Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသည်းကွဲခြင်းနှင့် အသည်းကွဲခြင်းကိုကုစားနိုင်သည့်နည်းလမ်းများ

Linn LettSeptember 28, 20101min3053

လောကတွင် ရည်းစားကြောင့် အသည်းကွဲသူများ အများအပြားရှိပါသည်။ အကယ်၍
သင်သည် တစုံတစ် ဦးဦးကြောင့် အသည်းကွဲခဲ့လျင်
မည်သို့မည်ပုံအသက်ဆက်လက်ရှင်သန်နေထိုင် အသက်ဆက်ရှင်နိုင်မည်နည်း။

တစ်စုံတစ်ဦးဦးဆိုသည်မှာ သင်နှင့်ပတ်သက်သော သင်၏
မိန်းကလေးရည်းစား၊ယောင်္ကျားလေးရည်းစား တို့ကြောင့် စိတ်ခံစားမှု၊
ဆုံးရှုံးမှု တစ်စုံတရာ ဖြစ်ပေါ်လာသောအခါ… သင်သည်ဟိုဟာကိုင်ရမလို..
ဒီဟာကိုင်ရမလို.. ဟိုဟာလုပ်ရမလို..ဒီဟာလုပ်ရမလို..ဟိုသွားချင်နိုးနိုး..
ဒီသွားချင်နိုးနိုး၊ ငိုချင်သလိုလို..

ရယ်ချင်သလိုလို စသဖြင့် စိတ်ကယောင်ခြောက်ခြားဖြစ်တတ်ပါသည်။ ထိုအရာကို
အသည်းကွဲခြင်း ဟု ခေါ်ပါသည်။

အချို့သောအချက်အလက်များသည် မှန်ကန်ကောင်းမှန်ကန်နိုင်သလို၊
အချို့သောအချက်များသည် မှားယွင်းမှုများရှိနိုင်ပါသည်။
ထိုအချက်အလက်များအတွက် စာရေးသူတွင်သာ တာဝန်ရှိကြောင်း … ဝန်ခံအပ်ပါသည်။

“အသည်းကွဲနည်းမျိုးစုံ”

အချို့သူများသည် အောက်ဖော်ပြပါနည်းများကြောင့် အသည်းကွဲကြပါသည်။
(ကျန်းမာရေးအရ အသည်းတွင်ဖြစ်ပေါ်သော ရောဂါအခြေအနေများကို မဆိုလိုပါ)

ရည်းစားမဖြစ်မီ အခြေအနေတွင် ကိုယ်နှစ်သက်နေသောသူသည် မိမိအား..
– အကြောင်းပြချက်မရှိ မချစ်မနှစ်သက်ခြင်း
– ရုပ်ရည်ရူပကာအရ မချစ်မနှစ်သက်ခြင်း
– မုန်းတီးရွံရှာခြင်း
– စိတ်မဝင်စားခြင်း
– ရည်းစားရှိနေခြင်း
– ရည်းစားမထားလိုခြင်း စသောအခြေအနေများ

ရည်းစားသနာဖြစ်ပြီးမှ
– ကိုယ့်ရည်းစားက ကိုယ့်အပေါ် စိတ်ဝင်စားမှုလျော့နည်းခြင်း
– အခြားတစ်ယောက်အား ဘာညာသာရကာ ဖြစ်ပေါ်နေမှုကို သိရှိခြင်း
– အခြားတစ်ယောက်နှင့် ရည်းစားဖြစ်နေမှုများကို သိရှိရခြင်း
– မိဘမောင်ဘွား၊ သူငယ်ချင်းတို့၏ မနှစ်သက်မှုများကြောင့် မိမိအား ရှောင်ဖယ်ခြင်း
– မိဘမောင်ဘွား၊ သူငယ်ချင်းများ အကြောင်းပြကာ ရှောင်ဖယ်ခြင်း စသောအခြေအနေများ

ရည်းစားများခြင်း၊ သူငယ်ချင်းဖြစ်နေခြင်း၊ ရည်းစားစကားမပြောရဲသဖြင့်
ကြိတ်ကာခံစားနေရခြင်း၊ သူငယ်ချင်း၏ ရည်းစားဖြစ်နေခြင်း၊ အစက
မချစ်-ကွဲကွာသွားမှ တကယ်ချစ်မိမှန်းသိခြင်း စသဖြင့်
အခြားသောအခြေအနေမျိုးစုံ ရှိနိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေ
ထိုအချက်များကြောင့် အသည်းကွဲရပါသည်။

ထို့ကြောင့်

သင်.. အသည်းကွဲ ပါသည်။

“အသည်းကွဲလျှင် ကုစားနိုင်သည့်နည်းလမ်းများ”

မည်သို့ပင် အသည်းကွဲပါစေ..သင်သည် ယခုနည်းလမ်းများဖြင့် ကြိုးစားကြည့်ပါလေ…။

ငိုခြင်း

(၁) တစ်ယောက်တည်းအားရပါးရ အော်ဟစ် ငိုယိုပါ။ (အိပ်ယာထဲ / ပန်းခြံထဲ
/တစ်ညလုံး..စသဖြင့် နေရာရွေး၍ ငိုပါ)

(၂) ရှိသမျှ အပေါင်းအသင်းသူငယ်ချင်းများရှေ့တွင် တိုင်တည်ငိုယိုပါ။
(ရည်းစားအကြောင်း ကောင်းသည်၊ ဆိုးသည်ပါ ထည့်ပြော၍ ငိုပါ)

(၃) အသည်းကွဲခြင်းကြောင့် ငိုယိုခြင်းအပြင် အခြား
ပြဿနာများအကြောင်းပါထည့်တွေးပြီး အားလုံးစုပေါင်းကာ ငိုပါ။
(အိမ်ကိစ္စ၊ မိသားစု၊ မောင်နှမအချင်းချင်း အဆင်မပြေခြင်း၊
စာမေးပွဲကျခြင်း၊ ပိုက်ဆံချေးတာ ပြန်မရခြင်း စသည့်ပြဿနာများ)

(၄) အခင်ဆုံးသူငယ်ချင်းအား ရင်ဖွင့် ငိုယိုပါ။

(၅) အတူသွားဖူး၊လာဖူး၊လည်ပတ်ခဲ့ဖူးတာမှန်သမျှ တွေး၍ ငိုပါ။

(၆) လူတကာ၊ လမ်းအလယ်၊ ဘက်စ်ကားပေါ်၊ ရှောပင်းမောအလယ်တွင် ငိုပါ။

စသည့်နည်းလမ်းများ သုံးကာငိုယိုပါ..။ အနည်းဆုံး တစ်ခါငိုလျှင်
၅နာရီနီးပါးမျှ သူ့အကြောင်းတွေး၊ သူ့အကြောင်းပြောကာငိုယိုပါ။
အချိန်ရှိသမျှငိုပါ။ အားအားရှိ ငိုပါ။ မည်မျှကြာအောင်သင်ငိုနိုင်မည်နည်း။
ထိုအခါ သင်သည် မျက်ရည်ပင်ကျစရာမရှိအောင်ဖြစ်လာပါလိမ့်မည်။

နေထိုင်မှု ပုံစံပြောင်းခြင်း

ယခင်က မည်သို့မည်ပုံ နေထိုင်ခဲ့သည်ဖြစ်ပါစေ ယခုအချိန်မှစ၍
လက်ရှိနေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ သွားပုံလာပုံ
အလေ့အကျင့်များမှအစကအကုန်ပြောင်းလဲပစ်ပါ။

(၁) အိပ်ယာပြောင်းအိပ်ပါ။ အိပ်နေကျအခန်းမှ တစ်ခြားအခန်းပြောင်းအိပ်ပါ။
သို့မဟုတ် အခြားသူငယ်ချင်းအခန်းသို့ ပြောင်းအိပ်ပါ။ (အခန်းကျဉ်းပါက
ရှေ့နောက်၊ အထက်အောက် ကုတင် ပြောင်းအိပ်ပါ)

(၂) ယခင်က သင်သည် အလွမ်းအဆွေးဝတ္ထုများဖတ်ပါက ယခု သင် ကာတွန်း (သို့)
ဟာသဝတ္ထုများဖတ်ပါ။ လွန်းထားထား
ဝထ္ထုများများများဖတ်ပေးပါ။(လွန်းထားထားဝတ္ထုများသည်
အပြိုင်အဆိုင်ဖြစ်ခြင်း၊ သင်ဒီလိုလုပ်ပါက သင်က ဒီထက် နှစ်ဆ လုပ်မည်ဟူသော
စိတ်ဓါတ်များပါသော ဇာတ်ကောင်စရိုက်များ ဖြစ်တတ်ကြပါသည်။)

(၃) ယခင်က သင်သည် အလွမ်းအဆွေး drama ရုပ်ရှင်ကားများ၊ Korea
ဇာတ်လမ်းတွဲများ ကြည့်ပါက ယခု သင် action ကားများ၊ အတိုက်အခိုက်ကားများ၊
သရဲကားများ ကြည့်ပါ။ Korea ကားများမကြည့်ရန် အပြင်းအထန် တားမြစ်ပါသည်။
(Korea ဇာတ်ကားများသည် အလွန် drama, romantic
ဆန်လွန်းလှသောကြောင့်ဖြစ်သည်။)

(၄) လက်ရှိ သင် နားထောင်သည့် သီချင်းများအား နားမထောင်ဘဲ
သင်နားမထောင်ဖူးသော သီချင်းများ အစားထိုး နားထောင်ပါ။ ဥပမာ – သင်သည် ယခု
pop, hip-hip-hop များ ကြိုက်နှစ်သက်ပါက Rock, Pank ကဲ့သို့ သီချင်းများ
နားထောင်ပါ။

(၅) သင်သည် အဆိုအက ဝါသနာမပါက club bin များသွားပါ…။ club bin သွားနေကျ
ဖြစ်ပါက မသွားဘဲနေပါ။

(၆) အဝတ်အစားများများဝယ်ပါ။ တတ်နိုင်သမျှ တစ်ထည်၊ နှစ်ထည် မျှ ဝယ်ဝတ်ပါ။

(၇) အစားအသောက်အပျက်မခံပါနှင့်။ များများစားပါ။ စားမဝင်ပါကဝင်အောင်စားပါ။
(စာရေးသူသည် မိသားစုနှင့် စိတ်ဆိုး၊ စိတ်ကောက်ပါက အိမ်ရှိအစားအစာ၊
မုန့်မှန်သမျှ အကုန်စားတတ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပါ။)

(၈) အပေါင်းအသင်းများနှင့်သာ အချိန်ကုန်ပါ။ အပေါင်းအသင်းများများပေါင်းပါ။

(၉) အလှအပများ ပြင်ဆင်တတ်ပါစေ။ ယခင်ထက်
ပိုလှအောင်နေပါ။ပြင်ပြင်ဆင်ဆင်နေပါ။ အရောင်မှိန်မှိန်များ မဝတ်ရပါ။
အရောင်တောက်တောက်များဝတ်ပါ။

(၁၀) အင်တာနက်အသုံးပြုသူများ chatting များများတတ်ပါ။ များများ chat ပါ။
(အချိန်ကုန်စေရန်အတွက်ဖြစ်သည်)

(၁၁) ညပိုင်း စောစောမအိပ်ပါနှင့်။ ညနောက်ကျတဲ့အထိ လုပ်စရာရှိသမျှ
လုပ်ဆောင်ပါ။ အိပ်ချင်သည့်တိုင်အောင် မအိပ်ပါနှင့်။

(၁၂) တရားထိုင်ပါ။
(ဖြစ်နိုင်ပါက..ဘုရားကျောင်းကန်များသွားခြင်းပြုလုပ်ပါ။ အလှူအတန်းလုပ်ပါ)

အနာဂတ်အတွက် ပြင်ဆင်ရန် နှင့် လုပ်ဆောင်ရန်။

(၁) ညအိပ်ညနေ ခရီးတစ်ခုခုထွက်ပါ။

(၂) ဖြစ်ပြီးသား ကိစ္စအား မေ့ပစ်ပါ။

(၃) အလုပ်အသစ်ရှာပါ။ အလုပ်အသစ်လျှောက်ပါ။

(၄) မိမိနှင့်သူ သွားလာခဲ့သမျှနေရာများ အမှတ်တမဲ့ရောက်ခဲ့သည်ဖြစ်စေ၊
အမှတ်တရသွားကြည့်သည်ဖြစ်စေ နောက်တစ်ကြိမ် ထပ်ကြည့်စရာမလိုအောင်
တစ်သက်လုံးစာအတွက် (တစ်ခါပဲ) ကြည့်ခဲ့ပါ။

(၅) မိမိစိတ်အား ပြန်လည်တည့်မတ်နိုင်ရန် အချိန်ယူပါ။ အချိန်ယူခြင်းတွင်
မိမိဘာသာ Target တစ်ခုထား၍(၁ လ / ၂ လ စသဖြင့်) သတ်မှတ်ပါ။

(၆) ဥပက္ခာပြုနိုင်အောင် လုပ်ပါ။

(၇) အကယ်၍ အမှတ်မထင် ပြန်တွေ့ခဲ့သည်ရှိသော်.. ပြုံးပြနိုင်အောင်
မိမိဘက်ကပြင်ဆင်ပါ။

(၈) တစ်ယောက်တည်းနေနိုင်အောင်ကြိုးစားပါ။

(၉) မနေနိုင်ပါက နောက်တစ်ယောက်ရအောင် အမြန်ရှာပါ။

(၁၀) အားကစားတစ်ခုခုပြုလုပ်ပါ။ (ရေကူးခြင်း၊ ဘက်စ်ကက်ဘောကစားခြင်း၊
ဘောလုံးကန်ခြင်း စသည်.. )

အသည်းကွဲခြင်းသည် စိတ်ဓါတ်ရေးရာကို ချို့ယွင်းစေ၏။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေ၏။
ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပျက်ပြားစေ၏။ ထို့ကြောင့် အထက်ဖော်ပြပါ
အကြောင်းအရာများအတိုင်း
လိုက်လံကျင့်သုံး၍ မိမိ၏ စိတ်ဓါတ်၊ စိတ်ပိုင်းဆိုင်ရာ
အပြုအမူများကိုပြောင်းလဲပြင်ဆင်ပါ။ ထိုသို့ပြင်ဆင်ပြီးပါက သင်သည် ဘဝသစ်..
ခွန်အားသစ်.. နှင့်အတူ သင့်အနာဂတ် အလင်းရောင်ကို
သင်မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

3 comments

  • Kitty.

    September 28, 2011 at 8:39 pm

    အစားအသောက်အပျက်မခံပါနှင့်။ များများစားပါ။ စားမဝင်ပါကဝင်အောင်စားပါ။
    (စာရေးသူသည် မိသားစုနှင့် စိတ်ဆိုး၊ စိတ်ကောက်ပါက အိမ်ရှိအစားအစာ၊
    မုန့်မှန်သမျှ အကုန်စားတတ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပါ။)
    I like that 🙂

    • ကြောင်ကြီး

      September 29, 2011 at 7:41 am

      ကစ်တီဆိုတာ ကြောင်မလေးဆိုရင် ကိုကြောင်ကြီးရှိတယ်။ ကိုယ်ကြိုက်တဲ့ မုန့်လိုသဘောထားပြီး မြိန်ယှက်စွာစားနိုင်တယ်။ ကြောင်ထီးဆိုရင်တော့ နင့်ထိုက်နဲ့နင့်ကံ။

  • etone

    September 29, 2011 at 10:35 am

    အသည်းကွဲခြင်းကို ကုစားနိုင်တဲ့ နည်းလမ်းဆိုတာ တစ်ယောက်နဲ ့ တစ်ယောက် မတူသလို ပုံသေနည်းနဲ့ ချပြလို့လည်း မရပါဘူး … တကယ်တမ်းအသည်းကွဲတဲ့ လူတစ်ယောက်ကသာ မိမိဧ။် စိတ်ခံစားချက်အတိုင်း သင့်တင့်လျှောက်ပတ်အောင် လုပ်ဆောင်တာကမှသာ ၎င်းလူအတွက် ကုစားတဲ့ နည်းလို့ ပြောလို့ရတာပါ … တစ်ယောက်နဲ့တစ်ယောက် ကုစားပုံချင်းမတူဘူး … ။ တစ်ချို့က အရက်သောက်ပစ်လိုက်တယ် … တချို့က ချုံးပွဲချငိုတယ် … တစ်ချို့က ဒေါသနဲ့ … ရန်သွားတွေ့တယ် .. တချို့ကတော့ အိမ်မှာ အခန်းအောင် ကြိတ်ဆွေးတယ် … 😛

Leave a Reply