Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို ့

shwepyiayeNovember 18, 20101min3718

သိသိ မသိသိ မြင်ဖူးဖူး မမြင်ဖူးဖူး ကျနော်တို ့အတွက် အရေးမကြီးပါဘူး၊ အားလုံးမြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို ့ ကျနော်ခံယူထားပါတယ်။
ကျနော်တို ့အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်၊ အရှေ ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများနှာခေါင်းရှုံတဲ့နိုင်ငံအဖြစ်ကလွတ်မြောက်စေချင်ကြတယ်၊ ဘေးအိမ်နီးချင်းတွေက ကျနော်တို ့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိ မခံသာနဲ ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်၊
အထူးသဖြင့် နိုင်ငံပျောက်။ လူမျိုးပျောက်နေတဲ ့အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်၊ မြန်မာပြည်ကို တနည်းနည်းနဲ ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ၊

အဲတော့ဗျာ ——
ကျနော်တို ့အားလုံး မြန်မြန်ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ဝင်ရောက်ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖတ်နိုင်မယ့်ပါတီကလူငယ်တွေလည်းတက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်၊
နည်းပညာပိုင်းကျွမ်းကျင်သူ လူငယ်များ စကာင်္ပူမှာ အများဆုံးနေထိုင်နေတယ်လို ့ ကျနော်ထင်ပါတယ်။
ကျနော်နားထောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မိန် ့ခွန်းထဲမှာ နည်းပညာနဲ ့ ပတ်သက်ပြီး ရိုးသားစွာပြောသွားတဲ့ သူမစကားလေးကို ကြိုက်ပါတယ်၊
(ကင်မရာဖုန်းလေးကိုပြောတော့ ပါးစပ်ကို ဘယ်နေရာက ထားရမလဲ မသိဘူးတဲ ့)
ကျနော်တို ့လည်း ကိုယ့်အချင်းချင်း ထိန်ဝှက်စရာမလိုပါဘူး၊ တတ်သိနားလည်သူက ကွန်ယက်လေးဖြစ်ဖို ့၊ အထူးသဖြင့် ကျနော်တို ့ နိုင်ငံတကာက ပြည်သူတွေရဲ ့
အသံတွေ အထဲကို ပို ့နိုင်ဖို ့ အိုင်တီကျွမ်းကျင်သူများကို အကောင်းဆုံး ကြိုးစားပေးကြပါလို ့ ကျနော် မေတ္တာရပ်ခံအပ်ပါတယ်၊
ကျွမ်းကျင်နားလည်သူတွေက လုပ်ပေးနိုင်လိမ့်မယ်လို ့ ကျနော်မျှော်လင့်ပါတယ်ဗျာ၊
(ပြည်တွင်းကသူတွေ ကျော်ခွကြည့်ဖို ့လည်း အိုင်တီဆရာလေးများပဲ တတ်ကျွမ်းမှာပါ)

ကျနော်တို ့ အဲဒီကွန်ယက်လေးမှာ အချင်းချင်း အငြင်းပွားဖို ့ မဟုတ်ဘူးနော်၊ ပြည်သူ ့အသံလေးတွေပို ့ဖို ့ပါ၊
ဘာလို ့လဲဆိုတော့ ဧရာဝတီဘလော့်လေးမှာ အထဲက သတင်းထောက်လူငယ်လေးတဦးရင်ဖွင့်သွားတာ ကျနော်ကြိုက်တယ်၊
ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံပေးနေတဲ့သူတွေက မောက်မာစွာ ဆက်ဆံတာကို ပြောပြသွားတာလေးပါ၊
ကျနော်အမြင်ကတော့ သူတို ့ဘက်ကလည်း ပူပန်မှုတွေ စိုးရိမ်မှုတွေ မယုံကြည်မှုလေးတွေ ရှိချင် ရှိနေမှာလေ၊ ဒီပဲယင်းမှာ ကံကောင်းလို ့ ဒေါ်စု မသေခဲ့တာ မဟုတ်လား၊တဘက်နဲ ့ တဘက် နားလည်မှု မလွဲစေချင်ဘူး၊

(၈၈)တုန်းကလည်း မင်းမဲ့စရိုက်အသွင်ဖန်တီးပြီး အလေ့အကျင့် အတွေ ့အကြုံမရှိတဲ့ ကျနော်တို ့ပြည်သူတွေ ခံလိုက်ရတာကိုလည်းမမေ ့စေချင်ဘူး။
အဲတော့ဗျာ —-မိုးမခထဲက ကိုပေါအသံလို ့ ကျနော်တို ့ အားလုံး ရင်ဖွင့်လို ့ရမယ့် နေရာလေးတခုတော့ လိုနေပြီဗျာ၊
အပြင်ကလူတွေ (အင်တာနက်တွေ လျှောက်တတ်လို ့ရလို ့) အထဲကို သတိပေးလို ့ရတာလေးတွေ ပေးလို ့ရတယ်ဗျာ၊

ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည် ရုံးကို လာတဲ့နေ ့က ပြည်သူတွေ အရမ်းတိုးတာ ကြောက်စရာကောင်းတယ်၊ ဂျင်ဂလိ (၈၈လက်နက်) နဲ ့ ထိုးလိုက်လို ့ရတယ်၊
ပြည်သူတွေထဲကပါ ထပ်ဆင့် ရံ ပေးသင့်တာမျိုးပေါ့၊ ကျနော်တို ့နိုင်ငံမှာ ပါတီမဝင်လည်း VOLUNTEER လုပ်ပေးနိုင်တဲ့ဟာတွေ လူငယ်တွေ ဝို်င်းရံပေးနိုင်တာမျိုးလေးတွေပြောပြပေးဖို ့ အဲလိုမျိုးလေးပေါ့ဗျာ၊

ကျနော့်စာရှည်သွားတယ်၊ ခွင့်လွှတ်ပါ၊
နားလည်ပေးနိုင်မယ်ထင်ပါတယ်၊ ကျနော်တို ့ ကြီးငယ်မဟူ မျိုးဆက်တွေ လက်ချင်းချိတ်ဖို ့ပါ၊

အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို ့

အားလုံးကို လေးစားစွာဖြင့်
ဖိုးဇီဝ

8 comments

  • shwepyiaye

    November 18, 2010 at 7:28 am

    မာတီပလိုင်းဆိုဒ်မှသူငယ်ချင်းတစ်ဦးထံမှမျှဝေပေးခြင်းဖြစ်ပါတယ်……

  • koyinmaung

    November 18, 2010 at 8:28 am

    ခုမန်းလေးဆိုက်မှာဝင်ရေးလိုရနေပြီလေဒီမှာလါစုလိုက်ပါလါး ဒို့လဲအပြင်ရောက်နေတော့ပြည်တွင်းထဲကအခြေအနေတွေ ဒီမှာဘဲလါလါကြည့်နေရတာ ဒေါ်စုလွတ်တဲ့နေကဆို နာရီဝက်အတွင်းထဲသိနေရပြီပြည်တွင်းထဲကလူတွေလဲ အချိန်နဲ့အမျှထူးယင်ထူးသလိုတင်ပေးနေတာ ကျေးဇူးတွေအခါခါတင်မိပါတယ်ဒါကြောင့် ဒီမှာလါရေကြပါလို့ဖိတ်ခေါ်ပါရစေ…

  • kai

    November 18, 2010 at 8:40 am

    အဟင်း..
    အခုတောင် ..ဒေါ်စုနဲ့အင်တာဗျူးချင်တာ .. တိုက်ရိုက်ဖုံးနံပါတ်မသိလို့ .. ခက်နေပါတယ်..။
    ထားပါတော့…
    မကြာခင်အင်တာနက်တပ်ခွင့်ရပြီး မန္တလေးဂေဇက်ဝက်ဘ်ဆိုက်ရောက်လာမယ် လာဖတ်မယ်တော့ထင်ရတာပါပဲ..။
    မေးချင်တာလေးတွေ ..ရှိရင်တင်ထားကြပေါ့နော..။

  • ဟာ တီတီစု ဒို ့ရွာလာလည်ရင်တော့ ပုပုတို ့ရွာဘုရားတွေ ထုံးသုတ်ထားပြီး
    အိမ်တွင်းအိမ်ပြင် သန် ့ရှင်းရေးလုပ်ကြဟေ့
    တစ်အိမ်တစ်ယောက် မလာမနေရ အမိန် ့ထုတ် ပြီး ဟန်တစ်လုံးပန်တစ်လုံးလုပ်ပြကြ
    ပုံ
    သူကြီး ကြွက်ဖြူ

  • mandalaythar

    November 18, 2010 at 9:03 am

    အန်တီစု အင်တာနက်တပ်ခွင့်တောင်းတာနဲ့ ပတ်သက်ပြီးပြောချင်တယ်။ သေချာတာ အန်တီစု အင်တာနက်တပ်ခွင့် ရနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။။

    မန္တလေးမှာ ပုဂံအင်တာနက်ခေတ်တုန်းက စာရေးဆရာမကြီး လူထုဒေါ်အမှာအိမ်ကို အင်တာနက် တပ်ခွင့်တောင်းတာ ပြောရရင် ပုဂံက တပ်ခွင့်ကျလာတယ်ပေါ့။ တပ်မယ်လို့လုပ်တော့ စစ်တပ်က အင်တာနက် တပ်ခွင့်မပေးဘူးဆိုပြီး လာပိတ်သွားတာမျိုး ရှိခဲ့ဘူးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပေါ့.. အခုတော့ ရသွားပြီလားတော့ မသိဘူး။

    အန်တီစုလည်း အင်တာနက် တပ်ခွင့်တောင်းတာ တပ်ခွင့်ပေးရင်တောင် လွတ်လပ်မှု့မရှိပဲ။ နောက်က စပါယ်ရှယ်လိုင်း ဆိုပြီး လိုက်ချောင်းနေမှာတွေ ရှိနိုင်မှာ သေချာတယ်။ ဒီကောင်တွေက အဆင့်မှ မရှိတာ အောက်တန်းစားနည်းတွေ လုပ်တတ်တယ်။ ဒီတော့ ပြည်ပကလူတွေ အတွက်က ပြသာနာ မဟုတ်ပေမဲ့။ ပြည်တွင်းမှာ အင်တာနက်ကနေ အန်တီကို စကားပြောချင် ဆက်သွယ်ချင်တဲ့ လူတွေမှာ နည်းနည်း လန့်လာတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ အန်တီဘေးနာက လူတွေ ဒါတွေအတွက် နည်းနည်း စဉ်းစားပေးသင့်တယ်။

  • timothy

    November 18, 2010 at 10:13 am

    Aunty Suu needs powerful top of the range Satellite-powered mobile lap top computer. အန်တီစုအနေနဲ့က ဂြိုဟ်တုဆက်သွက်ရေးစနစ်ကိုအခြေခံတဲ့ ဓါတ်ါကြိုးမသုံးတဲ့ ခေါတ်လွန်ကွန်ပြူတာမျိူးသုံးသင့်တယ်။

  • pyaephyo

    November 18, 2010 at 1:29 pm

    အရမ်းကြိုက်တယ်ဗျာ နောက်တစ်ခါလဲအဲလိုစာလေတွေတင်းပေးပါနော်

  • MaMa

    November 19, 2010 at 7:11 am

    သိသိမသိသိ မြင်ဖူးဖူး မမြင်ဖူးဖူး စကားလေးက တော်တော်တာသွားတယ်။ အားလုံးကို စည်းရုံးရေး ဆင်းလိုက်သလိုဘဲ။

Leave a Reply