ဇင်ဘာဘွေတွင် အမျိုးသားများအား အမျိုးသမီးများက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြစ်ပွား
ဇင်ဘာဘွေနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် ကိစ္စများကြောင့် ရဲတပ်ဖွဲ့မှာ ခေါင်းခြောက်နေကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ လအတွင်း အမျိုးသား ၆ ဦးမှာ အမျိုးသမီးများက အုပ်စုလိုက် မုဒိမ်းကျင့်မှု ခံခဲ့ရသည်။
ရဲဌာနက ထိုကိစ္စအတွက် ရှက်ပြီး ရဲမတိုင်သော အမျိုးသားများလည်း ရှိနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်ရှိ ရဲသားတစ်ဦးသည် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်နေစဉ် အသေးစား မီနီဘတ်စ်တစ်စင်းက အကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရာ ကားထဲရှိ အမျိုးသမီး ၃ ဦးက ၎င်းအား ဝိုင်းချုပ်ခဲ့ကြသည်။ ယင်းသည် ရုန်းကန်ရန် ကြိုးစားသော်လည်း မျက်နှာကို မေ့ဆေးဖြင့် အုပ်ခံရပြီးနောက် သတိလစ်သွားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဩဂက်စတင်းချီဟွာကဆိုသည်။ ထို့နောက် ထိုရဲသား သတိပြန်ရလာချိန်တွင် ၎င်းသည် မြို့ပြင်တောအုပ်ထဲ ရောက်နေပြီး အမျိုးသမီး ၃ ဦးက ယင်းကို လိင်ဆိုင်ရာ စော်ကားပြုမူနေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက် စိတ်ကျေနပ်သွားသော အမျိုးသမီးများသည် ရဲသားတွင် ပါလာသော ငွေကြေးအနည်းငယ်နှင့် မိုဘိုင်းဖုန်းတို့ကို ရယူကာ ၎င်းအား မြို့ပြင်တွင် ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ချီဟွာက ပြောကြားခဲ့သည်။ ထိုသို့သော လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရဟု ချီဟွာကဆိုသည်။
ဇင်ဘာဘွေ ဥပဒေအရ မုဒိမ်းမှုသည် အမျိုးသမီးများ ပြုကျင့်ခံရမှသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် သတ်မှတ်မထားချေ။ ပြီးခဲ့သည့်လကလည်း အမျိုးသမီး နှစ်ဦးသည် အသက် ၄၄ နှစ်အရွယ် အမျိုးသား တစ်ဦးအား ၎င်းတို့နှင့် လိင်ဆက်ဆံရန် အတင်းခိုင်းစေခဲ့သည်။ ထိုစဉ်က ယင်းအမျိုးသားသည် အိပ်ယာတစ်ခုကို ဝယ်လာပြီး ကာရိုးအနောက်ပိုင်းရှိ နေအိမ်သို့ သယ်သွားချိန်တွင် အမျိုးသမီးများက ယခုလို ခိုင်းစေခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် နိုဝင်ဘာလကလည်း အမျိုးသမီး ၂ ဦးသည် အသက် ၁၈ နှစ်အရွယ် ချာတိတ်တစ်ဦးကို ဟာရာရာရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်း သော့ခတ်ပိတ်ကာ မုဒိမ်းကျင့်ခဲ့ကြသည်။ ယခုကဲ့သို့ ရဲသားတစ်ဦးအား မီနီဘတ်စ်ပေါ် လိုက်လာသည့် အမျိုးသမီးများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပြည်တွင်းသတင်းစာတစ်စောင်က လမ်းပေါ်မောင်းလာသည့် မီနီဘတ်စ်ကို အလုအယက် ဝိုင်းတားနေသည့် အမျိုးသား အမြောက်အမြားပုံကို ကာတွန်းရေးဆွဲ သရော်ခဲ့ကြောင်း သိရသည်။
19 comments
cobra
October 22, 2010 at 8:49 am
ဟာ..ကမာ္ဘကြီးကဘာတွေဖြစ်နေပီလဲ..။
smytu ရေအရမ်းမတင်နဲ့ဦး..တို့ဗမာတွေကသူများနိုင်ငံကလုပ်ရင်လိုက်လုပ်တတ်လွန်းလို့…။
ဟင်း..ဟင်း….သားသားကြောက်ကြောက်…၃ယောက်လောက်ပဲနိုင်မယ်ထင်တယ်….ဟဲ…ဟဲ..။
intro
October 22, 2010 at 9:01 am
မသိလို့ တစ်ခုမေးမယ်နော် (ရိုင်းသွားရင် ခွင့်လွှတ်) ယောက်ျားလေးတွေ မေ့နေတုန်းမှာ မိန်းကလေးတွေဘက်က အတင်း မုဒိမ်းကျင့်လို့ တကယ်ရော ရရဲ့လား?
MandalayThar
October 22, 2010 at 9:25 am
ဖြစ်နိုင်တယ်ဗျ။ လက်တွေ့ကျကျပြောရရင် အိပ်နေရင်းနဲ့တောင်မှ ဟိုကောင်က ငေါက်တောက် ငေါက်တောက် ဖြစ်နေတာ။ မေ့နေရင်လည်း ရလောက်မှာပေါ့။
kai
October 23, 2010 at 7:40 am
ဗုဒ္ဓဘုရားရှင်လက်ထက်က..ရဟန်းတပါး..အိပ်ပျော်နေတုံး..မာတုဂါမတယောက်က သူ့အပေါ်တက်ပြီး ကာမဆက်ဆံပါတယ်..။
အဲဒါ..ရဟန်းက ဘုရားရှင်ကို.. ဝိနည်းကျိုးပေါက်ပြီးအပြစ်ဖြစ်တယ်ထင်ပြီး..မေးလျှောက်တော့.. ဘုရားက..“အဲဒီအပေါ် သာယာသလား”လို့ပြန်မေးတယ်လို့ စာထဲဖတ်ဖူးပါတယ်..။
ဆိုတော့..
မိန်းမက..ယောက်ျားကို..အတင်းတက်ပြီးကာမဆက်ဆံတာဟာ လွန်ခဲ့တဲ့နှစ်၂၅၀ဝကျော်ထဲကမှတ်တန်းကျန်ရစ်ပါကြောင်းနဲ့..ဖြစ်နိုင်ပါတယ်ဆိုတာလေး..ဖြည့်ပေးတာပါ..။
—
ထပ်ဖြည့်ပြောရရင်.. ယူအက်စ်မှာလည်း..ကျောင်းဆရာမက..တပည့်ယောက်ျားလေးကိုဆွဲဆောင် ကာမရယူတာမျိုးခဏခဏဖြစ်ပါတယ်..။ အဲဒါမျိုးဆို ဆရာမကို ဥပဒေအရအရေးယူပါတယ်.။အခုတင်သတင်းတခုတွေ့လို တင်ပေးလိုက်တယ်..။ မြန်မာပြည်မှာလည်း…ရှိနိုင်ပါတယ်..။ ကလေးတွေက မပြောလို့သာ..သတင်းတွေမတက်လာတာနေပါမယ်..။
TAMPA – Since the arrest of Debra Lafave in 2004 for having sex with her 14-year-old student, there have been several more arrests of Tampa area teachers accused of the same behavior. The highest number was in 2008, when at least eight teachers were accused of having inappropriate, sexual relationships with students, which begs the question, “What is going on, and is this an epidemic?”
http://www.abcactionnews.com/dpp/news/region_tampa/teacher-sex-scandals%3A-what%27s-going-on-in-our-schools%3F
leo
October 22, 2010 at 9:11 am
intro ရေ ……. သေချာပေါက်ကိုရပါတယ် ကျန်းမာရေးကောင်းနေတဲ့လူအတွက်ဆို ရပါတယ်
shweminthar
October 22, 2010 at 9:23 am
ယောက်ျားလေးများသတိရှိရှိနေကြပါ။
online ကနေ ကောင်မလေးတွေက ချိန်းရင် တစ်ယောက်ထဲ မသွားနဲ့နော်။
winyungwe
October 22, 2010 at 9:44 am
ဟဟ………..
သွားပြီကွာ……….
ဘယ်လိုမိန်းကလေးတွေလဲကွာ………
:no
asiamasters
October 22, 2010 at 10:12 am
မဖြစ်နိုင်ပါဘူးခင်ဗျာ။ အမျိုးသမီးတွေဟာ အမျိုးသားတွေကို မုဒိန်းမကျင့်နိုင်ပါဘူး။ အမျိုးသားက အမျိုးသမီးကိုသော်လည်း၊ အမျိုးသားက အမျိုးသားကိုသော်လည်းကောင်း မုဒိန်းကျင့်နိုင်ပါတယ်။ အမျိုးသမီးတွေ အမျိုးသားတွေကို မုဒိန်းကျင့်တယ်ပြောတာထက် Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတာတွေသာ လုပ်နိုင်ပါတယ်။ ဘာသာပြန်တဲ့နေရာမှာ rape လား၊ sexual harassment လားဆိုတာခွဲခြားပြန်ဆိုသင့်ပါတယ်။
william hoe
October 22, 2010 at 10:29 am
သားသားေ ကြာက်ကြောက် … တော်ပီ ညဘက် တယောက်ထဲ အပြင် မထွက်ရဲ တော ့ဝူး…. 😛 😛 😛
winkyawaung
October 22, 2010 at 10:37 am
မြန်မာပြည်က ရေနံချောင်းကောလိပ်အမျိုးသမီးဆောင်က ကြားရင် ဒါလေးများ..လို့ ပြောဆိုပြီး ရယ်နေကြပါအုံးမယ်ဗျာ..။
intro
October 22, 2010 at 11:26 am
ဟုတ်လား၊ လုပ်စမ်းပါဦးဗျ…. ကျွန်တော်မသိသေးဘူး၊ ဘာများဖြစ်သွားလို့လဲ
ဆူး
October 23, 2010 at 2:36 am
မသိသေးရင် ဒီမှာ ရှာကြည့် ရှိတယ် အသေအချာကို တိတိကျကျ ကွက်ကွက် ကွင်းကွင်း သတင်းရေးထားတာရှိတယ်.. လူအကြည့်အများဆုံး ပိုစ်လည်း ဖြစ်ခဲ့တယ်။
naywoonni
October 22, 2010 at 4:40 pm
အင်း…
အဲဒါကြောင့်….
ကမ္ဘာကြီးပူနွေးလာပြီလို့ပြောပြောနေတကြတာကိုး
ကျွန်တော်တို့ဆီကိုရော…အဲ့ဒိရောဂါဘယ်တော့လောက်ကူးစက်လာမလဲ
……….ကြိုသိထာချင်လို့ပါ
cruz
October 22, 2010 at 4:46 pm
အားပါးးးးးလန့်စရာပါလား
smytu1996
October 23, 2010 at 3:31 pm
thanks for all, just at least funny post, i m pleased to all.
thanks n also KAI>>
မိုက်ကယ်ဂျော်နီအောင်ပု
October 23, 2010 at 4:43 pm
ပိန္နဲသီးက ဒူးရင်းသီးကို
HayMonChan
October 23, 2010 at 5:33 pm
အော် ဒါမျိုးတွေလဲ ရှိတာကိုး
ကမ္ဘာပျက်တော့မယ်
Yin Nyine Nway
October 24, 2010 at 2:08 am
ဘာတွေဖြစ်နေကုန်ပြီလဲ
talkyboyz
October 24, 2010 at 2:01 pm
မဖြစ်နိုင်ဖူးလို ့ထင်ပါတယ် ယောက်ကျားလေးကို မေ့အောင်လုပ်ဖို့ မိန်းကလေး ၃ ယောက်ပဲလိုတယ်ဆိုတာကော … ပြီးတော့ မေ့ဆေးသုံးထားရင် ယောက်ကျားလေးတွေက လိင်ကိစ္စမှာ ချို ့ရွင်းသွားမှာပါ..ဘယ်လိုမှ ဆက်ဆံလို့မရပါဖူး….ပြီးတော့ သူက ရှက်လို့မတိုင်ဖူးတဲ့.အဲဒါလည်း သဘာဝမကျပါဖူး…ဥပဒေမှာ ပြထန်းမထားဖူးဆိုတာက မိန်းကလေးက rape လုပ်လို့ကို မရလို့ပါ …ဘာလို့လည်းဆိုတော့ ဥပဒေမှာ ပြတန်းထားတာက ယောက်ကျားလေးအတွတ်ပြောတာနော် မိန်းကလေးက rape လုပ်နေတုန်း စိတ်ပါခဲ့ရင် rape မမြောက်ဖူးလို့ပါပါတယ်..အဲဒါကြောင့် ယောက်ကျားလေးက စိတ်မပါမှတော့ rape ကို မဖြစ်နိုင်တော့ပါဖူး…..အဲဒါကြောင့် အပေါ်က ၁ယောက်ပြောသလိုပဲ sexual harassment လို ့ပြောတာက ပိုပြီး သဘာဝကျပါလိမ့်မယ် (ဟိဟိ..)