Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်မှ ရွသော၊ထသော မင်းသမီးများ …..

gatoneOctober 14, 20101min73919

ကျွန်တော် ပြည်ပမှာနေတာ ၁ဝ စုနှစ်ကျော်နေပါပြီ။မြန်မာပြည်အကြောင်းကိုလည်း အမြဲမပြတ် နားစွင့်နေပါတယ်။မြန်မာဇာတ်ကား များကိုလည်း တစ်ခါတစ်ရံ ပျင်းနေရင်ကြည့်ဖြစ်ပါတယ်။အထူးသဖြင့် ဒရမ်မာဇာတ်ကောင်းကောင်းဆို ကြည့်ဖြစ်တယ်။တစ်နေ ့က အလုပ်ပိတ်ရက် ညီလေးတစ်ယောက် အိမ်ကို အလည်လာပါတယ်။ညီလေးက အင်တာနက်သုံးရင်း နဲ ့Shwe Dream ဆိုဒ်ကနေ ရှက်ပြေး ဆိုတဲ့ မြန်မာကားကို ကြည့်နေတယ်။ညီက ကျွန်တော်ဘေးမှာ ကြည့်နေတော့ ကျွန်တော်လည်း ကြည့်မိတယ်။ဇာတ်ကားထဲက ဇာတ်ဆောင် မင်းသမီးများဟာ တော်တော်ကို နံသော၊ထသော မြန်မာမင်းသမီးများပါ။၁ဝ ကျော်သက် မိန်းကလေးများသာ ဒီဇာတ်ကားကို ကြည့်ပြီး အတုယူကြမယ် ဆိုရင်တော့ ရင်လေးစရာပါ။မြန်မာပြည်အနေနဲ ့ဒီလောက်ထိ ယောကျာင်္းလေး တစ်ယောက်ပေါ် Favour ပေးတာကို အသားပေးရိုက်ပြလောက်အောင်ထိ မလိုအပ်ဘူးထင်ပါတယ်။ဒါရိုက်တာ ကြည့်လိုက်တော့လည်း သာမန်ညောင်ည၊မင်းသမီးတွေ ကြည့်လိုက်တော့လည်း အဖော်အချွတ် ဦးစားပေး မင်းသမီးတွေ၊ကြည့်မိတဲ့ ကိုယ်မျက်လုံးသာ သနားမိတယ်။မြန်မာ ရုပ်ရှင်လည်း ဒီလို အဆင့်အတန်းမရှိတာတွေ သာရိုက်နေလို ့ကတော့ ၂၀၁၁ မှာ ဖာရုပ်ရှင် နှင့် ဖာမင်းသမီးများလို ့နိုင်ငံတကာမှာ လေလံတင်သင့်ပါကြောင်း။

19 comments

  • Endless

    October 14, 2010 at 4:04 am

    ဘာကို ပြောချင်တာလဲ… နားကိုမလည်းဘူး.. ရည်ရွယ်ရင်းကို သေသေချာချာ မြင်သာအောင်ရေးဗျာ

  • gatone

    October 14, 2010 at 4:18 am

    Endless > ခင်ဗျား နားမလည်ဘူးဆိုရင် မိန်းမနောက်ပိုးတွေကို ဇာတ်ကားသာ ကြည့်လိုက်တော့ဗျာ။ကျွန်တော်လည်း ဒီထက်ရှင်းအောင် မရေးတက်တာ ခက်တယ်။

  • moethidasoe

    October 14, 2010 at 5:05 am

    အစ်ကိုဂတုံး ရေးချင်တာ ခန့်မှန်းမိတာကတော့ .. ကိုးရီးယား ကားတွေကို အတုံးလိုက် အတစ်လိုက် တိုက်ရိုက်ကူးချထားတဲ့ မြန်မာကားတွေကို ဆိုလိုတာ ဖြစ်လိမ့်မယ် .. ကိုးရီးယားကားမှန်သမျှကလဲ မိန်းမက စပြီး ကြိုက်တာ .. ချစ်ရေးဆိုတာ .. အတင်း လိုက်လျောတာတွေ ပါတယ်လေ .. ကိုယ့်ရိုးရာ အရ မိန်းကလေးများရဲ့ ဂုဏ်သရေ ဆိုတာကို ထိန်းသိမ်းစေလိုတဲ့ သဘော ပါမယ်လို့ယူဆတယ် ..
    ဒီလိုကားမျိုးတွေကို ဆင်ဆာ လွှတ်ပေးတဲ့ .. အမျိုးသားနိုင်ငံရေး စိတ်ဓါတ် မရှိတဲ့ ပုဂ္ဂိုလ်များကို ရှုံ့ချဖို့ သင့်ပါတယ် .. သူတို့ လွှတ်ပေးနေလို့ ရိုက်တဲ့လူကလဲ လိုက်ရိုက်မှာပါ .. မင်းသမီးတွေ အတွက်က ထင်ပေါ်မယ် .. ငွေ မျက်မျက်ကလေး ရမယ်လေ .. အခုတောင် ဘာမှမဟုတ်ဘဲ လူပျောက်တိုင်တာ ဖက်ရှင်ဖြစ်နေပြီ မဟုတ်လား .. တစ်ခါက ဝတ်မှုံရွှေရည် .. အခု နန်းစုရတီစိုး .. နောက်များဆိုရင် XXXXXXXXXXX

  • gatone

    October 14, 2010 at 5:21 am

    moethidasoe ပြောမှပိုပြည့်စုံသွားသလိုပဲ။ယောကျာင်္းတစ်ယောက်ကို အသည်းအသန်ဝိုင်းလိုက်၊မုန့်တွေခွံကျွေး၊ကိုယ်နဲ ့ဘာမှ မသက်ဆိုင်သေးတဲ့ အမျိုးသား တစ်ယောက်ကို လက်ချိတ်လို ့ချိတ် နဲ ့ကြည့်ရတာ မဟုတ်သေးဘူးဗျာ။

  • bigcat

    October 14, 2010 at 5:33 am

    ဆရာတို့ရယ်၊ ကျုပ်တို့အမျိုးသားတွေကပဲ လူ့သမိုင်းတလျောက်လုံးမှာ အမျိုးသမီးတွေကို စပိုးခဲ့ရတာပါ။ အခုလို နားခွင့်ရတုန်းလေး နားပါရစေလား။

  • kohtet

    October 14, 2010 at 5:58 am

    Mr.Big Cat..ခင်ဗျားကိုရေရေလည်ထောက်ခံတယ်….
    ဟုတ်ပါတယ်ဗျာ..နားခွင့်ရတုန်းလေး နားပါရစေလား

  • pan pan

    October 14, 2010 at 6:34 am

    ဘာကိုအပြစ်တင်လို့ တင်ရမှန်းတောင်မသိတော့ဘူး။

  • alien on the planet earth

    October 14, 2010 at 6:55 am

    ရုပ်ရှင်ထဲမှာတင်မဟုတ်ပါဘူး။အပြင်မှာလဲရှိပါတယ်။ခုခေတ်ကမိန်းကလေးတွေမဟုတ်တဲ့နေရာမှာတအားရဲတင်းလာကြပြီ။တချို့ဆိုရင်အိမ်ကမိန်းရှေ့မတောင်ဂရုမစိုက်ကြတော့ဘူး။လူလွတ်တွေကတော့ဂရုစိုက်စရာမလိုပေမယ့် အိမ်ထောင်သည်တွေအနေနဲ့တော့ကိုယ့်အန္တရာယ်ကိုယ်ရှောင်နိုင်မှအေးမယ်ထင်တာပဲ။

  • char too lan

    October 14, 2010 at 8:09 am

    ဟိုက်ရှားပါး!!!
    ငါ့အကိုတွေဒီမှာလာပီး ညီညွတ်နေကြတယ်ပေါ့လေ
    အင်း……ကြိုတင်ကာကွယ်ထားတော့လဲကောင်းတာပေါ့
    ယောက်ျားသားတွေဆိုတော့ အစွန်းအထင်းခံလို ့ဘယ်ဖြစ်ပါ့မလဲနော်

  • Gong Zhu

    October 14, 2010 at 8:41 am

    အဲ့ကားထဲမှာ အဖော်အချွတ်မပါဘူးထင်ပါတယ် … သူတို့လည်းသူတို့ကျရာ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ရတာပါပဲ … အတုယူမယ်ဆိုရင်တော့ မကောင်းတာတော့အမှန်ပဲ … ဖာရုပ်ရှင် နှင့် ဖာမင်းသမီးများ လို့ပြောတာတော့ ပြင်းထန်လွန်းပါတယ် … အဆင့်မရှိတဲ့ဇာတ်ကားရိုက်တာနဲ့ ဒီစကားနဲ့ ဘယ်လိုများ ပက်သက်လဲ မသိဘူးနော် … စဉ်းစားကြည့်လို့မရလို့ပါ … ခုခေတ်ကလည်း ဟိုပေါ်ဒီပေါ် ဝတ်တဲ့ခေတ်မှာ နှမချင်းမစာမနာ စချင်နောက်ချင်တဲ့သူများ ရိုးရိုးယဉ်ယဉ်လေး ဝတ်တောင် ပါးစပ်အရသာခံချင်ကြတယ် … အမြင်ကိုကတ်တယ် ဘာမှန်းလဲမသိဘူး …

  • etone

    October 14, 2010 at 8:58 am

    ကိုရီးယားကားတွေကနေစီးဆင်းလာတဲ့ ဒီခေတ်ရေစီးကြောင်းက မသိမသာလေးတဖြည်းဖြည်းနေရာယူလာတယ်လို့ပဲပြောရမှာပေါ့…ကြာလာတော့သိသိသာသာတွေပြောင်းလဲလာတယ် ။ ခုခေတ်ဆယ်ကျော်သက်လေးတွေဆိုလည်း ကဲကဲလေးတွေများတယ် ။ အသက်မပြည့်သေးပဲ ဟိုရောက်ဒီရောက်တွေကလည်း ကြားနေရသေးတယ် ။ မီဒီယာတွေကလည်း ဒါမျိုးတွေဆိုရင် ပြည်သူလူထုကြားက လူငယ်တွေအတုယူမမှားအောင်မလွှင့်သင့်ပါဘူး ။ အခုဆိုရင် ဘောင်းဘီတိုနန့်နန့်တွေနဲ့ မနေတတ်မထိုင်တတ်တွေ ပေါများလာတယ် ။ ဒါကလည်း သူတို့အချစ်တော် မင်းသမီးတွေကညပွဲတွေ၊ shopping တွေသွားတာကို အတုခိုးပြီးလိုက်ဝတ်ကြတာလေ ။ တစ်ချို့ဆိုရင် ပေါင်ရင်းထိတိုကပ်နေတဲ့ဘောင်းဘီ ဖင်ကျပ်တွေဝတ်ပြီး လိုင်းကားတိုးစီးတယ် ။ ပြီးတော့ ကိုယ့်ကိုယ်ကို မထိန်းမသိမ်းထိုင်တယ် ။ မျက်နှာချင်းဆိုင်က ကောင်လေးကတောင် ကြည့်ရမှာ အားနာလို့မျက်နှာလွှဲထားရတဲ့အဖြစ်မျိုးပါ ။ ပြောရရင် ဆပ်ဆလူးမင်းသမီးတွေကိုလည်း ဆင်ဆာမပေးသင့်ပါဘူး ။ ဒါမှ အတုယူမမှားကြမှာ ။

  • moethidasoe

    October 14, 2010 at 10:19 am

    အိတုံကို ထောက်ခံသော အားဖြင့် … ဆင်ဆာအဖွဲ့နှင့် အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်များ …..
    အဲဒီ မင်းသား .. မင်းသမီး .. သရုပ်ဆောင်များ နှင့်တကွ .. သူများမဲဆွယ်ရာမှာ ပါခဲ့တဲ့ သူတွေကိုပါ အကယ်ဒမီ မပေးကြေးနော် …

  • cobra

    October 15, 2010 at 8:21 am

    သူတို့ကိုရီးယားကိုကြိုက်လေကျွန်တော်တို့အတွက်ကောင်းလေပဲ..။

  • naywoonni

    October 16, 2010 at 11:55 am

    အဲဒါမှပဲနေဝန်းနီတို့စွံတော့မှာ……
    ရွေးပစ်လိုက်ဦးမှာ……………

  • tunaung

    October 16, 2010 at 12:11 pm

    စာလုံးပေါင်းမှားနေတာ ရှက်ပြေး မဟုတ်ဘူး ရှတ်ပြေးပါ ပြေးတာမှရှတ်တတ်ရှတ်တတ်နေတာ….

  • me2

    October 16, 2010 at 2:23 pm

    ဒီလိုရိုက်မှ ထမင်းစားလို့ရမဲ့ဟာတွေနေမှာပေါ့ ကိုကတုံး ရာ….။

  • winkyawaung

    October 16, 2010 at 3:12 pm

    ခေတ်ကကိုး တောင်းဆိုလာကြတယ် ထင်ပါတယ်။ လူပျိုုအမေ ဆန်တစ်စိတ်နဲ့ ပုန်းအိပ်ရမယ်..လို့၊ တဘောင်ရှိတယ်လေ..။

  • Big Defender

    June 9, 2011 at 11:34 am

    အဒီလိုဖြစ်လာတော့လဲကျွန်တော်တို့ယောကျားင်္လေးတွေဘက်ကဖြည့်ပြီးစဉ်းစားပေးကြတာပေါ့ဗျာ

  • ကိုသင်း

    January 24, 2013 at 9:25 pm

    ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ
    သူ့အရသာလေးက
    ကိုးရိးယားကားတွေကို ကြိုဆိုတယ်ဗျာ

Leave a Reply