Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်ထောင်စု မြန်မာနိုုူင်ငံတော် အကြောင်း သိကောင်းစရာ

aung htooOctober 17, 20101min3657

ပြည်ထောင်စု  မြန်မာနိုုူင်ငံတော် ဆိုတာက တိုင်းရင်းသားလူမျိူးပေါင်းဆုံ အတူတကွ မှီတည်းနေထိုင်သော နိုင်ငံဖြစ်ပါသည်   မြန်မာနိုုူင်ငံအကြောင်း ပြောရမယ်ဆိုရင် categories လေးခုနဲ ပြောရမှာပါ ဘာတွေလဲဆိုတော့ နိုင်ငံရေး စီးပွားရေး ကျမ်းမာရေး နှင့် လူမှူရေး တို့ဖြစ်ပါသည်    ဘာလိုအခုလို ပြောရလဲဆိုရင် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးကောင်းမှ နိုင်ငံတော်ကိုအုပ်ချုပ်သော အကြီးအကဲ နိုင်ငံရဲ leaders တွေကောင်မှ စီးပွားရေးဆိုတာကောင်း နှိုင်မှာ   စီးပွားရေးကောင်းမှ နိုင်ငံသူ နိုင်ငံသားတွေ ဟာ သူတို့ရဲ့ ကျမ်းမာရေးကို စောင့်ရှောက်နိုင်မှာ  အဲဒီမှာ နိုင်ငံရေး စီးပွားရေး ကျမ်းမာရေး တခုမှ မကောင်းရင် အဲဒီနိုင်ငံမှာရှိတဲ့ လူတွေရဲ လူမှူရေး (ကိုယ်ကျင့်တရား   လူမှူပေါင်းသင်း   ဆက်ဆံရေး) တွေဟာ ဘယ်လိုမှကောင်းလာနိုင် စရာအကြောင်းမရှိဘူး   categories လေးခုထဲက ပထမတစ်ခုကနေစပြောရင် အားလုံးသိကြတဲ့အတိုင်းပဲ နိုင်ငံရေးဆိုတာ အာဏာရူးစစ်ဘီလူး အဆိုးရက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေပြီး နိုင်ငံကို ချယ်လှည်ချင်တိုင်း ချယ်လှည် ဘယ်သူသေသေ ငတေမာပြီးယော ဆိုတဲအတိုင်း ရာဇပလင် ဖင်မှာကပ်နေတော့ ဘယ်ဆင်းချင်တော့မလဲ  ဒီအပြင် အထက်ဖားအောက်ဖိ သု့ရဲနောက်လိုက်ခွေးတွေ ကလဲလူတွေကိုမြငတိုင်းကိုက်ချင်တယ် တဆက်တည်းမှာပဲ လက်တစုပ်စာလူတစုက စစ်ဘီလူးပညာမဲတွေနဲပေါင်းပြီး သူတိုရဲ့ကိုယ်ကျိုးအတွက် နိုင်ငံရဲ့အရင်းအမြစ် သယံဇာတတွေကို ထုပ်ဖေါ်ရောင်းချစားသောက်နေတယ်     နိုင်ငံရဲ့အရင်းအမြစ် သယံဇာတတွေဆိုတာက ထုပ်ဖေါ်ရောင်းချရမယ်ဆိုတာ မြှန်ပါတယ် သိုသော် အဲဒီဟာတွေက နိုင်ငံနဲပြည်သူအတွက်ပဲ ဖြစ်ရမယ် not for your company (Htoo, Max and the anothers companies like government parteners).   အဲဒီမှာ နိုင်ငံရေးနဲ စီးပွားရေးက တော့လမ်းဆုံးသွားပြီ     တတိယ category ကတော့ ကျမ်းမာရေးပါပဲ   မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်သော လူဦးရေယာ                        ကျေးရွာတွေမှာနေထိုင်ကြပါတယ် သိကြတဲအတိုင်းပဲ မြိုမှာတောင်မှ လျှစ်စစ်မီးက မှန်တာမဟုတ် (နေပြည်တော်မပါ) အဲမှာတင်သိသာနေပါပြီ အဆိုး၇ရဲ့စေတနာတွေကို      လမ်းခရီးဆက်သွယ်ရေး ဆိုရင်လဲ ဘုရားဆူးပါပဲ   ကျွန်တော်ရဲကိုယ်တွေကိုပြော၇ရင် ကျွန်တော်က ရွာသားပါ ကျွန်တော်ရွာက ပဲခူးတိုင်း ဧရာဝတီမြစ်နဘေးမှာ တည်ရှိပါတယ် ရွာမှာဆိုရင် သူနာပြုဆရာမ တစ်ယောက်ပဲရှိတယ် ဒါတောင်              ကျွန်တော်ရွာကတော်တော်ကံကောင်းတယ် ဆိုရမယ်   အနီးအနားကရွာတွေမှာဆိုရင်မရှိဘူး    အဲဒီသူနာပြုဆရာမကပဲတရွာဝင် တရွာထွက် လျှောက်သွားပြီးဆေးကုရတယ်  ဆရာမ မနိုင်တဲရောဂါဆိုရင်တော မြိုတက်ပြီး ကုရတော့တာပေါ့    တချိုလူတွေဆိုရင် ဆင်းရဲကြတယ် ဆေးကုချင်ကြတယ် မြိုတက်ပြီး ဒါပေမဲ ပိုက်ဆံမရှိကြဘူး ဆေးရုံတွေမှာဆောင်ပုဒ်ရေးထားတာတွေမြင်ရပါတယ် စရိပ်မျှပေးကျမ်းမာရေးတဲ မျှတော့ပေးပါတယ် 80% လောက်ကိုကပေးရတယ် ဒီကြားထဲ ဆင်းရဲတဲလူဆိုရင် သူနာပြုဆရာမတွေက ဂရုကိုမဆိုက်ဘူး      နောက်ဆုံး category ကတော့ လူမှူရေးပါ ဒီလိုမျိုးအဆိုး၇ရဲ  အဖိအနိုပ်ခံ လက်အောက်မှာနေ နေရတဲဘဝ ယူနီဖောင်းမြင်တိုင်း ဘာမှန်းမသိကြောက်နေရတဲ့ဘဝ စီးပွားရေးဆိုရင်လဲ ချွတ်ချုံကြ    ကျမ်းမာရေးဆိုရင် ဘာအာမခံချက်မှမရှိ ဒီလိုလူမျိုးတွေမှာ လူမှူရေးဆိုတာ ကောင်းနှိုင်ပမလား    လူတိုင်းကိုဆိုလိုတာမဟုတ်ပါဘူး  လက်တဆုပ်စာလူတစုကသာ ချမ်းသာပြီး လူအများစုမှာတော့ ဝမ်းရေးအတွက်ခက်ခက်ခဲခဲ        ရုမ်းကန်လှုပ်ရှားနေရတယ်    လူဆိုတာလောဘသားတွေပဲ ရှိတာထက် ပိုလိုချင်ကြတာ ထုံးစံပါပဲ  ဒါပေမဲ ရှာဖွေစားသောက်ရတာက ခက်ခဲတယ် ကြမ်းတမ်းတယ်ဆိုတော့ နည်းလမ်းမျိုးဆုံသုံးတော့တာပဲ သမာသောနည်းလမ်း မသမာသောနည်းလမ်း အကုန်သုံးတော့တာပဲ   နောက်ဆုံး အမှီးရအမှီးစား ခေါင်းရခေါင်းစား ဆိုတဲ့အလုပ်တွေပါလုပ်တော့တာပဲ   လူတိုင်းကိုပြောတာတော့မဟုတ်ပါဘူး ရှိပါတယ်ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသော လူများကိုဆိုလိုတာမဟုတ်ပါ      လူမှူရေးအကြောင်းကိုထပ်ပြော၇ရင် mandalay gazette မှာပဲ post တစ်ခုဖတ်ဖူးတယ် ဘာလဲဆို တော့   လူတစ်ယောက်က from Yangon to Mandalay  ကို လေယဉ်နဲ သွားတယ် လေယဉ်ပေါ်တက်ခါနီး ကားနဲတဆင့် သွားရတယ်  ကားပေါ်တက်တော့ မြန်မာတွေက အလုအရက် တက်ကြတယ် ဒါပေမဲ နိုင်ငံခြားသားတွေကတော့အေးဆေးပဲ  ဆိုလိုချင်တာက နိုင်ငံခြားသားတွေအမြင်မှာတော့ မြန်မာတွေလူမှူရေးမသိတက် နားမလည်ဘူးပေါ့နော်   အဲဒိနေရာတင်မကပါဘူး                 နေရာအတော်များများမှာ ဒီလိုလုပ်နေကြပါ   ဘာလိုမြန်မာတွေဒီလိုလုပ်ရတာလဲဆိုတော့  သူတိုတွေရဲစိတ်ထဲမှာ ငါဦးမ ငါအရင်ရောက်မ ငါရမှာ ဆို တဲစိတ် ဝင်နေလိုပဲ    အားလုံးကိုချုံကြည်မယ်ဆိုရင် ဘာကြောင့် စီးပွားရေးတွေမကောင်းတာလဲ ကျမ်းမာရေးတွေချိုရွင်းတာလဲ အကျင့်သိလတွေပျက်ပြားတာလဲဆိုတော့ အဓိကအချက်ကတော့ တစ်ချက်ပဲ  နိုင်ငံအုပ်ချုပ်သူတွေမကောင်းလိုပဲ        ကောင်းအောင်ဘာ်လိုလုပ်မလဲဆိုရင်တော့ နည်းစနစ်အဟောင်းကြီးပဲ စစ်ဘီလူးတွေကိုမောင်းထုပ်ရမှာပါ   စာဖတ်သူကတော့ထင်မှာပေါ့ ဟင်လာပြန်ပြီဒါပဲ  ပြီးတော့မေးမယ် ဘယ်လိုလုပ်ိုမောင်းထုပ်မှာလဲ တချိုဆိုရင် မေးတောင်မေးချင်မှာမဟုတ်ဘူး    ဘာလိုလဲဆိုတော့ more than 20 years nothing happen in BURMA.   ဘုန်တော်ကြီးတပါးမိန်ခဲတာကိုပြေပြချင်ပါတယ်  “အလုပ်မပါဗလာတောင်းတော့       အာညောင်းရုံပဲရှိုတယ်”  ဘုန်းဘုန်းပြောတာကတော့ နိဗာန် ရောက်ကြောင်းတရားပါ    ဘုရားရှိခိုးတိုင်း နိဗာန်ရောက်ရပါလို၏ဘုရား ဆုသာတောင်းနေတာ ကျင်ကြံ အားထုပ် မှူမရှိရင် နိဗာန်ကိုဘယ်ရောက်နိုင်ပမလဲ      ထို့နည်းတူ  ဒီမိုကရေစီ ၇ရန်အော်နေလိုမဖြစ်တော့ဘူး အလုပ်နဲလက်တွေပြဖိုအချိန်တန်ပြီ       ဥပမာပြော၇ရင် တုတ်ရှိတဲလူနဲ လက်ဗလာလူနဲ ခိုက်ရန်ဖြစ်ရင် တုတ်ရှိတဲလူကနိုင်ရန်အခွင်အရေးပိုတယ်  တုတ်နဲ ဓားနဲရှင် ဓားကသာတယ် ဓားနဲသေနပ်နဲ ဆိုရင်တော့ သိတဲအတိုင်းပဲ  သေနပ်ရှိတဲလူကတော့ သေနပ်ရှိတဲသူအချင်းချင်းပဲ ကြောက်မယ်  အသက်မသေပဲအားလုံးအဆင်ပြေရင်တောအကောင်းဆုံးပေါ ဒါပေမဲ အနှစ်နှစ်ဆယ်ကျော်ပြီ   ဘာမဖြစ်မလာပါလား ပြောချင်တာက မျိုးဆက်တခုအဆုံးရှုံခံရင်ခံရမယ် နောက်မျိုးဆက်တွေအတွက်     ပြောတော့သာလွယ်တာပါ လုပ်ရန်အတွက်တော့ မလွယ်ဘူးဆိုတာသိပါတယ်   ရင်ထဲမှာရှိတာတွေကို မျှဝေလိုက်ထာပါ

7 comments

  • michaelaungpu

    October 17, 2010 at 8:45 am

    ကြားတယ်ကြားတယ်
    ဓားတွေ သေနတ်တွေကတော့ ဟုတ်ပါပြီ
    ကျွန်တော်လည်း လောက်စာလုံး အလုံး ခြောက်ထောင်လောက် လုံးထားပြီးသား ရယ်ဒီရှိပါတယ်
    ဘာဆက်လုပ်ရမယ်ဆိုတာ ဗဟိုကနေ ဆက်လက်ညွန်ကြားပါခင်ဗျား
    ကြားရင်အကြောင်းပြန်
    ကြားရင်အကြောင်းပြန်
    အကြောင်းမပြန်ရင် နောက်မလာနဲ ့
    ဒါဘဲ
    ဒါဘဲ
    အခြားအဖွဲ ့ဝင်တွေကိုလည်း အကြောင်းကြားပါ

  • winkyawaung

    October 17, 2010 at 9:12 am

    အဲဒီကိစ္စကို ပြည်သူ့လွှတ်တော်ခေါ်ထားပါတယ်..။ ဘယ့်တော့ ပြည်သူ့လွှတ်တော်ခေါ်မည်လဲ..?။

  • asiamasters

    October 17, 2010 at 10:13 am

    ပြည်ထောင်စုမြန်မာနိုင်ငံတော်အကြောင်းပြောရရင်တော့ ဝမ်းနဲကြေကွဲဖွယ်ရာများသာရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအကြောင်းပြောရင် Military Regime ၊ Oppression ၊ Mrs. Michael Aeris ၊ Cronies တွေအကြောင်းတွေကသာများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် နောက်မှ ပေါက်လာတဲ့ရွှေကြာပင်တွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်း တို့အထိ Level Ground အနေနဲ့ ဆက်ဆံလို့မရတော့တဲ့ အနေအထားမှာဖြစ်လာတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်လဲ ဆိုတာ ကို ကျွန်တော်တို့ ကိုယ့်လူမျိုးတွေကို ချစ်မြတ်နိုးသူတွေ၊ ကိုယ့်ရဲ့ Dignity ကို ထိန်းသိ်မ်းလိုသူတွေက အဓိက ဖြစ်ပွားရတဲ့ အကြောင်းအချက်တွေကိုရှာဖွေကြရမှာဖြစ်ပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံရဲ့ အားနဲချက်တွေကို ပြောကြတဲ့နေရာမှာ Military Regime တစ်ခုထဲကိုပဲ အပြစ်ပုံချနေကြတာတွေ့ရပါတယ်။ ဒါဟာမှားတယ်လို့ မဆိုသာပါဘူး။ ဒါပေမဲ့ ဒါဟာ အဓိက အချက်တွေထဲက တစ်ခုလို့ ဆိုချင်ပါတယ်။ ဒီ Military Regime ကလူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ပြီးတော့ လူသားတွေလဲဖြစ်ပါတယ်။ လူသားတွေဟာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အမြင့်မားဆုံးကို ရောက်ရှိနိုင်သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်ဆိုးရွားတဲ့ မှားယွင်းမှုတွေကို ဘာကြောင့်လုပ်ကြတာလဲ။ ဥပမာ၊ အမေရိကန်သမ္မတဟောင် ဂျော့ဘုရှ် လိုဟာမျိုးပေါ့။ ဘာကြောင့်အမှားမှားအယွင်းယွင်း နဲ့ လူသန်းပေါင်းများစွာသေကြေပျက်စီးအောင် အပြစ်ကျူးလွန်ခဲ့လဲပေါ့။ ဒီနေ့ခောတ် Military Regime ကို ဦးဆောင်ခဲ့သူတွေဟာ ၁၉၃ဝ ခန့်မှာမွေးဖွားခဲ့သူများဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ စစ်တွေ၊ ဆင်းရဲမှုတွေ၊ နှိမ်ချမှုတွေ၊ ပြည်တွင်းစစ်တွေ ကြားထဲမှာ ကြီးပြင်းလာခဲ့ရသူများဖြစ်ပြီး။ သူတို့ရဲ့ လူ့ဘဝပန်းတိုင်တွေဟာ နောက်ဆုံးတော့ ဆွေမျိုးတစ်စုကောင်းစားရေး ဘက်ကိုသာရောက်လာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်လာရတာဟာ သူတို့ရဲ့ အသိဉာဏ်ကြီးထွားခွင့် က သူတို့ကျင်လည်ရတဲ့ ဘဝထဲမှာ ကျဥ်းမြောင်းသွားလို့ဘဲဖြစ်ပါတယ်။ အသိဉာဏ်နဲလေလေ၊ ပိုပြီးကြောက်ရွံ့ လေလေ၊ ဒါကြောင့် နောင်ကျန်ရှိနေသေးတဲ့ဘဝတွေမှာ အဆင်ပြေရလေအောင် လောဘကြီးရလေလေပဲဖြစ်ပါတယ်။ ဒီလိုလူတွေဟာ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေသူတွေဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး သံသယများ၊ ကြောက်ရွံ့မှုများနဲ့သာ ဆက်ဆံနေကြရတာဖြစ်ပါတယ်။ လူသားတွေရဲ့ အသက်က ၁၀ဝ ထက်တော့မကြာပါဘူး။ ဒါပေမဲ့ သူတို့ပြီးရင် ဘယ်သူတွေဆက်လုပ်ကြမှာလဲ။ ဆက်လုပ်မဲ့လူတွေက ကော ရှင်ကြီးက ကျားထက်ဆိုးဖြစ်နေဦးမလား။ သေချာတာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ လူသားတွေကို လေ့ကျင့်ပေးဖို့ ဘာမှ အဆင်သင့်မဖြစ်ခဲ့သေးဘူး။ မြန်မာနိုင်ငံမှာနေပြီး အတိုက်အခံလုပ်ရင် ထောင်နန်းစံရဘို့ရှိတယ်။ နိုင်ငံခြားမှာ နေရင် ဘယ်လို နိုင်ငံခြားမျိုးကို သွားပြီး၊ ဘယ်လိုအသက်မွေးမယ်။ ဘာဆက်လုပ်မယ်ဆိုတာစဉ်းစားရမယ်။ အမေရိကန်အစိုးရဖြစ်စေ၊ တရုတ်အစိုးရဖြစ်စေ၊ မြန်မာအစိုးရဖြစ်စေ ကျွန်တော်တို့ ဘာပဲပြောပြော အပွန်းရာလေးတောင်မဖြစ်ဘူး။ ဒီတော့ ကျွန်တော်တို့ လုပ်နိုင်တာကိုပဲလုပ်ရတော့မယ်။ နိုင်ငံတကာကိုဝင်ဆံ့မဲ့လူသားတွေကို မွေးထုတ်ပေးဘို့ပဲ။ လုပ်လို့ရနိုင်ပါ့မလားလို့ တစ်ချို့ကလည်း သံသယရှိတယ်။ ကျွန်တော် အမြင်မှာတော့ ကျွန်တော်တို့ မှာ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုရှိတယ်။ ဒါ ဟာ Information Technology ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ကြရင်၊ ပိုမိုထိရောက်အောင်လုပ်နိုင်ရင် နဲနဲလေးတော့် ပြောင်းနိုင်မလားပဲ။

  • tunaung

    October 17, 2010 at 11:26 am

    အကြံရပြီ…ဒီလိုလုပ်ပါလါး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့မြန်မာလူမျိုးတွေသမ္မတဖြစ်အောင်ကြိုးစားကြအာဖရိကနွယ်ဖွား အိုဘားမားတောင်သမ္မတဖြစ်သေးတာ အို…သမ္မတဖြစ်သွားလို့ကတော့…ဟင်း…

  • aung htoo

    October 17, 2010 at 12:01 pm

    @asiamasters: I like your comment….

  • doekalay

    October 19, 2010 at 9:09 am

    ပိုမိုထိရောက်အောင်လုပ်နိုင်ရင် နဲနဲလေးတော့ ပြောင်းနိုင်မလားဆိုသာထက် ပိုပြီးပြောင်းလဲသွားမယ်ထင်ပါတယ်။

  • chitsayar

    October 19, 2010 at 10:14 am

    မြန်မာနိုင်ငံမှာနေပြီး အတိုက်အခံလုပ်ရင် ထောင်နန်းစံရဘို့ရှိတယ်။ နိုင်ငံခြားမှာ နေရင် ဘယ်လို နိုင်ငံခြားမျိုးကို သွားပြီး၊ ဘယ်လိုအသက်မွေးမယ်။ ဘာဆက်လုပ်မယ်ဆိုတာစဉ်းစားရမယ်။ နိုင်ငံတကာကိုဝင်ဆံ့မဲ့လူသားတွေကို မွေးထုတ်ပေးဘို့ပဲ။ ကျွန်တော် အမြင်မှာတော့ ကျွန်တော်တို့ မှာ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုရှိတယ်။ ဒါ ဟာ Information Technology ပဲဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို ့အားလုံး နိုင်ငံခြားထွက်ကြ
    ကျုပ်က အကျိုးဆောင်ပေးမယ် ရှင်းပြီလား။

Leave a Reply