သတိရတိုင်း
အမြဲသတိရနေပါတယ်။ဘာကြောင့်မှန်းတော့မသိဘူး။စိတ်ထဲမှာသူ့အကြောင်းပဲတွေးနေမိတယ်။ရေးမိတိုင်းလည်း သူ့အကြောင်းပဲ။သတိမရတော့ဘူးဆိုမှ လေပြည်တွေက သတိရအောင်သယ်ဆောင်လာတယ်လေ။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ ON ! ဆိုတဲ့စကားလုံးလေးက အဆင်သင့်ဖြေဖို့စောင့်နေခဲ့တယ်လေ။သတိရတိုင်း လွမ်းနေမိပါတယ်။တိုက်ဆိုင်မှုရှိတိုင်း စိတ်ချင်းနီးစပ် နေရသလိုမျိုး သူနဲ့ပတ်သက်လာရင် အရာအားလုံးဟာ ဟောင်းနွမ်းမသွားတဲ့ အသစ်အသစ်လိုပါပဲ အမြဲတမ်းပထမဖြစ်နေခဲ့တယ်လေ။
9 comments
ဆူး
December 6, 2010 at 3:37 pm
စာရေးသူ နောက် တနှစ်လောက်နေရင် ဒီပိုစ်ကို ပြန်လာဖတ်ပါ
kai
December 6, 2010 at 10:25 pm
တလလောက်ဆို ..ပြန်လာဖတ်ဖို့သတိပေးထားတာကိုပါ.. သတိရတော့မှာမဟုတ်ဘူးထင်တယ်..။ 🙂
saunghnin@gmail.com
December 7, 2010 at 7:19 am
စာရေးသူ အတွေထဲမှာသူ့တစ်ယောက်ထဲရှိနေတာ မဖြစ်နိုင်ပါဘူးနော် ……….နော်……..
doekalay
December 7, 2010 at 7:37 am
ဘာကိုသတိရနေတာလဲ…..စိတ်လေတယ်…
kopauk mandalay
December 7, 2010 at 12:21 pm
လေပြေလေးထဲမှာ သူပေးတဲ့ ရနံ့လေး
မွှေးမွှေးပြီးလာတယ်။
သူပေးတဲ့ရနံ့ရမှ သူကိုပိုပိုလို့
သတိရလာတယ်။
ထမင်းမစားရသေးတာကိုပါ။
unclegyi1974
December 7, 2010 at 3:45 pm
အချိန်သည်အကောင်းဆုံးသမားတော်ကြီးပါ
july
MaMa
December 8, 2010 at 1:52 am
သတိရတိုင်း သတိရသူကို သတိရတာတွေကို သတိရှိရှိ သတိထားပြီး သတိရတာကို သတိရတာလို့ မှတ်လိုက်ရင် သတိပေးသူရော ဆေးပေးသူရော အားလုံးကို သတိမရဘဲ နိဗာန်တောင် ရနိုင်ပါတယ်။
(သိ မသိ ရေးတာတွေကို အားကျလို့)
အာဖျံ ကွီး
December 8, 2010 at 10:22 am
ပထမဆုံးတစ်ယောက် ထင်တရ်နော် … ဟဲဟဲ
Very Junior!! 😉
naywoonni
December 8, 2010 at 1:11 pm
ခဏခဏတော့ သတိတော့ရတယ်
တစ်ခါသတိရ ရင်တစ်မျျိုးဖြစ်နေတယ်လေ