မြန်မာ(၁၂)လရာသီပွဲတော်(၉)၊နတ်တော်လ။

VisesaDecember 5, 20101min1976

မြန်မာ(၁၂)လရာသီပွဲတော်(၉)

နတ်တော်လ၊

မြန်မာ့ရိုးရာနတ်ပူဇေါ်ပွဲနှင့်စာဆိုတော်နေ

“နတ်တော်လ”သည် မြန်မာ(၁၂)လရာသီတို ့တွင်(၉)လမြောက်ဖြစ်သည်။ခရစ်နှစ်အားဖြင့်

နိုဝင်ဘာလ၊ဒီဇင်ဘာလတို ့တွင် ကျရောက်လေ့ရှိပါသည်။နတ်တော်လအခါသည် မိုးလ

ကုန်ဆုံး၍ ဆောင်းဦးကာလဖြစ်သော်လည်း၊မိုးသားတိမ်လိပ်များ မငြိမ်မသက် ၊စုရုံးဆင်

ယင် အုံဖွဲ ့လှုပ်ယှား နေတတ်သောကြောင့်၊ “နတ်တော်ရောက်ငြား ၊ မိုးသားမငြိမ် ၊ဆင်ရာ

တိမ်။”-ဟူ၍ ၊ ရှေးမြန်မာတို ့က ဆိုရိုးပြုခဲ့ကြပါသည်။ကြံစိုက်သောတောင်သူတို ့ကမူ “နတ်

တော်ပြာသို ၊ ကြံဖျားချို”-ဟုမှတ်သား ပြောဆိုကြပါသည်။ရှေးဦးပုဂံခေတ်ကာလ ကျောက်

စာများတွင် ၊နတ်တော်လကို “နတ္တာဝ် ၊ နတ္တဝ် ၊ နတ်တာဝ်” -ဟုရေးလေ့ရှိကြောင်း သိရပါ

သည်။

“နတ်တော်လ” ဟူသည် “နတ်ပူဇေါ်သောလ”-ဟု အနက်ဖွင့်ဆိုကြပါသည်။မြန်မာရှေး

ဟောင်း“ဝေါဟာရလီနတ္ထဒီပနီ”ကျမ်း၌ ၊ “နတ်” ဟူသည် “နာထ”-ဟူသော ပါဠိစကားမှဖြစ်

လာသည် ဟုယူဆရန်ပြဆိုထား၍၊ “ကိုးကွယ်ရာ”-ဟုဆိုလိုပါသည်။ထိုကိုးကွယ်ရာနတ်တို ့

မှာ(၃)မျိုးရှိ၍၊(၁)ဘုရား၊ပစ္စေကဗုဒ္ဓါ၊ရဟန္တာများ သည် မျက်မှောက်နှင့် တစ်မလွန်ဘဝ

အတွက် စီးပွားချမ်းသာ ဖြစ်ထွန်းရန်၊ ဘေးဥပါဒ် အန္တရာယ် ကာကွယ်စေရန်အတွက် ကိုး

ကွယ်အားထားရသော “ဝိသုဒ္ဓိနတ်(စင်ကြယ်သောနတ်)”၊(၂)နတ်ပြည်၊ ဗြဟ္မာ့ပြည်တို ့၌

ဖြစ်သော နတ်ဒေဝါတို ့သည် ပစ္စုပ္ပန်ဘဝ စီးပွားချမ်းသာဖြစ်ထွန်းရန်၊ ဘေးဥပါဒ် အန္တရာယ်

ကာကွယ်စေရန် (သို ့)မပြုလုပ်စေရန် အတွက် ကိုးကွယ်အားထားရသော“ဥပပတ္တိနတ်

(ကိုယ်ထင်ရှားဖြစ်သောနတ်)”၊(၃)လူတို ့အားစီမံအုပ်ချုပ်သော မင်း၊မိဖုရားနှင့်သားသမီး

ဆွေမျိုး အဆက်အနွယ်တို ့သည် ပစ္စုပ္ပန်ဘဝ စီးပွားချမ်းသာဖြစ်ထွန်းစေရန် ၊ ဘေးဥပါဒ်

အန္တရာယ်ကာကွယ်စေရန်(သို ့)မပြုလုပ်စေရန် ကိုးကွယ်အားထားရသော“သမုတိနတ်

(ခေါ်ဝေါ်သမုတ်သောနတ်)”-ဟုဖြစ်ကြောင်းဆိုပါသည်။

နတ်တို ့ကိုကိုးကွယ်သည်ဆိုရာ၌ ၊ ဝိသုဒ္ဓိနတ်စာရင်းဝင် အရိယာသူတော်ကောင်းများ

များကိုသာဖြစ်သည်။ကျန်သောနတ်တို ့သည် ကောင်းကျိုးကိုပေးနိုင်သကဲ့သို ့၊ဆိုးကျိုးကို

လည်းပြုတတ်သောကြောင့်၊ သူတို ့အားအလေးဂရုထား၍ ပူဇေါ်ပသကြရခြင်းဖြစ်သည်။

မြန်မာတို ့၏ရိုးရာဓလေ့ဝေါဟာရများတွင်“နတ်ချစ်သည်၊ နတ်ပေးသည်၊ နတ်မသည်။”

ဟူသော ကောင်းကျိုးပြစကားများရှိသကဲ့သို ့၊ “နတ်ကိုင်သည်၊ နတ်ဝှက်သည်၊နတ်ကြီး

သည်၊နတ်နှင်သည်။”-ဟူသောဆိုးကျိုးပြစကားများလည်းရှိကြပါသည်။“ဥပပတ္တိနတ်”စာ

ရင်းဝင် အချို ့သောဒေသဆိုင်ရာနတ်တို ့သည်၊ ဆိုင်ရာပိုင်ရာနယ်မြေအတွင်း၌ ၎င်းတို ့

မနှစ်သက်သော အပြောအဆို၊ အပြုအမူများကို ပြောဆိုပြုမူမိပါက၊ အထင်အရှားပင်“ဆိုး

ကျိုး”များဖြစ်ပေါ်တွေ ့ကြုံကြရသည်။“နတ်ပူဇေါ်ခြင်း”အလေ့အထမှာရှေးဦးခေတ်အခါများ

ကပင်စတင်ခဲ့ရာ၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အမြစ်တွယ်ပြန် ့ပွားနေခဲ့သည်။မြန်မာ

တို ့၏ရိုးရာနတ်ပူဇေါ်စာရင်းဝင်မှတ်တမ်းများအရ ၊ အတွင်း(၃၇)မင်း၊အပြင်(၃၇)မင်းတို ့

မှာ ထင်ရှားလှပါသည်။မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၊ပုပ္ပါး မဟာဂီရိနတ်မောင်နှမကိုပူဇေါ်

လေ့ရှိကြ၍ ၊အောက်မြန်မာပြည်ပိုင်း၌မူ ၊ရေငန်ပိုင်ဦးရှင်ကြီးနတ်(ခေါ်) မောင်ရှင်နတ် ကို

ပူဇေါ်လေ့ရှိကြကြောင်းဆိုကြပါသည်။ နတ်ပူဇေါ်ပွဲကျင်းပရခြင်းမှာ၊ နတ်တော်လအခါ၌

မိုးလေကင်းရှင်းခြင်း၊ ပူအိုက်မှုမရှိခြင်း စသောရာသီဥတု ကောင်းမွန်မှုကြောင့် ရွေးချယ်ခဲ့

ကြဟန်ရှိပါသည်။အချို ့ကလည်း ဤအခါ၌ “နတ်မြူးသောလ”ဖြစ်သောကြောင့် ဟုဆိုကြ

ပါသည်။နတ်ပူဇေါ်ပွဲများပြုလုပ်ရာတွင် “နတ်ကန္နားပေးခြင်း”မှာ ရိုးရာမြန်မာဓလေ့တစ်ခု

ဖြစ်ပါသည်။“နတ်ကန္နား”ဆိုသည်မှာ “နတ်တို ့၏နေစရာ”ဖြစ်သည်။“နတ်တို ့အား နေစရာ

ပေးခြင်း”(သို ့)“နတ်တို ့အားပင့်ခေါ်ခြင်း”-ဟုဆိုနိုင်ပါသည်။နတ်တို ့နှင့် ရင်းနှီးကျွမ်းဝင်

သော(ဝါ)နတ်တို ့အားပင့်ဖိတ်ခေါ်ယူနိုင်သော နတ်ကတော်(ခေါ်)နတ်ဝင်သည်များ၊နတ်

ထိန်းများက ကြီးမှူးစီစဉ်ကျင်းပသောပွဲသဘင်ဖြစ်ပါသည်။နတ်ကန္နားပေးသူ၏ပမာဏအ

လျောက် မဏ္ဍပ်အဆောက်အဦခမ်းနားခြင်း၊ ရက်ရှည်ကြာခြင်း၊ နတ်ပုံတော်များ၊ငှက်ပျော

အုန်းပွဲများ၊ဆိုင်းဝိုင်းအတီးအမှုတ်ပစ္စည်းများ၊စုံလင်မှု -နည်းပါးမှု ဖြစ်ရပါသည်။အနည်းဆုံး

မှာရက်သတ္တ(၁)ပတ်ခန် ့ကျင်းပပြုလုပ်လေ့ရှိကြပါသည်။ထိုရက်အတွင်း၌ ဦးစွာအစတွင်

ဘုရားအမှူးရှိသောသံဃာတော်တို ့အား ဆွမ်းကပ်လှူဒါန်းမှု ပြုကြပါသည်။ထို ့နောက်မူ

နတ်ဆိုင်းများကို အချက်ကျကျ တီးမှုတ်ကြကာ၊ နတ်ဝင်သည်များက နတ်များကို ပင့်ဖိတ်

ခေါ်ယူကြသည်။ထို သို ့ခေါ်ယူရာတွင် “နတ်ပင့်ဆိုင်း”တီးလုံးတီးကွက်နှင့်၊ အချက်ကျမြိုင်

ဆိုင်စွာ ကခုန်အော်ဟစ်လျက် မြူးထူးစွာ ပင့်ဖိတ်ခြင်းဖြစ်သည်။“နတ်ဒိုး”“နတ်ပင့်သီချင်း”

“နတ်တေး”စသည်တို ့မှာ “နတ်တို ့၏ရာဇဝင်”“နတ်သမိုင်း”နှင့်တကွ စူးစူးယှယှ ပင်လူတို ့

၏စိတ်ကိုထိခိုက်စေသည်။နတ်ဝင်သည်တို ့မှတစ်ဆင့် နတ်များပူးဝင်လာသောဟန်အမူ

အရာဖြင့် တုန်ခါယိမ်းယိုင်သောရုပ်၊နတ်တို ့၏စရုိုက်အသွင်၊အသံတို ့ကိုလူအများတွေ ့မြင်

ကြရသည်။နတ်ကန္နားပေးသူနှင့် နတ်ပွဲလာပရိဿတ်များ၏ကောင်းကျိုး၊ဆိုးကျိုး မေးမြန်း

သမျှတို ့ကို၊ဟောပြောဖြေကြားမှု ပြုကြသည်။ပူးဝင်လာသောနတ်တို ့၏နှစ်သက်ရာ အစား

အသောက်၊ပစ္စည်းတို ့ဖြင့်ပူဇေါ်ပသ တင်မြှောက်ခြင်း၊တောင်းပန်ပြောဆိုခြင်း၊ဆုမွန်

ကောင်းတောင်းခြင်းများပြုကြသည်။“နတ်ပင့်တေး” “နတ်သီချင်း” “နတ်ဆိုင်း”များသည်

ကြည့်ရှုနားထောင်သူတို ့၏ စိတ်ဓါတ်ကို လှုပ်ယှားထိခိုက် မြူးကြွစေသောကြောင့်၊လူငယ်

လူရွယ်များသည် နတ်ကန္နားပေးရာဌာနသို် ့ လာရောက်ကခုန်မြူးပျော်လေ့ရှိကြပါသည်။

“နတ်ကန္နားပေးခြင်း”သည် နတ်တို ့အတွက် ခေတ္တယာယီရက်အပိုင်းအခြားအားဖြင့်

ပင့်ဖိတ်နေရာပေးခြင်းဖြစ်သည်။နတ်ကွန်း၊နတ်နန်းများဆောက်လုပ်ပူဇေါ်ခြင်းသည် ဒေသ

ဆိုင်ရာနတ်တို ့အား ၊ အမြဲတန်းမွေ ့လျော်နေပျော်ရန်အလေးထားလျက် နေရာပေးခြင်းဖြစ်

ပါသည်။မြန်မာပြည် နေရာအနှံ ့အပြား၌ ဒေသဆို်င်ရာဖြစ်ရပ်၊ဇာတ်လမ်း၊သမိုင်းမှတ်တမ်း

မျိုးစုံတို ့ဖြင့် နတ်ကွန်း၊နတ်နန်း၊နတ်ပုံတော်များစွာ တည်ရှိနေကြပါသည်။ပိဋကကျမ်းစာ၌

ဖေါ်ပြသော“နတ်ပူဇေါ်နည်း”မှာဦးစွာဒေသဆိုင်ရာနယ်အတွင်းမှ(၁)ကိုယ်ကျင့်သီလပြည့်စုံ

သော၊(၂)စိတ်တည်ကြည်ဖြောင့်မတ်သော၊(၃)ဗြဟ္မစရိယ(ခေါ်)ဖို-မဆက်ဆံမှုကင်းရှင်း

သောပုဂ္ဂိုလ်တို ့အားး စားသောက်ဖွယ်ဝတ္ထု ပစ္စည်းတို ့ဖြင့်ကုသိုလ်ပြု လှူဒါန်းရမည်။ထို ့

နောက်မှ နယ်ပယ်ဒေသအတွင်းမှ နတ်အပေါင်းတို ့အား အမျှပေးဝေ၍ ၊မြတ်နိုးပူဇေါ်မှု

ပြုရမည်-ဟုဆိုပါသည်။“ဘုရားဟောသောနတ်ပူဇေါ်နည်း”ဖြင့် ပူဇေါ်မှသာလျှင် မိမိတို ့၏

အလိုရှိတောင့်တအပ်သော ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြမည်ဖြစ်ကြောင်းကို

သံဃာတော်၊ဆရာတော်များကဟောပြောရှင်းပြလေ့ရှိကြပါသည်။

နတ်တော်လအခါတွင် ၊တောတောင် အရိပ်ကြီးရာ၌ ပွင့်သော“သဇင်ပန်း”ကို“နတ်ပန်း”

ဟုခေါ်ကြပါသည်။“သဇင်ပန်း”ကိုခူးယူ၍ ရှင်ဘုရင်၊မိဖုရား၊နန်းတွင်းမိသားစုများအားဆက်

သရသောကြောင့်ဤလရာသီကို“ပန်းတော်ဆက်ရာသီ”(ဝါ) “ပန်းတော်ဆက်ပွဲရာသီ” ဟု

လည်းဆိုကြပါသည်။ခူးဆွတ်ရန် မလွယ်ကူ၊ခက်ခဲလှ၍ တန်ဘိုးကြီးမားလှသောကြောင့်၎င်း

၊နန်းတွင်းသူတို ့နှင့်သာထိုက်တန်သောကြောင့် နန်းတော်သုံး၊နန်းတော်ဝင်ပန်း-ဟုလည်း

ခေါ်ကြ၍၊ယနေ ့အခါတိုင်အောင်“တော်ဝင်ပန်း”ဟူ၍ ဂန္ထဝင်မှတ်တမ်းအပြုခံထားရပါသည်။

ဤလ ဤရာသီ၌၊ တောတောင်ဒေသများအတွင်း ၊မိုးလေကင်းရှင်းသောကြောင့် ၊ရှေးမြန်

မာဘုရင်များခေတ်အခါက ဆင်များကိုကျုံးသွင်း၍ဖမ်းယူသော“ဆင်ဖမ်းပွဲသဘင်”လည်း

ကျင်းပလေ့ရှိကြောင်း ဆိုကြပါသည်။

ကုန်းဘောင်ခေတ်၊ဘိုးတော်မင်းလက်ထက်(အေဒီ၊၁၇၈၂-၁၈၁၉)တွင် ၊ဤရာသီအခါ၌

နတ်ပူဇေါ်ပွဲ၊နတ်ကပွဲများကျင်းပမှုကိုပြုပြင်ပြောင်းလဲခဲ့သည်။“နတ်”တို ့ကဲ့သို ့ပူဇေါ်ထိုက်

သောမြင့်မြတ်သည့်ပညာရှိ၊စာဆိုတော်များကို ခြီးမြှင့်ပူဇေါ်သောအခမ်းအနားများ စတင်

ကျင်းပခဲ့သည်-ဟုဆိုပါသည်။ထိုအချိန်မှစ၍ စာဆိုတော်ပညာရှိ(ဝါ)စာရေးဆရာများ၊စာပေ

ပညာရှင်များအားပူဇေါ်ကန်တော့သော ပွဲသဘင်များဖြစ်ပေါ်လာခဲ့သည်။နတ်တော်လဆန်း

(၁)ရက်နေ ့အား“စာဆိုတော်နေ ့”အဖြစ်သတ်မှတ်နိုင်ရန် ၊ဂျပန်ခေတ်(အေဒီ၊၁၉၄၂-၁၉၄၅)၌ ၊ ရန်ကုန်မြို ့ ပညာ့တံခွန်အသင်းကြီးက စတင်အဆိုပြုခဲ့သည်။၁၉၄၄-ခု၊မေလ(၈)

ရက်နေ ့တွင် အတည်ပြုသတ်မှတ်၍ ၊မြန်မာသက္ကရာဇ်-၁၃၀၆-ခု၊နတ်တော်လဆန်း(၁)

ရက်(၁၅၊၁၁၊၁၉၄၄)နေ ့တွင် ၊ရန်ကုန်မြို ့၊ကန်တော်ကြီးစေါင်းရှိ မြိုင်ဇာတ်ရုံ၌ ၊ပထမဆုံးအ

ကြိမ်“စာဆိုတော်နေ ့အခမ်းအနား”ကိုကျင်းပခဲ့ကြသည်။မြန်မာနိုင်ငံစာရေးဆရာများ

အသင်းမှ“ဝိဇယ”ပြဇာတ်ကို ကပြခဲ့သည်။အနယ်နယ် အရပ်ရပ်၌ “စာဆိုတော်နေ ့”

အထိ်မ်းအမှတ်အဖြစ် စာပေဟောပြောပွဲများ၊စကားရည်လုပွဲများ၊စာပေသရုပ်ဖေါ်ပွဲများ၊စာပေပြိုင်

ပွဲများ၊စာပေဆွေးနွေးပွဲများကို ကျင်းပခဲ့ကြကြောင်းမှတ်တမ်းများက ဖေါ်ပြခဲ့ကြပါသည်။

“စာဆိုတော်နေ ့”အခမ်းအနားများကို မြန်မာနိုင်ငံစာရေးဆရာများအသင်းက ကြီးမှူး

ကျင်းပခဲ့ကြခြင်းဖြစ်သည်။အသက်အရွယ်ကြီးရင့်သော စာရေးဆရာကြီးများအား စုပေါင်း

ပူဇေါ်ကန်တော့ကြသည်။စာပေစောပြောပွဲများ ပြုလုပ်ကြသည့်အပြင်၊ ညပိုင်းအခါ၌ ရှေး

ခေတ်စာဆိုတော်ကြီးတစ်ဦးဦး၏ အတ္ထုပ္ပတ္တိ(ကိုယ်ရေးဖြစ်စဉ်)ကို ဇာတ်အိမ်ဖွဲ ့ကာ ပြဇာတ်ခင်းကျင်းခြင်းဖြင့် ဂုဏ်ပြုကြသည်။၁၃၁၂-ခု၊နတ်တော်လဆန်း(၁)ရက်(၁၀၊၁၂၊

၁၉၅၀)တွင်ကျင်းပသော စာဆိုတော်နေ ့လူထုအခမ်းအနားမှစတင်၍ တစ်မျိုးသားလုံးနှင့်

ဆိုင်သောနေ ့တစ်နေ ့အဖြစ် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။နတ်တော်လဆန်း(၁)ရက်

နေ ့သာမက၊နတ်တော်လတစ်လလုံးလုံး၊ စာပေဟောပြောပွဲ၊ဆွေးနွေးပွဲ၊ဂုဏ်ပြုပူဇေါ်ပွဲများ

ပြုလုပ်ကြခြင်းဖြင့်“စာဆိုတော်ရာသီ”ဖြစ်လာခဲ့သည်။ခရစ်နှစ်၁၉၆၂-ခုနှစ်တွင် ၊အမျိုးသား

စာပေ ဆုနှင်းသဘင်ပွဲ၊ စာပေဗိမာန်စာမူဆုနှင်းသဘင်ပွဲများကျင်းပကာ စာပေပညာရှင်

များအား နှစ်စဉ်ဂုဏ်ပြု ခြီးမြှင့်ခဲ့ပါသည်။ယခုအခါတွင်မူ ၊ စာဆိုတော်(ခေါ်)စာပေပညာရှင်

များအားပူဇေါ်ဂုဏ်ပြုခြီးမြှင့်သော ပုဂ္ဂလိကစာပေဆုများလည်းပေါ်ထွန်းနေပြီဖြစ်သည်။

ဘဝတစ်သက်တာကိုစာပေလုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံ၍ ၊နိုင်ငံတော်နှင့်ပြည်သူလူထုအများ

ကို အကျိုးပြုခဲ့ကြသော စာပေပညာရှင်ထူးချွန်သူတို ့အား“တစ်သက်တာစာပေဆု”ဖြင့်

ခြီးမြှင့်ဂုဏ်ပြုပူဇေါ်လျက်ရှိနေကြပါပြီ။

缅甸12月节日(9)

纳多月

供神节及文人节

“纳多月”是缅历第九个月,相当于阳历11及12月。到了纳多月,虽然雨季结束,冬季已经到来,然而,天上仍然乌云密布,丝毫没有晴朗稳定之意,因此就有“纳多月,天空乱,乌云漫”之说。栽种甘蔗的农民却说:“纳多、巴斗,蔗香甜”。(巴斗为下一个月)

纳多月意为供神的月。在古代巴利文中,“纳”一词意味“崇拜者”之意。人们将崇拜者分为(3)类:1.佛、罗汉是为保护人们现世后世的幸福、为人们免除灾难的“纯洁之神”(好神);2.在天国中的神仙,是能够保佑现世的幸福,避免发生灾难的“显灵之神”;3.统治管理国家的君主皇族,是让今生今世幸福,能够避免发生各种灾难的“称呼之神”。

所谓崇拜神,大多是表示崇拜“好神”。其他“神”虽然能够造福人类,然而,也能嫁祸给人。因此人们便要“供奉”他们。缅语俗话有:“爱神、神赐、神佑”之说;也有“神捏、神怒、神罚”之谈。有些显灵之神,在他们管辖的领土范围内,假若做出他们禁忌之举措,便要遭受惩罚性的恶果。“供神”之风俗,在缅甸较早历史时期,便已产生,并根深蒂固,流传至今。缅甸人民供奉的神明当中,自古就列分为内(37)王,外(37)王。在全缅各地,比较信奉卜巴山一带著名的“马哈季禹”姐弟俩神仙;在缅甸南部,却十分信奉“吴辛基”神。之所以要选择“纳多月”做为“供神月”,估计是因为纳多月,天气凉爽,不是很热的原因。又一说法:“纳多月是神喜悦之月”。

“供神”时“迎神”仪式是缅甸的一种传统风俗。迎神仪式由专业巫婆亲自主持。按照主办者的经济能力,给予安排“迎神”活动的场地大小、时间长短、乐队规模、神像多少。基本上这种活动最少举行一周。在举行活动之前,首先要请高僧念经,举行布施,之后“迎神乐”开始演奏,按照“神乐”旋律,巫婆们便要欢腾起舞,所谓“神乐”,均按照该神有关故事编奏而成。之后,巫婆们便要表演“神上身”,人们便可以看到各种神的神态,对观众的各种有关将来命运的探询,巫婆都要给予一一解答。根据已上身的神明的要求,主人家应该给予各种食品、物品的供奉。由于“神乐”旋律节奏的诱惑,吸引大批年轻人,一起前来观看欣赏,最后竟也受不住欢快节奏的打动,竟融入起舞的人群当中,共同欢腾,共同起舞。气氛异常热闹。

“迎神”活动,是迎接神明暂时到来之地;建造“神龛”,才是让有关神明长期居住安享之地。缅甸各地,都有建造各式各样的神龛、神宫、神像。在古经文中曾记载,对以下神圣方能供奉崇拜:(1)人格崇高者;(2)理念高尚者;(3)欲望皆空者。首先以食品果蔬供奉清高之神圣,其次还让其他各方神仙共享。有关高僧教导:必须遵循佛祖所指引之“供神法”,方能功德无量。

到了纳多月,在森林中,树荫深处,有一种叫“德馨花”又称“神花”的花朵开放。据说,人们采取此“德馨花”贡献皇上、皇后、宫女,因此又称“献花节”。由于此花不易摘采,只有皇宫内才能用此花,因此这种花又被称之为“皇室花”,这称呼流传至今。纳多月的山地,天空晴朗,古代缅王便在此时捕获大象,因此又有举行“捕象”的风俗。

到了贡榜王朝,波多普亚王(公元1782-1819)时期,将“供神”活动,进行了改革。将德高望重的文人,取代“神”,改为供奉文人学者的活动。从此便产生敬拜文人学者、作家艺人的活动。日本占领时期(1942-1945),仰光一文教组织,首次倡议,将纳多月,初一日定为“文人节”。(1944)年5月8日,获准举行。1944年11月15日,(缅历1306年,纳多月初一日),在仰光燕子湖畔的大剧院中,首次举行第一届文人节。缅甸作家协会,表演“吴社雅”戏剧,欢庆佳节。此后,缅甸各地到处举行演讲会、作品介绍会、文学演说会等活动,庆祝“文人节”。

文人节多由缅甸作家协会举办。联合举办“拜老作家会”。除举行文学演说会,晚上,还将某著名作家的生平,编撰成剧本,进行歌颂演出。缅历1312年纳多月初一日(10.12. 1950)举行的文人节活动中决定:将文人节活动提高至全民族性质的活动。不仅纳多月初一日,将整个纳多月定为“文人月”。整个纳多月,到处举行文学演说会、磋商会、奖励会,形成了文人季节。自(1962)年国家开始举办颁发“民族文学大奖”活动。到了今天,已经有许多民间组织,自发组织颁发文学奖活动。更有对一些终身为文学事业而奉献的学者颁发“文学终身奖”。(中文译者;李祖清老师)

(တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် ၊ကူမင်းမြို့မှတရုတ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသော

“မင်္ဂလာစာစေါင်-吉祥杂志တွင် ၂၀၀၅-၂၀၀၆-ခုနှစ်အတွင်း၌ ဖေါ်ပြပြီးသည်ကို ပြန်လည်

ကူးယူဖေါ်ပြပါသည်။)

6 comments

  • weiwei

    December 6, 2010 at 4:46 am

    ရတနာပုံနေပြည်တော်ရွာ ဆူးပေးထားတဲ့နံမည်အသစ်က (ရွာသာကြီး) မှာလဲ သူကြီး ဦးခိုင် ဦးစီးပြီး စာဆိုတော်နေ့အထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စသဖြင့် ပြိုင်ပွဲတစ်ခုလို စီစဉ်ပေးရင် ကောင်းမယ်လို့ အကြံရမိပါတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2010 at 9:17 am

    နတ်တကာတို ့ထက် ကြီးမြတ်တော်မူသော “ဝိသုဒ္ဓိနတ်” ဖြစ်တော်မူသော ဟူ၍
    မြတ်စွာဘုရားရှင်အား ဤသို ့အထူးပြုသည့် အနက်တစ်ခုကို မှတ်သားဘူးပါသည်
    (ဝိသုဒ္ဓိနတ်စာရင်းဝင် အရိယာသူတော်ကောင်းများ ကိုသာဖြစ်သည် )
    ဆိုလိုသည်မှာ “ဝိသုဒ္ဓိနတ်”ဆိုသည်မှာ အရိယာ သူတော်ကောင်းများကိုလည်း ရည်ညွှန်းနိုင်ပါသလားခင်ဗျား (ရတနာသုံးပါးနှင့် ဆက်စပ်သည်)
    ဤသို ့ပါလားခင်ဗျား?

  • Visesa

    December 7, 2010 at 10:09 am

    ၁။ဘုရား၊ပစ္စေကဗုဒ္ဓါ၊ရဟန္တာများ သည် မျက်မှောက်နှင့် တစ်မလွန်ဘဝ

    အတွက် စီးပွားချမ်းသာ ဖြစ်ထွန်းရန်၊ ဘေးဥပါဒ် အန္တရာယ် ကာကွယ်စေရန်အတွက် ကိုး

    ကွယ်အားထားရသော “ဝိသုဒ္ဓိနတ်(စင်ကြယ်သောနတ်)”
    ၂။(၁)ကိုယ်ကျင့်သီလပြည့်စုံ

    သော၊(၂)စိတ်တည်ကြည်ဖြောင့်မတ်သော၊(၃)ဗြဟ္မစရိယ(ခေါ်)ဖို-မဆက်ဆံမှုကင်းရှင်း

    သောပုဂ္ဂိုလ်တို ့အားး စားသောက်ဖွယ်ဝတ္ထု ပစ္စည်းတို ့ဖြင့်ကုသိုလ်ပြု လှူဒါန်းရမည်။-တို ့အရ အရိယာသူတော်ကောင်းဟု ဆိုပါသည်။
    ၃။ဘုရား၊ပစ္စေကဗုဒ္ဓါ၊ရဟန္တာနှင့်သမုတိရဟန်းသံဃာတော်များကိုသာယူစေလိုပါသည်။
    ၄။ကာမဂုဏ်မကင်းသေးသော လူပုဂ္ဂိုလ်အရိယာများ(သောတာပန်)ကို ဤနေရာ၌ ထည့်ယူနိုင်မည်မထင်ပါ။
    ၅။ရတနာသုံးပါးဆိုရသော်လည်းပုဂ္ဂိုလ်အရ ဘုရားနှင့်သံဃာကိုသာရည်ညွှန်း
    ရမည်ထင်ပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 7, 2010 at 4:18 pm

    ဟုတ်ကဲ့ပါ
    နာယူ မှတ်သားသွားပါသည် ခင်ဗျား။

  • bigcat

    December 8, 2010 at 2:31 am

    ဗဟုသုတများစွာရ၍ ကျေးဇူးတင်ပါသည်ဘုရား။ တခုမရှင်းလင်းသည်မှာ ဘုရားက သံသရာမှ လွတ်မြောက်ဖို့ ကမ္မဌာန်းတရားအားထုတ်လိုလျင် မှီဝဲဆည်းကပ်ရမည့်သူများ အဆင့်ဆင့်ကို ဘုရား၊ ရဟနာ္တမှစ၍ သောတာပန်အလယ် ကျမ်းဂန်တတ်ဆရာအကျော်အမော်များ အဆုံးအစဉ်လိုက် ထားပေးသွားပါသည်။ ကာမကိလေသာ မစင်သေးသော အောက်အရိယာ သောတာပန်နှင့် သကဒါဂမ်တို့သည် ပိဋကတ်သုံးပုံအာဂုံဆောင် မျာအရှေ့တွင် အားကိုးရမည့်သူများ အဖြစ်ရှိပါသည်။ ဤသည်မှာ အရှင်ဘုရားမိန့်သလို ကာမကိလေသာစင်သူများသာ မျက်မှောက်နှင့် တစ်မလွန်ဘဝ အကျိုးစီးပွားအတွက် ကိုးကွယ်အားထားရသော ဝိသုဒ္ဓိနတ်ဆိုသည်နှင့် ကွဲလွဲသလို ဖြစ်နေပါသည်။ ဆက်စပ်ကြည့်မိသည်မှာ ကိလေသာ မစင်သေးသော အောက်အရိယာများကို သိရှိရန်ခက်သဖြင့် လောကီနှင့် ထင်ထင်ရှားရှား စည်းတားထားသော အထက်မဂ် ပုဂ္ဂိုလ်များ၊ သာသနာ့အရေ ခြုံထားသော သမုတိသံဃာများဟု အလွယ်တကူ ဆိုလိုသည်ဟု နားလည်မိပါသည်ဘုရား

  • Visesa

    December 8, 2010 at 7:50 am

    ၁။နတ်ပွဲနှင့်ဆက်စပ်သောအကြောင်းအရာမျှကို သာဆိုလိုရင်းဖြစ်ပါသည်။
    ၂။တွေ ့ထားသောစာအရ ထင်မြင်ချက်မျှကိုသာဖေါ်ပြခြင်းဖြစ်ပါသည်။
    ၃။ဝိသုဒ္ဓိနတ် စာရင်းဝင်အပေါင်းသည် အရိယာပုဂ္ဂိုလ်များဖြစ်ကြသည်မှာ သေချာပါသည်။အရိယာပုဂ္ဂိုလ်အပေါင်းသည် ဝိသုဒ္ဓိနတ်စာရင်းဝင်ပါသလောဆိုသည်မှာ မဖြေရှင်းနိုင်သေးပါ။
    ၄။သမုတိသံဃာတော်အပေါင်းတွင်ပုထုဇဉ်-အရိယာမကွဲပြားသော်လည်းသံသရာလွတ်မြောက်ကြောင်းကိုလက်တွေ ့ကျင့်ကြံနေကြသော၊ဟောပြနေကြသောသနာတွင်းသားပုဂ္ဂိုလ်များဟုသာမြင်စေလိုပါသည်။
    ၅။(၁)ကိုယ်ကျင့်သီလပြည့်စုံ

    သော၊(၂)စိတ်တည်ကြည်ဖြောင့်မတ်သော၊(၃)ဗြဟ္မစရိယ(ခေါ်)ဖို-မဆက်ဆံမှုကင်းရှင်း

    သောပုဂ္ဂိုလ်တို ့အားး စားသောက်ဖွယ်ဝတ္ထု ပစ္စည်းတို ့ဖြင့်ကုသိုလ်ပြု လှူဒါန်းရမည်။-အရ သမုတိသံဃာကိုထည့်သွင်းဖေါ်ပြခြင်းဖြစ်ပါသည်။
    ၆။သမုတိသံဃာတော်တို ့အားပရမတ္တသံဃာအနေဖြင့်အာရုံယူလျက်လေးစားမြတ်နိုးခြင်းက
    အပြစ်ကင်း၍ ကုသိုလ်ဖြစ်ပါလိမ့်မည်။
    ၇။စာရွက်၊ကျောက်တုံး။သစ်သား-စသည်တို ့ဖြင့်ပုံဖေါ်ထားသောဘုရားပုံတော်၊ဆင်းတုတော်တို ့အားဂုဏ်တော်ကိုအာရုံပြုကာမြတ်နိုးကြည်ညိုပူဇေါ်ရသကဲ့သို ့ဖြစ်ပါလိမ့်မည်။

Leave a Reply