အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံး ချွတ်ပြသူ
အသက် ၂၄ နှစ်ရှိ လူတစ်ဦးသည် အလောင်းအစား တစ်ခုပြုလုပ်ပြီးနောက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မိန့်ခွန်းပြောမည့် အခမ်းအနားတစ်ခုအတွင်း လူအများ စုရုံးနေစဉ် ကိုယ်တုံးလုံး ချွတ်ပြခဲ့ကြောင်း သိရသည်။
ဘီလျံနာ သူဌေးတစ်ဦးနှင့် ဒေါ်လာတစ်သန်းကြေး အလောင်းအစား ပြုလုပ်ရန် သဘောတူညီမှု ရရှိပြီးနောက် ဂျူအန်ရိုဒရီဂွတ်သည် ဖီ လာဒဲဖီးယားရှိ သမ္မတအား ကြိုဆိုနှုတ်ဆက်နေသူများကြား ယခုလို အတတ်ဆန်းခဲ့ခြင်းဖြစ်သည်။ မိမွေးတိုင်း၊ ဖမွေးတိုင်းဖြင့် အခမ်းအနားသို့ တက်ရောက်လာသော ဂျူအန်ကို ရဲများက ဖမ်းဆီးခဲ့သည်။ ဗြိတိသျှ ဘီလျံနာ သူဌေးကြီး အကီဒေးဗစ်က အိုဘားမားရှေ့သို့ ကိုယ်တုံးလုံးဖြင့် သွားပြသူကို ဒေါ်လာတစ်သန်း ဆုချီးမြှင့်မည်ဟု ၎င်း၏ ဝက်ဆိုင်ဖြစ်သည့် battlecam.comတွင် ရေးသားခဲ့ပြီးနောက် ဂျူအန်က ယခုလို ပြုမူခဲ့ခြင်းဖြစ်သည်။ ဒေးဗစ်က ဂျူအန်၏ လုပ်ရပ်မှာ ပထမဆုံးဖြစ်နိုင်ကြောင်း၊ အိုဘားမားရှေ့ထိ ၎င်းရောက်သွားခြင်း ရှိမရှိ မသေချာကြောင်း၊ သို့ သော်လည်း ထိုအတိုင်း အမှန်ဖြစ်လျင် ပိုက်ဆံကို ထုတ်ပေးရန် ဝန်လေးနေမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အလောင်းအစား စည်းမျဉ်းအရ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကိုယ် တုံးလုံးကျွတ်ဖြင့် အိုဘားမားရှေ့ ရောက်ချိန်တွင် battlecam.comဟု ၆ ကြိမ်တိတိ အော်ရမည်ဖြစ်ပြီး ရင်ဘတ်တွင်လည်း ထိုဝက်ဆိုက်အမည်ကို စာတန်းရေးထိုးထားရမည်ဖြစ်သည်။ ဒေးဗစ်က ၎င်းသည် အိုဘားမားအား နှစ်သက်သဘောကျသူ တစ်ဦးဖြစ်ကြောင်း၊ ယခုအလောင်းအစားသည် သမ္မတအား ကျီစယ်မှု တစ်ခုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ရဲများသည် ဂျူ အန်အား ခေတ္တထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်
7 comments
etone
October 22, 2010 at 8:27 am
ဒေါ်လာတစ်သန်းကြေးတဲ့လား .. မြန်မာပြည်က ဟိုမော်ဒယ်လေးတွေကိုပြောလိုက်ကြပါဦး ။ ဒီမှာထွက်တဲ့ခိုးရိုက်ခံရတဲ့အခွေထက်ဈေးပိုရတယ်လို့။
smytu1996
October 22, 2010 at 8:29 am
yup..please see this post as jokes, but it was happened really!
intro
October 22, 2010 at 8:55 am
သိတ်ကောင်းတဲ့ promotion ပဲဗျာ… အကုန်အကျလဲ အတော်ခံခဲ့ရတာပဲ
khinmintatthu
October 22, 2010 at 8:56 am
အော်… တယ်လည်း ခက်ပါလား လောင်းကစားမှုရယ်… တော်သေးတာပေါ့ ဒုက္ခမရောက်လို့ပေ့ါ
winkyawaung
October 22, 2010 at 11:59 am
စောစောက ပြောရင် သိရင် မြန်မာပြည်က မော်ဒယ်တွေ တန်းစီနေလောက်ပါတယ်ကွယ်..။
ဆူး
October 22, 2010 at 12:10 pm
ဒါနဲ့ ပုံထဲက လူမဲ အန်တီကြီးက ဘာလို့ လက်နှစ်ဘက်နဲ့ကာထားတာလဲ.. တဖက်ကာ တာတောင် မဟုတ်ဘဲ.. နှစ်ဘက်ကို လက်ကြီး လိမ်ပြီး ကာထားတယ်နော်.. ဓါတ်ပုံ ရိုက်နေတာမို့ ဖောဖော လုပ်နေတာလား..
naywoonni
October 22, 2010 at 4:21 pm
အရူးထမှုသက်သက်ပါ
ဘာ…အဓိပ္ပာယ်မှရှာမရပါဘူး
အဲဒိလောက်လောင်းကစားဝါသနာပါနေလည်း
မြန်မာပြည်လာပြီးဘောလုံးပွဲဒိုင်ဖြစ်ဖြစ်
နှစ်လုံးဒိုင်ဖြစ်ဖြစ်လာလုပ်ပါ့လား