သရုပ်ဖော်ရာဇဝင်
ခင်ဗျားတို့…….
စုန်းကဝေကိုယုံကြည်ကြပါသလား
ဟုတ်ကဲ့
ကျွန်ုပ်တို့နတ်မကိုးကြပါ….။။
နေပူူပူမှာ
(ကျွန်တော်တို့တစ်တွေ)
ရေနွေးကြမ်းပူပူသောက်ကြပါတယ်…။။
လ္ဘက်ရည်ပေါ့ကျသောက်ကြတယ်..။။
သီချင်းပူပူ(မြူးမြူးကြွကြွ)နားထောင်ကြတယ်..။။
အရိပ်အာဝါသမရှိတဲ့
လမ်းမပေါ်မှာအဆောင်းမပါပဲ
လမ်းသလားကြပါတယ်…။။
တစ်ခါတစ်ခါချုပ်တည်းထားရတဲ့
မကျေနပ်မှုတွေကို
ဟာသဝတ္ထုတွေဖတ်ပြီး
ဒေါသတွေကိုဖောက်ခွဲပစ်ကြတယ်…။။
အမှန်တရားဆိုတာထက်
ပိုမှန်မဲ့အဖြေကိုဖော်ထုတ်ချင်ကြတယ်…..။။
ကဗျာဆန်မှုဟာ…
ကဗျာသမားရဲ့အမူအရာ
စကားလုံးများနဲ့စိတ်အေတွေးများပါပဲ…
သိပ်မထူးဆန်းကြပါ….။။
ရာသီအိုများသေဆုံးရင်
ရာသီအသစ်နဲ့ကဗျာရေးမှာပေါ့
ပကာသနကိုမုန်းကြတယ်
ဂုဏ်ဆိုတာကိုရွံ့ရှာကြတယ်
ဟန်ဆောင်မှုကိုစက်ဆုပ်ကြတယ်
ဝမ်းနဲစရာကိုလည်းရယ်မောပစ်တတ်ကြတယ်…။။
အဲ….
ပြီးတော့…စစ်ကို
ငြိမ်းချမ်းရေးလုပ်ပြီး
အချစ်ကို
ကြေညာ…ရာဇဝင်မှာ
စာတင်ရဦးမယ်..။။။
နေဝန်းနီ
2 comments
kopauk mandalay
November 2, 2010 at 4:35 pm
ပို့ထားတဲ့ကဗျာ
မရွေးတဲ့ အယ်ဒီတာကို
မခံစားတတ်တဲ့သူလို့
စိတ်ထဲကနေလဲ ဆဲတတ်ပါတယ်။
naywoon ni
April 1, 2016 at 2:15 am
ကိုပေါက် ဘယ်တုန်းက တွေ့ြပြီး ကော်မန့် သွားလဲမသိ ကျနော်လည်း ထိုနည်း ၄င်း ပါပဲဗျာ
လွန်ခဲ့ နှစ်သုံးဆယ်လောက်က ရေးဖြစ်ခဲ့တဲ့ ကဗျာ ကြမ်းတမ်းမှုတွေရှိနေ ခုလည်း မချောမွေ့သေးပါဘူးလေ 🙂