အိမ်ရှင်မတို့အတွက် မေတ္တာလက်ဆောင်
။ ပုရွက်ဆိတ်တွေ တက်နေပါသလား။
ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။
၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အကျႌ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁ဝ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အကျႌကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ ဪ၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ် ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် –
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် –
ပီကေဝါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမဝါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် –
အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အကျႌမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။
(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

5 comments
onlinezz
September 28, 2010 at 8:04 am
အတော်ပဲ။အကြာင်းအရာ တစ်ချို ့ကို စမ်းကြည့်လိုက်အုံးမယ်။
etone > မရရင် ပြန်လာပြောမှာနော်။ 🙂
Ba Gyi Taw
September 28, 2010 at 8:20 am
ကောင်းကွာ ။
MaMa
February 4, 2011 at 4:54 am
ဗဟုသုတစုံလင်ပါပေတယ် အီတုံးရယ်။ တော်တော်အကျိုးရှိပါတယ်။ ကျေးဇူးပါ။
etone
February 4, 2011 at 5:03 am
မမရေ … အထင်တွေသိပ်မကြီးနဲ့ ဟိဟိ 😀 တစ်ကယ်တမ်း အီးတုံးက ဟုတ်တိပတ်တိ ဘာမှသိတာ မဟုတ်ဘူး ။ ရှာတာ ဖွေတာလေးလောက်ပဲ နည်းနည်းပါးပါးတတ်တာ ။ … အဲ့ဒါလေးတွေ့တော့ .. ဘယ်ကမှန်းမသိ ကူးတင်ပေးလိုက်တာ အဟီး 😀 ကြာနေပီ မှတ်တောင် မမှတ်မိတော့ဘူး ။ စာရေးသူလည်း ဘယ်သူမှန်းမသိဘူး ။
နွယ်ပင်
February 4, 2011 at 5:43 am
ကျေးဇူးတင်ပါတယ် အီးတုံးရေ .. မသိတာလေးတွေသေချာရေးမှတ်ထားလိုက်ပါတယ် ..