်ပါယာနှင့် အမေရိကအင်ပါယာတို့နှစ်၂၅၀သက်တမ်းတန်းသွားကြရာ ယခုထိုအပြောင်း၏ အင်ပါယာလက်လွှဲအကူး နှစ်၁၀-၂၀ထဲဝင်နေချိန်ဖြစ်သည်။ အကူးကာလတွင် ပြည်တွင်း(သို့)ပြည်ပစစ်ကြီးဖြစ်သည်ဆိုပါသည်။ အမေရိကားနှင့်ချိုင်းနားသည်လည်း ယူကရိန်းစစ်ပွဲအခြေအနေကို အပြန်ပြန်အလှန်လှန်သုံးသပ်ဆွေးနွေး ပညာရှင်စာတမ်းစုံကို တောင်းစုဆွေးနွေးနေကြလိမ့်မည်။ ထိုင်ဝမ်အကြောင်းပြု ကမ္ဘာစစ်မီးကြီးအချိန်မရွေးကျရောက်လာနိုင်သောအခြေအနေပါ။
မြန်မာလူထုအခြေအနေမှာ မိမိတို့လွတ်မြောက်ပါမည့်အကြောင်း ကမ္ဘာစစ်ကြီးမျှော်ရသည့်အခြေစိုက်နေပါ၏။
လွတ်လပ်သုဉ်း ညီမျှသုဉ်း၊ ချစ်ကြည်သုံး သုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ စစ်သော်မှတည့် သြော် ကောင်း၏။