ရွာဦးကျောင်းက ခေါင်းလောင်းသံ
ဟာသလေးတစ်ခုကို မျှဝေချင်လို့ပါ။ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းစားရင် အချက်ပေး တုန်း ဒါမှမဟုတ်ကြေးစည် ထိုးစည် ခေါင်းလောင်း ထိုးလေ့ရှိပါတယ်။ ဒါကတော့ ဆွမ်းစားချိန်ကိုသိအောင်လုပ်တဲ့ သဘောလို့ထင်ပါတယ်။ ခရီးသွားနေတဲ့ သံဃာတော်များလည်း ခေါင်းလောင်းသံကြားရင် ဆွမ်းအချိန်မီ ဘုဉ်းပေးနိုင်အောင် အချက်ပေးတဲ့သဘောပါ။ ဒါနဲ့ ပတ်သက်လို့ – ရွာတစ်ရွာမှာ အရက်မူးသမားတစ်ယောက်ရှိပါတယ်။ အဲဒီလူက မိုးလင်းကမိုးချုပ်အချိန်တိုင်း မူးနေတဲ့သူပါ။ ဘုန်းကြီးကျောင်းက ဆွမ်းစားတော့ ခေါင်းလောင်းထိုးပါတယ်။ အဲဒီအသံကြားရတဲ့ အမူးသမားက ဘာပြောလဲဆိုတော့ “ ဘုန်းကြီးများ ကြီးကျယ်လိုက်တာကွာ၊ သူများမစားချင်လို့ လှူလိုက်တဲ့ ချဉ်ဟင်းလေး၊ ငါးပိရည်လေး စားမှာများ ကြီးကြီးကျယ်ကျယ် ခေါင်လောင်းတွေ ဘာတွေထိုးနေရသေးတယ်။ ငါတို့လိုများ မိန်းမက ဘေးမှာထိုင်ပြီး မောင်ရေ ဒါကတော့ ကြက်သား ကာလသားချက်လေး၊ ဒါကတော့ ပုဇွန်ဆီပြန်၊ ဒါကတော့ မောင်ကြိုက်လို့ချက်ထားတဲ့ ဟင်းချိုလေး လို့ ပြောမယ့် သူများ ရှိရင် ဆိုင်းဝိုင်းတောင်ငှါးလောက်တယ်ဗျား“ လို့ ပြောတယ်ဗျား။
14 comments
PaukPhaw
November 18, 2010 at 1:26 pm
သောက်ရူး အမူးသမားပေါ့
မစားချင်လို ့ လှူတယ်ရှိပါ့မလား
ဦးဦးဖျားဖျား လှူတာပဲရှိတယ်
kyawmonkant
November 18, 2010 at 2:02 pm
မူးနေတော့ ဘာပြောလို့ပြောမှန်းသိမှာမဟုတ်ပါဘူး။
(ခေါင်းလောင်းသံလို့ရေးတာ ဘယ်လိုလုပ် ဝဆွဲက ပါသွားမှန်းမသိလိုက်ဘူး၊ တင်ပြီးပေါ်လာမှသိတော့တယ်၊ စာမှားရင် ဘယ်ကနေ ဘယ်လုံပြင်ရတယ်ဆိုတာ ကူညီကြပါအုံး)
kyawmonkant
November 18, 2010 at 2:03 pm
မူးနေတော့ ဘာပြောလို့ပြောမှန်းသိမှာမဟုတ်ပါဘူး။
(ခေါင်းလောင်းသံလို့ရေးတာ ဘယ်လိုလုပ် ဝဆွဲက ပါသွားမှန်းမသိလိုက်ဘူး၊ တင်ပြီးပေါ်လာမှသိတော့တယ်၊ စာမှားရင် ဘယ်ကနေ ဘယ်လို ်ပြင်ရတယ်ဆိုတာ ကူညီကြပါအုံး)
unclegyi1974
November 18, 2010 at 4:01 pm
ကိုကျော်လဲမူးနေတယ်နဲ့တူတယ်
စာပြင်ဖို့ admin ထဲပြန်ဝင်ပါ
ပြီးရင်ဘယ် ဘက်မှာရှိတဲ့ post ထဲဝင်ပြီး ကိုယ်တင်
လိုက်တဲ့စာကိုပြန်ရှာပါ တွေ့ရင်ပြန်ခေါ်ပါ
ကိုယ့် စာပြန်တက်လာရင် ညာဘက်မှာ edit လုပ်
တဲ့စာပေါ်လာပါမယ် ဝင်ပြင်ပြီပြန်တင်နိုင်ပါပြီ
နောက်ကိုလျော့သောက်ကွယ့်
ဘ ကတော့ဖြတ်လိုက်ပြီ ဓားနဲ့
kyawmonkhant
November 19, 2010 at 1:16 am
ပြောပြတဲ့အတွက် အန်ကယ်ကြီးကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ဗော့ဒကာ တစ်လုံးပို့လိုက်ပြီ၊ ကျနော်မသောက်တော့ဘူး။ (တကယ်ကျေးဇူးတင်တာဗျ)
bigcat
November 19, 2010 at 2:48 am
လှတောရွာသား အရက်မူးသမားနဲ့ တူပါရဲ့။
Maung Dae`
November 19, 2010 at 8:08 am
ဟုတ်ပ အမူးသမားတွေများ.. အဲ့လိုလျှောက်ပြောတက်တယ်… (ကိုယ်တွေ့.. အဟီး..) ကျွန်တော်က ရွာတဲ့နေ့နဲ့ မရွာတဲ့နေ့တွေမှာပဲသောက်တာ.. ကျန်တဲ့ အချိန်ဖြတ်တယ်.. အဟီး..
char too lan
November 19, 2010 at 8:10 am
မူးလဲမူးတယ် ရူးလဲရူးတဲ့ တို့ကိုကြီးကျော် ~~post ထဲကတောက်ရူးကောင်
goldenhawk
August 31, 2011 at 6:39 pm
ကျွန်တော်ကိုယ့်နိုင်ငံအတွင်းရှိစဉ်(၁၉၅၂)ခုနှစ်ထုတ်ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာဖတ်လိုက်ရတယ်ရီစရာဟာသတော့မဟုတ်ပေမဲ့မှတ်သားစရာကောင်းတော့ကောင်းသောကြောင့်မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာသီတင်းသုံးနေထိုင်တဲ့ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲကအကျင့်သီလနှင့်ပြည့်စုံပြီးဘုန်းကြီးဝတ်လာခဲ့တာဝါ(၃၀)တောင်ရခဲ့လို့တန်ခိုးကြီးနာမည်ကျော်ကြားခဲ့လို့ပတ်ဝန်းကျင်
ကျေးရွာများကပင်လာရောက်ကြည်ညိုကိုယ်းကွယ်ကြရတယ်၊ထိုဘုန်းကြီး၏နေ့စဉ်ဆွမ်းဖုန်းအတွက်၎င်းရွာမှဘာသာတရားကိုအ
လွန်တရာကိုင်းရှိုင်းသောအပျိုကြီးတစ်ဦးသည်နေ့စဉ်ကုသိုလ်ယူဆွမ်းပို့လေ့ရှိပါတယ်တနေ့သောဥပုဒ်နေ့မှာသူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီးဆွမ်းအမယ်စုံပြင်ဆင်ပြီးခံတောင်းထဲထည့်ပြီးဘုန်းကြီးကြောင်းကိုအစောကြီးထခေါင်းရွက်သွားတယ်၊ဘုန်းကြီးကျောင်းထဲရောက်တော့ဘုန်းကြီးကလည်းအဆင်သင့်ဘဲခါတိုင်းလိုဘဲဘုရာစဉ်အောက်မှာတင်ပလင်ထိုင်စောင့်နေတာပေါ့ဘုန်းကြီးရှေ့ရောက်တော့အပျိုကြီးဆွမ်းတောင်းကိုချမယ်ဆိုပြီးခေါင်းပေါ်မှဆွမ်းတောင်းလှန်းအကိုင်ဒူကလေးအသာညွန့်ပြီးအရှေ့တလှမ်းအလှန်းမှာ
သူမရဲ့ထမီစကိုနင်းမိပြီးထမီကွင်းလုံးကိုကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့်ထမီအပေါ်စကိုလှမ်းဆွဲရင်လဲဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့်သူမ၏အတွင်းပစ္စည်းကိုဘုန်းကြီးကိုလှစ်ပြသလိုဖြစ်သွားသည့်အပြင်ဘုန်းကြီးလည်းမမြင်သင့်မမြင်အပ်မမြင်ဖူးသောအရာကိုမြင်လိုက်ရတော့ဓါတ်လိုက်သလိုလို၊သွေးတက်သလိုခံစားမှုတွေကိုခံစားနေရသည်မှသတိဝင်လာကာ၊ထမီကိုကိုင်
ပြီးဝတ်ပေးရင်လည်းကံသင့်မည်သူ၏သင်္ကံန်းနှင့်ပါတ်ပေးရင်လည်းဝဋ်ကြီးမည်ဖြစ်သဖြင့်တကာမအား(ဟဲ့တကာမထိုင်လိုက်၊ထိုင်
လိုက်)ဆိုပြီးထိုင်ခိုင်းတယ်တကာမကလည်းဘုန်းကြီးပြောသည့်အတိုင်းထိုင်ချလိုက်တယ်အဲ့ဒီထိုင်ချလိုက်တဲ့မြင်ကွင်းကိုဘုန်းကြီး
ကမြင်လိုက်ရတော့ဘုန်းကြီးခမြာဗိုလ့်အားမြင့်တဲ့ဓါတ်နှင့်အတို့ခံရသလိုရှိပြီးတစ်ကိုယ်လုံးလဲဖိန်းရှိန်းဖြစ်ပြီးအသံတွေလဲကတုန်ကရင်တွေဖြစ်ကာ၊တကာမကိုပြန်ထခိုင်းလိုက်၊ပြန်ထိုင်ခိုင်းလိုက်နှင့်နောက်ဆုံးတော့ဘုန်းကြီးကိုယ်တိုင်မနေသာတော့ဘဲတကာမရွက်ထားသောဆွမ်းတောင်းကိုချလိုက်ရောဘုရားစဉ်ကဖယာင်းတိုင်မီးလည်းလူသူတိတ်ဆိတ်သောအာရုံဦးအချိန်မှာငြိမ်းသွားခဲ့တော့
တလောကလုံးဟာခေတ္တမှောင်မှိုက်သွားခဲ့ရတယ်ပေါ့ရောင်ချည်ဦးလေးဝင်လာတဲ့အခါမှာတော့ဘုန်းကြီးခမျာသတိရလာပြီးသူ့ဘေး
မှာလျောင်းနေတဲ့တကာမကိုလှမ်းကြည့်လိုက်တော့အစထမီဘဲကျွတ်နေတဲ့တကာမဟာယခုတော့တကိုယ်လုံးဘာမှမရှိတော့တွေ့ရတော့မှသူ့ကိုယ်သူပြန်ကြည့်မိတဲအခါသူ့ကိုယ်မှသင်္ကံန်းဟာလဲသူ့ချေရင်းအောက်မှာပင်တကာမ၏ထမီဖြင့်လုံးထွေးနေသည်ကိုမြင်လိုက်ရတော့သူ၏နှုတ်မှ(ဗုဒ္ဓော)သာရွတ်နိုင်ပြီး၊နောင်တကြီးစွာဖြင့်ချုုံးချငိုကြွေးကာအမှောင့်တကာအမှောင်မှိုက်ဆုံးဖြစ်သောကာမ
ကိလေသာတဏာအမှောင်မှိုက်ထဲကျရောက်သွားခဲ့ရခြင်းကိုခွင့်လွတ်ပါရန်ဗုဒ္ဓရှင်တော်မြတ်၏ခြေတော်ရင်းမှာလက်နှစ်ဖျာရှက်ပြီးဦးထိပ်မိုးကာနောင်တကြီးစွာဖြင့်ဝန်ချကတော့တောင်းပန်ရှာပါတယ်၊နောက်ရက်မှာဘဲရွာမှရွာသူကြီး၊ရပ်ရွာလူကြီးတွေကိုခေါ်ယူကာ
မြို့တက်ပြီးဂါတ်တဲကိုသွားအမှုဖွင်ခဲ့ပါတယ်၊ဂါတ်ဗိုလ်ကလည်းလူထွက်မလားမေးတော့လူမထွက်ချင်သည့်အတွက်သူ့အားသူ၏ဝါ
(၃၀)ကိုချွတ်ကာကိုရင်ပြန်ပေးဝတ်ခဲ့ပါတယ်၊ဘုန်းကြီးလည်းတဒင်္ဂံအချိန်အတွင်းလေးမှာကိလေသာတဏာကာမမှောင်အမှိုက်ထဲ
ကျရောက်သွားလို့နှစ်ပေါင်းများစွာထိမ်းသိမ်းစောင့်ရှောင့်လာခဲ့ရသောဝါ(၃၀)ဆုံးရှုံးသွားခဲ့ရသည်ကိုဝမ်းနည်းစွာဖြင့်ရှေ့အသက်တာ
ကိုကိုရင်ဘဝဖြင့်ပြန်စခဲ့ရပါတော့တယ်…ကျွန်တော်ဘာသွားမြင်လဲဆိုတော့ဟိုးအရင်ကမြန်မာလူမျိုးများဟာကိုယ်လုပ်တာမှားရင်
မှားတယ်မှန်ရင်မှန်တယ်ဝံခံရဲကြတယ်..ဥပဒေကိုလည်းလေးစားကြတယ်..ဥပဒေဟာနိုင်ငံတော်အထက်မှာရှိတယ်ဆိုတာကိုလက်ခံ
ကြတယ်..ဥပဒေရဲ့အဆုံးအဖြတ်ကိုလည်းကျေကျေနပ်နပ်ခံယူကြတယ်..ဒါဟာကမ္ဘာမှာမြန်မာပြည်ကြီးသားဆိုတာပြတာဘဲ…
ဆူး
August 31, 2011 at 7:55 pm
ကျွန်တော် ကိုယ့်နိုင်ငံအတွင်းရှိစဉ် (၁၉၅၂)ခုနှစ်ထုတ် ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်ရီစရာ ဟာသတော့မဟုတ်ပေမဲ့ မှတ်သားစရာ ကောင်းတော့ကောင်းသောကြောင့် မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊ ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲက အကျင့်သီလနှင့်ပြည့်စုံပြီး ဘုန်းကြီးဝတ်လာခဲ့တာ ဝါ(၃၀)တောင် ရခဲ့လို့တန်ခိုးကြီး နာမည်ကျော်ကြားခဲ့လို့ ပတ်ဝန်းကျင်
ကျေးရွာများကပင် လာရောက်ကြည်ညို ကိုယ်းကွယ်ကြရတယ်၊ ထိုဘုန်းကြီး ၏နေ့စဉ်ဆွမ်းဖုန်း အတွက်၎င်းရွာမှ ဘာသာတရားကိုအလွန်တရာ ကိုင်းရှိုင်းသော အပျိုကြီးတစ်ဦးသည် နေ့စဉ်ကုသိုလ်ယူ ဆွမ်းပို့လေ့ရှိပါတယ် တနေ့သောဥပုဒ်နေ့မှာ သူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီး ဆွမ်းအမယ်စုံပြင်ဆင်ပြီး ခံတောင်းထဲထည့်ပြီး ဘုန်းကြီးကျောင်းကို အစောကြီးထခေါင်းရွက်သွားတယ်၊ ဘုန်းကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကလည်း အဆင်သင့်ဘဲ ခါတိုင်းလိုဘဲ ဘုရာစဉ်အောက်မှာ တင်ပလင်ထိုင်စောင့်နေတာပေါ့ ဘုန်းကြီးရှေ့ရောက်တော့ အပျိုကြီးဆွမ်းတောင်းကိုချမယ် ဆိုပြီးခေါင်းပေါ်မှ ဆွမ်းတောင်းလှန်းအကိုင် ဒူကလေးအသာညွန့်ပြီး အရှေ့တလှမ်းအလှန်းမှာ သူမရဲ့ထမီစကို နင်းမိပြီး ထမီကွင်းလုံးကို ကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့် ထမီအပေါ်စကိုလှမ်းဆွဲရင်လဲ ဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့် သူမ၏အတွင်းပစ္စည်းကို ဘုန်းကြီးကို လှစ်ပြသလိုဖြစ်သွားသည့် အပြင်ဘုန်းကြီးလည်း မမြင်သင့် မမြင်အပ်မမြင်ဖူးသာအရာကို မြင်လိုက်ရတော့ ဓါတ်လိုက်သလိုလို ၊သွေးတက်သလို ခံစားမှုတွေကိုခံစားနေရသည်မှ သတိဝင်လာကာ၊ထမီကိုကိုင်ပြီး ဝတ်ပေးရင်လည်း ကံသင့်မည်သူ၏ သင်္ကံန်းနှင့် ပါတ်ပေးရင်လည်း ဝဋ်ကြီးမည်ဖြစ်သဖြင့် တကာမအား (ဟဲ့တကာမထိုင်လိုက်၊ထိုင်လိုက်) ဆိုပြီး ထိုင်ခိုင်းတယ် တကာမကလည်း ဘုန်းကြီးပြောသည့် အတိုင်းထိုင်ချလိုက်တယ် အဲ့ဒီထိုင်ချလိုက်တဲ့မြင်ကွင်းကို ဘုန်းကြီးက မြင်လိုက်ရတော့ ဘုန်းကြီးခမြာ ဗိုလ့်အားမြင့်တဲ့ ဓါတ်နှင့်အတို့ခံရသလိုရှိပြီး တစ်ကိုယ်လုံးလဲဖိန်းရှိန်းဖြစ်ပြီး အသံတွေလဲကတုန်ကရင်တွေဖြစ်ကာ၊ တကာမကိုပြန်ထခိုင်းလိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် နောက်ဆုံးတော့ဘုန်းကြီး ကိုယ်တိုင်မနေသာတော့ဘဲ တကာမရွက်ထားသော ဆွမ်းတောင်းကိုချလိုက်ရော ဘုရားစဉ် ကဖယာင်းတိုင်မီးလည်း လူသူတိတ်ဆိတ်သော အာရုံဦးအချိန်မှာငြိမ်းသွားခဲ့တော့ လောကလုံးဟာ ခေတ္တမှောင်မှိုက်သွားခဲ့ရတယ်ပေါ့ ရောင်ချည်ဦးလေးဝင်လာတဲ့အခါ မှာတော့ဘုန်းကြီးခမျာ သတိရလာပြီးသူ့ဘေးမှာ လျောင်းနေတဲ့တကာမကို လှမ်းကြည့်လိုက်တော့ အစထမီဘဲကျွတ်နေတဲ့ ဒကာမဟာ ယခုတော့တကိုယ်လုံး ဘာမှမရှိတော့တွေ့ရတော့မှ သူ့ကိုယ်သူပြန်ကြည့်မိတဲအခါ သူ့ကိုယ်မှသင်္ကံန်းဟာလဲ သူ့ချေရင်းအောက်မှာပင် ဒကာမ၏ ထမီဖြင့်လုံးထွေးနေသည်ကိုမြင်လိုက်ရတော့ သူ၏နှုတ်မှ (ဗုဒ္ဓေါ) သာရွတ်နိုင်ပြီး ၊နောင်တကြီးစွာဖြင့် ချုုံးချငိုကြွေးကာ အမှောင့်တကာ အမှောင်မှိုက်ဆုံးဖြစ်သော ကာမ
ကိလေသာတဏာ အမှောင်မှိုက်ထဲကျရောက်သွားခဲ့ရခြင်း ကိုခွင့်လွတ်ပါရန် ဗုဒ္ဓရှင်တော်မြတ်၏ ခြေတော်ရင်းမှာ လက်နှစ်ဖြာ ရှက်ပြီး ဦးထိပ်မိုးကာ နောင်တကြီးစွာဖြင့် ဝန်ချကတော့တောင်းပန်ရှာပါတယ် ၊နောက်ရက်မှာဘဲ ရွာမှရွာသူကြီး၊ ရပ်ရွာလူကြီးတွေကိုခေါ်ယူကာ
မြို့တက်ပြီး ဂါတ်တဲကိုသွားအမှုဖွင်ခဲ့ပါတယ်၊ ဂါတ်ဗိုလ်ကလည်း လူထွက်မလားမေးတော့လူမထွက်ချင်သည့် အတွက်သူ့အားသူ၏ဝါ (၃၀) ကိုချွတ်ကာ ကိုရင်ပြန်ပေးဝတ်ခဲ့ပါတယ်၊ ဘုန်းကြီးလည်း တဒင်္ဂံအချိန်အတွင်းလေးမှာ ကိလေသာ တဏှာ ကာမ အမှောင်အမှိုက်ထဲ ကျရောက်သွားလို့နှစ်ပေါင်းများစွာ ထိမ်းသိမ်းစောင့်ရှောင့်လာခဲ့ရသော ဝါ(၃၀) ဆုံးရှုံးသွားခဲ့ရသည်ကို ဝမ်းနည်းစွာဖြင့် ရှေ့တသက်တာ ကို ကိုရင်ဘဝဖြင့် ပြန်စခဲ့ရပါတော့တယ်… ကျွန်တော် ဘာသွားမြင်လဲဆိုတော့ ဟိုးအရင်က မြန်မာလူမျိုးများဟာ ကိုယ်လုပ်တာမှားရင်
မှားတယ် မှန်ရင်မှန်တယ်ဝံခံရဲကြတယ်.. ဥပဒေကို လည်းလေးစားကြတယ်.. ဥပဒေဟာ နိုင်ငံတော်အထက်မှာ ရှိတယ်ဆိုတာကိုလက်ခံကြတယ်.. ဥပဒေရဲ့အဆုံးအဖြတ်ကို လည်းကျေကျေနပ်နပ် ခံယူကြတယ်.. ဒါဟာကမ္ဘာမှာ မြန်မာပြည်ကြီးသားဆိုတာပြတာဘဲ
ကွန်မန်း ဖတ်ရင်းနဲ့ ရေးထားတာ ဖတ်မရလို့ အားလုံးလည်း ဖတ်ရအောင် အဖြတ်အတောက် လုပ်ပြီး ပြန်တင်ပေးလိုက်တယ်။
Foreign Resident
September 1, 2011 at 9:04 am
“ဘုန်းကြီးဝတ်လာခဲ့တာ ဝါ (၃၀)တောင် ရခဲ့လို့” = more than (50) years old.
Interesting, How can it happen ???
Not much excited for just seeing the naked Lady.
May be, I have already done a lot of nastiest (sex) things in my life.
zaw min
August 31, 2011 at 7:28 pm
ကွန်မန်းရေးရင် စပေ့ခြားပြီးရေးပေးပါ။စာတွေအရှည်ကြီးထွက်မသွားတော့ဘူးပေါ့။။။။။။။။။ဆက်ရေးပါ..အကြောင်းအရာကောင်းပါတယ်။
မီးမီး သော်
August 31, 2011 at 11:08 pm
ဟင် ဘယ်တွေရောက်ကုန်တာပါလိမ့်။မြန်ပြည်သားကြီး ကဒီဘက်ရောက်နေလို ့ပါ။မူးပြီးလမ်းမှားလာလေရော့သလား။
manawphyulay
September 1, 2011 at 10:52 am
ဒီငမူးက ဒီဘဝမှာတောင် မူးရူးနေတာ ဘုန်းကြီးကိုများ စားဦးစားဖျားလှူတာကို ငရဲကြီး ၈ ထပ်သွားချင်ပြီနဲ့တူတယ်….