ဘုရားသုံးဆူ ဘုရားပွဲ






ဆန်း ၁ဝရက်၊ 2010 oct 18
မန္တလေးမြို့ရဲ့ဘုးရားပွဲအစ ဘုရားသုံးဆူကတဲ့
ဒီနေ့ဘုရားသုံးဆူပွဲစပါပြီ
၂၉လမ်းနဲ့လမ်း၃ဝကြား ၈၃လမ်းနဲ့၈၂လမ်းကြား
သည်ဘုရာ

းသုံးဆူဝင်းဖြစ်ပါသည်။
ဝင်းအတွင်းရှိမူလစေတီသုံးဆူကိုမောင်နှမသုံးဦးမှ
တည်ထားခဲ့တယ်လို့ပါးစပ်ရာဇဝင်ရှိပါတယ်
မြန်မာသက္ကရာဇ် ၁၁၂၉ ခုနှစ်တွင်ကုန်းဘောင်ဆင်ဖြူရှင်
မင်းတရားကြီးလက်ထက်က ယိုးဒယားမင်းနှင့်တကွနိုင်ငံ
အလုံးကိုအောင်နိုင်ပြီး ယိုးဒယားလူမျိုး ၁၀၆၁၀ဝ ကို
ရတနာပူရ အဝမြို့သို့ခေါ်၍သင့်ရာအမှုထမ်းစေ၏
ထိုအဆက်အနွယ်မှမောင်နှမသုံးဦး သည်စေတီသုံးဆူကို
တည်ခဲ့သည်ဟု နတ်မောက်ထွန်းရှိန်ရေးသည့် ဝင်းတွေနဲ့
တည်ခဲ့သည့်မင်းနေပြည် စာအုပ်တွင်မှတ်တမ်းတင်ထား
သည်ကိုလည်းဖတ်ရှု ရပါသည်
စေတီသုံးဆူကိုကာ၍လမ်းမတန်း (၈၂လမ်း)မေးတင်၍
နောက်မှဆောက်လုပ်ထားသောဓမ္မရုံပင်လျှင် မြန်မာသက္ကရာဇ် ၁၂၉၄ ခုတွင်ဆောက်လုပ်ထားကြောင်း
တွေ့ရှိရပါသည် ဓမ္မာရုံတွင်းလှူထားသောဘုရာ တဆူတွင်
မြန်မာသက္ကရာဇ် ၁၃၀၈တွင် ဦးခြုံ ဇနီးဒေါ်စောမှလှူဒါန်းသည်
ဟုမှတ်တမ်းတင်ထားကြောင်းတွေ့ရှိရပါသည်
ဘုရားသုံးဆူ ပွဲသည်သိတင်းကျွတ်လဆန်း ၁ဝ ရက်နေ့မှစသော်လည်
ဈေးသည်များသည်တော်သလင်းလကတည်းက ဆိုင်များဖွင့်ပြီးရောင်းချနေကြတာပါ
ဆိုင်များကို ၈၂လမ်းမကြီးပေါ် ၂၉ နှင့်လမ်း၃ဝကြားဘုရားရှေ့
မှစခင်းပြီး ၈၂ လမ်းနှင့် လမ်း၃ဝ ထောင့်တွင်အစည်ဆုံးဖြစ်
ပါတယ် ဘုရားသုံးဆူပွဲ ရဲ့ထင်ရှားသောရောင်းကုန်မှာ
ရွံ့နှင့်ပြုလုပ်ထားသော ဆီမီးခွက်များ အိုးပုတ် ဂျိုးရုပ်များ
စုဗူးများ စသဖြင့်အမျိုးစုံဖြစ်ပါတယ်
အခြားမုန့်ပဲသရေစာဆိုင်များ ကလေးများအတွက်ခြားရဟတ်
များပါဝင်တယ် သီတင်းကျွတ်ကာလ ဆီမီးပူဇော်ရန် ဆီမီး
ခွက်များကိုလဲမြို့နေလူထုကဘုရားပွဲအတွင်းဈေးတန်း
လျှောက်ရင်းဝယ်ယူလေ့ရှိပါတယ်
အိုးပုတ်သည်များကတော့တံတားဦးအင်းဝဖက်မှလာရောက်
ရောင်းချကြကြောင်းသိရှိရပါတယ်
ယခုနှစ်ဘုရားပွဲ မှာ ခြင်းဝိုင်း နှင့် မြန်မာသံစဉ်တီးဝိုင်း
တဝိုင်းသာတွေ့ရှိရပါတယ်
ယနေ့ည လှူဖွယ်များကိုခင်းကျင်းပြီး မနက်ဖြန်
သီတင်းကျွတ်လဆန်း ၁၁ ရက် အာရုံတက်တွင် သံဃာ
အပါး ၃၀ဝကို လှူဖွယ်များနှင့်တကွဆွမ်းလောင်းလှူကြမည်
ဖြစ်ပါသည်
မူရင်းစေတီသုံးဆူ နှင့် ယခုခေတ်ဘုရားပွဲကျင်းပရာ
ဓမ္မာရုံနှင့်အတွင်းရှိဘုရားများကိုမဖူးဘူးသေးသောသူများ
အတွက်ဓါတ်ပုံလေးများလည်းတင်ပေးလိုက်ပါတယ်
5 comments
nay phonehlan
October 18, 2010 at 7:26 pm
အင်း သတိရ လိုက်တာ ဟိုးတုံးက မန္တလေးည……။
bigcat
October 18, 2010 at 11:16 pm
အန်တယ်ကြီး ရေးထားတဲ့အထဲမှာ ထိုင်းလူမျိုး ၁သိန်းကျော်ကို အဝမြိုကို ခေါ်လာတယ်ဆိုတာ ဟုတ်ပါ့မလား။ တကယ်တော့ ၁သောင်းကျော်တယ် ဆိုရင်တောင် များလှပြီထင်တာပဲ။ အခွင့်ရလို့ ပြန်ကုန်ကြရင်တော့ မသိဘူး။
kopauk mandalay
October 19, 2010 at 2:17 am
ကောင်းတယ် အန်ကယ်ကြီးရေ
ကျနော်ရေးတဲ့ မန်းလေးအကြောင်း ကတော့ ခင်ဗျားရေးသလို တိတိကျကျ မပါတာတော့ဝန်ခံပါတယ်။
ဘာနဲ့တူလဲဆိုတော့ ကျနော်ရေးတဲ့ပန်းချီကားက အားလုံကို ခြုံပြီးစုတ်ချက်ကြမ်းကြမ်းနဲ့ ခပ်ဝါးဝါးရေးထားတယ်။
ခင်ဗျားကတော့ အသေးစိတ်ခြယ်မူန်းထားတဲ့ပန်းချီကားလေးပေါ့။
ခင်ဗျားဆွဲတဲ့ ပန်းချီကား ကပိုအသက်ဝင်ပါတယ်။
ဆက်ရေးပါအုံး။
MandalayThar
October 19, 2010 at 3:40 am
တကယ် ဘုရားသုံးဆူပွဲကို သွားတယ် ၈၂ လမ်းပေါ်ကနေ ဈေးတန်းတွေပတ်တယ်။ အိုးပုတ်ဝယ်တယ်။ ဒါပေမဲ့ ဘုရားထဲကို လုံးဝ မဝင်ဘူးဘူး။ အပြင်ကကြည့်တော့ ဓမ္မာရုံဘဲမြင်တော့ ရိုးရိုးဓမာရုံဘုရားပွဲဘဲ ထင်နေတယ်။ နောက်မှာ ဘုရားပရဝန် ရှိမှန်းမသိဘူး။ ဓါတ်ပုံတွေကြည့်မှ ဪ အထဲမှာ စေတီသုံးဆူရှိပါလားလို့သိရတာ။ ကျေးဇူးဘဲနော်….
ဘုရားသုံးဆူပွဲတင်ပြီးလို့ လမ်းလယ်ဘုရားပွဲကျ ထပ်တင်ပေးရမယ်နော်။ နောက် ကျောက်တော်ကြီးပွဲ.. တခြားရပ်ကွက်ကြီးတွေရဲ့ ဘုရားပွဲတွေ တင်ပေးနော်.. မျက်ပါးရပ်တို့၊ မလွန်တို့၊ အောင်တော်မူတို့၊ အဲဒါတွေလည်းတင်ပေးဦးနော်.. ကျေးဇူးပါဗျာ…
doekalay
October 19, 2010 at 9:27 am
တော်တော်စည်ကားမယ်ထင်တယ်။ ရောက်ဖူးချင်လိုက်တာ။ မန္တလေးမှာဘုရားသုံးဆူရှိမှန်းတောင်မသိဘူး။