Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်း ဒိုင်ယာရီ Feb/Mar 2025

မြန်မာပြည် သတင်းဒိုင်ယာရီ


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Mar 22 ။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် သန်း ၂,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုအဖွဲ့(CCDAC)က သတင်းထုတ်ပါတယ်၊ ဒါ့အပြင် ရန်ကုန်တိုင်းထဲမှာ ငွေကျပ်သန်း ၉၆,၀၀၀ ကျော်ဖိုး အိုက်စ်နဲ့ ကက်တမင်းတွေ ဖမ်းဆီးရမိပြီး ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာလည်း ငွေကျပ်သန်းပေါင်း ၃,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရခဲ့ပါတယ်။

ကျန်းမာရေးအကြောင်းပြချက်နဲ့ အနားယူခွင့်ပြုထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေကို နှစ်ပတ်တခါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း  ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးက BBC ကို ပြောပါတယ်။ ယာယီသမ္မတတာဝန်တွေကို ဆက်ပြီးမထမ်းဆောင်နိုင်တော့ဘူးလို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Mar 21 ။ နွေရာသီကာလရှည် ကျောင်းပိတ်ရက်တွေ ရောက်တော့မှာဖြစ်လို့ အလည်အပတ် ခရီးစဉ်တွေ ရှိနေချိန်မှာ လူသုံးများတဲ့ အမြန်လမ်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး တပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ပြည်တွင်း ခရီးသွားတွေ အနေနဲ့ အမြန်လမ်း အသုံးပြုရာမှာ လုံခြုံရေး သတိရှိကြဖို့ တော်လှန်ရေး အဖွဲ့တွေက တိုက်တွန်းပါတယ်။

Mar 20 ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံးကို လျှောက်လဲချက် တင်သွင်းပါတယ်။ လေလံကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၇၅ သန်း လျှော့ချဖို့ တရားလို ဒေါ်စုရဲ့အစ်ကို ကမာရွတ်ခရိုင်တရားရုံးမှာ အဆိုတင်သွင်းထားတာပါ။

Mar 19 ။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အမှတ် ၄၂၂ တပ်ရင်းထဲကို ဆုတ်ခွာသွားပြီးနောက် မီးလောင်ဗုံးတွေနဲ့ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်းစစ်ဆေးနေမှုမှာ ဖြေဆိုခွင့်လျှောက်ထားသူ ၃,၂၆၄ ယောက် ရှိတဲ့ထဲ  ဖြေဆိုဖို့ ပျက်ကွက်သူ ၁,၇၀၀ အထိ ရှိခဲ့တာကြောင့် ကျောင်းသားတဝက်ကျော်ထိ စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Mar 18 ။ ရန်ကုန်တိုင်းထဲမှာ ငွေကျပ် သန်းပေါင်း ၁ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိပြီး အာရက္ခတပ်တော်(AA)နဲ့ ပတ်သက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC)က သတင်းထုတ်ပြန်လိုက်ပါတယ်။


စစ်ကောင်စီလက်အောက်မှာ စစ်ဆေးနေတဲ့ ၂၀၂၅ ခု ၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူပေါင်း ၂ သိန်းကျော် လာဖြေပြီး  ဒါဟာ မနှစ်ကထက် ၈၀,၀၀၀ ဝန်းကျင်ပိုများလာတာဖြစ်ကြောင်း သိရပါတယ်။

Mar 17 ။ ဒီကနေ့ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးကွက်မှာ မတ်ပဲ ၁ တန်ကို ၃၀၁၇,၀၀၀ ကျပ်၊ ပဲစင်းငုံ ၁တန်ကို ၂၉၆၀,၀၀၀ ကျပ် ဈေးဖွင့်ထားပြီး ပိတ်ရက် ၅ ရက်အတွင်း မတ်ပဲက ၁တန်ကို ၂၅,၀၀၀ ကျပ် ၊ ပဲစင်းငုံက ၁တန်ကို ၄၁,၀၀၀ ကျပ် ဈေးပြန်ကျလာပါတယ်။

မြန်မာပြည်ရဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေ နွေရာသီမှာ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်လို့ စကစ ပညာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ဧပြီမှာ ၁၅ ရက်၊ မေလမှာ ၅ ရက် စုစုပေါင်း ရက် ၂၀ ကျောင်းတက်ကြရမှာပါ။

Mar 16 ။ မကွေးတိုင်း၊ ချောက်မြို့က အပူချိန်က ၄၄ ဒီဂရီဆဲလ်စီးယပ်အထိရောက်ပြီး ကမ္ဘာမှာ ဒီနေ့အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲ ဒုတိယအပူဆုံးမြို့ ဖြစ်ခဲ့ကြောင်း အယ်ဒိုရာဒို ရာသီဥတု အင်တာနက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက အစီး ၂၀၀ ကျော်ကို  ပြန်လွှတ်ပေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့   ပတ်သက်တဲ့ ကုန်တင်ယာဉ် အစီး ၁၀၀ နီးပါသာ ကျန်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Mar 15 ။ မြန်မာပြည်က လူပေါင်း ၁ သန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာအကူအညီတွေ ဧပြီလက စတင် ပြတ်တောက်ဖို့ ရှိကြောင်း WFP ကမ္ဘာ့စားနပ်ရက္ခာအစီအစဉ်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပြီး ဒီဖြတ်တောက်မှုတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအပါအ၀င်
စားနပ်ရိက္ခာလက်လှမ်းမမီနိုင်တဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းက ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ သိန်းနီးပါးကို ထိခိုက်စေမှာပါ။

နိုင်ငံပေါင်း ဒါဇင်နဲ့ချီ  US ထဲ လာရောက်ခွင့် ကန့်သတ်ပိတ်ပင် စာရင်းမှာ ဒေါ်နယ်ထရမ့်အစိုးရက ထည့်သွင်းဖို့ စီစဉ်ရာမှာ မြန်မာပြည်လည်း  ပါဝင်နေခဲ့ပါတယ်။

Mar 14 ။ စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပပြုလုပ်ဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်စတင်တည်ဆောက်နေပါတယ်။ ရန်ကုန်မှာ သင်္ကြန်ကို စစ်ကောင်စီက ပြည်သူ့ရင်ပြင်နဲ့ မြို့တော်ခန်းမရှေ့တို့မှာသာ အဓိကကျင်းပလေ့ရှိပြီး စစ်အာဏာ မသိမ်းခင်က စည်ကားခဲ့တဲ့ နေရာတွေမှာတော့ ကျင်းပနိုင်တာမျိုး မရှိသေးပါဘူး။

နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ် အဲရစ်(ခ)ကိုထိန်လင်း ရောက်ရှိလာပြီး  သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

Mar 13 ။ ရန်ကုန်အပါအဝင် မြန်မာပြည်တဝန်းမြို့ကြီးတချို့မှာ အပူချိန်တွေ တိုးလာနေပြီး တနှစ်ထက်တနှစ် ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ အပူချိန်မြင့်တက်လာတာတွေရှိနေသလို အပူလှိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက်လိုထွက်ပေါ်ခဲ့ပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ မြင့်တက်နေချိန်မှာပဲ ရခိုင်ပြည်နယ်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ တနင်္သာရီ ထားဝယ်အထူးစီးပွားရေးဇုန်  စီမံကိန်း ၂ ခုကို စစ်ကောင်စီက တပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

Mar 12 ။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ ဖြစ်ကြောင်း WFP က ပြောပါတယ်။

ရန်ကုန်မြို့မှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသူတဦးအတွက် မီးသင်္ဂြိုဟ်ခ၊ အလောင်းတင် ကတ်ခနဲ့ နာရေးခန်းမ ဈေးနှုန်းတွေဟာ ပုံမှန်ရှိခဲ့တဲ့နှုန်းထက်  ၂၀၂၅ နှစ်စပိုင်းကစပြီး ၃ ဆလောက် မြင့်တက်သွားကြောင်း နာရေးကူညီမှု ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Mar 11 ။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲက ချိုင်းနားစီမံကိန်းတွေတည်ရှိတဲ့ ကျောက်ဖြူမြို့ကို ချိုင်းနားဘက်က ပို့လွှတ်တဲ့ လုံခြုံ‌ရေးဝန်ထမ်းတွေ ရောက်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့  ရုရှားနိုင်ငံခရီးစဥ်အပြီးနောက်တရက်မှာ ချိုင်းနား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ရောက်လာခဲ့ပြီး   မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဈေးကွက်ပျက်တဲ့ထိ ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်ထီးဈေးကွက် ပြန်အရောင်းအဝယ်သွက်နေပြီး  ပြည်ပဈေးကွက်ကပါ  ဝယ်ယူလာကြောင်း ပုသိမ်ထီး လုပ်ငန်းရှင်တွေက ပြောပါတယ်။

Mar 10 ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တင်းမာမှုတွေကို ညှိနှိုင်းဖြေရှင်းမယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ရေရှည်အာမ မခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခုလို စစ်ကောင်စီနဲ့ ချုပ်တဲ့ စာချုပ်တွေဟာ အကျိုးမရှိကြောင်း ရုရှားအစိုးရကို စာရေးသားပေးပို့ထားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Mar 09 ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုဟာ ဇန်နဝါရီလက စ သိသာစွာ ပြန်ကျဆင်းလာပြီး အခုဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်ကို အများဆုံး ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ချိုင်းနား၊ ဘယ်ဂျီယံနိုင်ငံတို့ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား(Oversea Worker Identification Card – OWIC)ထုတ်ပေးတာကို  ရုတ်တရက် ရပ်ဆိုင်းခဲ့တာကြောင့်  မြန်မာပြည်ကနေ ပြည်ပကို အလုပ်နဲ့ထွက်ဖို့ ပြင်ဆင်နေကြတဲ့ အလုပ်သမား သောင်းနဲ့ချီ ပြည်တွင်းက ထွက်ခွာမရ ဖြစ်နေခဲ့ပါတယ်။

Mar 08 ။ မြန်မာပြည်မှာ လိင်အခြေပြု ခွဲခြားဆက်ခံတာတွေ၊ ဖယ်ချန်တာတွေ ကြုံတွေ့နေဆဲဖြစ်သလို လိင်ပိုင်းဆိုင်ရာအပါအဝင် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို ထင်သာမြင်သာ တွေ့နေရကြောင်း ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့အစည်း ၂၅ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ‌ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီမှာ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။ '' ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ရင် ကဏ္ဍကောစ လုပ်မနေဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်''လို့လည်း ပြောခဲ့ပါတယ်။

Mar 07 ။ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်မှာ လိုက်ပါသွားတဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ ရုရုားရဲ့ စွမ်းအင် ဒုဝန်ကြီး အပါအဝင် ရုရှားနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ နိုင်ငံတကာ ဆက်ဆံ‌ရေး အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး ထားဝယ် ရေနက်ဆိပ်ကမ်းအနီး သဘာဝဓာတ်ငွေ့ရည် LNG တွေ
လက်ခံသိုလှောင်ဖြန့်ဖြူးနိုင်တဲ့ Terminal တခု တည်ဆောက်နိုင်ဖို့၊ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့ တူးဖော်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာရှင်နိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ကို ရောက်ရှိခဲ့ပြီး ဘယ်လာရုစ် - မြန်မာ   စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။

Mar 06 ။ ထားဝယ် အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်ဖို့ ရုရှားနဲ့ သဘောတူနိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပြီး ဒီစီမံကိန်းဟာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ အရေးပါတဲ့စီမံကိန်းတခုဖြစ်လာမယ် ဆိုပါတယ်။

ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်ကို မြောက်ကိုရီးယားလို ဖြစ်အောင် ဦးတည်နေတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

Mar 05 ။ မတ်လ ပထမအပတ်ထဲမှာပဲ ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တို့မှာ ငလျင် ၈ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပါတယ်။ ငလျင် ခပ်စိပ်စိပ်လှုပ်ခတ်လာတဲ့နောက် ပြည်သူတွေ စိုးရိမ်မှုမြင့်တက်ပြီး မြန်မာပြည်ရဲ့ ပထဝီမြေပြင်အနေအထားအရ ငလျင်ဖြစ်ပေါ်စေတဲ့ ပြတ်ရွေ့ကြီးတွေအပြင် ပြတ်ရွေ့ငယ်တွေလည်း အများအပြားရှိပါတယ်။

ပြီးခဲ့တဲ့လတွေက ဒေသတွင်းတိုက်ပွဲတွေကြောင့် လာရောက်လည်ပတ်တဲ့သူ မရှိသလောက် နည်းပါးခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကို  အခုရက်ပိုင်း လည်ပတ်အပန်းဖြေတဲ့ ခရီးသွားဧည့်သည်တွေ ပြန်ရှိလာခဲ့ကြောင်း သိရပါတယ်။

Mar 04 ။ မကြာခင်က ပြန်ဖွင့်ခဲ့တဲ့ နဝဒေးရုပ်ရှင်ရုံမှာ အတွဲတွေ သီးသန့်အိပ်ပြီး ရုပ်ရှင်ကြည့်နိုင်တဲ့ အခန်းတခန်းကို ကျပ် ၅၀,၀၀၀ နဲ့ ရောင်းချနေကြောင်း လက်မှတ်ရောင်းသူတွေက ပြောပါတယ်။

ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့  မော်စကိုမြို့၊ ကရင်မလင်နန်းတော်မှာတွေ့ဆုံခဲ့ပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ မြန်မာပြည်မှာ ဆောက်လုပ်ဖို့ အပါအဝင် နှစ်နိုင်ငံသဘောတူညီစာချုပ်တွေ  လက်မှတ်ရေးထိုး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Mar 03 ။ ရိုဟင်ဂျာအရေး ဖြေရှင်းမူမှာ ရေရှည်တည်တံ့တဲ့ အဖြေရရှိရေး ပြဿနာရဲ့ ဇာစ်မြစ်ဖြစ်တဲ့ စစ်တပ်နဲ့စစ်အာဏာရှင်စနစ်ကို ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ တလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ပွဲလက်ကျန် ဗုံးတွေကြောင့် ထိခိုက်သေဆုံးခဲ့တဲ့   ဒေသခံပြည်သူ အယောက် ၃၀ ရှိကြောင်း DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Mar 02 ။ မြန်မာဟာ အာဖဂန်နစ္စတန်နဲ့ နီပေါ ပြီးရင် အာရှမှာ တတိယအဆင်းရဲဆုံးနိုင်ငံဖြစ်လာကြောင်း ကမ္ဘာ့လူဦးရေတိုးပွားမှု၊ တိုးတက်မှုအချက်အလက်တွေထုတ်ပြန်ပေးနေတဲ့ World Population Review အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင်လုပ်ပြီး နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ စားအုန်းဆီ၊ ချည်နဲ့ ချည်ထွက်ပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းမှုကို   လျှော့ချသွားမယ်လို့ စကစခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ တောင်သူလယ်သမားနေ့ သဝဏ်လွှာမှာ ထည့်ပြောခဲ့ပါတယ်။

Mar 01 ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တပ်သားသစ် အဓမ္မစုဆောင်းနေတာကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးပြီး ထုတ်လုပ်မှုတွေ ကျဆင်းလာတဲ့အတွက် မြန်မာပြည်စီးပွားရေးက ကပ်ဆိုက်လာပြီလို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးပုံမှန်မရ၊ အားသွင်းဖို့အခက်ခဲတွေ ရှိလာတာကြောင့် EV ကားပိုင်ရှင်တွေဟာ မူးရင်းဝယ်ဈေးထက် သိန်းရာချီအရှုံးခံ   ပြန်လည်ရောင်းချနေကြတယ်လို့ ကားပွဲစားတွေထံက သိရပါတယ်။

Feb 28 ။ မြန်မာစစ်တပ်က ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ၊ ပိုမိုပြုလုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ DVB သတင်းက ဆိုပါတယ်။