Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

After the election, Crackdown of dissidents

timothyNovember 10, 20101min5964

အကွက်ချပြီးညစ်ပါတ်တဲ့သန်းရွှေတော့အောင်မြေနင်းနန်းတက်ဘို့ဘဲလိုတော့တယ်။

ကျနော်တို့မဲမပေးဘူး၊မဲရိုမသွားဘူးသပိတ်အဖွဲ့လဲရှုံးတယ်လို့ဝန်ခံရမယ်။

ဘာ့ကြောင့်ငါတို့ရှုံးလဲဆိုတာကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ကြစို့။

ငါတို့အလုပ်ကမှားလား။ ပြည်သူလူထုကြီးစစ်ဘိနပ်လက်အောက်ကလွတ်မြောက်ရေးအတွက်စေတနာကောင်းနဲ့ငါတို့လုပ်ခဲ့တာငါတို့ယွုံကြည်တယ်။

ငါတို့ရဲ့စီမံချက်ဟာလူအများအတွက်လက်တွေ့မကျဘူးလား၊အန္ဒရာယ်ပေးနိုင်လို့လား၊

အဖမ်းအဆီးအနှိပ်အစက်ခံရဘို့များလို့လူအများမလုပ်နိုင်ဘူးလား။

ငါတို့လုပ်တာစစ်တပ်နှိမ်နင်းမှုအခွင့်အလမ်းအနဲဆုံးဖြစ်နိုင်တဲ့ရွေးကောက်ပွဲနေ့ဘဲ။ မြဝတီဘက်တခုဘဲလူအသေအပျောက်နဲ့ယိုးဒယားဘက်ထွက်ပြေးရတဲ့သောင်းနဲ့ချီတဲ့်စစ်ပြေးဒုက္ခသည်တွေဖြစ်ကြရတယ်။

ဒါလဲနှစ်ပေါင်းများစွာ တိုင်းရင်းသားကရင် ညီအကိုများအပေါ်နိုင့်ထက်စီးနင်းလုပ်နေတဲ့စစ်တပ်က ကရင်များကိူသေနပ်တွေနဲ့ချိန်ပြီးမဲအတင်းအဓမ္မထဲ့ခိုင်းရာကစတာဘဲ။ မျိုးချစ်ကရင်တပ်မှူးဗိုလ်နခမ်းမွှေးကတာဝန်အရရောွ

ကိုယ့်ပြည်သူလူထုကိုဖက်ဆစ်စစ်တပ်အနိုင့်အထက်ပြုကျင့်တာကကာကွယ်မှုပေးရတာပါနဲ့လက်နက်သုံးပသ်ခတ်မှုမွေစတာဘဲ။

ဒါမျိုးချစ်စစ်တပ်ဆိုတာဘာလဲ၊ကြေးစားဖက်ဆစ်တပ်ဆိုတာဘာလဲဆိုတာဦးဏှောက်ရှိသူတိုင်းခွဲခြားသိနိုင်ပါတယ်။

ဒါစစ်တပ်ရဲ့အလွန်ဖြစ်ပေမဲ့ဒီလိုအဖြစ်မျိုးဗမာတပြည်လုံးမှာရွေးကောက်ပွဲနေ့မှာရွေးကောက်ပွဲပျက်ချင်လို့ဖြစ်စေချင်တာတောင်မဖြစ်ခဲ့ဘူးမဟုတ်လား။

ဒါ့ကြောင့်လဲရွေးကောက်ပွဲနေ့မှာသပိတ်မှောက်ဘို့အစီအစဉ်လုပ်ရတာလ

ဲအင်မတန်အန္ဒရာယ်ကင်းပြီးစိတ်ချရတဲ့နည်းလမ်းဖြစ်လို့ကျနော်တို့ပြောဆိုနေရတာပါ။

ဒီတော့ဘယ်သူ့အပြစ်ကြောင့်ဖက်ဆစ်တို့ရဲ့လုပ်ကြံမှုကြီးအောင်မြင်သွားရတာလဲ။

ဒါလက်ညှိုးထိုးပြီးလူတွေကိုလိုက်အပြစ်တင်ချင်လို့၊ဖြုတ်ထုပ်သတ်လုပ်နေတာလဲမဟုတ်ပါဘူး။

တိုးတက်အောင်မြင်ချင်သူတိုင်းမှာမလွှဲမသာလို့စေတနာမပါတဲ့အမှားကိုပြုလုပ်မိရင်

နောက်တကြိမ်အခွင့်အရေးများရခဲ့ရင်ထပ်မမှားရအောင်ခုအမှားကိုဆန်းစစ်ရပါတယ်။

ကျနော်မှားတာရှိရင်လဲအပြုသဘောဒီမှာဝင်ဆွေးနွေးပေးကြပါ။

NDF နဲ့ Democratic Party တို့ ရဲ့လ်မ်င်္းလေးအနည်းငယ်ဖွင့်လို့လုံးဝမရတာနဲ့စာရင်ရတာကိုယူပြီးရွေးကောက့်ွဲကိုဝင်ပြိုင်ရတာပါ၊ မဲမပေးကြဘူးဆိုပြီးခင်ဗျားတို့ကသပိတ်မှောက်ကြရင်ကြံ့ဖွတ်ကမဲတွေနိုင်ကုန်တော်မှာဘဲ၊

ဒီလိုတော့ကိ့ယ်မစားရတဲ့အမဲသဲနဲ့ပက်တာတော့မလုပ်ကြပါနဲ့ဆိုပြီး ကြံ့ဖွတ်နဲ့အပြိုင်မဲထဲ့ခိုင်းမဲဆွယ်ခဲ့ကြတက်လေ။ ခုတော့ NDF, Democratic တို့ကြောင့်သံဃာစင်မှောက်တာထက်ဆိုးတဲ့တတိုင်းပြည်လုံး တရုပ်၊ကလား၊ရုရှား၊ Asean တို့ကတရားဝင်အသိအမှတ်ပြုတဲ့စစ်ဘိနက်အောက်မှာပြားပြားမှောက်တဲ့ဘဝရောက်ရပြီပေါ့။

သန်းရွှေရဲ့ကလိမ်စိငြမ်းဆင်အောက်လမ်းနည်းကမဲရုံမှာလူရှိဘို့၊မဲထဲ့ကြဘို့၊ ဒါဘဲလိုတယ်။ NDF တို့မဲဆွယ်ထားလို့လာထဲ့ကြတာ၊ အဲင်္ဒီနေ့ညနေဘက်ကတော့ငါတို့ပါတီရှေ့ကပြေးနေပြီ။ရွေးကောက်ပွဲတော့နိုင်တော့မယ်ဆိုတဲ့တကယ်လိုလို၊အိပ်မက်လိုလိုဟာ၊

အိပ်ယာလဲနိုးရော၊မိုးကျရွှေကိုယ်သန်းရွှေရဲ့

ဘယ်ကရောက်လာမှန်းမသိတဲ့ဖွက်မဲတွေနဲ့၊သန်းရွှေလဲအုံဖွဆိူရော NDF တို့ဟနေတဲ့ပါးစပ်တွေထဲချီးတုံးမတ်တပ်ထပြီးဝင်ကုန်လို့၊

ခုမှတော့ချီးခါးလို့ဆိုပြီးမကြေမနပ်ဖြစ်လို့ကန့်ကွက်စာပို့မယ်ဆိုတော့လဲလိပ်စာရှာကြည့်တော့လိပ်စာရှင်က

ကိုယ့်ကိုနေ့ခင်းကြောင်တောင်ကြီးလာဆော်သွားသူမိတ်ဆွေကြီးသန်းရွှေပါဘဲလား။

ဘာကြေနပ်စရာပြန်စာများမျှော်နေပါလဲလို့ဘဲမသိချင်ယောင်ဆောင်ပြီးစိတ်ကြေနပ်အောင်မေးရမလိုဘဲ။

ဒါ့ကြောင့်ဒီရွေးကောက်ပွဲပြည်သူလူထုရှုံးရတာဟာ NDF, Democratic party တို့မိုက်မဲမှုလို့ဘဲသင်ခန်းစာယူရမှာဘဲ။

နောက်တကြိမ်ဒီလိုရွေးကောက်ပွဲအတုမျိုးရခဲ့လို့ကတော့၊ကံပါခဲ့ရင်ပေါ့လေ

တတိုင်းတပြည်လုံးမဲမပေးဘူး၊မဲရုံမသွားဘူး၊သပိတ်မှောက်ဘို့အားလုံးတစိုက်မတ်မတ်ဦးတည်မယ်လို့အဓိတ္ထာန်ပြုကြပါစို့။

တခါဘဲငါတို့အမှားခံမယ်။

ဒီအမှားကိုငါတို့ကောင်းကောင်းကြီးသင်ခန်းစာယူပြီး။

နောက်တကြိမ်မှာငါတို့သပိတ်တိုက်ပွဲအောင်ရမယ်။

စစ်အစိုးရကျဆုံးရမည်။

4 comments

  • kai

    November 10, 2010 at 7:16 pm

    ကျုုပ်ထင်တာတော့ .. ဒီအချိန်မှာ အရေးအကြီးဆုံးက..။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ နို်င်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးပဲ..။
    အဲဒါက … အဖြေတွေအားလုံးကိုသယ်ဆောင်ပေးလာကြမှာပါ..။

    လွတ်ငြိမ်းချမ်းသာခွင့်အမိန် ့အမြန်ထုတ်ပေးဖို့ တောင်းဆိုကြရမယ်ထင်ပါတယ်..။

  • timothy

    November 10, 2010 at 8:53 pm

    တောင်းဆိုတော့လဲ ဘယ်သူ့ဆီတောင်းဆိုကြမလဲ။အဲဒါလဲရှိတယ်။ တရုပ်ကြီးလဲကမ္ဘာ့ငြိမ်းချမ်းရေးဆုဒီနှစ်မှ လတ်လတ်ဆတ်ဆတ်လေးရထားတဲ့အန်တီစုလို ဒီမိုကရေစီခေါင်းဆောင်တဦး ဖမ်းဆီးစောင့်ရှောက်ထားရတော့ ဘဝပေးကုသိုလ်ချင်းတူညီတဲ့ သန်းသန်းရွှေရွှေလေးနဲ့၂ဆ၃ဆပိုတိုးပြီးကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီဆိုသလို ဘဝတူချင်းပိုနီးစပ်ဘို့အကြောင်းဖန်လာတာဘဲ။ အန်တီစုကချွင်းချက်မရှိ၊အကန့်အသတ်မရှိလွတ်လပ်စွာသွားလာပြောဆိုတဲ့ အာမခံချက်ရမှအချုပ်အနှောင်ကလွှတ်တာကိုလက်ခံနိူင်မယ်တဲ့။
    တရုပ်ကြီးထောက်ချမှုကိုအပြည့်အဝ ခံစားရတဲ့သန်းသန်းရွှေလေးကတော့အမေရိကန်၊အင်းဂလိပ်၊ ကုလသမဂ်ဂ၊တပ်နိုင်ရင်သကြားမင်းကြီးဆင်းလာပြီးပြောပြော နားမထောင်၊လျစ်လျူရှုမှာဘဲ။ ရွေးကောက်ပွဲအတုကိုအားလုံးသူနိုင်ဘို့ စိတ်ချရပြီဆိုတော့မှကျင်းပပေးသလိုဘဲ သန်းသန်းရွှေလေးကသူပိုင်မှ ကမ္ဘာ့ဇာတ်ခုံပေါ်တက်ပြီးအန်တီစုကိုသဘောထားကြီးမြတ်တော်မူသော ရေမြေ့အရှင်သ္ခင်ကသဘောထားကြီးစွာဖြင့် အချုပ်အနှောင်မှလွှတ်လိုက်တယ်ဆိုပြီးပဏာယူလိမ္မယ်။
    ပြီးတော့မှသူ့ပါးစပ်ကထွက်၊ဥပဒေဖြစ်စေသတည်းဆိုတဲ့ အောက်လမ်နည်းပေါင်းစုံနဲ့ပြန်အဖမ်းဘဲ။
    ဖမ်းထားတဲ့နိုင်ငံ့ခေါင်းဆောင်၂၁၀ဝကျော်အတွက်ကတော့လွတ်လမ်းမမြင်ဘူး။
    ဒါ့ကြောင့်လဲရွေးကောက်ပွဲကရတောင့်ရခဲ မဲမထဲ့နိုင်တဲ့နည်းနဲ့ စစ်ကောင်တွေကိုအပြီးအပြတ် သုတ်သင်ရှင်းလင်းခဲ့ဘို့ပြောဆိုခဲ့ကြတာဘဲ။ နောက်တခါကြမှဒီကိစ္စကိုမဲရုံမှာ လူလုံးဝပြောင်သလင်းခါနည်းနဲ့လုပ်ကြမယ်။ ဒီတခါတော့ရှုံးပြီးတာပြီးပေ့စေတော့။ နောက်တခါ၊နောက်တခါ။

    • kai

      November 10, 2010 at 9:33 pm

      Jakarta: US President Barack Obama on Tuesday criticized the recent elections in Myanmar, saying they had been neither free nor fair.

      He also called on the country’s ruling generals to immediately and unconditionally release all political prisoners. ….
      http://sify.com/news/myanmar-elections-neither-free-nor-fair-obama-news-international-kljuExcibfj.html

      ကိုတင်မိုသီရယ်..။
      အိုဘားမားတောင် ဗိုလ်ချုပ်ကြိးများဆီကို တောင်းဆိုနေပါတယ်ဆိုမှတော့ ..။

      ထားပါတော့..။
      တရုတ်ကို စစ်တပ်က .. သဘာဝဓါတ်ငွေ့ ရောင်းပေးတယ်..။ ( http://en.wikipedia.org/wiki/Sino-Burma_pipelines )
      အိန္ဒိယကို သဘာဝဓါတ်ငွေ့ ရောင်းပေးတယ်..။ ( http://www.gasandoil.com/goc/news/nts101517.htm)
      ရောင်းရငွေတွေနဲ့ ရုရှားဆီက နေ လေယဉ်၊ဒုံးကျည်၊ စစ်ပစ္စည်း၊ ညူစက်ရုံတွေဝယ်ပေးတယ်..။ ကျောင်းသားပညာတော်သင်တွေ ပို ့ပေးတယ်..။ (ကျောင်းစရိတ်ငွေ မီလီယံချီပေးတယ်..)
      http://www.armscontrol.org/act/2007_06/Burma
      http://www.intellasia.net/news/articles/regional/111283106.shtml
      ဒေါ်လာငွေ တရားဝင် လွှဲပို ့လည်ပါတ်ခွင့်မရလို့ .. စင်္ကာပူဘဏ်၊ ဒူဘိုင်းဘဏ်တွေကို မြိုးမြိုးမျက်မျက်ပေးစားပြီး ခု်င်းတယ်..။
      ကိုရီးယား တွေကို ရေနံတူးစက်ပစ္စည်း၊ ငွေကြေးရင်းနှီးမြုတ်နှံမှုတွေပေးတယ်..။
      အခု ..ယိုးဒယားစစ်တပ်ကို ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်ခွင့်ပေးလိုက်ပြန်ပြီ..။
      Italian-Thai Signs $8.6 Billion Myanmar Port Contract
      http://www.businessweek.com/news/2010-11-03/italian-thai-signs-8-6-billion-myanmar-port-contract.html
      ..
      ဒါတွေက သတင်းတွေမှာပြတဲ့ .. လုပ်နေဖြစ်နေတဲ့အချက်အလက်တွေပဲ..။
      ကိန်းဂဏန်းတွေက မလိမ်ဘူး..။
      မလိမ်တဲ့ အချက်အလက်တွေမူတည်ပြီး … ဘာဖြစ်သင့်တယ်..။ ဘာလုပ်ရင်ဖြစ်မယ်.. ဝိုင်းစဉ်းစားကြရင်ကောင်းမယ်ထင်တာပါပဲ..။
      ဖြစ်ချင်တာတွေ ရေးကြရင်တော့ ..

  • maungmoenyo

    November 11, 2010 at 2:22 am

    ဒုတိယပင်လုံညီလာခံ…လေ။
    ဒေါ်စုကိုချွင်းချက်မရှိလွှတ်ပေးပေးကိုစစ်အစိုးရကလိုက်လျောနိုင်မလား။ မထင်…။ သူ့ကိုအချိန်မရွေးပြန်ကုပ်နိုင်တာတိုင်းသိပြည်သိကမ္ဘာသိ..။ ခုချိန်ဆိုပိုလို့တောင်လုပ်နိုင်သေးတယ်။ တရားဝင်လုပြီကိုး။ ရက်(၉၀)ဘဲစောင့်ရမယ်…တရုတ်၊ဆိုဗီယက်နဲ့မြောက်ကိုရီးရားအပါအဝင် Asean ကအသိအမှတ်ပြုဝမ်းမြောက်ကြောင်းတွေလှိမ့်ဝင်လာတော့မယ်။ အတိုက်အခံကနေအရွေးခံရတဲ့အမတ်တွေလဲ တလနှစ်လလောက်တော့လူပြောကောင်းအောင်လွှတ်တော်မှာဆွေးနွေးမယ်တို့ဘာတို့အသံကောင်းဟစ်ကြမယ်။ နောက်(၂)လ(၃)လလောက်ဆိုပါးစပ်တွေပိတ်သွားကြမှာဧကန်မုချပါဘဲ။
    (၈၈)အရေးအခင်းတုံးကနယ်တွေမှာ၊သပိတ်အဖွဲ့တွေဖျာလုကြတာတွေ၊ လုပ်ပိုင်ခွင့်လုကြတာတွေမမြင်ချင်အဆုံးပါ။ အဓိကကဦးဆောင်တဲ့နမူနာပြကောင်းခေါင်းဆောင်မရှိခဲ့ဘူးလေ..။ ရှိတဲ့အချိန်လဲကျရောစစ်တပ်ကအာဏာယူလိုက်ပြီဘဲ။
    ဒုတိယပင်လုံ..ကိုမျှော်ကြပါ…တိုင်းရင်းသားနဲ့အဖွဲ့အစည်းစုံပါပါစေ..၊ သဘောတူညီချက်တွေကျေကျေလည်လည်ဖြစ်ကြပါစေလို့သာဆုတောင်းကြပါ…ဗျာတို့…….။

Leave a Reply