Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Learning English through Activism 1 – Prof: Myo Kyaw Myint

kaiJanuary 28, 20242min7400

“နိုင်ငံရေး၊ လူမှုရေးကိစ္စများဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့။”
ယခု 2024 နှစ်သစ်ကူးချိန်မှာ မိမိတတ်စွမ်းသလောက် အင်္ဂလိပ်စာလေးကို အသုံးချပြီး မြန်မာနိုင်ငံမှာရော၊ ကမ္ဘာတဝှန်းလုံးမှာပါ ငြိမ်းချမ်းရေးရဖို့၊ တရားဉပဒေ စိုးမိုးဖို့၊ မြန်မာပြည်သူပြည်သားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ချမ်းသာ ကြွယ်ဝစွာ၊ အန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့၊ တနည်းအားဖြင့် activism လုပ်ငန်းတွေကို အကောင်အထည် ဖေါ်ကြဖို့ တိုက်တွန်းအားပေးလိုပါတယ်။ ဦးစွာပထမ Activism ဆိုတဲ့ဝေါဟာရလေးကို အဓိပ္ပါယ်ဖေါ်ကြည့်ရအောင်။

According to the Merriam Webster, activism is a doctrine or practice that emphasizes direct vigorous action especially in support of or opposition to one site of a controversial issue.


စာဖတ်ပရိသတ်အားလုံးဟာ Activist တွေ ဖြစ်လာဖို့ လိုပါတယ်။ ဒီ Activist ဆိုတဲ့ ဝေါဟာရလေးကို Cambridge Dictionary က အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

A person who believes strongly in political or social change and takes part in activities such as public protests to try to make this happen.

ဒီနေရာမှာ public protests ဆိုတဲ့ ဝေါဟာရလေးကို ရှင်းပြလိုပါတယ်။ မြန်မာလိုတော့ ဆန္ဒပြပွဲများ လို့ ခေါ်ရမှာပါ။ ကမ္ဘာတဝှန်းမှာ ရောက်ရှိနေကြတဲ့ မြန်မာအများစုဟာ ဖေါ်ပြပါ public protests တွေမှာ ပါဝင်ဘူးကြတဲ့သူတွေ များပါတယ်။ မြန်မာပြည်သူပြည်သားများဟာ စစ်အစိုးရ၊ အာဏာရှင်အစိုးရကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲများစွာ ကျင်းပခဲ့ကြပါတယ်။ public protests တွေ လုပ်ခဲ့ပေမဲ့ စစ်အစိုးရကို ဖြုတ်မချနိုင်ခဲ့ပါ။ ဒီတော့ Activism လုပ်ငန်းတွေကို ဇောက်ချပြီး လုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုရင် activism အကြောင်း လေးလေးနက်နက် နားလည်ထားဖို့ လိုပါတယ်။ အင်္ဂလိပ်စာကို အသုံးပြုပြီး ဆောင်ရွက်မှလည်း တကမ္ဘာလုံးရဲ့ ထောက်ခံအားပေးမှု ရမှာဖြစ်ပါတယ်။ humanrightscareers.com က activism နှင့် ပတ်သက်၍ ယခုလို ဖေါ်ပြထားပါတယ်။

Activism refers to efforts and actions taken to address social, political, economic, environmental, and cultural issues. There are many forms of activism, such as marches, writing, community organizing, protest art, fundraising, strikes, and digital activism.

ဒီလို Forms of activism ဆယ်မျိုးအနက် ပထမဆုံး လုပ်ငန်းဖြစ်တဲ့ public protests လို့ ခေါ်တဲ့ လူထုဆန္ဒပြပွဲကြီးများကို လေ့လာကြရအောင်။ မြန်မာပြည်မှာ လူထုဆန္ဒပြပွဲကြီးတွေ မြောက်များစွာလုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စစ်အစိုးရကသာ အနိုင်ယူသွားခဲ့ပါတယ်။ အပြစ်မဲ့တဲ့ပြည်သူပြည်သားများ၊ ခလေးသူငယ်များ၊ အမျိုးသမီးများ၊ ရဟန်းများကို ရက်ရက်စက် ပစ်သတ်ခဲ့တဲ့ စစ်အစိုးရကို public protests တွေနဲ့ ဖြိုခွင်းဖို့ မလွယ်ကူသော်လည်း democracy ကို ဦးစားပေးတဲ့ နိုင်ငံများမှာ public protests တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်များက သုံးလည်း အသုံးပြုနေကြပါတယ်။ ပိုမိုထိရောက်စွာ public protests လေးတွေကို ကျင်းပပေးနိုင်ဖို့ အောက်ပါအချက်လေးများကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

Assemble
Organize
Define
Research
Prepare
Notify
Publicize
Know your rights
ဒီနေရာမှာ သတ္တမမြောက်အချက်ဖြစ်တဲ့ Publicize လုပ်တဲ့အခါမှာ အင်္ဂလိပ်စာကို မသုံးမဖြစ် သုံးကို သုံးရမှာပါ။ အထက်မှာ မဖေါ်ပြထားပေမဲ့ public protests ကို များစွာထိရောက်ဖို့ရန် peaceful ဖြစ်ဖို့ လိုပါတယ်။ ဒေါသ မပါဖို့ လိုပါတယ်။ စစ်တပ်ကို ဘယ်လောက်မုန်းနေပါစေ၊ စစ်သားတွေကို ဘယ်လောက်မုန်းနေပါစေ၊ peaceful protest လုပ်မှသာ အောင်မြင်မှုကို ရရှိမယ် ဖြစ်ပါတယ်။ public protests တွေအပြင် writing ကိုလည်း activism လုပ်ငန်းတရပ်လို့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ စာရေးသူက လူငယ်များကို အထူးအားပေးတိုက်တွန်းလိုတာကတော့ မိမိရောက်နေတဲ့နေရာ၊ ကျောင်း၊ တက္ကသိုလ်၊ လုပ်ငန်းခွင်မှာ ရတဲ့အခွင့်အရေးကို သုံးပြီး၊ မိမိတတ်ကျွမ်းထားတဲ့ အင်္ဂလိပ်စာလေးကို အသုံးပြုပြီး Activism လုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြဖို့ပါဘဲ။ နောက်လမှာ ဒီ writing နဲ့ ပတ်သက်လို့ အသေးစိတ်ဖော်ပြသွားဖို့ ရည်စူးပါတယ်။ ဒီလမှာတော့ အဆုံးမသတ်ခင်မှာ 2023 မှာ လူထုဆန္ဒပြပွဲတွေ ကြီးမှူးကျင်းပပေးခဲ့ကြတဲ့ Bay Area က မြန်မာ community ခေါင်းဆောင်များကို အထူးကျေးဇူးတင်ရှိကြောင်း ပါဝင်ဆင်နွှဲကြတဲ့ ရဟန်းများ၊ အမျိုးသားများ၊ အမျိုးသမီးများကိုလည်း ဂုဏ်ပြုကြောင်း မှတ်တမ်းတင်လိုပါတယ်။ မိမိကျွမ်းကျင်ရာ လိမ္မာရာက မြန်မာပြည်ကြီးအတွက် activist တယောက်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် နောက်လများတွင် ဆက်လက်ဖေါ်ပြသွားပါဦးမည်။