Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Nissan Leaf လျှပ်စစ်ကား

Zaw WonnaNovember 4, 20101min2736

သမိုင်းတွင်စေမည့် မီးခိုးထုတ်လွှတ်မှု လုံးဝမရှိသော Nissan Leaf ဟု အမည်ပေးထားသည့် လျှပ်စစ်ကားကို ပထမဆုံးအနေဖြင့် အများအပြား ထုတ်လုပ်ရောင်းချတော့မည် ဖြစ်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် hybrid ကားများနှင့် မတူသည်မှာ Leaf သည် လျှပ်စစ်အား တစ်ခုတည်းကိုသာ အသုံးပြုမောင်းနှင်ခြင်း ဖြစ်သည်။ လူကြီး ၅ ယောက် စီးနင်းနိုင်ပြီး မြို့တွင်းနှင့် အဝေးပြေး လမ်းများပေါ်တွင်ပါ သာမန်ကားတစ်စီးကဲ့သို့ မောင်းနှင်နိုင်မည် ဖြစ်သည်။

Nissan ကားကုမ္ပဏီမှ ပထမနှစ် ထုတ်လုပ်မှုအတွက် Leaf အစီးရေ ၂၀၀၀ဝ ကို ကြိုတင်ရောင်းချမှု အမှာများ ရရှိထားပြီ ဖြစ်သည်။ ဝယ်လိုအား မြင့်တက်လာပါက နှစ်စဉ် အစီးရေ ၃၀၀၀၀ဝ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

Leaf မော်တော်ကားတွင် ယာဉ်၏ အလယ်ပိုင်း ကြမ်းပြင်အောက်တွင် ပောင် ၆၀ဝ အလေးချိန်ရှိသော Lithium-ion ဘက္ထရီကို ထည့်သွင်းထားသည်။ ဘက္ထရီအတွက် အာမခံသက်တမ်းမှာ ၈ နှစ် သို့မဟုတ် ၁၆၀၀၀ဝ ကီလိုမီတာ ဖြစ်သည်။

ရှေ့ယက် အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ ၁၀ရ ကောင်အား ထုတ်လုပ်နိုင်သည့် 80kW AC မော်တာကို အသုံးပြုထားသည်။
ကားတွင် အသုံးပြုသည့် ဘက္ထရီမှာ ၎င်းအတွက် ရည်ရွယ် ထုတ်လုပ်ထားသည့် DC အမြန်အားသွင်းစက်ဖြင့် အားဖြည့်ပါက မိနစ် ၃ဝ အတွင်း ၈ဝ ရာခိုင်နှုန်း အားပြည့်နိုင်သည်။ အိမ်သုံး ၂၄ဝ ဗို့ မီးအားဖြင့် အားသွင်းပါက အားပြည့်ရန် ၈ နာရီခန့် ကြာမည်ဖြစ်သည်။

တစ်နာရီ ၂၆ ကီလိုမီတာနှုန်းအောက် မောင်းနှင်ပါက ကားရှေ့ရှိ စပီကာမှ အသံတစ်မျိုးထွက်ကာ လမ်းသွားလမ်းလာများကို သတိပြုမိစေမည်ဖြစ်ပြီး တစ်နာရီ ၃၁ ကီလိုမီတာနှုန်းသို့ ရောက်ရှိပါက ထိုအသံမှာ အလိုအလျောက် တိတ်သွားမည် ဖြစ်သည်။

အခြားသော ကားကုမ္ပဏီများကဲ့သို့ Nissan အနေဖြင့် လူများ၊ ယာဉ်များနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆက်နွယ်မှုအတွက် ပိုမို၍ သဟဇာတဖြစ်နိုင်မည့် နည်းလမ်းကို ရှာဖွေရာတွင် Nissan Leaf သည် ခိုင်မာသော အဆင့်တစ်ခုဖြစ်ကြောင်း Nissan Canada ကုမ္ပဏီဥက္ကဋ္ဌ Allen Childs က ပြောဆိုခဲ့သည်။

Ref: The Province, Catch this Leaf
By Bob McHugh, The Province

It’s a historic automotive landmark; the first mass production zero-emission car sold in North America will be … the Nissan Leaf!

Read more: http://www.theprovince.com/technology/Catch+this+Leaf/3768332/story.html#ixzz14HhGNqtD

6 comments

  • zawana

    November 4, 2010 at 6:25 am

    မှတ်ချက်။ ။ မြန်မာနိုင်ငံ (နေပြည်တော်မှအပ အခြားဒေသများ) တွင် အသုံးပြုလိုပါက ကားနောက်ခန်းတွင် မီးစက်တစ်လုံး တပ်ဆင် သယ်ဆောင်ကာ အသုံးပြုနိုင်ပါသည်။

  • moethidasoe

    November 4, 2010 at 6:40 am

    ဇဝနရယ် တော်လိုက်တာ .. မီးခိုးမထွက်အောင် .. ကာဘွန် မထွက်အောင် လုပ်ထားတဲ့ ကား .. မြန်မာပြည်ရောက်မှ မီးခိုးနဲ့ တွေ့ရမယ်ပေါ့ .. တခုတော့ ရှိတယ် .. သံတောင်လေးကို ရောက်ခဲ့တုန်းက ဘယ်နေရာမှ မီးပျက်ပျက် သူ့ဆီမှာ မပျက်ဘူးလို့ သိရတယ် .. ဒါကြောင့် အဲဒီနေရာမှာ နေရင်လဲ သုံးနိုင်တယ် ပေါ့ ..

  • kai

    November 4, 2010 at 7:30 am

    အဲဒီကား အခုယူအက်စ် ကယ်လီဖိုးနီးယားမှာတေ့ာ အသည်းအသန် ကြော်ငြာနေတယ်..။ ရေခဲတွေအရေပျော်လို့ … ဒုက္ခရောက်နေတဲ့… ပိုလာဝက်ဝံကြီးက မြောက်ဝင်ရိုးစွန်းကနေ..ပင်လယ်ဖြတ်လာပြီး အဲဒိကားဝယ်စီးတဲ့သူကို လာလုပ်တဲ့ ကြော်ငြာ..။

    မြန်မာပြည်အတွက်ဆိုရင် ဟိုက်ဘရစ်က ပိုအဆင်ပြေမယ်ထင်တာပါပဲ..။
    ဆီတဝက်..လျှပ်စစ်တဝက်ဆိုတော့လော..။

  • ဆူး

    November 4, 2010 at 8:46 am

    အပေါ်က ကားကို ဖတ်ပြီး သဘောကျလာတာ.. ကိုဇဝန မန်းတာ ဖတ်ပြီါ် ပိုသဘောကျတယ်..
    ဒါနဲ့ ကားက ဘာလို့ ဆိုလာ အကြောင်းထည့်မရေးထားတာလဲ.. ဆိုလာ မပါဘူးလား.. ဆိုလာလေး ပါရင်.. ကားသွားရင်း ပြန်ပြီး ပြည့်တာမို့.. ပိုတောင် ကောင်းမလားလို့..

  • zawana

    November 4, 2010 at 8:58 am

    ဆိုလာ မပါပါဘူး ခင်ဗျာ …. သုံးထားတဲ့ ဘက္ထရီက အရမ်းကြီးလွန်းတော့ ဆိုလာနဲ့ အားပြန်မဖြည့်နိုင်လောက်လို့ ထင်ပါတယ်။

  • paukpauk

    November 4, 2010 at 2:03 pm

    ဈေးဘယ်လောက်ခေါ်ထားသလဲခင်ဗျ။
    အော်.. sorry..
    ကားပွဲစားဝိုင်းနဲ့မှားသွားလို့။
    ဝယ်သူရှိရင် ဆက်ပေးမယ်နော်…

Leave a Reply