Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်းဒိုင်ယာရီ Nov 2022

သင့်အေးရိပ်December 3, 20224min44630

မြန်မာပြည်သတင်းဒိုင်ယာရီ
သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Nov 19 ။ စစ်အာဏာသိမ်းကာလ ၁နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂,၅၂၀ နီးပါး
သေဆုံးပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၇၅ ဉီးခန့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။

Nov 18 ။ NLD အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ စာရေးဆရာ ဖေမြင့် ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်
ပုံစံနဲ့ ထိန်းသိမ်းထားရာကနေ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ မီးစတဖက် ရေမှုတ်တဖက် ဗျူဟာကို သုံးနေတာ ဖြစ်လို့
နိုင်ငံတကာအနေနဲ့ ဖိအားပေးမှုတွေ မလျှော့လိုက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဖိအားပေးမှုတွေကြောင့် အကျဉ်းသားတွေကို ပြန်လွှတ်ပြနေပေမဲ့ နိုင်ငံတဝန်းမှာ လေယာဉ်နဲ့ဗုံးကြဲတာ၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်၊ ဖမ်းဆီး၊
သတ်ဖြတ်တာတွေ နေ့စဉ်ကျူးလွန်နေကြောင်းလည်း ထောက်ပြလိုက်ပါတယ်။

Nov 17 ။ စစ်အာဏာသိမ်းတဲ့နေ့ မနက် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက်မှာ တပြိုင်နက် အဖမ်းခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရတဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ NLD ပါတီ အလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့်၊ ရွှေညဝါ ဆရာတော်၊ စာရေးဆရာ မောင်သာချိုတို့
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ပြန်လွတ်မြောက်လာပါတယ်။ ဒါ့အပြင် NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်
အပါအဝင် အကျဉ်းသား ၆၀၀၀ ကျော် လွတ်ငြိမ်းခွင့်ရပါတယ်။
အများပြည်သူတွေ နေ့စဉ်အသုံးပြုနေရတဲ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမမှာ X-Ray စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားတွေကို
စစ်ဆေးမှု ကြန့်ကြာတာတွေကြောင့် ကားသမားနဲ့ ခရီးသည်တွေ အခက်အခဲတွေ ကြုံနေရပါတယ်။

Nov 16 ။ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်းမှာ ဂျပန်နိုင်ငံက စက်ရုံနဲ့ ကုမ္ပဏီတွေဟာ မြန်မာလုပ်သား ခေါ်ယူတာတွေ ယခင်ကထက် ပိုများလာကြောင်း
အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်း၃ပတ်အတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၈၈ ဦးထိ
ဖမ်းဆီးခံခဲ့ရပြီး သူတို့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတာ
ဖြစ်ကြောင်း ရိုဟင်ဂျာအရေး ကူညီသူတွေက ပြောပါတယ်။

Nov 15 ။ မကွေးလေတပ်စခန်းဌာနချုပ်ကို KNU နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ ၅ခု ပူးပေါင်းပြီး ၁၀၇ ရှော့တိုက်ဒုံး
၃လုံးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် ဂျက်တိုက်လေယာဉ် ၅စီးခန့် ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၈ယောက်ခန့် သေဆုံးကြောင်း Golden Eagle Myaylatt
အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးခံရပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်၊ ထောင် ၂နှစ်ချခံရတဲ့ ရက်ဂေး အဆိုတော် စောဖိုးခွားဟာ
လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးပြီးချိန်မှာပဲ ချက်ချင်းပြန်လည် ဖမ်းဆီးခံရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၃၀(က)နဲ့ တရားစွဲခံရပါတယ်။

Nov 14 ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာကရော၊ ကုလသမဂ္ဂဘက်ကပါ ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာပြည်သူတွေဟာ မယုံနိုင်လောက်အောင်
ဆိုးရွားတဲ့ ဒုက္ခတွေကို ခံစားနေရကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က ဝန်ခံပြောဆိုလိုက်ပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုထဲက ရပ်ကွက် ၅ခုမှာ ရှိတဲ့ အိမ်ခြေ ၁သောင်းနီးပါးကို တပ်ပိုင်မြေ ကျူးကျော်တယ်ဆိုပြီး ၁ပါတ်အတွင်း
ပြောင်းရွှေ့ခိုင်းလို့ လူဉီးရေ ၅ သောင်းနီးပါး အခက်တွေ့နေရပါတယ်။ သူတို့ဟာ အဆိုပါရပ်ကွက်တွေမှာ နေထိုင်လာတာ နှစ်ပေါင်း ၂၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။

Nov 13 ။ စစ်အာဏာသိမ်းပြီးနောက် ကချင်လွတ်မြောက်ရေးတပ်(KIA) ထဲကို လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား၊
ရဲဝန်ထမ်းနဲ့ ပညာရှင် စုစုပေါင်း ၅၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း KIA က သတင်းထုတ်ပြန်ပါတယ်။ ၂၁ လအတွင်းမှာ CDM ဝင်လာတဲ့ ရဲနဲ့
စစ်သား ၁သောင်းကျော် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင်မှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက် နှိပ်စက်တာတွေ
ရှိလာကြောင်း ထောင်နဲ့ နီးစပ်သူတဉီးရဲ့ ပြောပြချက်အရ RFA က သတင်းတင်ပါတယ်။

Nov 12 ။ NLD ဗဟိုကော်မတီဝင်တယောက်က သူရဲ့သဘောထားတွေနဲ့၊ ရန်ကုန်ရုံးချုပ်ထံ ရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားတဲ့စာတွေကို
ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့်ပေးဖို့ခဲ့ရာ “နောက်ကို အဲ့လိုပေးပို့တာတွေ မလုပ်ဖို့၊ စကားသယ်ဆောင် မလာဖို့နဲ့ သူ့ရဲ့ နိုင်ငံရေးဆိုင်ရာ
သဘောထားတွေကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွေ ပြုလုပ်နိုင်တဲ့ကာလမှာမှ အားလုံးရဲ့ သဘောထားတွေ သိပြီးမှ
ထုတ်ဖော်ပြောဆိုမယ်”လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေကြတဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေမှာ
သူ့ရဲ့ သားဖြစ်သူ ကိုထိန်လင်း ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပါးလိုက်ပါတယ်။

Nov 11 ။ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဖို့နဲ့၊ ဘုံသဘောတူညီချက် ၅ခုအပေါ် ပြန်လည်သုံးသပ်ပြီး
ပြစ်တင်ဝေဖန်မှုတွေ ရှိတာကိုလည်း ကန့်ကွက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို စစ်ကောင်စီရဲ့ စစ်တပ်က သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို စစ်ရေးအရ
အပြင်းထန်ဆုံး လက်စားချေ တုန့်ပြန်မယ်လို့ ရက္ခိုင့်တပ်တော်(AA)က ကြေညာလိုက်ပါတယ်။

Nov 10 ။ ရန်ကုန်၊ ဗိုလ်တထောင်၊ လင်းစဒေါင်းတံတားအနီးက ရန်ကုန်မြစ်အတွင်းမှာ ဆီတင်သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး
မလောင်ကျွမ်းခင်မှာ အနီးနားက အိမ်တွေပါ တုန်ခါတဲ့အထိ ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့ပါတယ်။
ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီးချိန်က စပြီး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတဲ့ ဒေသခံ ၂သိန်း
၁သောင်းဝန်းကျင်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေထဲမှာ ယာယီမိုးကာတဲတွေနဲ့ ဖြစ်သလို နေရပြီး အကူအညီတွေ
လိုအပ်နေဆဲ ဖြစ်ပါတယ်။

Nov 09 ။ ဟာသစာပေ၊ ကဗျာ၊ ဆောင်းပါးများစွာ ရေးသားခဲ့သူ၊ မြန်မာပြည်က ကျော်ကြားတဲ့ စာရေးဆရာ အကြည်တော်
(အမည်ရင်း စောကြည်ဖြူ၊ အသက် ၅၁ နှစ်)ဟာ အစာရေမျိုကင်ဆာရောဂါနဲ့ ဒီနေ့ ကွယ်လွန်သွားပါတယ်။
Nov ၁၀ ရက်ကနေ ၁၃ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးထံကို NUG ရဲ့ အနာဂတ်လမ်းပြမြေပုံ
ပြင်ဆင်ထားပြီး ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မတည်ငြိမ်မှုတွေ
ပိုများလာစေနိုင်လို့ အာဆီယံအနေနဲ့ ပယ်ချဖို့လည်း တောင်းဆိုလိုက်ပါတယ်။

Nov 08 ။ စစ်အာဏာသိမ်းချိန်ကနေ Oct ၃၁ ရက်အထိ ၂၁ လအတွင်း နိုင်ငံတဝန်းက နေအိမ်၊ အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း
မီးရှို့ခံခဲ့ရကြောင်း ISP Myanmar က သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုတွေဟာ မြို့ပေါင်း ၈၁ မြို့မှာ ဖြစ်ခဲ့ပြီး ၇၀% ကျော်က
စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ အပါအဝင် ၁၉ယောက်ကို
ဉရောပသမဂ္ဂ(EU)က တိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

Nov 07 ။ တန်ဆောင်မုန်းလပြည့်ည ရောက်တိုင်း ပံ့သကူအလှူအဖြစ် အစားအသောက်၊ ပိုက်ဆံနဲ့ လူသုံးကုန်ပစ္စည်းတွေ နေရာအနှံ့ချပြီး လှူဒါန်းတဲ့
မြန်မာ့ဓလေ့ရှိရာ ဒီနေ့ညမှာတော့ ယခင်နှစ်တွေနဲ့မတူဘဲ ပံ့သကူ ရှာဖွေကောက်ယူသူတွေ အလွန်များပြားခဲ့ပြီး ကားမတော်တဆမှုကြောင့် သေဆုံးရသူတွေလည်း
ရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၂၉၃ ဦး ရှိလာပြီ ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့
Southern Monitor က စာရင်းပြုစုဖော်ပြပါတယ်။

Nov 06 ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ရွာ ၉ ခုလောက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို
မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ၃ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေခဲ့ရပါတယ်။
ယခုနှစ် စက်တင်ဘာလကစပြီး ဉရောပနဲ့ အနောက်နိုင်ငံတွေကနေ အမှာ မရှိသလောက်ဖြစ်သွားတာကြောင့် မြန်မာပြည်တွင်း အထည်ချုပ်စက်ရုံ
လုပ်ငန်းတချို့ရပ်နားထားရပြီး ဝန်ထမ်းတွေရော လုပ်ငန်းရှင်တွေပါ ရပ်တည်ရ ခက်ခဲလာနေပါတယ်။ မြန်မာပြည်မှာ အထည်ချုပ်စက်ရုံပေါင်း ၇၈၃ခု ရှိရာ
လတ်တလော ၅၃၅ ရုံသာ လည်ပတ်နေကြောင်း မြန်မာပြည် အထည်ချုပ်လုပ်ငန်းရှင်အသင်း(MGMA) က သတင်းထုတ်ပြန်ထားပါတယ်။

Nov 05 ။ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ Global Townhall ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံက
ဦးဆောင်ကျင်းပရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ကို မိန့်ခွန်းပြောဖို့
ဖိတ်ကြားထားပြီးမှ ဖယ်ရှားခံခဲ့ရပါတယ်။

Nov 04 ။ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ Su-30 လို ခေတ်မီ တိုက်လေယာဉ်တွေကို လက်ခံရရှိထားပြီးတဲ့အပြင် စတင်ပျံသန်း
လေ့ကျင့်ရေးတွေ လုပ်နေပြီ ဖြစ်ပါတယ်။

Nov 03 ။ အာဏာသိမ်းစစ်တပ်ဟာ ချိုင်းနား၊ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ အထောက်အကူတွေနဲ့ ဆက်လက်ရပ်တည်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဆက်လက်ကျူးလွန်နေကြောင်း Aljazeera သတင်းက ဖော်ပြတဲ့အပြင် အာဆီယံရဲ့ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ကျော်လွှားဖို့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင် အသိအမှတ်ပြုဖို့ နိုင်ငံတကာဉပဒေပညာရှင်များအဖွဲ့ကလည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဆီကို လေယာဉ်လောင်စာဆီတွေ မရောက်ဖို့ နိုင်ငံတကာက အရေးတကြီး တားဆီးပိတ်ပင်ဖို့ လိုကြောင်း AI နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာတိုက်တွန်းလိုက်ပါတယ်။

Nov 02 ။ ပြည်ပက တင်သွင်းမယ့် လျှပ်စစ်ကားတွေနဲ့ ပတ်သက်ပြီး ကျသင့်မယ့်အခွန်အခကို သုည% အဖြစ် သတ်မှတ်လိုက်ကြောင်း
စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက ကြေညာလိုက်ပါတယ်။
မြန်မာပြည်က‌နေ အသက်အန္တရာယ် စိုးရိမ်ရလို့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ခိုလှုံနေရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ် အတင်းအကျပ်
ပြန်ပို့ခံနေရတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး၊ ဒီလို မဖြစ်အောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ ထိရောက်တဲ့
အကူအညီတွေ ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလထံ တောင်းဆိုလိုက်ပါတယ်။

Nov 01 ။ ရန်ကုန်တိုင်းအခြေစိုက် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အောက်တိုဘာလထဲမှာ ဖောက်ခွဲမှု ၅၁ ကြိမ်၊
ပစ်ခတ်တိုက်ခိုက်မှု ၈ကြိမ်၊ သတင်းပေးဒလန် ရှင်းလင်းမှု ၁၃ကြိမ်၊ ဆန္ဒပြလှုပ်ရှားမှု ၁၈ကြိမ် ပြုလုပ်ခဲ့ကြောင်း Union of Myanmar Civilian အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်း ၂၁လအတွင်း မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို တရားမဝင်လမ်းတွေကနေ ဝင်ရောက်ကြရင်း ဖမ်းဆီးခံရသူ ၈သောင်းဝန်းကျင်ထိ
ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။

Oct 31 ။ မြန်မာပြည်ကနေ ချိုင်းနားပြည်တောင်ပိုင်း Beibu ပင်လယ်ကွေ့ဆိပ်ကမ်းကို တိုက်ရိုက် ရေကြောင်းလမ်း တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း၊
ယခင်အသုံးပြုနေတဲ့ လမ်းကြောင်းတွေထက် အချိန် ၄၀ % ပိုမြန်ဆန်မှာဖြစ်ကြောင်း မြန်မာပြည်ဆိုင်ရာ ချိုင်းနားသံရုံးက ကြေညာပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက
ဝန်ထမ်းအဖြစ် ထုတ်ပယ်လိုက်ပြီး ဆေးကုသခွင့်လိုင်ဆင် (ဆမ)လက်မှတ်ကို ၁နှစ်တိတိ ရုပ်သိမ်းလိုက်ကြောင်း CDM ဆရာဝန်အသိုက်အဝန်းက ပြောပါတယ်။

Oct 30 ။ မြန်မာစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေကို ချိုင်းနား နည်းပညာရှင်တွေက ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးသင်တန်းတွေ ပေးနေပါတယ်။
စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို ထိန်းချုပ်နိုင်ဖို့ ပြင်းထန်တဲ့ ဆိုက်ဘာလုံခြုံရေးဉပဒေတရပ် ပြဌာန်းဖို့ကြိုးစားနေကြောင်းလည်း သံအမတ်ကြီး ဉီးကျော်မိုးထွန်းက
ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။

Oct 29 ။ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ပြည်နယ် ၁၂ ခုထဲက ဘာသာရေး ပရဝဏ်ပေါင်း ၄၂ ခုမှာ တပ်စွဲ စခန်းချထားကြောင်း အပြည်ပြည်ဆိုင်ရာ ဉပဒေပညာရှင်များ
ကော်မရှင်(ICJ)ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အများဆုံးဖြစ်ကြောင်း
ဖော်ပြပါတယ်။

Oct 28 ။ ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာတွေ ပြည်တွင်းကို ပြန်လွှဲပို့တဲ့အခါ သတ်မှတ် ငွေလဲလှယ်နှုန်းထက် ၃၀ ကျပ် ပိုပေးမယ်လို့
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ကြေညာပါတယ်။ လက်ရှိမှာ ဗဟိုဘဏ်က US ၁ဒေါ်လာကို မြန်မာကျပ် ၂၁၀၀ ပဲ သတ်မှတ်ထားဆဲ ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့
၃၀၀၀ ကျော်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားတာတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ အပြင်တခြားပုဒ်မတွေနဲ့ တရားစွဲခံ၊ ထောင် ၃နှစ်စီ ကျနေတဲ့
အဆိုတော်ပိုပိုနဲ့ အွန်လိုင်းမှာ နာမည်ကြီး ထင်ရှားသူ မဝင်းမင်းသန်းတို့ အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာပါတယ်။

Oct 27 ။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်နေ့မှာ မြန်မာပြည်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေတွေကို
လေ့လာစောင့်ကြည့်သူတွေက ဆွေးနွေးခဲ့ကြရာ စစ်အာဏာအသိမ်းခံရပြီးနောက် မှာ စစ်ကောင်စီဟာ ဘာသာရေးကို နိုင်ငံရေးအရ ပို အသုံးချလာကြောင်း
ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေ ပိုပြီး ဆိုးရွားလာကြောင်း US အခြေစိုက် နိုင်ငံတကာ
ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF ရဲ့ ယခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးမှာ ပြတ်ပြတ်သားသား ပါဝင်ခဲ့ပြီး အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်
ဉီးအရိယဝံသာဘိဝံသ(ဓမ္မာစရိယ-ဝဋံသကာ) (သက်တော် ၇၁နှစ်၊ ဝါတော် ၅၁)ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဆေးရုံမှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့
ပျံလွန်တော်မူသွားခဲ့ပါတယ်။

Oct 26 ။ စစ်အာဏာသိမ်းပြီး လ ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲပေါင်း ၆,၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ၉ ခု သိမ်းနိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်က အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က ၁ပတ် ၁ကြိမ်သာ ထောင်ဝင်စာ ကန့်သတ်ထားရာကနေ
ဒီနေ့ကစပြီး ၁ပတ် ၂ကြိမ် ပို့ခွင့် ပြန်ရရှိကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူမဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံထားရပြီး ၁၄ မှုအတွက် ထောင်ဒဏ်
၂၆ နှစ် ချမှတ်ခံထားရတဲ့အပြင် လက်ကျန် အမှု ၅ ခုအတွက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Oct 25 ။ မြန်မာပြည်ရဲ့ နောက်ဆုံး နိုင်ငံရေး အခြေအနေမှန်အရ မြန်မာပြည်သူ တရပ်လုံးဟာ စစ်အုပ်ချုပ်မှု လက်မခံနိုင်ကြတာကို တောင်းဆိုနေပြီလို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ကုလ အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့
နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေး ပဋိပက္ခတွေကြောင့် ပြည်သူများစွာရဲ့ အသက်တွေ ဆက်လက်ဆုံးပါးနေပြီး မြန်မာပြည်သူ ၁၃ သန်းကျော်ဟာ
အစားအစာ ပြတ်လပ်မှု ခံစားနေရတဲ့အပြင် လူဉီးရေရဲ့ ၄၀%ခန့်ဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှု သတ်မှတ်ချက်တွေထက် နိမ့်ကျနေကြောင်းလည်း ပြောပါတယ်။

Oct 24 ။ စစ်အာဏာသိမ်းထားတဲ့ ၁နှစ်ခွဲကျော်ကာလအတွင်း တိုင်းရင်းသား နယ်မြေတွေနဲ့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၄၀ နီးပါး
စစ်ကောင်စီဘက်က လုပ်ခဲ့ပြီး ဒီလုပ်ရပ်တွေကြောင့် အရပ်သား ၂ရာကျော် သေဆုံးခဲ့ရကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Oct 23 ။ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ ထိန်းချုပ်နယ်မြေ၊ ဖားကန့်၊ အနန့်ပါ ဒေသမှာ ၆၂ နှစ်မြောက် အထိမ်းအမှတ်ပွဲ လုပ်နေချိန်
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကေကြာင်း လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း ၁၀၀ ထက်မနည်း ရှိပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို US အပါအဝင် အနောက်နိုင်ငံများ၊ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများနဲ့ မီဒီယာတွေရဲ့ ကန့်ကွက်ရှုတ်ချ ရေးသားမှုတွေဟာ
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်ပြီး သတင်းမှာ ထုတ်လွှင့်နေကြတာသာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

Oct 22 ။ မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)ရဲ့ အမည်ပျက်စာရင်း သွင်းခံရတာဟာ စိုးရိမ်စရာမဟုတ်ဘဲ
အရင်ကလည်းကြုံခဲ့ဖူးကြောင်း၊ အခုလိုထည့်သွင်းခံရပေမဲ့ မြန်မာပြည်ဟာ လက်ရှိ အမည်ပျက်စာရင်းဝင် မြောက်ကိုရီးယားနဲ့ အီရန်တို့လိုမျိုး
တန်းတူအရေးယူတာ ခံရမယ့်အဆင့် မဟုတ်ကြောင်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

Oct 21 ။ နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့
(FATF)က မြန်မာပြည်ကို အမည်ပျက်နိုင်ငံများ စာရင်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ နာမည်ပျက်စာရင်း ကြေညာခံရပြီး နာရီပိုင်းအတွင်း ကျပ်ငွေ
တန်ဖိုးဟာလည်း စံချိန်တင် ထိုးကျသွားပြီး US ၁ဒေါ်လာကို မြန်မာကျပ် ၄၀၀၀ ကျော် ၅၀၀၀ နီးပါးအထိ ရောက်ရှိသွားပါတယ်။
“အဆက်မပြတ်ကြားသိနေရတဲ့ မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် US အနေနဲ့ အလွန်စိတ်ပျက်ဝမ်းနည်းရကြောင်း၊
အကြမ်းဖက်ခံရသူတွေအတွက် တရားမျှတမှုဖော်ဆောင်ပြီး ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လိုအပ်နေကြောင်း
ကုလသမဂ္ဂရဲ့ စီမံအုပ်ချုပ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိုယ်စားလှယ် သံအမတ် ခရစ္စတိုဖာလူက ဝါရှင်တန်ဒီစီရှိ ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။

Oct 20 ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး
ကျေးရွာတွေ အတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကိုဖမ်းဆီးတာနဲ့ နေအိမ်မီးရှို့တာတွေကြောင့် ရွာခံ ၈ထောင်ကျော်
နေရပ်စွန့်ခွာနေရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

Oct 19 ။ စစ်အာဏာသိမ်းပြီး လ ၂၀ အတွင်းမှာ မြန်မာပြည်တဝန်း တိုက်ပွဲပေါင်း ၇၇၀၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး
အင်စတီကျု (ISP – Myanmar) က သတင်းထုတ်ပြန်ပါတယ်။
ပြည်တွင်းမှာ ထုတ်လွှင့်ပြသမယ့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြားဇာတ်ကားတွေကို နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဆင်ဆာစိစစ် ဖြတ်တောက်ပြီးမှ
ထုတ်လွှင့်ခွင့်ရတော့မှာဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဉီးရဲတင့်က ပြောပါတယ်။
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ပါဆယ်ထုတ်တွေထဲက မိုင်းတွေ ပေါက်ကွဲခဲ့တဲ့အတွက် အကျဉ်းဦးစီးဝန်ထမ်း ၃ ယောက် အပါအဝင်
၈ ယောက် သေဆုံးပြီး ၁၈ယောက်ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

Oct 18 ။ စစ်အာဏာသိမ်းခံရတဲ့နောက်ပိုင်း မြန်မာပြည်ဟာ အိမ်နီးချင်း ချိုင်းနားနိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးဆုံး နိုင်ငံတွေထဲက
တနိုင်ငံ ဖြစ်လာကြောင်း Free Expression Myanmar – FEM အစီရင်ခံစာက ဖော်ပြထားပါတယ်။