Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Interview with Warren Buffet

smytu1996September 16, 20101min2401

ရုပ်မြင်သံကြားလှိုင်း CNBC က ကမာ္ဘ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့၊ထောက်ပံ့ကြေးငွေပေါင်း သန်း(၃၁ဝ) လှူဒါန်းခဲ့တဲ့ Warren Buffet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။
Warren Buffet ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသော stockကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကstock ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။

(၁၄)နှစ်အရွယ်မှာ Warren Buffet ဟာ သတင်းစာပို့လို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ခြံတစ်ခြံဝယ်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။

Warren Buffet ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ အိမ်ခန်း၃ခန်းသာပါတဲ့ နေအိမ်မှာပဲ နေနေဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးခတ်မထားတဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ “ကိုယ်တကယ်လိုအပ်”တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။ သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။Warren Buffet ဟာ ကိုယ်တိုင်ကားမောင်းလေ့ရှိတယ်။ ဒရိုက်ဘာမထားသလိုကိုယ်ရံတော်လည်း သူ့မှာမရှိဘူး။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါ။

Warren Buffet ဟာ ကမာ္ဘ့အကြီးဆုံး ဂျက်လေယာဉ်ကုမ္ပဏီကို ပိုင်ဆိုင်သည့်တိုင်ဘယ်တော့မှ ကိုယ်ပိုင်ဂျက်လေယာဉ် မစီးသူဖြစ်တယ်။ စီးပွါးရေးနည်းလမ်းကျကျအရာရာပြီးစီးနိုင်ဖို့ သူအမြဲတွေးတောလေ့ရှိတယ်။သူ့ကုမ္ပဏီဖြစ်တဲ့ Berkshire Hathaway မှာ ကုမ္ပဏီပေါင်း (၆၃)ခုရှိတယ်။ သူဟာကုမ္ပဏီက စီမံခန့်ခွဲရေး အကြီးအကဲတွေကို (1)်နှစ်မှာစာတစ်စောင်ရေးပို့လေ့ရှိတယ်။ အဲဒီစာထဲမှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပါတယ်။သူဟာ ဘယ်တော့မှ လုပ်ငန်းလုပ်ရိုးလုပ်စဉ် အစည်းအဝေးတွေ မလုပ်သလို ဖုန်းဆက်သူလည်း မဟုတ်ဘူး။ သင့်တော်တဲ့လူအတွက် သင့်တော်တဲ့အလုပ်ကိုလုပ်စေတယ်။

စီမံခန့်ခွဲရေးအကြီးအကဲတွေကို သူစည်းကမ်းနှစ်ချက်ပဲထုတ်တယ်။ (၁) အစုရှင်ရဲ့ငွေတွေကို မဆုံးရှုံးစေနဲ့။(၂) နံပါတ်(၁)စည်းကမ်းချက်ကို မမေ့ပါနဲ့။ရည်မှန်းချက်ထားပြီး အဲဒီရည်မှန်းချက်အတိုင်း သေချာလုပ်ဆောင်ကြဖို့ မမေ့နဲ့လို့ဆိုပါတယ်။Warren Buffet ဟာ လက်ကိုင်ဖုန်းမကိုင်သလို သူ့အလုပ်စားပွဲမှာလည်း ကွန်ပျူတာမထားပါဘူး။
အထက်တန်းလွှာ လှုပ်ရှားပျော်ရွှင်ပွဲတွေမှာ သူမပါသလို သူ့အားလပ်ချိန်ကပေါက်ပေါက်(Popcorn)တချို့နဲ့ တီဗီကြည့်တာပဲဖြစ်တယ်။ မထုတ်ဖော်၊မကြွားဝါပါနဲ့။ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်အတိုင်းနေပြီး ကိုယ်လုပ်သမျှအရာပေါ် သာယာကြည်နူးပါ။

ဘီဂိတ်လ်က ကမာ္ဘပေါ် အချမ်းသာဆုံးလူဖြစ်တယ်။ လွန်ခဲ့တဲ့(၅)နှစ်မှာဘီဂိတ်လ်နဲ့ Warren Buffet တို့ ပထမဆုံးအကြိမ် ဆုံကြတယ်။ Warren Buffet ဟာသူနဲ့ အရာရာမတူသူလို့ ဘီဂိတ်လ်က ထင်ခဲ့တယ်။ ဒါကြောင့် အဲဒီတွေ့ဆုံပွဲကို အချိန်တစ်နာရီပဲ သတ်မှတ်ခဲ့တယ်။ နောက်ဆုံးမှာ (၁ဝ)နာရီကျော်ကြာသူတို့တွေ့ဆုံခဲ့ပြီး နောက်ဆုံးမှာ ဘီဂိတ်လ်ဟာ Buffet ကိုယုံကြည်ကိုးကွယ်သူဖြစ်လာခဲ့တယ်။

လူငယ်တွေကို Buffet ရဲ့ အကြံပေးချက်က း

အကြွေးဝယ်ကတ် (Credit card)နဲ့ ဝေးဝေးနေပါ။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး အောက်ကအချက်တွေကို မှတ်ထားပါ။

(၁) ချမ်းသာကြွယ်ဝခြင်းက လူတွေကို မဖန်ဆင်းဘူး၊ လူတွေကသာ ချမ်းသာကြွယ်ဝမှုကို ဖန်ဆင်းတယ်။ ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းပါ။

(၂) လူများပြောသလို လိုက်မလုပ်နဲ့၊ များများနားထောင်ပြီး အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အရာကို လုပ်ပါ။

(၃) နာမည်ကြီးတံဆိပ်တွေနောက် မလိုက်နဲ့။ ကိုယ်နဲ့သင့်တော်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်ပါ။ ငွေကြေးတွေကိုမလိုအပ်တဲ့ပစ္စည်းအပေါ် မသုံးဖြုန်းပါနဲ့။ တကယ့်ငွေကြေးလိုအပ်တဲ့ လူတွေအပေါ်ငွေကိုသုံးပါ။

(၄) ဒါဟာ သင့်ကိုယ်ပိုင် ဘဝဖြစ်တယ်။ ဘာဖြစ်လို့ သင့်ဘဝကို တခြားလူနဲ့ အထိန်းချုပ်ခံမလဲ?

အပျော်ရွှင်ဆုံးလူဆိုတာ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားချင်မှပိုင်ဆိုင်မယ်။ ဒါပေမယ့် ဘဝလမ်းတစ်လျှောက် တွေ့ကြုံခံစားရတဲ့အရာတစ်ခုတိုင်းကို သူတို့တန်ဖိုးထားတယ်။ ဒီလို လူ့ဘဝလမ်းကို ကျွန်တော်တို့ ရွေးချယ်ကြပါစို့။

One comment

  • Gong Zhu

    September 16, 2010 at 1:48 pm

    ဒါဟာ သင့်ကိုယ်ပိုင် ဘဝဖြစ်တယ်။ ဘာဖြစ်လို့ သင့်ဘဝကို တခြားလူနဲ့ အထိန်းချုပ်ခံမလဲ? ဒါကလည်းဒါပေါ့ အိမ်ထောင်ကျရင် သူ့အလိုလို ထိန်းချုပ်ခံရမှာ သိသိချည်းနဲ့ကို ကျေကျေနပ်နပ် ထိန်းချုပ်ခံချင်နေကြတာ ဟုတ်ဘုူးလားလို့

Leave a Reply