Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငှက်ပျောသီးစားပါ စိတ်ကြည်လင်မှာ

လင်းဝေNovember 24, 20101min34515

ငှက်ပျောသီးကို ပေါ့ပေါ့မထင်ပါနဲ့တဲ့။ အလွန်မှ စိတ်ဝင်စားဖွယ်ကောင်းသောအသီးဖြစ်ပါတယ်တဲ့။ (မဟုတ်တာမတွေးကြပါနဲ့ ကိုယ့်လူတို့)

ငှက်ပျောသီး ဟာ အားအင်ကိုဖြစ်စေလို့ စိတ်ကို ကြည်လင် လန်းဆန်းစေပါသတဲ့။

အသေးစိတ်ရှင်းပြထားချက်ကိုတော့ အောက်မှာ ကြည့်တော်မူပါ။ ဒီလိုရှင်းပြထားတာကိုဖတ်ကြည့်ပြီးရင် ငှက်ပျောသီးကို နောက်တစ်ခါကြည့်မိရင် စိတ်ထဲမှာ လေးလေးစားစားနဲ့ကို ကြည့်မိမယ်လို့တောင် စာက ညွှန်းပါသေးတယ်ခင်ဗျား။

ငှက်ပျောသီးမှာ သဘာဝ သကြားဓါတ် သုံးမျိုးပါ ပါတယ်တဲ့။ ဆူးခရို့၊ ဖရက်တို့စ် နဲ့ ဂလူးကို့စ် တို့ဖြစ်ကြပြီး ဖိုင်ဘာဓါတ်လည်းပါဝင်ပါတယ်။ ငှက်ပျောသီး တစ်လုံးဟာ ကြွယ်ဝသော အင်အားကို လျှင်မြန်စွာရရှိစေနိုင်ပါတယ်။

သုတေသနပြုချက်တွေအရဆိုရင် ငှက်ပျောသီးနှစ်လုံးကနေပြီး ရရှိတဲ့ အင်အားဟာ မိနစ် ကိုးဆယ် အလုပ်လုပ်နိုင်သော စွမ်းအင်ကိုပေးပါတယ်တဲ့။ ဒါကြောင့်မို့ ကမာ္ဘ့အားကစားသမားအကျော်အမော် အများစုက နှစ်သက်စွာ စားသုံးကြတဲ့ နံပါတ်တစ် သစ်သီးအဖြစ် ငှက်ပျောသီးက ရပ်တည်နေတာကို အံ့ဩစရာမရှိပါဘူး။

ဒီ့အပြင် စွမ်းအင်တင်မဟုတ်ပဲ ငှက်ပျောသီးက ပေးနိုင်တာနောက်တစ်ခုကတော့ ဖျားနာခြင်းအမျိုးတော်တော်များများကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။ ငှက်ပျောသီးစားလို့ ငှက်ဖျားဖြစ်မယ်လို့ ယူဆနေတဲ့ မြန်မာပြည်က နေရာအချို့မှာနေသူတွေအတွက်တော့ လွဲမှားစွာ ဆုံးရှုံးမှုတစ်ခုပါပဲ။ ဒီလို ရောဂါဘယတွေကို ကာကွယ်ပေးနိုင်သလို အဖိုးလည်မများတဲ့ သစ်သီးကို နေ့တိုင်းစားဖို့သင့်ပါတယ်။

စိတ်ကျရောဂါကို လည်း ငှက်ပျောသီးက ကာကွယ်ပေးနိုင်ပါသေးတယ်။ မကြာသေးခင်က ကောက်ယူပြုလုပ်တဲ့ စစ်တမ်းအရ စိတ်ဖိစီးမှုခံစားနေရသူများဟာ ငှက်ပျောသီးစားပြီးနောက်မှာ ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားမှုရလာတာကို တွေ့ရပါတယ်။ ဒါဟာ ငှက်ပျောသီးအတွင်းမှာ ကြွယ်ဝစွာပါဝင်တဲ့ အမိုင်နိုအက်စစ်အမျိုးအစားဝင်ဖြစ်သော tryptophan ထရိုင်တိုဖန်ဓါတ်ကို ခန္ဓာကိုယ်ကနေပြီး Serotonin ဆာရိုတိုနင်ဓါတ်အဖြစ်ပြောင်းလဲပေးလိုက်လို့ပါ။ ဆာရိုတိုနင်ဓါတ်ဟာ ခန္ဓာကိုယ်ထဲမှာ အရေးကြီးသောဓါတ်ဖြစ်ပါတယ်။ ဒီဓါတ်က သက်တောင့်သက်သာ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပြီး စိတ်ဖိစီးမှုကို လျှော့ပါးသက်သာစေပါတယ်။ စိတ်ခံစားမှုကို ပျော်ရွှင် ကောင်းမွန်အေးချမ်း စေပါတယ်။ ဒီတော့ ဆေးပြားတွေသောက်နေမယ့်အစား ငှက်ပျောသီးကိုစားပါ။ ငှက်ပျောသီးမှာ ပါတဲ ဗီတာမင် V6 ကလည်း သင့်ရဲ့စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို အထောက်အကူဖြစ်စေမှာပါ။ ငှက်ပျောသီးထဲက ကြွယ်ဝတဲ့ သံဓါတ်ကလည်း ဟေမိုဂလိုဘင် တွေကို သွေးထဲမှာ ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒီငှက်ပျောသီးမှာ ပိုတက်ဆီယမ်များပြားစွာပါဝင်ပေမယ့် ဆားဓါတ်တော့ မပါဝင်တာကြောင့်လည်း သွေးတိုးခြင်း သွေးဖိအားများခြင်းတို့အတွက် အလွန်မှ ကောင်းမွန်ပါတယ်။

ဦးဏှောက်ကိုလည်း အားဖြစ်စေသော သစ်သီးပါပဲတဲ့။ ငှက်ပျောသီးကို မနက်စာ စားတဲ့အခါမှာ အမြဲစားပြီး နေ့လည်ဘက်မှာ တစ်ခါတစ်ရံစားတဲ့ ကျောင်းသား၂၀ဝကို လေ့လာဆန်းစစ်မှုအရဒီလိုပြောတာဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော သစ်သီးကို စားသုံမှုကနေ လေ့လာသင်ယူမှုမှာ တက်ကြွ ရွှင်လန်းမှုကိုရစေပြီး စာသင်ကြားမှုကနေ သင်ယူတတ်မြောက်မှုကို ပိုမိုစေပါတယ်တဲ့။

အရက်နာကျတာလည်း ပျောက်ပါသေးသတဲ့။ အရက်နာကျတာ အမြန်ဆုံးပျောက်စေတဲ့ နည်းလမ်းတစ်ခုကတော့ Banana Milkshake ကို ပျားရည်လေးနဲ့ အချိုထည့်ပြီး သောက်ပါတဲ့။ အခုမှပဲ ဂျပန်မိတ်ဆွေကြီးတစ်ယောက် ဟိုတယ်ဧည့်ခန်းမ Lobby တွေမှာ ထိုင်လို့ Lobby Bar  ဘာသောက်မလဲမေးတိုင်း Banana Milkshake ပဲအမြဲပြောတာ ဒါကြောင့်ထင်ပါရဲ့။ ငှက်ပျောသီးက အစာအိမ်ထဲ အယ်ကိုဟောဓါတ်ကြွင်းတွေနဲ့ ပျာလောင်ခတ်နေတာကို ငြိမ်သွားစေပါတယ်တဲ့။ အဲဒီနောက် ပျားရည်နဲ့အတူ ပျက်စီးယိုယွင်နေတဲ့ ခန္ဓာကိုယ်ထဲက သကြားဓါတ်ကို ပြန်လည်တည်ဆောက်ပေးပါတယ်။ နို့ကတော့ ရေဓါတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

ခြင်ကိုက်လို့ ယားရင်တောင် ငှက်ပျောသီးအခွံ့အတွင်းသားနဲ့ ပွတ်ပေးရင် အဖုထတာနဲ့ ယားတာကိုသက်သာစေပါတယ်တဲ့။ မြန်မာပြည်မှာ အရင်ကတည်းက သိထားတဲ့အချက်လိုပဲ ငှက်ပျောသီးဟာ လူ့ခန္ဓာကိုယ်ကို အေးမြစေပါတယ်တဲ့။ အပူချိန်ကို ထိမ်းညှိပေးတဲ့ သစ်သီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့မွေးလာမယ့်ကလေးတွေကို အပူမများအောင်လို့ ငှက်ပျောသီးစားပေးရပါမယ်တဲ့။

အနာဖြစ်တာကိုလည်း သက်သာစေပါတယ်တဲ့။

ရာသီပြောင်းလို့ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် အဆင်မပြေဖြစ်ပြီး ခေါင်းပူကျောပူမဖြစ်အောင်ကိုလည်း ထိမ်းညှိပေးနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ကြိုးစားသူတွေအတွက်လည်း ငှက်ပျောသီးမှာပါဝင်တဲ့ B6 B12 ဓါတ်တွေက နီကိုတင်းဆုတ်ယုတ်မှုကြောင့်ဆေးလိပ်သောက်ချင် စိတ်ဖြစ်ပွားနေမှုကို တားဆီးပေးပါတယ်။

ထပ်ပြီးတော့ တားဆီးပေးတာတွေက လေဖြတ်ခြင်းမှလည်းကာကွယ်ပေးပါသေးတယ်။ နောက် တစ်ဖန် နှလုံးအားနည်းခြင်းကို ကုစားပေးနိုင်ပါသေးသတဲ့။ သူ့မှာ ကြွယ်ဝတဲ့ ပိုတက်ဆီယမ်ဓါတ်က နေပြီး ကောင်းကျိုးများစွာကိုပေးလို့ စိတ်ကိုကြည်လင်စေကာ နှလုံးခုန်နှုန်းကိုလည်း ကောင်းမွန်စေတာပါပဲ။

ရှေ့မှာပြောခဲ့သလို စိတ်ဖိစီးမှုကို ကာကွယ်ပေးပြီး အင်အားကို ပြည့်ဝစေကာ ဖျားနာခြင်းကိုကာကွယ်လို့ နှလုံးကို လန်းဆန်းစေသော ငှက်ပျောသီးကို ဖြစ်နိုင်သမျှ စားသုံးပေးကြပါ။ ဈေးနှုန်းသက်သာသော ဆေးဓါတ်စာ တစ်မျိုးအဖြစ်အလွန်ကိုမှ အသုံးဝင်တာဖြစ်ပါတယ်။

စာကြွင်း။။။။။ မျောက်တွေ တစ်ချိန်လုံးဘာဖြစ်လို့ မြူးပြီး ဆော့နေသလဲ ဆိုတဲ့အဖြေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။







15 comments

  • ဆူး

    November 24, 2010 at 1:25 pm

    နောက်ထပ် ကောင်းကျိုး တခုကတော့.. အမှုန် အမွှားများတဲ့ နေရာမှာ အလုပ်လုပ်တဲ့ လူတွေ ဘဏ်မှ အလုပ်လုပ်တဲ့ လူတွေ ငှက်ပျောသီးကို ဓါတ်ဆာ အဖြစ် စားသင့်ပါတယ်။
    တိုင်းရင်းဆေး အဆိုကတော့.. ငှက်ပျောသီးကို လေးဘက်နာ ထတဲ့ အချိန် မစားသင့်ပါဘူး။
    ငယ်ငယ်ကတော့ ချောင်းမဆိုးအောင် ဖီးကြမ်း ငှက်ပျောသီးကို မီးဖုတ်ပြီး စားရတယ်။
    ငှက်ပျောသီး မမှည့်သေးဘဲ စားမိရင်တော့ ကလေးများ ချောင်းဆိုးတတ်ပါသည်။ အစေးကပ်လို့.. လည်ချောင်းယားတတ်သည်။

  • naywoonni

    November 24, 2010 at 2:02 pm

    ငှက်ပျောသီးဟာ..ဖီးကြမ်းပေါ့နော်…အရက်မူးခြင်းကိုလည်းထိန်းထားနိုင်ပါတယ်……
    အရက်သောက်ရင်အမြီးအဖြစ်စားသုံးခြင်းကအရက်ကဖြစ်စေမဲ့အူပါးခြင်း..အမူးလွန်ခြင်းကို
    ထိန်းထားပေးပါတယ်..။အစာအိမ်ကိုထိချုက်စေခြင်းကနေကာကွယ်နိုင်ပါတယ်..။ဒါကြောင့်..
    ကိုကြောင်ကြီးတို့Mrမိုက်ကယ်ဂျော်နီကဗျာအောင်ပုတို့အရက်သောက်ရင်ငှက်ပျောသီးကိုမြည်း
    တာအကောင်းဆုံးဖြစ်ပါတယ်..။မနက်အရက်နာလည်းမကျပါဘူး………။။

    • kai

      November 24, 2010 at 7:05 pm

      အရက်သောက်တာဟာ… မူးချင်လို့ပဲမို့ ..အရက်မူးခြင်း၊အမူးလွန်ချင်းကိုထိန်းတယ်..ဆိုတာကြီးက..သိပ်တော့အဆင်မပြေဘူး..။
      နောက်ဆို ငှက်ပျောသီးရှောင်မှ … 🙂

  • bigcat

    November 25, 2010 at 1:53 am

    ငယ်ငယ်တုန်းက စားဖူးတဲ့ နပေါတီးက အစိမ်းရောင် သီးမွှေးလို့ခေါ်တယ်၊ အရေးအခင်း ပြီးကာစလောက်ထင်တယ်၊ သီးမွှေးပျောက်သွားပြီး အခုစားနေတဲ့ အဝါရောင်ဆင်စွယ် ဆိုတာပေါ်လာတယ်။ စိတ်စွဲနေလို့လားမသိဘူး သီးမွှေးကိုပိုကောင်းသလိုပဲ။ ငယ်ငယ်က ဟင်းမကြိုက်ရင် သီးမွှေးနဲ့ထမင်းနဲ့စားတယ်။ နောက်တော့အိမ်က ကျန်းမာရေးအတွက်ကောင်းတဲ့ ဖီးကြမ်းနဲ့ပြောင်းကျွေးလို့ စားကျင့်ပျက်သွားတယ်။
    ဆြာနီရေ ကိုပုကတော့ အမြည်းမလိုဘူး အရက်ကိုရေမရောဘဲ ကစ်တယ်လို့ အသဲကင်ဆာဆရာဝန် တဦးကပြောတာပဲ။

  • MaMa

    November 25, 2010 at 2:40 am

    ငှက်ပျောသီးကို မနက်ဖက် ဘာမှမစားခင်စားပြီး ရေတစ်ခွက်သောက်ရင် ပိန်စေတယ်ဆိုပြီး ဂျပန်မှာ ငှက်ပျောသီး ဝယ်ဖို့ မနက်အစောကြီးတောင် ထရတယ်လို့ဆိုတယ်။ ဟုတ်မဟုတ်တော့မသိဘူး။

    • kai

      November 25, 2010 at 3:07 am

      ဂျပန်က ငှက်ပျောသီးကို .. ယူအက်စ်ကလည်းသွင်းတယ်..။ အနီးအနား ဖိလစ်ပိုင်ကလည်းသွင်းတယ်.။ ကိုယ်တိုင်လည်းစိုက်ပါတယ်..။
      ပေါချင်းသောချင်းပါပဲ..။ မြန်မာပြည်မှာ မမြင်ဖူးတဲ့ ငှက်ပျောမျိုးတွေတောင်ရှိတယ်..။
      ချမ်းသာတဲ့တိုင်းပြည်မို ့.. ဒီလောက်နဲ့တေ့ာ ဦးနှောက်ခြောက်နေမယ်တော့မထင်..။

      ပြောရရင်.. မြန်မာပြည်က ..ရွှေငှက်ပျောသီးကို ဂျပန်တွေအံဩပြီး..ကြိုက်ကြတယ်..။
      သေသေချာချာစိုက်ပြီး ..သူတို့ဆီ သွင်းရင်..ဈေးကောင်းပေးဝယ်နိုင်တယ်ထင်တာပါပဲ..။

  • ဆူး

    November 25, 2010 at 3:19 am

    မြန်မာ တရုတ် နယ်စပ်မှာ ငှက်ပျောခြံတွေ ရှိတယ်။ အဲဒီ ငှက်ပျောက အခိုင်က လူတရပ်လောက် ရှိပြီး အသီးက ၁၈လက်မ လောက် ရှိတယ် တလုံး တလုံး အရှည်ကြီးဘဲ။ ပုံတော့ လက်ထဲမှာ မရှိပေမဲ့.. မြန်မာက လုပ်သားတွေ နဲ့ တရုတ်နယ်စပ်မှာ စိုက်တာ.. ဘာတွေ ထည့်လို့ ကြီးနေတာလဲတော့ မသိဘူး.. အဲဒီ ငှက်ပျောသီးကို တုံးတစ်ပြီး ဘူးလုပ်ပြီး ရောင်းတာ။ အပြင်ကိုတော့ အခိုင်လိုင် အလုံးလိုက် ထုတ်မရောင်းဘူးလို့ သိရတယ်။

  • etone

    November 25, 2010 at 4:07 am

    ငှက်ပျောသီးကောင်းကြောင်းတော့ရေးပြီးပင်မဲ့ ငှက်ပျောသီးစားချိန်မမှန်တာကြောင့်လျှောသွားတဲ့ လူ၂ယောက်ပတ်ဝန်းကျင်မှာရှိခဲ့ဖူးတယ် ။ တစ်ယောက်က အဒေါ်အကြီးဆုံးရဲ့ ယောက္ခမပါ ။ သူက ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပေါ့ အဒေါ်မိသားစုနဲကအတူ လိုက်နေရာက ညဘက်ကျတော့ ဗိုက်ဆာလို့ မီးဖိုထဲဟိုရှာဒီရှာနဲ့ ငှက်ပျောသီးဖီးကြမ်းတွေ့တော့ ငယ်ငယ်ကစားခဲ့တာသတိရပြီး နှစ်လုံးဆက်တိုက်စားလိုက်ပါတယ် ။ အဒေါ်တရေးနိုးတော့ သူ့ယောက္ခမ အ ိပ်ယာပေါ်မှာတင် ဆုံးနေပါတယ်တဲ့ …လာစစ်ဆေးတဲ့ဆရာဝန်ပြောတာတော့ ညဘက်ငှက်ပျောသီးစားပြီး ရင်ကြပ်သေတာပါတဲံ ။
    နောက်တယောက်ကတော့ အိမ်နားက အရက်သမားပါ ..နေမကောင်းလို့ ဆေးခန်းပြရာက ထူထူထောင်ထောင်ဖြစ်လာသော်လည်း ချွဲကြပ်စာများရှောင်ပါ အကြိမ်ကြိမ်ပြောထားပေမဲ့ တနေ့ သူ့အိမ်က လူတွေအလစ် ဖီးကြမ်း 3လုံးခုံးစားပါတယ်တယ်… နောက်တော့ ဆယ်မိနစ်လောက်ကြာတော့ရင်ထဲမကောင်းဘူးပြောပြီး ခဏဝင်မှေးလိုက်တာ သတိပြန်မရပဲ လျှောပါလေရော ..။ဒါနဲ့ပဲ ငှက်ပျောသီးဖီးကြမ်းကို အိပ်ရာဝင်ခါနီးမစားရဲတော့ပါဘူး ။

  • Maung Dae`

    November 25, 2010 at 7:10 am

    ရှိသေးတယ်.. ငှက်ပျောသီးက HIV ပိုးကူးစက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. ငှက်ပျောသီးမှာပါတဲ့ သကြားဓါတ်တစ်မျိုးက HIV ပိုးကိုကာကွယ်ပေးတာပါ.. အပြည့်အဝတော့မဟုတ်ပေမယ့် ထိရောက်တယ် လို့တော့ စစ်တမ်းကောက်တဲ့သူတွေက ပြောကြတာပဲ…

    သုံးလုံးတစ်တောင် ဆိုတဲ့ငှက်ပျောသီးကိုတော့မတွေ့ဖူးသေးဘူး.. ဒါပေမယ့် ၂လုံးတည်းနဲ့ တစ်တောင်နီးပါးဖြစ်နေတဲ့ငှက်ပျောသိးကိုတော့တွေ့ဖူးတယ်.. ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စိုက်ထားတာ.. နည်းတဲ့အသီးမဟုတ်ဘူး.. ကြက်သီးထစရာကြီး.. ဟီး ဟီး..

  • ဆူး

    November 25, 2010 at 8:36 am

    အသိ အကိုကြီး တယောက်ဆို.. ငယ်ငယ် ကလေးဘဝတုန်းက ငှက်ပျောသီး ကြိုက်တာနဲ့ ငှက်ပျောသီး အစားများလို့ ညဘက် ရင်ပြည့်ပြီး အန်ထွက်လို့ ဆေးခန်း ပြေးရဘူးတယ် ပြောတယ်။ အီးတုံးလေး ပြောတဲ့ ကိစ္စနဲ့ နီးစပ်တယ်။

  • etone

    November 25, 2010 at 9:59 am

    နောက်အသုံးဝင်ပုံတစ်ခုကိုလည်း မေ့နေကြသေးတယ်မို့လား ။
    ထမင်းစားရင်း အရိုးနင်ရင် ငှက်ပျောသီးဖီးကြမ်းကို မဝါးပဲမျိုချရတယ်လေ .. ဟဲဟဲ 😀
    ဖီးကြမ်းမရှိရင်တော့ ထမင်းလေးကို ဆုပ်ပြီး မျိုရင်လည်းရပါတယ်တဲ့ ။

  • windtalker

    July 22, 2011 at 1:28 pm

    ကောင်းလိုက်တဲ့ ပို ့စ်လေးဗျာ ။ ကျေးဇူးတင်ပါတယ် ကိုလင်းဝေကျော် ရေ
    ဒီနေ ့က စပြီး ငှက်ပျောသီး ကို ပုံမှန်စားမယ် ဗျို ့
    အားရှိချင်ပါသလား = ငှက်ပျောသီး ကို စား လို ့ဆောင်ပုဒ် ချိတ်ထားလိုက်မယ် နော်

  • chitpyae

    July 22, 2011 at 1:36 pm

    ဘယ်အသီးစားရမလဲလည်း ညွှန်ကြပါအုံးလေ …. ဖီးကြမ်းလား …. သီးမွှေးလား ဟင် ?
    ငှက်ပျောသီးကြော်ငြာ ဆိုင်းဘုတ်တခု မြင်ဖူးတယ် …. curved yellow fruit တဲ့ … 🙂 🙂 🙂

  • pan pan

    July 22, 2011 at 1:37 pm

    ငယ်ငယ်တုန်းက အမေက ဖီကြမ်းငှက်ပျောစီးမှည့်ကို မီးဖုတ်ကျွေးတယ်
    ပြီးတော့ ကြော်လည်းကြော်ကျွေးဖူးတယ်

Leave a Reply