ပန်းကန်ပြားပျံကြောင့် တရုတ်နိုင်ငံရှိ လေဆိပ်ထပ်မံ ပိတ်ခဲ့ရ

တရုတ်နိုင်ငံ မွန်ဂိုလီးယား အတွင်းပိုင်းရှိ အဓိက လေဆိပ်ကြီး တစ်ခုတွင် ပန်းကန်ပြားပျံ တစ် စင်းအား ရုတ်တရက် တွေ့ရှိခဲ့သောကြောင့် လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်းသိရသည်။ မျက်မြင်တွေ့ ရှိသူများ ၏အဆိုအရ ပန်းကန်ပြားပျံ သည် ကောင်းကင် ထက် အမြင့် နှစ်မိုင်ခန့် တွင် ဝဲပျံ နေပြီး လေဆိပ်အနီး သို့ လှည့်ပတ် ပျံသန်းလာကြောင်း ယခုကဲ့သို့ ဘေးဂျင်းမှ ရှန်ဟိုင်း သို့ ပျံသန်းမည့် လေယာဉ် ခရီး စဉ် များအား လမ်းကြောင်းပြောင်း ပျံသန်းခဲ့သည်။ ထိုကဲ့သု့ိ ကောင်းကင်ထက်တွင် ပန်းကန် ပြားပျံ ပျံသန်း နေသည်ကိုလေကြောင်း ထိန်းသိမ်သူများမှ သူတို့၏ ရေဒါ ကိရိယာ အတွင်း ပထမ ဆုံးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ လေယာဉ်ကွင်းသို့ သတိပေးချက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုဖြစ် ရပ် နှင့်ပတ်သက်၍ တရုတ်နိုင်ငံ တာဝန်ရှိသူများ မှမှတ်ချက် ပေးပြောဆို ရန်ငြင်းဆိုခဲ့ပြီး လေဆိပ်တာဝန် ရှိသူများက ဝေဟင်တွင်တိုက်မိမည်စိုး၍ လမ်းပြောင်းရှောင်လွှဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုကဲ့ သို့ ပန်းကန်ပြားပျံ မြင်တွေ့ ရမှုနှင့် ပတ် သက် သည့် မတော် တဆဖြစ်ရပ် များ တရုတ်နိုင်ငံ တွင်း မကြာခဏ ကြုံတွေ့ရကြောင်း သိရသည်။
(ဟင်းလေးအိုးကြီး)
Post Views: 239
4 comments
tunaung
October 12, 2010 at 9:26 am
စိတ်ဝင်စားစရာဘဲ….ဒီထက်တိကျတဲ့သတင်းရှိယင်ထပ်တင်ပေးပါအုံး…..
ဆူး
October 12, 2010 at 9:52 am
ကမာ္ဘမြေကို ဘာလာလုပ်ကြတာလဲ.. သူတို့လည်း လျောက်လည်ကြတယ်နဲ့တူတယ်..
linhtet
October 12, 2010 at 5:47 pm
တရုပ်လေတပ်က ရန်သူမှန်းမသိ ဘာမှန်းမသိတဲ့ အမျိုးအမည်မသိတဲ့ အရာကြီး သူတို့လေကြောင်းပိုင်နက်ထဲမှာ ရှိနေတာ ဘာမှ မလုပ်ကြဘူးတဲ့လား?
moe htet
October 15, 2010 at 10:25 am
ဟုတ်ဘူးလေ။။။ ပန်းကန်ပြားကတရုပ်မှာပျံနေကြ ဆပ်ကမှာလဲပျံတယ်… ရန်ဖြစ်ရင်လဲပြန်တယ်…
ဒီတစ်ခါနဲနဲကြီးသွားလို့ပါ…