Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Learning English Through Activism (2) – Prof:Myo Kyaw Myint

kaiFebruary 27, 20243min7510

"နိုင်ငံရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့(၂)"

အင်္ဂလိပ်စာသင်ကြားရင်း အမိမြန်မာနိုင်ငံကြီးကိုလည်း တိုးတက်လာအောင်၊ ပြောင်းလဲလာအောင် မြန်မာလူမျိုးတိုင်း Activism လုပ်ငန်းများ ဆောင်ရွက်ကြပြီး activist များ ဖြစ်လာသင့်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာ activism လုပ်ငန်းများအနက် အထူးထိရောက်နိုင်တဲ့ writing အကြောင်းကို ဖော်ပြပေးလိုပါတယ်။ တချို့မြန်မာတွေက ပြောပါလိမ့်မယ်။ အင်္ဂလိပ်စာ ကောင်းကောင်း မရေးတတ်တော့ မြန်မာပြည်အကြောင်းတွေ၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ မတရားမှုတွေ injustice တွေအကြောင်း writing ကို သုံးပြီး ဖေါ်ထုတ်ပေးဖို့၊ တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်ဘူးပေါ့လေ။ ဒီလိုလူတွေကို စာရေးသူက ဖေါ်ပြပါ ကဗျာလေးကို လေ့လာစေလိုပါတယ်။

Their duty – to protect
Instead they oppress
The Myanmar Military

ဒီလိုကဗျာလေးလောက်တော့ မြန်မာတွေ ရေးနိုင်ကြပါတယ်။ ရေးလည်း ရေးသင့်ပါတယ်။ လိုအပ်ရင် dictionary ရဲ့ အကူအညီ ယူရမှာပေါ့လေ။ activism လုပ်ငန်းတွေကို writing သုံးပြီး လုပ်ရင်းနဲ့ အင်္ဂလိပ်စာအရေးအသားလည်း practics ရမယ်၊ vocabulary တွေလည်း သိလာမယ်၊ သုံးတတ်လာမယ်၊ အမိမြန်မာနိုင်ငံကြီးကိုလည်း ကူညီပံ့ပိုးရာရောက်မယ်ဆိုရင် မလုပ်သင့်ဘူးလား။ သိပ်ကို လုပ်သင့်တယ်လို့ အားလုံးက ဖြေကြမှာပါ။ writing လို့ ဆိုတဲ့နေရာမှာ poetry, letters to the editor, postings on social media, articles, essays, books တို့ ပါဝင်ပါတယ်။
 ဦးစွာပထမ poetry အကြောင်း ပြောကြရအောင် poetry ဆိုတာက တိုတိုရှင်းရှင်းနဲ့ မိမိပြောလိုတဲ့အကြောင်းအရာကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြပေးနိုင်လို့ activism လုပ်ငန်းများမှာ အထူးထိရောက်ပါတယ်။ poetic license လို့ ခေါ်တဲ့အဓိပ္ပာယ်ကို ဦးစားပေးပြီး grammar ကို အထူးဂရုစိုက်ခံစရာမလိုတဲ့ poetry ရဲ့ ထူးခြားချက်လေးကြောင့် writing မကျွမ်းကျင်သေးသူများအတွက်လည်း အထူးသင့်တော်တဲ့ activism တမျိုးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ စာရေးသူတို့ရဲ့ မြန်မာ language က နဂိုကတည်းက ကဗျာဆန်ပြီးသား ဖြစ်နေပါတယ်။ တခြားမကြည့်နဲ့။ ရုပ်ရှင်နံမည်လေးတွေကို ကြည့်။ အင်္ဂလိပ်ရုပ်ရှင်က "Unforgiven" တဲ့။ ရုပ်ရှင်ကားကောင်းသလောက် ရုပ်ရှင်နံမည်ကတော့ ရိုးလွန်းပါတယ်။ မြန်မာရုပ်ရှင်က "အမှန်က တဖက်၊ သူတို့အားလုံးက တဖက်"တဲ့။ ရုပ်ရှင်ကားတောင် ကြည့်စရာမလိုတော့ပါ။ လှပတဲ့နံမည်လေးကို ရွတ်နေရုံနဲ့ တော်တော်လေး တန်သွားပါပြီ။ ဒီတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ မိမိရဲ့ခံစားချက်လေးတွေ၊ ကြုံတွေ့ချက်လေးတွေကို အခြေခံပြီး poems လေးတွေ ရေးကြပါလို့ တိုက်တွန်းပါရစေ။ ရေးပြီး facebook တို့ tiktok တို့ instagram တို့မှာ posting လုပ်ကြတာပေါ့။ တဆင့်တိုးပြီး newspaper တို့ magazine တို့မှာ ပါဝင်လာအောင် ကြိုးစားကြပါ။ နောက်ဆုံး ဘာအကျိုးကျေးဇူးမှ မရှိရင်တောင် မိမိအတွက် therapeutic value ရှိမှာ သေချာပါတယ်။ Myanmar Gazette မှာ လှပတဲ့ မြန်မာကဗျာလေးတွေ တွေ့ရပါတယ်။ လှပတဲ့ အင်္ဂလိပ်ကဗျာလေးတွေ ပို့ပေးရင် Editor များက ထည့်ပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဒီက  Local newspaper တခုမှာ ဖေါ်ပြပေးခဲ့တဲ့ စာရေးသူရဲ့ ကဗျာလေးတပုဒ်ကို အားလုံးဖတ်ခွင့်ရအောင် အောက်တွင် ဖေါ်ပြပေးလိုက်ပါသည်။ ကဗျာရဲ့ ခေါင်းစဉ်လေးကတော့  Unsung Hero ပါ။ မြန်မာလိုတော့ "လူသိနည်းတဲ့ သူရဲကောင်းတယောက်"လို့ ဆိုမလား။ "လူမသိတဲ့ သူရဲကောင်းတယောက်"လို့ဘဲ ဆိုမလားပေါ့။

I remember
Hearing your voice
In the classroom next to mine
When I checked
There you were
Writing complex formulas on the blackboard
And regaling your students
With stories to make the numbers come to life

How tragic
To hear of your death
Shot down in the middle of the street
Like an animal
Those of us who escaped
Could do little but hide
Our dusters and pieces of chalk
No match for the bullets
Whizzing above our heads

Unsung heroes – like you
Will remail nameless
Until the day, forces of democracy
Can overcome the military

When that day will arrive
If it ever will
Remains a question for posterity.

စာဖတ်သူအားလုံးမှာ Writing ကို အသုံးပြုပြီး မြန်မာပြည်အကြောင်း မသိသေးသူများကို သိအောင်၊ နားလည်သွားအောင် inform လုပ်ပေးဖို့၊ Democracy တိုက်ပွဲကြီးမှာ အသက်ပေးသွားခဲ့သူများ၊ ထောင်ဒဏ် ခံရသူများရဲ့ ဆောင်ရွက်ချက်များကို မှတ်တမ်း တင်ပေးဖို့၊ record လုပ်ပေးဖို့၊ ပြည်တွင်းမှာ ဆင်းရဲဒုက္ခရောက်နေကြသူများအတွက် Fund - raising လုပ်ပေးဖို့နှင့် ကမ္ဘာကြီးက Democracy အတွက် တိုက်ပွဲဝင်နေသူများဖက်မှ မားမားမတ်မတ်ရပ်တည်ရန် persuade လုပ်ပေးဖို့ သမိုင်းပေးတာဝန်ကြီး ရှိနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ရေးကြပါ။ ပြောကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။