Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြဝတီမြို ့မှနောက်ဆုံးရသတင်းများ…..။

cobraNovember 9, 20101min2658
အစိုးရ ယုတ်မာပြီ

ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

မြဝတီ တိုက်ပွဲ သတင်းများ
နံနက်(၁၁ နာရီ ၄၄ မိနစ်

မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြဝတီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် း

လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြဝတီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ဝင်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၁ နာရီ )

မဝတီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။

နံနက်(၁ဝ နာရီ ၃ဝ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြဝတီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁ဝ နာရီ ၂ဝ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁ဝ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝရ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄ရ မိနစ်) မြဝတီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား – AJC)

နံနက်(၉ နာရီ ၃၅ မိနစ်) မြဝတီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မ ှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆ဝ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ရ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

နံနက်(၈ နာရီ ၃ဝ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်)

ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြဝတီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြဝတီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြဝတီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘဝတူတွေက လက်ပိုက် ကြည ့် နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကား ပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

နံနက်(၈ နာရီ ၁ဝ မိနစ်) ယနေ့နံနက်ပိုင်းတွင် မြဝတီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၄ မိနစ်) မြဝတီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြဝတီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

နံနက်(ရ နာရီ ၃၅ မိနစ်) ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁ဝ ဦးတက်မနည်းရှြိ့ပီး… ဒဏ်ရာရသူ ၃ဝ နီးပါးခန့်ရှိကြောင်း သိရှိရသည်။

နံနက်(ရ နာရီ ၃ဝ မိနစ် ) မနေ့ညက မြဝတီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁ဝ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။

နံနက်(ရ နာရီ ) မနေ့ညက မြဝတီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။

ယခုနောက်ဆုံးရ မြဝတီသတင်းများ….. မြန်မာစံတော်ချိန် (မနက် ၁၁နာရီ)

မြဝတီမြို့မှာ ပြည်သူတော်တော်များများ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေပါတယ်လို့ ဆိုပါတယ်…။ နအဖဘက်မှလည်း ညကလမ်းပေါ်တွေ့တွေ့သမျှလူတွေကို ပစ်တယ်လို့ သိရပါတယ်..။ နအဖမှ နောက်ထပ်(၁)နာရီ အတွင်း ပြည်သူတွေ မြို့ထဲကထွက် သွားဖို့ လိုက်လံကြေငြာနေပါတယ်… ပြီးခဲ့တဲ့ ညက DKBA နဲ့ အဖွဲ့၃ဖွဲ့ခန့် သွားရောက်ပူးပေါင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်..။ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို ကောက်လို့ မရတော့တဲ့ အခြေအနေဖြစ်နေကြောင်း မျက်မြင်သက်သေများမှ ဆိုပါတယ်…။ အခြား ကျန်တဲ့အဖွဲ့တွေက ကော့ကရိတ်နဲ့ မြဝတီနဲ့ ကြားမှာ စုပေါင်း လှုပ်ရှားနေကြတယ်လို့ ယူဆရတယ်လို့ ထွက်ပေါ်လာတဲ့ သတင်းများက ဆိုပါတယ်..။ ဘုရားသုံးဆူမှာတော့ DKBAမှ အပေါ်စီးမှ အသာရလျှက်ရှိကြောင်း သတင်းပေးပို့လာသူမှ ပြောဆိုသွားပါတယ်..။

နောက်တစ်ဦးကတော့ ကမ်းနားမှာ သတင်းထောက်များစွာဟာ ၃ချောင်းထောက်ကင်မရာတွေနဲ့ မြဝတီဘက်ကိုချိန်ထားပါတယ်.. ထိုင်းစစ်သားတွေကတော့ လုံခြုံရေးသတိနဲ့ရွေ့လျားသွားလာနေကြပါတယ် ..မြဝတီဘက်ကမ်းကနေ မိသားစုတွေ ကူးလာနေကြဆဲပါပဲ..။ သူတို့ကတော့ စစ်တပ်ဝင်နေပြီ စစ်ကားတွေပတ်နေတယ်..။ ရှောင်ကြဘို့ ပြောပါတယ်.. ညက တံတားမှာ ဗုံးကွဲတာကတော့ အမှန်ပါပဲ အကောက်ခွန်ဂိတ်(တံတားပေါ်က) ပျက်ဆီးသွားပါတယ်ဟု မျက်မြင်သက်သေ ကမ်းနားနေသူတစ်ဦးမှ ပြောဆိုပါတယ်

အရေးကြီးတော့ သွေးစည်းပြီ

<span>ယခုနောက်ဆုံးရ သတင်းအရ.. </span>လက်ရှိ တိုက်ပွဲ ပြန်စနေပြီ တော်တော်ဆူညံနေတယ် ဖုန်းထဲမှာတောင် တော်တော် ဆူညံနေပါတယ်… မြဝတီမှ DKBAတပ်များအား KNU မှဝင်ရောက်ကူနေပြီလို့ ဆိုပါတယ်.. လက်ရှိမှာ မြို့တွင်းတိုက်ပွဲသာဖြစ်နေပြီး ပြင်ပသို့ ကူးစက်လာပါက.. နောက်ထပ် DKBA (၅၀၀) နှင့် KNU စစ်သား (၉၀၀) ကျော် တိုက်ပွဲတွင် ပါဝင် လာနိုင်ပါတယ်။ လက်ရှိ မြဝတီမြို့ထဲရောက်နေသာ ဗိုလ်နှုတ်ခမ်းမွှေးတပ်မှာ အင်အား (၃၀၀) ခန့်ရှိပါတယ်”..။ <span>ယခု မြို့ထဲမှာ DKBAကို ဝင်ကူနေတဲ့ အဖွဲ့တစ်ဖွဲရှိပြီး (နာမည်တော့ မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ) KNU က နအဖ စစ်တပ်တွေကို လမ်းကြောင်းဖြတ်ပေးနေတာပါ… ကျွန်တော်တို့ တခြားအဖွဲ့တွေကို စောင့်ကြည့်ရလိမ့်မယ်။ မပါလာရင်တော့  အဖွဲ့၅ဖွဲ့နဲ့ပဲ ဆက်တိုက်သွားရလိမ့်မယ်။ လက်ရှိပါဝင်နေသူမှ ပြောဆိုသွားပါတယ်

တော်လှန်ရေးသမားများသို့ပန်ကြားချက်

ပြည်သူသာအမိ ပြည်သူသာအဖဖြစ်တယ်

ပြည်သူလူထုကို အကာအကွယ်ပေးပါ။

ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူပါ။

ကရင်တပ်တွေဟာ ဘုရားသုံးဆူနဲ့ မြဝတီ(၂)မြို့ကို ထိန်းထားနေစဉ် အတောအတွင်း နအဖစစ်တပ်တွေရဲ့ လုပ်ကြံဖန်တီး မီးရှို့ဖျက်ဆီးမှုတွေကို သတိထားကြပါ။ နအဖစစ်တပ်တွေက အင်မတန်မှ လိမ်လည် လှည့်ဖျား ဉာဏ်များတဲ့အတွက်ကြောင့် သူတို့မျှားခေါ်နေတဲ့ ချောင်ပိတ်ကွင်းထဲမရောက်မိဖို့ သတိရှိကြပါစေ။ နအဖက စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ချောင်းနေပါတယ်။

ကျန်တဲ့တိုင်းရင်းသား စစ်ရေးမဟာမိတ် တွေ လက်တွေ့ပြင်ကြဖို ့လိုပါပြီ။ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေပြည်သူလူထုနဲ့ ဲ့လက်တွဲပြီး တိုက်ပွဲဝင်နိုင်ဖို့ ဝိုင်းဝန်းကူညီ လက်တွဲဖို ့ အသင့်တော်ဆုံးကာလဖြစ်ပါတယ်။

စစ်ရေးအရ အပစ်အခတ်ရပ်ထားပေမယ့်လည်း နအဖရဲ့ စစ်ဖိနပ်အောက် ခေါင်းလျှိုမဝင်လိုသည့် ကချင် ၊ မွန် ၊ ကရင်နီ ၊ ရှမ်း ၊ ဝ တို့ အနေနှင့် ယခု အချိန်တွင် ငါ့လာ မတိုက်သေးဘူးပဲ မြို ့ထဲ မှာ အေးအေးလူလူ နှပ်နေနိုင်သမျှ နေမည်ဟူသောစိတ်ဖြင့် မသိသလိုနေမည်ဆိုလျှင်တော့ သင်တို ့၏ အလှည့်လည်း မလွဲမသွေ တစ်နှစ်အတွင်း ရောက်ရှိလာမည်ဖြစ်၏။

ဒါ့ကြောင့် နအဖရဲ့အလိမ်အညာရွေးကောက်ပွဲကို ဆန့်ကျင်သည့် စစ်ရေးဆောင်ရွက်ချက်ကို စတင်သင့်ပြီဖြစ်တယ်။ သို့ ့မဟုတ်ပါမူ သင်တို ့အဖွဲ ့များ၏ အနာဂါတ်ကံကြမ္မာ ၊ တိုင်းရင်းသားပြည်သူလူထု ၏ အနာဂါတ်ကံကြမ္မာသည်ကား ဆင်းရဲတွင်း နက်သထက်နက်ပြီး စစ်ကျွန်တွင်းက ရုန်းထွက်ဖို့မဖြစ်နိုင်တော့ပါ။ တိုင်းရင်းသားပြည်သူတွေ လူတန်းစေ့ရေး နီးစပ်ရာမြို့များကနေ လက်နက်ကိုင် ထွက်လာကြပါတော့။

စောကျော်ခွီးနဲ့အဖွဲ့သားများ

မြဝတီမြို့က ပြည်သူတွေကို နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့အစည်းမျိုးက ဝင်ရောက်ကူညီပေးနိုင်အောင် ဆော်ဩပေးကြပါ..

လက်ရှိအခြေအနေမှာတော့ မြဝတီမှာ ကျန်ရှိပိတ်မိနေသူတွေရဲ့ အခက်အခဲနဲ့ အသက်အန္တရာယ်က အင်မတန်မှ အရေးကြီးနေပါပြီ.. နအဖကတော့ မြဝတီ ပြာကျရင်ကျပါစေ.. သူတို့ အသာစီးရဖို့ပဲ ကြိုးစားနေတာပါ.. ပြည်သူတွေ အသက်အိုးအိမ်ကို စောင့်ရှောက်ဖို့ မစဉ်းစားဘူးဆိုတာ အားလုံးသိပြီးသားပါ… ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် မြဝတီမြို့ကို နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့အစည်းမျိုးက ဝင်ရောက်ကူညီပေးနိုင်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတွေက နောက်မကျစေဘဲ အလျှင်အမြန် တောင်းဆိုပေးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်

လက်ရှိအခြေအနေမှာတော့ မြဝတီမှာ ကျန်ရှိပိတ်မိနေသူတွေရဲ့ အခက်အခဲနဲ့ အသက်အန္တရာယ်က အင်မတန်မှ အရေးကြီးနေပါပြီ.. နအဖကတော့ မြဝတီ ပြာကျရင်ကျပါစေ.. သူတို့ အသာစီးရဖို့ပဲ ကြိုးစားနေတာပါ.. ပြည်သူတွေ အသက်အိုးအိမ်ကို စောင့်ရှောက်ဖို့ မစဉ်းစားဘူးဆိုတာ အားလုံးသိပြီးသားပါ… ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် မြဝတီမြို့ကို နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့အစည်းမျိုးက ဝင်ရောက်ကူညီပေးနိုင်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတွေက နောက်မကျစေဘဲ အလျှင်အမြန် တောင်းဆိုပေးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်

ထိုင်းဘက် မှ တုန့်ပြန်ချက်

နေ ့လည် ၁းဝဝ ထိုင်း ပြည်သူများ ထိမှန် မှု ကြောင့် ထိုင်း အမှတ် ၅ ခြေမြန်တပ်ရင်းမှ ဆူပါချော့ကီ သာဝတ် ပီရာချိုင်း နှင့်အဖွဲ ့လာရောက် တပ်ဆွဲ ၁၁းဝဝ မြဝတီ မြို ့တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ  နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်ရဟတ် ယာဉ် မြဝတီ မြို ့သို ့ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို ့ပြော၁ဝး၄၅ မြဝတီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ

နံနက် ၁ဝး၃၅ ဒီကေဘီအေ တပ်ဖွဲ ့ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြဝတီ ခယက ဥက္ကဌ အား DKBA အဖွဲ ့ဝင်များဖမ်းဆီးထား (မြဝတီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)

Updated နံနက် ၁ဝး၃ဝ မြဝတီ-မဲဆောက် နှစ်မြို ့လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း

ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြဝတီ မြို ့အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များက ဝင်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ ့မနက် ၉း၃ဝ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ မြဝတီ မြို ့မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီးသင်္ကန် းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ် အတွင်း မြဝတီ မြို ့တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက်  တစ်ဦးနှင့်FNG က တနင်္လာနေ ့ နံနက် ၁ဝး၃ဝ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြဝတီ မြို ့တွင်းအပြန် အလှန် ပစ်ခတ်သံများ ကိုထိုင်း နိုင်ငံ မဲဆောက် မြို ့မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့်ထားသည်။

ဝေါ နှင့် မော်လမြိုင်

ရွေးကောက်ပွဲ ရလာဒ် ပြည်သူက မကျေနပ်မှု နှင့် ပြန်လည် နိုးထ လာသည့် ပြည်တွင်းစစ်မီးကြောင့် နအဖ စစ်အစိုးရသည်  ဝေါ၊မော်လမြိုင် နှင့် ဘားအံ တွင် ညမထွက်ရ အမိန် ့များ ထုတ်ပြန်ထားသည်။

ရွေးကောက် ပွဲ ရလာဒ် သပိတ်မှောက် ရန် စီစဉ် ထားမှု နှင့် နယ်စပ် ကုန်သွယ်ရေး တွင် အရေးပါသည့် မြဝတီ မြို ့DKBA လက်တွင်း ကျရောက် ခဲ့မှု ကြောင့် ရန်ကုန် မြို ့တွင် အခြေခံစားကုန် ဈေးနှုန်းများ ချက်ခြင်း ခုန် တက်သွားသည်။

မြဝတီနောက်ဆုံးရသတင်းများ။….။

ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက မြဝတီ×မဲဆောက်တံတား မြဝတီဘက်အခြမ်း မှာ ပေါက်ကွဲသံတွေနဲ့ အတူ တံတားကျိုးသွားပုံရတယ်လို့ မဲဆောက်မြို့မှ ပေးပို့လာတဲ့ သတင်းများအရ သိရှိရပါတယ်…။ ကျိုးသွားတဲ့ ပမာဏကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါ ပေးပို့လာသူက ဆိုပါတယ်..။

မြဝတီမြို့တွင်းမှာ ပိတ်မိနေတဲ သူတော်တော်များမှ ဖုန်းဖြင့် အဆက်အသွယ် ပြုလုပ်လာကြောင်း ပြောဆိုပါတယ်..။ ဘုန်းကြီးကျောင်း တော်တော်များများ အတွင်း သံဃာတော်များ ပိတ်မိနေကြောင်း သိရှိရပါတယ်…။ မိသားစုများ ထိုင်းဖက်ရောက်သူ မြဝတီမှာ ကျန်ခဲ့သူများ ပျောက်ဆုံးသူများဖြင့် တစ်ကွဲတစ်ပြားဆီ ဖြစ်နေကြောင်း သိရှိရပါတယ်…။်လောလောဆယ် နှစ်ဘက်စလုံး ငြိမ်သက်လျှက်ရှိပြီး.. နအဖမှ ယခုညအတွင်း ဝင်ရောက်စီးနင်းမည်ဟု သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်..။ မြဝတီဆေးရုံအား ဆက်လက် ဖွင့်ထားကြောင်းနှင့် အချို့နေရာများမှာ မီးများဆက်လက် လောင်ကျွမ်းလျှက် ရှိနေကြောင်း သိရှိရပါတယ်…။ မြို့တွင်းရှိDKBA တပ်များအား တစ်ခြား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဝင်ရောက်ပူးပေါင်း ကူညီရန် စီစဉ်လျှက်ရှိကြောင်း ပြောဆိုပါတယ်..။

မြန်မာ စံတော်ချိန် ည (၁၁)နာရီ ကျော်ဆက်သွယ် မေးမြန်းချက် ဖြစ်ပါတယ်.

အပြီးရှင်းမယ်တဲ့  …

ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။

DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်။

လောလောဆယ်မှာ ထိုင်ဘက်အခြမ်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းနဲ့ ချီတယ်လို့ သိရပါတယ်။ အခု ဒီပို့စ်ကို ရေးနေတုန်း အရေးပေါ် ဝင်လာတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် ရှိနေပြီ၊ မဲဆောက်ဘက်မှာ ပြည့်နေပြီလို့ ပြောကြောင်း သိရပါတယ်။

ဖိအားတွေကြောင့်တိုက်တယ်လို့ SSA- South ခေါင်းဆောင် ပြော

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။

အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။

SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ရ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။

ဘုရားသုံးဆူကို  DKBA သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ နအဖ ခလရ(၂၈၃)၊ ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေ ရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တဝက်ခန့်ကို ဝင်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်သလို နအဖ ကြေးနန်းဆက်သွယ်ရေးရုံး၊ စိုက် ပျိုးရေးရုံးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စောထဲနေက ပြောသည်။

နအဖ ခလရ(၂၈၃)မှ စစ်ဗျူဟာ(၃)ထံသို့ အစီရင်ခံ တင်ပြရာတွင် ဒီကေဘီအေအဖွဲ့မှ အေဝမ်း ဦးစီးသော အင်အား ၆ဝဦး သည် ဘုရားသုံးဆူ အခြေစိုက်သည့် ၎င်းတို့နယ်စပ်စခန်းအား လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် နအဖဘက် မှ ၄၀-မမ ဖြင့် ပြန်လည်ခုခံနေကြောင်း ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာက ဒီကေဘီအေအနေဖြင့် ရှေ့ဆက် စစ်ရေးအရ အကူအညီ တောင်းခံလာပါက လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဒေသတွင် ဒီကေဘီအေတပ်ဖွဲ့အပြင် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ အဖွဲ့ ဝင်များလည်း အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူမြို့တွင်း၌ ယခုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင် ဆင်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။

8 comments

  • PaukPhaw

    November 9, 2010 at 9:28 am

    သတင်းများကို အားပေးနေလျက်ပါဗျို .
    ပြည်သူများ ဘေးကင်းနိုင်ကြပါစေ

  • သူရဇော်

    November 9, 2010 at 9:31 am

    မြဝတီမှာ ရှိတဲ့လူအားလုံး ဘေးကင်းလို့ရန်ကွာ……. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ပဲ ကျွန်တော်တို့တွေ ဆုတောင်းပေးကြတာပေါ့ဗျာ

  • leo

    November 9, 2010 at 9:50 am

    အာ ……. စစ်တိုက်နေပါတယ်ဆိုမှ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ လို့ဖြစ်နိုင်ပါ့မလားကွယ် …..

  • search123

    November 9, 2010 at 10:27 am

    အားလုံး ဘေးရန်ကင်းကြပါစေ။

  • tunaung

    November 9, 2010 at 11:00 am

    သတင်းတွေဆက်ပို့ပေးပါအားပေးနေပါတယ် ပြည်သူအများအန္တာရယ်ကင်းဝေးကြပါစေ။။။

  • fatlone

    November 9, 2010 at 2:07 pm

    ဒီ သတင်းကို အရမ်းစိတ်ဝင်စားပါတယ်။ရသမျတင်ပေးကြဘို့ပြောပါရစေ။
    ပြည်သူတွေအန္တာရယ်ကင်း ဘို့ကအဓိက အရေးကြီးပါတယ်။ရှောင်နေတာက အန္တာရယ်အကင်း ဆုံးပါ။

  • Khine Htoo

    November 9, 2010 at 6:28 pm

    ””တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။””

    တခြားနီးမရှိတော့ဘူးလား။ တိုက်တော့လဲ မြဝတီ လိုမြို့ကြီး။ အဲလလုပ်တော့ဘာထူးတုန်း။လူတွေသေ၊ စီးပွါးပျက်၊ ဟိုလူကြီး ကနိမ်နင်းပြ ၊ နာမည်ယူ၊ လွတ်တော်ကိုရပ်။ အင်း ပိုဆိုးသွားတာပေါ့။ လုပ်ရင်လဲ တခြား နည်းလုပ်။ ခုတော့ ကြားကပြည်သူတွေသေကုန်ပြီ။

  • kai

    November 9, 2010 at 8:05 pm

    စစ်တပ်က စစ်တပ်လိုတွေးပြီး နိုင်ငံရေးလုပ်မှာပဲ..။
    ဒါက ဗျူဟာကျကျလုပ်တဲ့ အာရုံလွှဲတဲ့ စစ်ပွဲဖြစ်ဖို ့များတယ်..။

    များတယ်ဆိုတာ … ဖြစ်တာမဟုတ်ဖူးနော…..၊
    နည်းတာလည်း မဟုတ်ဖူး..။ 🙂

Leave a Reply