Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ(မောက္ခ ပြည်တွင်းပညာရေးသတင်း)

ၾကယ္ေလးDecember 18, 20101min67321

ဆယ်စု နှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစား ယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ လူမှုဒုက္ခ အဝဝကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃ဝ ကျော် ကထိကတာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မဝဘူး။”

ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သု့ိ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘဝ၏ နောက်ဆုံးနှစ်များကို ဖြတ်သန်းနေရကြောင်း ပြောပြခဲ့သည်။

ရန်ကုန်တို်င်းအတွင်း အထက်တန်းကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ ကျောင်းဆရာစလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ ကျဆင်းနေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊ ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း ခံစားပြောပြခဲ့သည်။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂ဝ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”

မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသောသူများမှာ ယခုအခါ နိုင်ငံ ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့်အခါကမျှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင် စားဝတ်နေရေးအတွက် မလောက်မငဘဝနှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက် နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။

“ကျမ မူအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း စားသောက်နေကြရပါတယ်။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားရပါတယ်။ သို့သော်လည်းပဲ ကျောင်းသားဟောင်းများမှ လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေကြရတာပါ။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်းစားသောက်ပါတယ်။”

ပြီးခဲ့သည့် ဩဂုတ်လတွင် ကျောင်းဆရာဆရာမများအပါအဝင် အငြိမ်းစား ဝန်ထမ်းများ ၅ဝ ဦးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပင်စင်လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

မောက္ခ  ပြည်တွင်းပညာရေးသတင်း

21 comments

  • onemyanmarthar

    December 18, 2010 at 10:13 am

    ဪကြားရတာ တကယ်ကိုစိတ်မကောင်းစရာပါလား၊ နာ (၃) နာတောင်မကတော့ဘူးနဲ့တူပါတယ်။
    အစိုးရဝန်ထမ်းဘဝကလည်း အပြင်စီးပွားရေးတွဲ မလုပ်နိုင်ဘူးဆိုရင် ရေရှည်ကြရင် အဆင်မပြေနိုင်ဘူးဆိုတာ တော်တော်များကတော့သိနေ ကြပါပြီ။
    ဝန်ထမ်းလောကမှာ ဂွင်ကောင်းပြီး အပိုဝင်ငွေလျှံနေအောင်ရတဲ့ အနေအထားဆိုရင်တော့ ပင်စင်ယူပြီးရင် ယပ်ခပ်နေ ရုံပါပဲ။ အပြင်ဝင်ငွေ (corrupt/side-income) မရ၊ မရှာ နိုင်ဘဲနဲ့ ပင်စင်သွား၊ ထောက်ပံ့တဲ့သားသမီးမရှိတဲ့ ဘဝဆိုရင်တော့ ဝန်ထမ်းလောက ကတော့ စိတ်ကုန်စရာကြီးပါ။
    တို့နိုင်ငံကလည်း corruption index မှာ ဆိုမာလီယာနိုင်ငံသာသာ ရှိတဲ့ အနေအထား (ဆိုမာလီယာ-အောက်ဆုံး) ဆိုတော့ ဝန်ထမ်းအများစုရဲ့ ဝင်ငွေက ဘယ်ကနေလာနေသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြစ်နေတဲ့ ငွေတန်ဘိုးဖောင်းပွမှု့နဲ့အတူကျဆင်းသွားတဲ့ ပုံမှန်ဝင်ငွေစား ပင်စင်နာ များရဲ့ အနေအထားကတော့ ……….

    အားလုံးကိုခြုံကြည့်ရ ရင်တော့ တိုးတက်နေတဲ့တိုင်းပြည်စီးပွားရေး ဟာ စဉ်ဆက်မပြတ်မှန်မှန်အလုပ်ပေးနေတဲ့ အင်ဂျင်တစ်လုံးနဲ့တူပါတယ်။ အင်ဂျင်မှန်မှန် အလုပ်လုပ်ဘို့ရာက အစိတ်အပိုင်းတွေက (စနစ် အဆင့်ဆင့်) အချက်ကျကျ အလုပ်လုပ်နေဘို့ လိုပါတယ်။ တစ်နေရာဖောက်လို့ကတော့ အားလုံး ဖွတ်ချက်ဖွတ်ချက် ပေါ့။ နေရာတော်တော်များ ဖောက်လို့ကတော့…….
    လွတ်လပ်ရေး ရခါစက ရှိခဲ့တဲ့ တိုင်းပြည်ရဲ့စီးပွားရေး နဲ့အတူ ဖြစ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ အခုတိုင်းပြည်စီးပွားရေးအခြေအနေမှာ ရှိနေတဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေကိုယှဥိကြည့်လို့ ရပါတယ်။
    အရင်ဝန်ထမ်းတွေက ပုံမှန် အလုပ်လုပ်ပြီး အဆင်ပြေနေခဲ့ပါတယ်။ ပင်စင်ယူရင်တောင်မှ အဆင်ပြေနေတုံးဆိုတဲ့ သဘောပါ။
    အခုဝန်ထမ်းတွေလဲ အဆင်ပြေအောင် ကြိုးစားနေကြပါတယ်။ ဘယ်လိုအဆင်ပြေကြသလဲ ဆိုတာတော့ အားလုံးသိမှာပါ။
    အဆင်မပြေကြတာတွေလဲ အပုံအပင်ပါ။ အဆင်မပြေပဲ ဒီလိုနဲ့စခန်းသွားရင်း နဲ့ ပင်စင်ယူကြပြီဆိုရင်တော့ အပေါ်စာပိုဒ်တွေ ထဲက ဆရာတွေလိုဖြစ်ကြရတာ မဟုတ်ဖူးလားခင်ဗျာ။

  • naywoonni

    December 18, 2010 at 12:40 pm

    လက်ရှိစာသင်နေကြတဲ့ ကျောင်းဆရာ တွေလည်း အဆင်ပြေတဲ့သူကနဲနဲပါ တောကြိုခြုံကြားမှာ မြွေမကြောက် ကင်းမကြောက် သွားလာနေကြရတာ .. တွေကော သင်ရတဲ့စာသင်ခန်းက နွားတင်ကုပ်သာသာ မိုးရွာရင်အစို လေလာတော့ စာအုပ်တွေကိုခဲလုံးလေးတွေနဲ့လိုက်ဖိ ကျောင်းသားတွေမလာတော့လိုက်ခေါ် ဒီအလုပ်မလုပ်ပဲ ဒီအပြင်လုပ်ပါမယ်ဆိုတော့ အရင်းအနှီးကမရှိ တော်တော်ဆိုးနေတဲ့ လောကလေး တစ်ခုပါ ။ အိမ်ကစီးပွားရေးတောင့်ထားနိုင်လို့ မြို့ပေါ်ရအောင်ပေးကမ်းနိုင်ရင်တော့ တစ်မျိုးပေါ့ နို့မိုဆိုလို့ကတော့ တွေ့တဲ့ကား လမ်းကြုံလိုက် ဆရာမလေးတွေ စာနာတတ်သူနဲ့တွေ့ရင်တော်သေး ပြောရရင်မဆုံးနိုင်တဲ့ 2001 ညလက်တွေ့ပုံပြင်ဖြစ်ကုန်တော့မယ်

  • ဆူး

    December 18, 2010 at 1:20 pm

    အဖေနဲ့ နယ်ဘက်ကို တခါတလေ ကားနဲ့ သွားရင် လမ်းကြုံ လိုက်ဖို့ တားတဲ့ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေ ကားဆံ့သလောက် တင်ခေါ်သွားတာဘဲ။ အဲဒီ တုန်းကတော့ ကူညီတာ မြင်တာကို ဘယ်လိုမှ ခံစားချက်မရှိပေမဲ့.. အခု အဘနီ ရေးတဲ့ စာမြင်တော့.. သူတို့တွေ အများကြီး ကြိုးစားနေတဲ့ လူတွေ ဖြစ်ပြီး ပင်ပန်းခက်ခဲနေကြပါလားလို့.. တွေးမိပြန်တယ်။ အစိုးရဝန်ထမ်း ဘဝ ဂွင်ကောင်းမှ အဆင်ပြေတာနော်.. သိပ်တော့ မလွယ်ဘူး။ ပင်စင်စားတွေ တကယ် ခက်ခဲ ကြမ်းတမ်းနေတဲ့ လူတွေအတွက် ဖောင်ဒေးရှင်းလေး လုပ်နိုင်ရင်ကောင်းမယ်နော်..

  • nyimalay

    December 18, 2010 at 1:49 pm

    ပိစိကွေး တို့ဘိုးဘိုးက ကျောင်းဆရာပင်စင်စားပါ……. နဂိုကတည်းက ပိုက်ဆံရှိလို့သာပေါ့ မရှိလို့ကတော့ အခုလောက်ဆိုဒုက္ခရောက်နေလောက်ပြီ……. အခုခောတ်ကပိုက်ဆံရှိတဲ့သူမှ အစိုးရဝန်ထမ်းလုပ်နိုင်တာပါ…… လေးလေးပေါက် ပြောသလို ပလာစတာရှိမှပေါ့…….မလွယ်ရေးချမလွယ်တဲ့ခောတ်ကြီးပါ……. ပိစိကွေးတို့ကတော့ ပိုက်ပိုက်မရှိတော့ လစာနည်းနည်းနဲ့ ရတဲ့အလုပ်လေးကိုပဲအမိအရဖက်တွယ်ထားရတာပေါ့………..ဘယ်သူအပြစ်မှမဟုတ်ပါ
    ဘူး ဒီလိုနိုင်ငံမှာလူလာဖြစ်မိတဲ့ ပိစိကွေးရဲ့အပြစ်ပါ………. 🙂

  • bigcat

    December 18, 2010 at 2:07 pm

    တပ်ရှုပ်ကြီးက တနေ့က မေမြို့စစ်ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောတာ့ သူတို့အုပ်ချုပ်တဲ့ကာလအတွင်း မြန်မာပြည်ရဲ့ ဘယ်ကဏ္ဍမှ နောက်ကျမကျန်ခဲ့ဘူးဆိုပဲ။ သူလိမ်တာလား ခင်ဗျားတို့လိမ်တာလား။ သူ့ကိုတော့ သတင်းတွေမှာ ဘုရားတည်ကျောင်းဆောက် ရဟန်းသံဃာတွေကို လှူဒါန်းပူဇော်တာ ခဏခဏ တွေ့နေရလို့ လိမ်မယ်တော့မထင်ဘူး။

    • kai

      December 18, 2010 at 9:52 pm

      ပြောရင်တော့ ဝိုင်းဆဲခံရဖို့များတယ်…။
      ဒါပေမဲ့ သမိုင်းမှတ်တမ်းကျန်ရစ်အောင် ပြောထားမယ်…။

      မြန်မာပြည်ရဲ့ အထက်တန်းစားအလွှာ လူတန်းစား၂ရပ်စီ ငွေတွေစီးဆင်းတာများလွန်းတော့ ပြည်သူ့ဘဏ္ဍာတွေအလဟသဖြစ်ကုန်တာများတော့တာပေါ့..။ အဲဒီယဉ်ကျေးမှု…စံနစ်ပုံစံကို မပြင်နိုင်သရွေ ့တော့ မြန်မာပြည်တိုးတက်လာဖို့သိပ်မမြင်မိပါဘူး..။ ကျန်တဲ့နင်းပြားလူထုဘဝတွေလည်း တိုးတက်လာပြီး ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ သိပ်မလွယ်ပေဘူး..။
      နှစ်တွေ အများးးးးးကြီးလုပ်ကြရဦးမှာ..။ ဂျင်နရေးရှင်း..ဘိုင်..ဂျင်နရေးရှင်း..။
      ဝုန်းဒိုင်းနဲ့ပြောင်းနိုင်ဖို့ကတော့…အင်မတန်သိတတ်တော်တဲ့ခေါင်းဆောင်ကောင်း တယောက်..နေရာရဖို့လိုပါတယ်..။
      ဖြစ်နိုင်ရင်တော့ …အဲဒီ အထက်တန်းလွှာထဲကပဲ..သိတတ်တော်ပြီး..ဦးဆောင်.. ထွက်လုပ်မှ..ရမှာ…။

  • နေ ဘုန်းလျံ

    December 18, 2010 at 3:17 pm

    ကျုပ်အထက်တန်းကျောင်းသားဘဝက ဆရာမတယောက် တွေ့ဘူးတယ်သူနဲ့စာမသင်ဘူးဘူး ဒါပေမဲ့ခင်တယ် တနေ့ ဆရာမငါှားနေတဲ့အိမ်မီးလောင်တော့ ဘာမှမရှီရတဲ့အထဲ ပိုဆိုးတာပေါ့ နောက်ပြီး ပင်စင်စား အမေအိုကြီးကို လုပ်ကြွေးနေတာတခါတလေတရာမက ပိုက်ဆံ တောင်တယ်ဗျ အဲဒါသူနဲ့သိသူမှန် သမျှက တော့ ပိုက်ဆံပေးရတယ်ပေါ့ နောက်ပိုင်း တွေရင် ရှောင်နေရတော့တယ် ကိုယ် လဲ ဘယ်အမြဲတမ်း ပေးနှိုင်မလဲဘိန်းရာဇာ တို့၊ဦးပိုင်တို့ မှမဟုတ်တာနော် အခုဆရာမကြီး အသက်ရှင်လျှက်မှရှိပါလေစ….

  • kopauk mandalay

    December 18, 2010 at 3:53 pm

    ဒီအဖြစ်ပျက်သာအမှန်ဆိုရင် တော့ ရင်နာစရာကောင်းတယ်လို့ဘဲပြောရတော့မှာပါ။
    အခုခေတ်ကတော့ စာသင်ကျောင်းရော အပြင်မှာရော ပညာရွှေအိုးခေတ်ရောက်နေပါပြီ။
    ကျနော်အမြင်ပြောရရင ်ဒီဆရာအိုကြီးတွေကို ဒီပြင်လူတွေထက် သူုတို့ သင်ပေးလိုက်တဲ့
    ပညာနဲ့လုပ်စားနေတဲ့ အောင်မြင်နေတဲ့ ကျုရှင်ဆရာများကို ဝိုင်းဝန်းကူညီမယ်ဆိုရင်
    ကောင်းမှာဘဲလု့ိတွေးမိတာကိုပါ။

  • jarnuu

    December 18, 2010 at 7:18 pm

    ဟုတ်ပါတယ် ဖြစ်နိုင်ရင် အခုအဆင်ပြေတဲ့ ၁ဝယောက်စီက အဆင်မပြေတဲ့တယောက်စီကိုသာပြန်ကြည့်နိုင်မယ်ဆို နဲနဲတော့အဆင်ပြေသွားမယ်ထင်တယ်

  • koyinmaung

    December 18, 2010 at 10:30 pm

    ကျွန်တော်တို့သင်ခဲ့ရတဲ့ အလယ်တန်းကျောင်းကပင်စင်စားဆရာကြီးဆရာမကြီးများကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်းတပည့်များကဆရာကတော့ပွဲလုပ်ပေးပါတယ် ငယ်ငယ်ကစာသင်ခဲ့ရတဲ့ဆရာကြီးဆရာမကြီးများကိုပြန်တွေ့ရတယ် ငယ်ငယ်ကသူငယ်ချင်းတွေတစ်စုတစ်ဝေးတည်းပြန်တွေ့ရတယ် ရှေ့ဟောင်းနှောင်းဖြစ်အကြောင်းလေးတွေပြောကြနဲ့ကြည်နူးစရာပါ ဆရာတွေကြည့်လိုက်ပြန်တော့လဲတချိန်က စာအတူသင်ခဲ့ကြတဲ့သင်ဖေါ်သင်ဖက်တွေ ခုမှပြန်တွေ့ရတော့နှုတ်ဆက်ကြစကားပြောကြ နဲ့လွန်ခဲ့တဲ့အနှစ်၃ဝကိုပြန်ရောက်သွားတဲ့ တခဏတာအချိန်လေးပါဘဲ…

  • full of goods news

    December 19, 2010 at 3:33 am

    ဖတ်ရတာစိတ်မကောင်းလိုက်တာ … ဆရာ ၊ ဆရာမများအားလုံး ကျန်းမာချမ်းသာစွာနဲ. ဒီလိုအဖြစ်ဆိုးတွေထဲက အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ ….

  • thethtet87

    December 19, 2010 at 8:26 am

    ကြားရတာစိတ်မကောင်းဘူးလေ။ကျွန်တော်မိဘ(၂)ပါးကလည်းဆရာ/မလေ။ဟုတ်ပါတယ်ငယ်ငယ်ကတော်တော်
    ကြပ်တည်းတာ။ဒါကြောင့်ပညာရေးကိုစိတ်တိုင်းကျမသင်ခဲ့ရဘူးလေ။မေမေကခဏခဏပြောတယ်င့ါသားလေးက
    မီးတိုင်အောက်မှာနေပြီးအလင်းရောင်မရခဲ့ရရှာဖူးတဲ့လေ။ဒါကြောင့်ဖေဖေကခိုင်းတာတောင်ကျောင်းဆရာမလုပ်ခဲ့
    ဘူး။အပြင်ဝန်ထမ်းဘဲလုပ်ခဲ့တာလေ။ဟုတ်တယ်အများစုကဒီအတိုင်းပါဘဲ။

  • saund

    December 19, 2010 at 11:09 am

    အယ်ဒီတာရှင့် ဒီသတင်းကြားရတာ အတော် စိတ်မကောင်းပါဘူး။ ရတနာပုံ သတင်းစာ အနေနဲ ့ဘယ်လို များ ဦးဆောင် အကူညီ ပေးနိုင်ပါမလဲ။
    နိုင်ငံ အပြင် ရောက်နေတဲ့ သူတွေအနေနဲ ့အများကြီး မတတ်နိုင်ပေမဲ့ အနည်းနဲ ့အများ အကူညီ ပေးနိုင်ကြ မယ် ထင်ပါတယ်။

  • unclegyi1974

    December 19, 2010 at 3:35 pm

    ဒါတွေကြောင့်အခုခေတ်ကျောင်းဆရာတွေ
    ကျူရှင်အတင်းပေးနေ
    ကျောင်းအုပ်ကြီးတွေအတင်းဖန်နေ
    ကြတယ်ထင်ပါတယ်

  • maungmoenyo

    December 20, 2010 at 3:15 am

    မြန်မာသတင်းစာတွေဖတ်ရသလောက် ကျောင်းသားဟောင်းတွေ (တတ်နိုင်ကြသူတွေ) ကဦးဆောင်လုပ်တဲ့ ဆရာကန်တော့ပွဲ နဲံ re-union တွေ မြန်မာပြည်အနှံ့ တောရောမြို့ပါလုပ်လာကြတာတွေ့ရပါတယ်…။ ဝန်ထမ်းဘဝကနေပင်စင်ယူရင်ဘဝပျက်ကြတာ၊ အထည်ကြီးပျက်ကြရတာ ကျောင်းဆရာတွေတင်မဟုတ်ပါဘူး။ ဝန်ထမ်းလောကသားအားလုံး (အားလုံး) ဖြစ်ပါတယ်။ အဓိကကတော့ လူ့ဘဝလုံခြုံရေး (social security) စနစ်ကိုတာဝန်ယူလုပ်ပေးရမဲ့အစိုးရ ရယ်လို့ မြန်မာနိုင်ငံမှာဘယ်တုံးကမှမရှိခဲ့လို့ပါဘဲ။ ဖဲကြိုးဖြတ်တာတို့၊ လိုအပ်သည်များမှာကြားတာတို့၊ စက်ခလုပ်နှိပ်ပြီး ဆိုင်းဘုတ်ဖွင့်တာတို့၊ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဘက်စုံမှာနောက်ကျကျန်ခဲ့ခြင်းမရှိတော့ဘူးဆိုပြီး အရေမရအဖတ်မရပြောရဟောရတာတို့၊ စတဲ့အရည်အသွေးလုံးဝမရှိတဲ့ ကိစ္စတွေနဲ့ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေက အလုပ်များနေကြ၊ တနေ့တာကုန်လွန်နေကြတော့လဲ…ဒီ social security ကဘယ်လိုရှိနိုင်တော့မှာလဲ…။ ဒါအစိုးရကဖေါ်ဆောင်ပေးရမဲ့စနစ်ပါ…။ အစိုးရကသူလုပ်ရမဲ့အလုပ်ကိုမလုပ်ဘဲ၊ လူထုအလုပ်ကိုအတင်းဝင်လုလုပ်တော့ လူထုကလဲ အစိုးရအပေါ်အယုံအကြည်မဲ့ ပြီး၊ ရှိသင့်/ဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်မလာတာပါဘဲ…။ လှူချင်ကြသူတွေပြည်ပမှာရှိပေမဲ့လဲ…ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေမှာပါဘဲ…။ ကောင်းမွန်တဲ့စနစ်ကိုထူထောင်နိုင်မဲ့မျှော်လင့်ချက်တခုတော့ရှိပါတယ်…ဒေါ်အောင်ဆန်းစုပြည်ပါ။

  • Mie_Mie

    December 20, 2010 at 3:59 am

    ပင်စင်စား ဆရာ/ဆရာမကြီးတွေ တကယ်သနားဖို့ကောင်းကြပါတယ်။ အထူးသဖြင့် အခြေခံကျောင်းလေးတွေပါ။
    ဆရာ/ဆရာမ များမှာ သူတို့ဘဝသက်တမ်းတဝက်နီးပါးမျှမက ဆရာ/ဆရာမ ဘဝနဲ့အနယ်နယ်အရပ်ရပ်ကျရာနေရာ၊ ဒေသမှာ တပည့်တွေ အများကြီး ကို ပညာသင်ကြားပေးခဲ့ကြရတာပါ။ အားကြိုးမာန်တက် ပညာတွေသင်ကြားပေးခဲ့ပေမယ့်။ ဆရာ/ဆရာမ များရဲ့နေဝင်ချိန်ဟာလှပမှု မရှိတာများလှပါတယ်။

    တခုသိထားတာလေး ပြန်ဝေငှချင်လို့ပါ။
    အမြတ်ဆုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အန္တောအန္တငါးပါး ထဲကမှ ဘုရား၊ တရား၊ သံဃာကို လူတော်တော်များများကဆက်ကပ် လှူဒါန်းကြပေမယ့်။ မိဘ၊ ဆရာ ကြတော့၊ ကိုယ့်မိဘ၊ ကိုယ့်ဆရာ ကိုယ်မှ မလုပ်ကျွေး မပြုစုရင် ဘယ်သူကလာလုပ်ကျွေးပြုစုမလဲတဲ့။
    ကိုယ့်မိဘ၊ ကိုယ့်ဆရာ တွေကို မိမိတို့ကိုယ်တိုင်ပဲ ကိုယ်တတ်စွမ်းနိုင်သလောက် ပြုစုစောင့်ရှောက်ကြပါစို့။
    အငြိမ်းစား ဆရာ/ဆရာမ များအတွက် လှူမှုရေး အဖွဲ့အစည်းလေး တခုလောက်ဖြစ်လာခဲ့ရင် သိပ်ကောင်းမှာပဲ။ ရှိလာခဲ့ရင် အကြောင်းကြားပေးကြပါ။

  • လင်းဝေကျော်

    December 20, 2010 at 4:19 am

    မောက္ခကနေ ဖတ်ရကတည်းက စိတ်မကောင်းဖြစ်မိပါတယ်။
    ပြဿနာရင်းမြစ်က တော်တော်ကို ကြီးနေပါပြီ။
    ဒီလိုဖြစ်ရခြင်းအတွက် တရားခံကိုလည်းသိနေပြီးသား၊ အပြစ်တင်တာလည်းတင်ပေါ့။
    ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဘာလုပ်နိုင်မလဲ ဝိုင်းဝန်းစဉ်းစားဖို့လိုနေပါပြီ။
    ဒီကိစ္စကို ဖိုရမ်လေးတစ်ခု လုပ်ရင်ကောင်းမယ်

    • ဆူး

      December 20, 2010 at 1:50 pm

      ဖိုရမ် လုပ်မယ် ဆိုလည်း လုပ်လေ.. ဝိုင်းတွေးပြီး စဉ်းစားပေးမယ်

  • moethidasoe

    December 20, 2010 at 6:19 am

    အဖေက အခု အသက် ၈၃ နှစ် .. အငြိမ်းစား လက်ထောက်မန်နေဂျာ .. ရာထူးနာမည်က မိုက်တယ် ..
    ရတဲ့ ပင်စင်က ၆၇၈ ကျပ် .. နေတာက နယ်မှာ .. ပင်စင်ထုတ် ဘဏ်က ၁၅ မိုင်အကွာမှာ .. ကားနဲ့သွားရင် အသွား ၁၀၀ဝ အပြန် ၁၀၀၀၊ တစ်နှစ်စာ လက်မှတ်ထိုးပြီး နှစ်ကုန်မှ ပေါင်းထုတ်ရတယ် .. ဒါတောင် ၈၁၃၆ ကျပ်ကို ကားခ ၂၀၀ဝ အကုန်ခံ သွားထုတ်ရတယ် .. မထုတ်ရင် လာထုတ်ဖို့ ၊ နောက်နှစ်အတွက် သက်ရှိထင်ရှား ရှိကြောင်း ကိုယ်တိုင်ခံဝန်ချက် ထိုးဖို့ မသွားမဖြစ် သွားရတယ် .. မသွားရင် ……
    သားသမီးတွေ ကောင်းလို့ စားရေး အဆင်ပြေပေမယ့် ပင်စင် လစာ ဆိုတာကြီးက မစွံပါဘူး

  • kai

    December 20, 2010 at 9:44 pm

    ယူအက်စ်မှာ ..လူမှုဖူလုံရေးပုံစံက..ပုဂ္ဂိုလ်တယောက်ယောက်က စလုပ်ခဲ့တာလို့မှတ်ဖူးတယ်..။
    ကောင်းမွန်လို့ ..ယူအက်စ်အစိုးရက ဝယ်လိုက်တာတဲ့..။
    မြန်မာတွေလည်း .. ကိုယ်တိုင်လုပ်သင့်ကြပြီ..။
    http://en.wikipedia.org/wiki/Social_Security_%28United_States%29

    ငယ်တုန်းအလုပ်နိုင်တုန်း.. လစဉ်ဝင်ငွေထဲက ..ရာခိုင်နှုန်းတခုစုထည့် .. ပင်စင်စားချိန် အချိုးကျပြန်ထုတ်တာမျိုုးပဲ..။
    အစိုးရချည်း အားကိုးနေဖို့ ..မလိုပါဘူး..။
    ဖိုရမ်ဖွင့်လေ..။ ဝင်ဆွေးနွေးမယ်..။

Leave a Reply