Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၂၄

kaiApril 27, 20242min6600

တန်ခူးသည် မြန်မာတို့၏ နှစ်သစ်ကူးလဖြစ်သည်။ မြန်မာြပက္ခဒိန်သည် ဟိန္ဒူတို့၏ ဝေဒကျမ်းပါတွက်ချက်မှုများကိုအခြေခံ ပုဏ္ဏားဟူးရားတို့က ထုတ်ပေးထားသော ၁၂ရာသီခွင် (မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်)ကိုအခြေခံသည့် လမင်းပြက္ခဒိန်ဖြစ်ပါသည်။ တနည်းအားဖြင့် ဝေဒပညာရပ်ဖြင့်တည်ဆောက်ထားခြင်းဖြစ်၍ ဟိန္ဒူနွယ်ဖြစ်သည်။ ကမ္ဘာသုံး ဂရီဂိုးရီးယန်းပြက္ခဒိန်မှာ နေမင်းကြီးအခြေခံပြက္ခဒိန်ဖြစ်သည်။ ဥုံ သြောင်း ဟုံဟုံ ဖွ ဥုံဖွ သွာဟ၊ မန္တန်၊ မန္တရား၊ အတွင်း/အပြင်၃၇မင်းနတ်တို့အပါအဝင် မြန်မာ့ရိုးရာဓလေ့တို့၏ အမြုတေသည်လည်း အိန္ဒိယတောင်ပိုင်းမှလာသော ထေရဝါဒဗုဒ္ဓဘာသာနှင့် ဟိန္ဒူသာသနာကိုအခြေခံပေရာ ဟိန္ဒူတို့၏ ယဥ်ကျေးမှုဓလေ့လွှမ်းသည်ကို ငြင်းဆို၍မရပေ။

ဝေါဟာရအားဖြင့်မူ သင်္ကြန်ဟူသည် သင်္ကန္တ (ပါဠိဘာသာ ) နှင့် သင်္ကြန္တ (သက္ကတဘာသာ)မှ သက်ဆင်းလာသည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ အသောကမင်း (အိန္ဒိယ)၏နောက် မြေးမြစ်အဆက်များသည် ကျယ်ပြန့်သော ဟိန္ဒူအင်ပါယာတို့ကို တည်ဆောက်ခဲ့ပေရာ မြန်မာနိုင်ငံဖြစ်လာမည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူမြို့ပြနိုင်ငံများ အပါအဝင် ယခုမလေးရှား အင်ဒိုနီးရှား ကမ္ဘောဒီးယား (ခမာအင်ပါယာ) တို့သည် ဟိန္ဒူသာသနာလွှမ်းခဲ့သည်ချည်းသာ။ သို့ဖြင့် ပုဂံ၊ ကမ္ဘောဒီးယား-အန်ကောဝပ် အင်ဒိုနီးရှား – ဗောရောဗုဓောတို့တွင် ရှေးဟိန္ဒူ/ဗုဒ္ဓနွယ် လက်ရာ အနုပညာရပ်များတွေ့ရခြင်းတည်း။

“သင်္ကြန် ၊ ဆောင်းခရန် ၊ ပီမိုင်း၊ ချောင်ချနမ်းမ် “
ဤမျှသမိုင်းလှန်နေရခြင်းမှာ မြန်မာတို့၏ ဖေ့စ်ဘုတ်လောကဝယ် ထိုင်းလူမျိုးတို့က သင်္ကြန်ကိုခိုးသွားသည်ဟူသော ယိုးစွတ်မှုတချို့ကို တွေ့နေရ၍ဖြစ်ပါသည်။ မလုပ်သင့် မပြောသင့်ပါချေ၊ လမင်းပြက္ခဒိန်အားဖြင့် နှစ်သစ်( မိန်ရာသီမှ မိဿရာသီခွင်)ကူးပြောင်းကြရာတွင် တိုင်းပြည်/လူမျိုးအသီးသီးတို့သည် ဆိုင်ရာဘာသာစကား အသီးသီးဖြင့် ကိုယ့်ဒေသ၏ နက္ခတ်အရ ရက်သတ်မှတ်လျှက် နှစ်ကူးကိုအမည်ပေးဖွင့်ဆိုကြ၏။ မြန်မာက သင်္ကြန် ၊ ထိုင်းတွင် ဆောင်းခရန် (Songkran) Thai: เทศกาลสงกรานต์ ၊ လာအိုတွင် ပီမိုင်း (Pimai)၊ ကမ္ဘောဒီးယားတွင် ချောင်ချနမ်းမ် (Chaul Chnam Thmey) (Khmer: ចូលឆ្នាំថ្មី, ) တို့ဖြစ်၏။ (Sun’s entry into Aries) ဧပြီလ၏ အလယ်ပိုင်း(၂၀၂၄တွင် ဧပြီ၁၃ရက်) သည် ထိုင်းတို့၏ နှစ်သစ်ကူးရက်ဖြစ်သည်။ အိန္ဒိယပြည်ဒေသအများစု၏ နှစ်သစ်ကူးရက် Ugadi သည် (၂၀၂၄တွင် ဧပြီ၉ရက်)ဖြစ်၏။
အဆိုပါလမင်းပြက္ခဒိန်နှင့် နေပြက္ခဒိန် တိုက်ဆိုင်၍ မြန်မာအတာသင်္ကြန်ရက်မည်သို့တွက် ချက်ကြသည်ကို မနှစ်ကအယ်ဒီတာ့သင်ပုန်းတွင် အကျယ်ရေးပြီးပါပြီ။ သမိုင်းကျောက်စာအထောက်အထားအရ ဆောင်းခရန်သည် အေဒီ ၉ရာစုဝန်းကျင်တွင် ကျောက်ထက်အက္ခရာတင်ခံရဖူးသဖြင့် မြန်မာတို့၏ မြန်မာသက္ကရာဇ် ၆၅၃(အေဒီ၁၂၉၁)ခုထိုး စောလှဝန်းဂူဘုရားဝင်းအတွင်း သ္ခိင်ရာဇသူနှင့်အမိဘွားစော ကျောက်စာထက်များစွာစောသေး၏။
ပစ်တင် ရှင်းပြနေကြမည့်အစား မိမိတို့သင်္ကြန်ကိုသာ ကမ္ဘာသိအောင်အားထုတ်သင့်လှသည်။

“ထိုင်း (သို့) ဖိအားလွှဲပြောင်းကျွမ်းသူများ”
ထိုင်းလူမျိုးတို့သည် အရှေ့တောင်အာရှတွင် ငြိမ်းချမ်းသူများဖြစ်သည့်အပြင် လာဘ်မြင်၍သံတမန်ရေးကျွမ်းသူများဟုဆိုချင်သည်။ မဝေးလှသေးသော သမိုင်းပြန်ကြည့်ပါ။ ထိုင်းနိုင်ငံသည် တကမ္ဘာလုံးနေမဝင်အင်ပါယာအမည်ပေါက်အောင် ကိုလိုနီလိုက်ပြုနိုင်ခဲ့သော အင်္ဂလိပ်လက်အောက်လည်းမရောက် အရှေ့ဖက်ကပ်ရက် ဗီယက်နမ်ကိုသိမ်းထားသော ပြင်သစ်ဆီသို့လည်း နိုင်ငံမကျ၊ ကြားချ၍ ကျွန်ဘဝရောက်ခြင်းလွတ်ခဲ့သော တိုင်းပြည်တည်း။ ဖက်ဆစ်ဂျပန် ဝင်လာချိန်တွင်လည်း ၅နာရီသာခုခံအချပြ၍ အရှုံးပေးကာ စစ်တပ်ကို မြန်မာပြည်ဖက်လွှဲပြောင်းစေနိုင်လိုက်ပြီး ကြားနေရပ်လိုက်သည့် တိုင်းပြည်ပါ။
ထိုင်းလူမျိုးတို့သည် ဆောင်းခရန်ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်းကာ ရှေးဟောင်းမူပိုင်ပြုနိုင်ခဲ့ကြ ပြီ။ ယခု ၂၀၂၄ ဆောင်းခရန်သည် ယူနက်စကိုအသိအမှတ်ပြုခြင်းရသည့် ပထမနှစ်ဖြစ်နေသည့်အပြင် မြန်မာ့ပြည်တွင်းပဋိပက္ခများကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတို့ နိုင်ငံရေးဆွဲစားခြင်းခံရချိန် နှင့်တိုက်ဆိုင်နေသဖြင့် အခက်ကိုအချက်နင်းကာ နှစ်ကူးရက်မှ ကြီးမားသော အကျိုးအမြတ်ကို ဆွဲယူလိုက်နိုင်ကြလေသည်။
သတင်းထုတ်ပြန်ချက်များအရ ယခု ၂၀၂၄တွင် ဆောင်းခရန်ပွဲ အား ဧပြီ၁- ၂၁ အထိ ဆွဲဆန့်ကျင်းပလိုက်ခြင်းဖြင့် လာရောက်လည်ပါတ်သူ ၁.၉၂သန်းဖြင့် ဝင်ငွေ ၃.၇၈ဘီလီယန်ဒေါ်လာရှာလိုက်နိုင်ပါသည်တဲ့။
သင်္ကြန်တွင် ရေပက်ကစားခြင်းသည် မြန်မာတို့ များစွာအားစိုက်လုပ်ခဲ့သည့် နှစ်သစ်ကူးပွဲဖြစ်နိုင်ကောင်း၏။ သို့သော် သွားခဲ့လေပြီ။
မုဒိသာပွားကာ နောက်နောင် သင်္ကြန်ရက်များကို မည်သို့မည်ပုံ အကျိုးရှိအောင်သုံးကြမည်ကိုသာ အာရုံစိုက်လုပ်ကြရမည်။ ထိုင်း၏ ချိုင်းနား/အမေရိကားကြားတွင် ကစားပုံကို ဆရာတင် အတုခိုးကြရမည်။ ထိုင်းသည် ပါးနပ်သော အိမ်နီးချင်းပါပေ။

“သင်္ကြန်အားဖြင့်”
မြန်မာတို့၏သင်္ကြန်တွင် ရက်ပ်ဂီတနှင့်အလွန်နီးစပ်သည့် သံချပ်သည်၄င်း။ လူငယ်/လူရွယ် မိန်းမပျိုများ၏ သင်္ကြန်ယိမ်းသည်၄င်း။ အပြိုင်ဖန်တီးကြရသည့် သင်္ကြန်အလှပြယာဥ်များသည်၄င်း သင်္ကြန်ရိုးရာမုန့်မျိုးစုံနှင့် အိုးမည်းသုတ်မှသည် အတာအိုးထိုးသည်အထိ များစွာသော ရိုးရာများကျန်ပါသေးသည်။
ဤသူ၏မျိုးဆက် Gen X တို့သည် ရှေ့မှီနောက်မှီဖြစ်လိုက်ပါသေးသည်။ ငယ်စဉ်သင်္ကြန်တွင်းက ရန်ကုန်ရပ်ကွက်များ၏မဏ္ဍပ်များ၌ ယိမ်းအကများ ၊ သံချပ်တိုက်သည်များ၊ မြို့တော်ခန်းမသို့ သွားပြိုင်ကြသည့် အလှပြယာဥ်များကို မှီလိုက်ဖူးသည်။ သင်္ကြန်မိုးသည် ထိုခေတ်ဇတ်လမ်းဖြစ်ပါ၏။ ၁၉၈၈ အာဏာသိမ်းစစ်အစိုးရသည် သင်္ကြန်၏ သံချပ်အားဖြင့် ခနဲ့ဟာသကို မခံနိုင်မူ၍ သံချပ်တိုက်လူငယ်တို့ကို ဖမ်းဆီးထောင်ချခြင်းဖြင့် ရိုးရာယဉ်ကျေးမှုကို စတင်ဖျက်ဆီးခဲ့သည်။
သူရူး၊သဘင်သည်၊ ကလေး တို့၏စကားသည် နိမိတ်ဖြစ်သည့် တဘောင်ပါ။ မြန်မာ့အစဉ်အလာတွင် ဘုရင်တို့သည်ပင် ထိုကလေး သဘင်သည် သူရူးတို့အားခွင့်လွှတ်၍ နိမိတ်ကောက်ကာ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း ဖြင့် လက်ရှိတိုင်းပြည်/လူထု၏ အခြေအနေကိုစောကြော၍ အုပ်ချုပ်မင်းလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်သည် ထိုသို့မတွေး၊ ကောင်းသောဓလေ့ကိုဖျက်စီးပြစ်ကာ လူငယ်တို့၏ အနာဂတ်ကိုပါသတ်လေသည်။
လူငယ်တို့စုစည်းရာ အားကစားစိတ်ဓာတ် စုပေါင်းလုပ်ဆောင်မှုအခြေခံရရာ ယိမ်းအကများ ကိုလည်း ဖျက်ဆီး ပိတ်ပစ်ခဲ့၏။ လူငယ်များမှ အိမ်တကာ/ဆိုင်တကာလှည့်ရန်ပုံငွေကောက်၊ လကြိုအကတိုက် ၊ သံချပ်စာသားစကားများတီထွင် စသည့်အလွန်ကောင်းမွန်သော နိုင်ငံရေးမူလစနစ်တခုကိုဖျက်သိမ်းခဲ့ခြင်းပါ။
လူငယ်ဘာဝ အတွေ့အကြုံများကို မကျွံစေမူရန် ငွေကြေးလှူဒါန်းပေးသည့် ရပ်ရွာမြို့နယ်လူကြီးသူမများ ဆယ်အိမ်ခေါင်း ကာလသားခေါင်းများဖြင့် ထိမ်းညှိခြင်းလည်းရှိသလို အလှပြယာဥ် ထွက်ကြရတွင် ထီထွင်ဆန်းသစ်မှုများ ပြုကြ ပြိုင်ပွဲဝင်ကြရပေရာ ကြီးမားသော ငွေကြေးလှည့်လည်မှုကြီးပါပေ။ လူငယ်များအနေဖြင့် တနှစ်တခါတပွဲအတွက် လချီကြိုတင်ပြင်ဆင်ကြရသော ဘဝတက္ကသိုလ် လေ့ကျင့်ကွင်းပါပေ။
သင်္ကြန်အားဖြင့် ရန်ပုံငွေရှာနိုင်သည်။ လေ့ကျင့်မှုရသည်။ ပျော်ရွှင်စည်းလုံးမှုရသည်။

အမေရိကား၏ ကမ္ဘာကျော် Rose Paradeတွင် နှစ်ကူးတိုင်းဤ အလှပြယာဉ်များ တန်းစီထွက်လေ့ရှိပါသည်။ ၁၈၉၀မှ စခဲ့သည်ဆို၏။ မြန်မာတို့တွင် မန္တလေး၏ မြို့မမှသည် အထူးအနုပညာထည့် အလှပြယာဉ်လုပ်ခဲ့ဖူးကြသည်။ ၁၉၂၅ခန့်မှ စသည်မှတ်သားဖူးသည်။ ထိုထို သင်္ကြန်အငွေ့အသက်များနှင့် သင်္ကြန်စနစ်ကို နိုင်ငံသစ်တွင် ပြန်လုပ်နိုင်ရန်ကြိုးစားကြရမည်။ သင်္ကြန်အားဖြင့် ဒေါ်လာငွေ သန်းထောင်ချီရှာနိုင်ပါသည်။

“တန်ခူး-ဧပြီ သည် သင်္ကန္တ “
ဧပြီလတွင် ကမ္ဘာတန်းအဆင့်ကြီးမားသော စစ်ကြီးများရှိနေသလို အီရန်-အစ္စရေးစစ်ကြီး ပေါက်ကွဲလုလုဖြစ်ခဲ့သည်။ အာရှ၏အရေးကြီးသော ရွေးကောက်ပွဲကြီးများမှာရုပ်လုံး ပေါ်ခဲ့ ပြီဖြစ်ပါသည်။ ထိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ စသည်တို့သည် မူလ ပေါ်လစီအတိုင်းမှ ထူး၍ ပြောင်းဟန်မပြပေ။
သို့ဖြစ်ရာ ချိုင်းနားသည် မြန်မာ့အရေးကို အာရုံအထူးစိုက်လာရမည့်သဘောရှိသည်။
အာရုံလည်းစိုက်လာပါသည်။ ၁၀၂၇ ဖြင့် မြောက်ပိုင်းညီနောင် ၃ဖွဲ့ တွန်းတင်ကာ ပရောစီစစ်ဆင်နွဲပြီး သူ၏ပင်လယ်ထွက်ပေါက် CMEC ကော်ရစ်ဒါကို လုံခြုံမှုရလိုက်သော ချိုင်းနားသည် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် 诈骗 (Zhàpiàn)အကြောင်းပြကာ တောင်ဖက်သို့ ရွေ့ယူလာပေပြီ။ တောင်ဖက်ရှိ ဗိုလ်မှုးကြီးစောချစ်သူ၏ ရွှေကုက္ကိုသည် ကျားဖြန့်၏ ဘူမိနက်သန် နေရာတခုဖြစ်သည်။ ဤသည်ကို ချိုင်းနားမှ နင်း၍ မြဝတီဖက်ကို ဖွလိုက်သည့် ဗျူဟာမြင်ကြရသည်။ သမိုင်းအရမှု ကရင်လူမျိုးစုတို့သည် အနောက်ယိမ်းများဖြစ်သည်။ ထိုးခွဲဝင်လာသော ချိုင်းနား၏ကစားကွက်ကို အမေရိကားမှ မည်သို့ တုံ့ပြန်မည်နည်း။ ထိုင်းနိုင်ငံမှာ အမေရိကား၏ မိတ်ဖက်ဖြစ်သော်လည်း ဆိုခဲ့ပြီးသည့်အတိုင်း လှည့်ကစားခြင်းကျွမ်းသောထိုင်းနိုင်ငံရေးသမားတို့ မည်သို့ရွေ့မည်နည်း။
သမိုင်းအရ လွတ်လပ်ရေးရပြီးသည့်ကာလ မြန်မာ့လက်နက်ကိုင်တပ်မတော်၏ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း – ကရင်လူမျိုးဖြစ်၍ သစ္စာလည်းရှိ ဘက်ပြောင်းလဲမကစားပေ။ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာတို့သည်သာ တွက်ကိန်းမှားဖူး နိုင်ရာဘက်ပြောင်းဖူးသည်။ ယခု ကရင့်နယ်တွင် ကရင်စစ်အုပ်စုကြီးတို့ ဗျူဟာခင်းကျင်းနေကြပုံပေါ်သည်။ မြဝတီသည် ထိုင်းနိုင်ငံအတွက် အမျိုးသားအကျိုးစီးပွားနယ်ဖြစ်၍ ရွှေကုက္ကိုသည် ချိုင်းနားတင်မက အမေရိကားနှင့်လည်း မဟာဗျုဟာကျလာသည့်နယ်ပါ။
အမေရိကား၏ အမျိုးသားအကျိုးစီးပွားဖက် တို့ထိနေပြီဟု ဆိုချင်သည်။ ကိုးကန့်၊ဝ ဒေသများကဲ့သို့ ချိုင်းနား၏ ကပ်လျှက်မြေမဟုတ်သည့်အပြင် ထိုင်းအကျိုးစီးပွားလည်းပါ၊ အွန်လိုင်းလိမ်လည်မှုများ/ကျားဖြန့်၏ အဓိကရည်ရွယ်ပစ်မှတ်မှာ အမေရိကပြည်တွင်းဖြစ်၍ပါ။ နောက်တနည်းအားဖြင့် စွမ်းအားမြင့်ဘိန်းမူယစ်ဆေးများထုတ်ရာတွင်လည်း အဆိုပါဒေသများသည် ထုတ်လုပ်မှု အများဆုံးနယ်မြေများဖြစ်၍ လက်နက်အရောင်းအဝယ်လည်း အထူးကြမ်းသဖြင့် အမေရိကပြည်တွင်းလုံခြုံရေးအား တိုက်ရိုက်သက်ဆိုင်နေခြင်းပါ။

မြဝတီမြို့သိမ်း မစမှီကပင် လွတ်မြောက်နယ်မြေဖြစ်သော ကရင်နယ်များ၌ ခိုလှုံနေသူ လူရင်းအချို့ အား အမေရိကားမှ ဆွဲထုတ်ထားပြီး ကြိုရှင်းလင်းထားသည်ကို သတိထားမိသည်။ မြန်မာတို့ နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်ဖြင့် မည်သို့ဆက်သွားမည်ကို ဆွေးနွေးငြင်းခုန် ဘရိန်းစရုမ်းလုပ်သင့်သည်။ ကြိုးစားကြပါလျှင် အရေးကြီးသော အလှည့်အပြောင်းအချိန်နီးပြီ ရောက်ပြီဟု ထင်ပါသည်။
ဓားခုတ်ရာလက်လျှိုမည်လော၊ နောက်မှတွန်း၍ နပ်ကြောင်းပေးလိုက်မည်လော၊ အလိုက်သင့်ဝင်မျောပါခြင်းဖြင့် အောင်နိုင်ခြင်းကပန်းကို ဆွတ်ခူး ယူမည်လောမှာ လက်ရှိမြန်မာနိုင်ငံရေးသမားတို့၏ အနုပညာဟူ၍သာ။