Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံတော်အလံမီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေနပ်

blackloverOctober 22, 20101min50016

အထက်အမိန့်အရ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံတော်အလံအား ချက်ချင်းဖြုတ်ချ မီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် လွှင့်တင်ထားသည့် နိုင်ငံတော်အလံအား ယနေ့ မွန်းလွဲ(၃) နာရီအတွင်း အပြီးမီးရှို့ခိုင်းခြင်းဖြစ်ကြောင်း ဝန်ထမ်းတဦးက ပြောသည်။

“နိုင်ငံတော်အလံတွေကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးတယ် (၃) နာရီထိုးမှာ အပြီးလုပ်ရမယ်ဆိုပြီး အရေးပေါ်လုပ်တာ၊ အားလုံးက စိတ်မကောင်းကြဘူး၊ အလံတွေကို ဘာကြောင့်ဖြုတ်ချ မီးရှို့ခိုင်းတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အလံများကို ချက်ချင်းဖြုတ်ချမီးရှို့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပေးလာမည့် အလံမရမချင်း အခြားမည်သည့်အလံမှ တင်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ပေးမဲ့အလံ မရောက်မချင်း ဘယ်အလံမှ မတင်ရဘူး အထက်ကအမိန့်လို့ ပြောတယ်၊ အလံကို ဖြုတ်ချပြီး ခဏသိမ်းဆိုတော်သေးတယ်၊ အခုလို လုပ်ခိုင်းတာ လုံးဝကို နားမလည်ဖူး” ဟု ပြောသည်။

အခု မီးရှို့ဖျက်ဆီးခဲ့သည့် နိုင်ငံတော်အလံသည် အနီရောင်နောက်ခံ ဘက်ဝဲဘက်ထောင် အပြာရောင်လေးထောင့်ကွက်ပါရှိပြီး အဆိုပါ အပြာရောင်လေးထောင်ကွက်အလယ်အတွင် အဖြုရောင် စပါးနှံခွေးသွားစိပ်တို့ကို ကြယ်ဖြူ (၁၄)လုံးက ဝန်းရံထားသည့် အလံတော်ဖြစ်သည်၊ ၎င်းအလံတော်ကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့က စတင်ပြီး ယနေ့ မနက်ပိုင်းအထိ အသုံးပြုခဲ့သည့် အလံတော်ဖြစ်သည်။

အခုရက်ပိုင်းအတွင်းမှာ အမှတ် (၁) စက်မှူဝန်ကြီးဌာနက ရန်ကုန်အထည်ချုပ်စက်ရုံတွေကို စစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေတွင် အတည်ပြုထားသည့် နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုဖို့ အလံတစ်သိန်းခွဲ အချုပ်ခိုင်းခဲ့ပြီး အောက်တိုဘာလ (၂၁) ရက်နေ့ အပ်ဖို့လည်း ညွန်ကြားထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့သည်။

credit@ရိုးမ(3)

16 comments

  • cobra

    October 22, 2010 at 8:05 am

    ခွေးမျိုးတွေ..ခွေးအလုပ်…လုပ်နေကြတယ်…နိုင်ငံတော်အလံကိုမီးရှို ့ခိုင်းတာတော့တရားလွန်တယ်ဗျာ..။

  • etone

    October 22, 2010 at 8:11 am

    မကျေနပ်တာကတော့မကျေနပ်ဘူးပေါ့… ဒါပေမဲ့လည်း ကြိတ်ကြေကွဲနေကြယုံပဲလုပ်နိုင်တယ်လေ ။ နှမ်းတစ်ပွင့်နဲ့ဆီမဖြစ်တဲ့အနေထားမျိုးမို့ အားလုံး သိသိကြီးနဲ့ငြိမ်နေကြတာပါ ။

  • khinmintatthu

    October 22, 2010 at 8:47 am

    ဘယ်လိုပဲပြောင်းပြောင်းပေါ့… အခုလိုတော့ မလုပ်သင့်ပါဘူး…..

  • juezinko

    October 22, 2010 at 9:17 am

    အရင်အလံလေးဘဲကျက်သရေရှိပါတယ်……ဒီအလံကြီးကအလေးပြုချင်စရာမကောင်းဘူး

  • juezinko

    October 22, 2010 at 9:27 am

    စောက်ရမ်းမိုက်ရိုင်းတယ်….အပြောင်းအလဲလုပ်တာကိုတော့လက်ခံပါတယ်
    ဒါပေမယ့်အလံကိုမီးရှို့ရအောင်အဲဒီအလံကသူတို့ဖင်တက်လိုးနေလို့လား
    ငါလိုးမသားတွေ….
    လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပီး….
    တကယ်ကွာ…

  • thethtet87

    October 22, 2010 at 9:29 am

    ဘာလို့လုပ်တာလဲတော့မသိဘူးနော်။မီးရှိုုဖို့တော့မသင့်ဘူးနော်။

  • leo

    October 22, 2010 at 9:32 am

    မကြားဖူးပါဝူးဂျ ……. ကိုယ့်နိုင်ငံအလံကို မီးရှို့ရတယ်ယို့ ….. မသုံးရင်ပြတိုက်ပို့ထားပေါ့ ဘာယို့မီးရှို့ရတာယဲဂျ ….. ဒါချို သုံးမရတော့တဲ့ တပ်ဂျုတ်ကြီးတွေယဲ မီးရှို့ပစ်လိုက်ပေါ့ဂျ …….

  • winkyawaung

    October 22, 2010 at 10:20 am

    ယတြယာကို လက်ကိုင်ထားကြတဲ့ မင်းတို့တစ်တွေ တန်ပြန်သက်ရောက်ပြီး အပူမီးတွေလောင်ကြပါစေ..။ အရူးမီးဝိုင်းဖြစ်ပြီး မသာပေါ်ကြပါစေ..။

  • winkyawaung

    October 22, 2010 at 10:25 am

    ယတြာယာကို လက်ကိုင်ထားကြတဲ့ မင်းတို့တစ်တွေ တန်ပြန်သက်ရောက်ပြီး အပူမီးတွေလောင်ကြပါစေ..။ အရူးမီးဝိုင်းဖြစ်ပြီး မသာပေါ်ကြပါစေ..။

  • april

    October 22, 2010 at 10:28 am

    ရက်စက်လိုက်ာကြတာ..ယုတ်မာလိုက်ကြတာ…မီးရှို့တာကတော့ မလုပ်သင့်မလုပ်အပ်ပါဘူး။

  • doekalay

    October 22, 2010 at 10:37 am

    အရင်ကလွှင် ့တင်ခဲ ့တဲ ့ကျွန်တော်တို ့ရဲ ့မြန်မာနိုင်ငံအလံဟာကျက်သရေရှိလှပါတယ်။
    အဓိပယ်လည်းရှိလှပါတယ်။အလံမှာပါတဲ ့ကြယ်ဖြူ ၁၄ လုံးကဘာ
    ကိုကိုယ်စားပြုတယ်ဆိုတာကလေးတွေသင်နေတဲ ့ပြဠာန်းအုပ်မှာတောင်ရှိနေပါတယ်။အခုလက်ရှိလည်းသင်ကြားနေကြရပါတယ်။သူတို ့ဒါကိုနားလည်တတ်ကြရဲ ့လား။ခွေးမျိုးတို ့ရဲ ့လုပ်ဇာတ်တွေဘဝဆက်တို င်းမီးလိုပူကြပါစေ။

  • fatty

    October 22, 2010 at 12:09 pm

    အလံချခြင်းကို အင်္ဂါ သားကပြုလုပ်ရမည်ဖြစ်ပြီး ….အလံတင်ခြင်းကို ဗုဒ္ဓဟူးသားကပြူလုပ်ရမည်ဖြစ်ကြောင်း တနိုင်ငံလုံးသို့ ညွှန်ကြားထားကြောင်းသိရသည်။

  • narziparty2009

    October 22, 2010 at 1:28 pm

    တော်တော်လူလိုမသိတဲ.လူတေ။ွသူများနိုင်ငံအစိုးရတွေများအလံတွေကိုပြည်သူတွေကတစ်ခုခုလုပ်မှာကြောက်နေကြတယ်။
    သူတို.ကတော.ပြောင်းပြန်ဗျာကိုယ်တိုင်တောင်မီးရှို.ခိုင်းတယ်။ပြတိုက်သွားထားတော.မင်းမိန်းမကြိုင်ကြိုင်ကြီးလူလိုးမှာစိုးလို.လားမအေလိုးရဲ.

  • aye thet mon

    October 22, 2010 at 3:01 pm

    အရမ်းဝမ်းနည်းစရာကောင်းတယ်….နောက်လူတွေဆိုရင် ရှေးက သုံးခဲ့တဲ့ အလံက ဒီအလံပါလို့ ပြစရာတောင်မကျန်ခဲ့တော့ဘူး ဖြစ်နေတယ်….. မီးရှို့မှပဲ ဖြစ်မှာလား……. အဲလောက်အယူသည်းဖို့မလိုဘူး ထင်ပါတယ်…….. စိတ်မကောင်းစရာပဲ…..

  • thidakywewa1

    October 22, 2010 at 5:33 pm

    ဒိ သတင်းကြီးကြားရတာ စိတ်ထဲတစ်မျိုးကြီးပဲ ။ ငယ်ငယ်ကတည်းက လေးစားလာခဲ့တဲ့ အလံကိုဖြုတ်ချ လိုက်တော့ ကိုယ့်ကိုယ် ကိုတောင် ထင်မိသေးတယ် သူတပါးလက်အောက်ရောက်သွားပြီလားလိုလေ ။ ကျွန်ဘဝက နေ ခက်ခက်ခဲခဲ ရထားတဲ အလံလေးတော့ သွားပါပြီဗျာ။

  • phantom

    October 23, 2010 at 6:28 am

    အလံကိုတော့မီးမရှို့သင့်ဘူးထင်ပါတယ် မသုံးရင်မီးရှို့ရမယ်ဆိုရင် တပ်မတော်အစိုးရကို မသုံးလို့ သမ္မတအစိုးရ တက်လာရင် တပ်မတော်အစိုးရကို မီးရှို့မှာလားဟင်။ အရင်အလံက တကယ့်ကို အဓိပ္ပာယ်နဲ့ ပြည့်စုံပြီး ကျက်သရေ ရှိပါတယ် ဘယ်နိုင်ငံမှာပဲတွေ့ရ တွေ့ရ ငါတို့နိုင်ငံအလံဆိုပြီး ဂုဏ်ယူစရာကောင်းပါတယ်။ အခုအလံက တခြားနေရာမှာတွေ့ရင် အာဖရိကအလံလိုလိုဘာလိုလိုနဲ့ ဟီး ပြီးတော့ ဘယ်နေ့သားအလံချ ဘယ်နေ့သားအလံတင်ဆိုပြီး ယတြာကလုပ်သေးတယ် တစ်ခုဖြုတ် တစ်ခုတင်ရင် တစ်ခုတော့ ခိုးရမှာပဲ ဒါဆိုကြံ့ခိုင်ရေးကတော့ အလံခိုးပေါ့ ဟုတ်လား ခွိ

Leave a Reply