ရှမ်းဓါးကျစ်နည်း

Yin Nyine NwaySeptember 10, 20101min2220

ကြိုးကျစ်ခုံ သျှမ်းဓါးလွယ်ကြိုးများမှာ သျှမ်းတိုင်းရင်းသား ပညာရှင် တစ်ဦး၏ တီထွင်ဖန်တီးခဲ့သေား ကြိုးကျစ်ခုံ အရွယ် အမျိုးမျိုးမျ ပြုလုပ်ကျစ်ရစ်ကြပါသည်။ ကြိုးကျစ်ခုံကလေးသည် အောက်ခံပျဉ်ခုံနှင့် တိုင်သုံးချောင်း သို့မဟုတ် လေးချောင်း၊ အမြင့် တစ်ပေစိုက်ပြီး ၂၄ လက်မပတ်လည်ရှိ ပျဉ်ပြားဝိုင်းအထူ ၁ လက်မ၏ အလယ်ဗဟိုတွင် အပေါက်ငယ် ၂ပိုင်း ၁ပိုင်းလက်မ ထွင်းပြီး၊ သို့တည်းမဟုတ် လိုအပ်သော ကြိုး၏ အရွယ်အစားအလိုက် အပေါက်ဝတွင် ၂ ပိုင်း ၁ ပိုင်းလက်မမှ ၃ ပိုင်း ၄ပိုင်း လက်မအထိရှိသည်။ ထိုအပေါက်ငယ်မှ ကြေး သို့မဟုတ် ငွေပြွန်ငယ် အမြင့် ၃ လက်မဖြင့် မြဲအောက်စိုက်ထူထားသည်။ ထိုပြွှန်ငယ်ပေါက်မှ လိုအပ်သော ချည်ခင်အဖြူကို ကောက်ညင်းဖြင့် ပြုလုပ်ထားသော အနက်ရောင် အနီရောင် ဆိုးထားသာ ကော်ရည်ဖြင့် ဖွတ်၍တောင့်နေအောင် နေပူလှန်းခဲ့ပြီးသော ချည်စုကို ကျစ်ခုံအောက်မှ အထက်သို့ ပြွန်ငယ်အတွင်းမှ ထိုးထည့်ရပါသည်။ သျှမ်းအခေါ် ကျင်ဆယ် အလယ်ဆံစု ဟုဆိုသည်။ ကြိုးကျစ်ရန် ကျစ်လိုသော အရွယ်အစား အမျိုးအမည် အဆင့်အတန်းကိုလိုက်၍ ပိုးကြိုးလိုလျှင့် ပိုချည်ဖြင့်၎င်း၊ သိုးမွေးကြိုးလိုလျှင် သိုးမွေးချည်ဖြင့်၄င်၊ ချည်လိုလျှင် ချည်ခင်ရိုးရိုးဖြင့်၎င်း လိုရာအရောင်ကို ရွေးချယ်၍ လိုရာအတိုင်းအထွာ၊ အတိုအရှည်နှင့် ချိန်သီးသို့ သီးခြားရစ်ပတ်ရပါသည်။ ချိန်သီးဆိုရာ၌ ကျစ်ခုံအရွယ်အစားကိုလိုက်၍ ကျစ်ခုံကြီးလျှင် ကြီးသလို၊ သေးလျှင်သေးသလို ချိန်သီး ၆လုံးမှ ၁၂လုံး ထိပါရှိသည်။ ထိုချိန်သီးများမှ ချည်မျှင်များကို အလယ်ဗဟိုမှ ပြွှန်ချောင်းငယ်ထိပ်ဖျား၌ ချည်ထားလျက် လက်နှစ်ဘက်ဖြင့် ချိန်သီး၂လုံးမှ ချည်ကို တစ်ကွက်ခြားပြီး တပြိုင်တည်းအစုံမ၍ တပင်ကျော်အသွားဖြင့် အချီအချပြုလုပ်ရသည်။ ထိုကဲသို့ အချီအချပြုလုပ်ရင်း ချည်မျှင်များတစ်ခုနှင့်တစ်ခု၊ တစ်ခုအပေါ်တစ်ခုထပ်တင်ကာ ရစ်ကာဖြင့် တဖြည်းဖြည်းနှင့် ပြွှန်ငယ်အောက်ခြေရင်းအနီးသို့ ကျစ်၍သွား၏။ သျှမ်းအခေါ် ပိုင်းနင်၊ ဟွတ်နင် ဟုတချီချဖြစ်၏။ တစ်ဦ၏မှ သုံးဦးအထိ လက်ဝင်လက်ဆက်ကျစ်နိုင်သည်။ သုံးဦးလက်ကျစ်ကြပါက တစ်ဦးချင်းထက် လျှင်မြန်ပြီးမြောက်နိုင်သည်။ တချီချသည်နှင့် ပြွန်ငယ်ထိပ်ဖျားမှ အလယ်ဆံနှင့်တကွ ချည်မျှင်စုကိုစုပေါင်းဆုတ်ကိုင်လျက် အထက်သို့တဖြည်းဖြည်းဆွဲတက်ရ၏။ တချီပြီးတစ်ချီ ဆွဲတက်တိုင်း အချီပေါင်းများစွားဖြင့် အလယ်ဆံရှည်သလောက် ကြိုးတချောင်းရရှိသည်။ ပူ-ဆယ် ကျစ်ခုံမှရရှိသော ကြိုးချောင်းမှာ ၎င်းတို့၏ တဖက်တချက် အစွန်းအဖျား၌ အဆုံးမသတ်သေးသဖြင့် ဓါးကြိုး၏အင်္ဂါ မစုံသေးဟု မှတ်ယူကြ၏။ ကြိုးတချောင်း၏ ထိပ်ဖျားတခုစီ၌ အသီအမြိတ် အထုံး အမြိတ်ထားကြရ၏။ ကြိုး၏ထိပ်ဖျား၌ အလယ်ဆံချည်ကို ၃လက်မအရှည်ထားပြီး ချည်မျှင်ဖြင့်ပတ်ချီပြီး ကွမ်းသီလုံးလောက ်ကြီးသည်အထိ ထားရသည်။ ထိုမှတဆင့် အရောင်ချင်းတူသည့် ကြိုးကျစ်သည့်ချည်မျှင်ဖြင့် အသီးတစ်လုံးလျှင် နှစ်ဖက်ခြမ်းသော လက်ယက်ကွန်ချာစိတ်ဖြင့် ပြန်၍ဖုံးအုပ်ရသည်။ ထိုကွန်ချာများမှာ တတောင်ရှည်သော အမြိတ်များထား၏။ အဖျားအသီးတစ်လုံးတွင် အထည်းကွန်ချာ ၂ခြမ်း နှင့် အပြင်ကွန်ချာ ၂ခြမ်း ပေါင်း ၄ခြမ်းဖြင့် ထပ်လျက်ထူ၏။ ကြည့်၍အဆင်ပြေမှသာ ဓါးကြိုးတစ်ချောင်းအင်္ဂ ါ နှင့်ပြည့်စုံသည်မည်၏။ ညနေပိုင်းလုပ်ငန်း သျှမ်းအမျိုးသမီးများသည် နေ့အခါ၌ အိုမင်းမစွမ်းဖြစ်သော ဘိုးဘွားမိဘများအား ချန်လပ်၍ တအိမ်သားလုံးနှင့်အတူ လယ်၊ ယာ၊ ဥယျာဉ်၊ ခြံ စသည့် လုပ်ငန်းခွင်ဝယ် နံနက်မိုးသောက်သည်မှ နေဝင်ရီတယော အချိန်ထိ တနေ့တာအချိန်ကို ကုန်လွန်စေသည်။ မိုးချုပ်၍ အိမ်သို့အပြန်လမ်းခုလပ်တွင် တွေ့ရာ စမ်းရေ၊ ချောင်းရေ၊ မြောင်းရေ တခုခုတွင် အပမ်းဖြေရင်း ရေမိုးချိုးပြီးမှ အိမ်သို့ပြန်တတ်ကြလေသည်။ အချို ့ အမျိုးသမီးများသည်လည် အိမ်သို့ပြန်ရောက်သည့် အခါမှ အေးဆေးစွာ ကိုယ်ရေသန့်ရှင်း စင်ကျယ်အောင် ပြင်ဆင်လေ့ရှိတတ်ကြသည်။ အိမ်သို့ပြန်ရောက်လျှင် ရောက်ခြင်း အိမ်မှုကိစ္စ အဝဝ ဆောက်ရွက်ခြင်းနှင့် မီးဖိုချောင်ကိစ္စ၊ ညစာအတွက်ထမင်း ဟင်းလျာများ ချက်ပြုတ်ပြုလုပ်ကြရပြန်သည်။ အိမ်တွင်ကျန်ရစ်ခဲသော ဖိုးဖွား၊ မိဘများအားလည်း ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်တို့ကို ပြုစု ကျွေးမွေးခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရည်စူး၍ ပန်းနံ့သာ ရေမွှေး၊ ရေချမ်း၊ ပန်းအိုး၊ သောက်တော် သုံးဆောင်တော်ရေများ ကပ်လှူပူဇော်ခြင်းအတွက် ပြင်ဆင်ကြရသေးသည်။ ကြိုးကျစ်ချိန် သျှမ်းအမျိုးသမီးများ၏ ညနေပိုင်းအတွက် အဓိက တာဝန်တစ်ခုမှာ ကြိုးကျစ်လုပ်ငန်းပင်ဖြစ်သည်။ သျှမ်းအမျိုးသမီးများသည် သျှမ်းအမျိုးသားများနှင့် ရင်ဘောင်တန်းလျက် နေ့အဖို့ အိမ်ကိုပင်မကပ်နိုင်အောင် အလုပ်ကြမ်းဖြင့် တစ်နေကုန် သွားရပါသည်။ ညနေပိုင်းအတွက် တဦးတည်းသော်လည်းကောင်း၊ ညီအစ်ကိုမောင်နှမတစ်စုဖြင့် လည်းကောင်း၊ အိမ်နီးနားခြင်း ရွာနားနီးခြင်း အသိမိတ်ဆွေဖြင့်လည်းကောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင်တွင် ဝိုင်းဝန်းကူညီမှု အလေ့အထ တစ်ခုအစဉ်အလာ ဖြစ်လာခဲ့ပါသည်။ ဓါးကြိုးကျစ်ခုံတွင် ဝိုင်းဖွဲ့၍လည်းကောင်း၊ ခုံဆန့်သလောက် ဝင်ရောက်ကူညီ ကြိုးကျစ်ကြပါသည်။ ရပ်နားသည့်အချိန်တွင် ထိုအဖွဲ့အား ညီမလေး – မောင်လေးသော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း ကွမ်း၊ ဆေးလိပ်၊ လက်ဘက်ရည်၊ ဂျင်းသုတ် များဖြင့် ဧည့်ခံကျွေးမွေးပါသည်။ တခါတရံ လူအိုဝိုင်းဖြစ်ပြီး၊ တခါတရံလည်း အပျိုလူပျိုပိုင်းဖြစ်ပါသည်။ တခါတရံ လူပျိုအပျို နှစ်ဦးထည်းဖြင့် စကားလက်ဆုံကျ၍ ညဉ့်နက်သည်အထိ ကြိုးခုံတွင် မခွာကြသည်ကို တွေ့ရပေမည်။ အချစ်အစ ကျစ်ခုံက အပျို လူပျိုချင်း ကြိုးကျစ်ရင်း အကိုင်အတွယ် အချီအချတွင် တဦးလက်ပေါ်တဦးထိမိ၊ ခိုက်မိသည်မှ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းညှိ ဆိုသလို ကျစ်ခုံမှ အစပျိုး၍ မေတ္တာ စေတနာပွားလျက် တဦးနှင့် တဦး ချစ်ခင်ရင်းနှီးလာခဲရပေသတည်း။