Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်ုပ်တို့၏ဘုံရန်သူနံပါတ် (၁)

asiamastersDecember 20, 20101min3554

ကျွန်ုပ်တို့ဆိုတာက ကျွန်ုပ်တို့လူသားအားလုံးကိုဆိုလိုပါတယ်။ ဘုံရန်သူနံပါတ် (၁) ဆိုတာကတော့ ကျွန်ုပ်တို့ အားလုံး အတူတကွရင်ဆိုင်ကြရမဲ့ ရန်သူနံပါတ်(၁)ဖြစ်ပါတယ်။ ရန်သူလို့ဆိုလိုက်ရင် မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုင်ဆိုင်မှု၊ အကျိုးအမြတ်တွေကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသူတွေ၊ ဖြစ်စေတဲ့သဘောတရားတွေ၊ ဖြစ်စေတဲ့အကြောင်း တွေဖြစ်ပါတယ်။

လူသားအားလုံးအတွက် ပထမအဆိုးဆုံးရန်သူနံပါတ် (၁)ကတော့ လူသားတို့ရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို အနှောက် အယှက်အဟန့် အတားပြုသူတွေ၊ ပြုလုပ်တဲ့အတွေးအခေါ်ယူဆချက်တွေ၊ ပြုလုပ်တဲ့နည်းတွေဖြစ်ပါတယ်။ အသိဉာဏ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဆိုရင် (Intelligent) လို့ခေါ်ပါတယ်။ အသိဉာဏ်ဆိုတဲ့ အထဲမှာဘာတွေပါလဲဆိုတော့ အတွေ့အကြုံ (Experience)၊ သင်ယူမှု (Learning)၊ စဉ်းစားတွေးခေါ်မှု (Thinking)၊ ကျိုးကြောင်းဆင်ချင်မှု (Reasoning) နဲ့ မှတ်ဉာဏ်လို့ခေါ်တဲ့ (Memory) တို့ပါဝင်တာဖြစ်ပါတယ်။ လူသားတွေရဲ့ အသိဉာဏ်တွေဟာ ပုံသေမဟုတ်ပါဘူး။ အချိန်အခါ၊ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီးပြောင်းလဲနေပါတယ်။ လူသားတွေရဲ့ အသိဉာဏ်ကို တိုးအောင်လုပ်လို့ရပါတယ်။

အသိဉာဏ်တိုးရန်အတွက် လူသားတွေဟာစာဖတ်ဖို့လိုပါတယ်။ စာဖတ်တယ်ဆိုတာက လေ့ကျင့်ယူရပါတယ်။ စာဖတ်ခြင်းကိုမလေ့ကျင့်ပေးရင် လူသားတွေဟာ စာမဖတ်လိုပါဘူး။ လေ့ကျင့်ထားလို့စာဖတ်တာစွဲသွားပြီဆိုရင်လည်း မရပ်မနားဖတ်တော့တာပါပဲ။ ဖတ်စရာစာတွေမှာ အနီးအနားမှာ ရနိုင်တဲ့၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ကဗျာကအစ သက်ဆိုင်ရာ ဘာသာရပ်တွေအထိ ပါဝင်ပါတယ်။ အခုတော့ Internet မှာပါ ဖတ်စရာတွေ ရှိလာပါတယ်။ ဒါပေမဲ့ မိမိဖတ်တဲ့စာပေဟာ စဉ်းစားတွေးခေါ်မှု ပါဝင်တဲ့ စာဖြစ်ဖို့လိုပါတယ်။ မိမိအသုံးပြုနိုင်တဲ့ Information တွေပါဝင်တဲ့ စာဖြစ်ဖို့လိုပါတယ်။ မျှမျှတတ ရေးသားထားတဲ့စာဖြစ်ရပါမယ်။ လွတ်လွတ် လပ်လပ် ရေးသားထားတဲ့စာဖြစ်ရပါမယ်။ အဝေဖန်ခံနိုင်တဲ့စာဖြစ်ရပါမယ်။ ဒါတွေမကိုက်ညီဘူးဆိုရင် ဒီစာပေတွေဟာ ဘာမှ အသုံးမဝင်ပါဘူး။ လူသားတွေအတွက် အဆိပ်အတောက် ပင်ဖြစ်စေပါတယ်။ ဒါကြောင့်ဖတ်မဲ့စာကို သေသေချာချာ ရွေးချယ်သင့်ပါတယ်။

နောက်တစ်ချက်က နားထောင်ရန်ဖြစ်ပါတယ်။ အခုအချိန်မှာ Information Technology နဲ့ Television Network တွေဟာ အလွန် ကျယ်ပြန့်လာတဲ့အတွက် သတင်းအတော်များများကို Satellite Television တွေမှာ နားထောင်နိုင် ပါတယ်။ ဒါမှမဟုတ်ရင်လဲ Radio မှာနားထောင်နိုင်ပါတယ်။ ပတ်ဝန်းကျင် မိတ်ဆွေအပေါင်းအသင်းများ ပြောကြားတာကိုလည်း နားထောင်နိုင်ပါတယ်။  ဒီ သတင်းတွေဟာ တဖက်စောင်းနင်းတွေဖြစ်တဲ့ အတွက် ယုံကြည်ဖို့၊ မယုံကြည်ဖို့ဆိုတာက မိမိရဲ့ အတွေ့အကြုံနဲ့ သုံးသပ်ကြရမှာဖြစ်ပါတယ်။

စာလဲအတော်အတန်ဖတ်ပြီးပြီ၊ တော်တော်လည်းနားထောင်နိုင်ပြီဆိုရင်တော့ မိမိသိလာတဲ့ဟာ၊ တတ်လာတဲ့ဟာကို ရေးကြရန်လိုပါတယ်။ စာရေးတဲ့နေရာမှာတော့ နဲနဲတော့အခက်အခဲရှိပါတယ်။ ဒါပေမဲ့ သိပ်ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ ကိုယ်စကားပြောတာကို ချရေးဖို့ပါပဲ။ ကိုယ်ပေးချင်တဲ့ Message ကို တစ်ဖက်လူနားလည်ရင် အဆင်ပြေပါတယ်။ သိပ်ပြီးတော့ စဉ်းစားလွန်းရင် မရေးဖြစ်တော့ပါဘူး။ အရင်က ကိုယ်ရေးတဲ့စာကို သူများတွေ ဖတ်အောင်လုပ်ဖို့တော်တော်ခက်ပါတယ်။ အခုတော့ Facebook တို့၊ Internet Magazine တွေပေါ်လာတဲ့အတွက် ကိုယ်ကြိုက်ရာကို ရေးနိုင်ပါပြီ။ ကိုယ့်စာကိုဖတ်ပြီး ဝေဖန်လာရင်တော့ ဖတ်လာတာကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ရေပြီးပြီဆိုရင်တော့ သင်ကြားကြရမှာဖြစ်ပါတယ်၊ မသင်သေးရင် နားလည်မှုနဲနဲလိုနေဦးမယ်။ အနည်းဆုံးတော့ မိမိညီအစ်ကိုမောင်နှစ်မတွေ၊ ငယ်ရွယ်သူတွေ၊ အတွေ့အကြုံမရှိသေးသူတွေကစရမှာဖြစ်ပါတယ်။ ကိုယ်က သင်ကြား ပေးကြည့်မှ လူသားတွေရဲ့ နားလည်နိုင်မှု အခြေအနေတွေကို သိလာမှာဖြစ်တယ်။ ကိုယ်ဘာတွေ သိဖို့ လိုနေသေးလဲ ဆိုတာသိလာပါတယ်။ သူက ဘာကြောင့်ဒီလိုစဉ်းစားရသလဲဆိုတာကို နားလည်လာလိမ့်မယ်။ ဒါဆိုရင် ခွင့်လွှတ် လာနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ခရီးသွားခြင်းဖြစ်ပါတယ်။ ခရီးသွားခြင်းဆိုတဲ့နေရာမှာ မိမိနေထိုင်တဲ့ မြို့ထဲက နေရာအားလုံးကို ရောက်ဖူးရဲ့လား၊ မိမိနေထိုင်တဲ့ နိုင်ငံတွင်းက နေရာအားလုံးကိုရောက်ဖူးလား၊ လူသားတွေနေထိုင်တဲ့ ကမ္ဘ္ဘာကြီး တစ်ခုလုံးကို ရောက်ဖူးလား၊ မြင်ဖူးလားဆိုတာ စဉ်းစားကြရမှာဖြစ်ပါတယ်။ ခရီးသွားဖို့ကတော့ ငွေကြေးရယ်၊ ကျန်းမာရေးရယ်၊ အချိန်ရယ်ရှိမှသွားလို့ရတာပါ။ ခရီးသွားကြဖို့ကိုအားပေးကြရမှာဖြစ်ပါတယ်။ ဒါမှ အမြင်ကျယ် လာမှာဖြစ်ပါတယ်။ ကိုယ်နိုင်တဲ့အင်အားနဲ့ ခရီးသွားကြရမှာဖြစ်ပါတယ်။ ခရီးသွားရင်းနဲ့ လေ့လာနေကြရမှာဖြစ်ပါတယ်။

အသိဉာဏ်တိုးလာရန်အတွက် မိတ်ဆွေများများရှိဖို့လိုပါတယ်။ လူသားတွေအားလုံးကို ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့နေရာနဲ့ သူ အသုံးဝင်နေတာတော့ရှိပါတယ်။ လူသားတွေရဲ့ ဘဝမှာ မိတ်ဆွေတွေဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ နံရံအမြင့်ကြီးတွေကာထားပြီး နန်းတော်ကြီးတွေလို အိမ်တွေနဲ့နေတဲ့လူတွေဖြစ်ပေမဲ့ မိတ်ဆွေမရှိဘူးဆိုရင်၊ ကြောက်ရွံ့မှုတွေနဲ့သာနေရမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်ဦးရှိထားသူဟာ ရန်သူတွေ လာမတိုက်နိုင်အောင် အကာအကွယ်ပေးထားတဲ့ ခံတပ်ကြီးများနဲ့တူပါတယ်။ လူသားဆိုရင် လေးစားတဲ့စိတ်နဲ့ မေတ္တာတရားနဲ့ ဆက်ဆံကြရန်လိုပါတယ်။

လူသားတွေရဲ့ အသိဉာဏ်တိုးလာရန် စာဖတ်ဖို့လိုမယ်၊ နားထောင်ဖို့လိုမယ်၊ ရေးသားဖို့လိုမယ်၊ သင်ကြားဖို့လိုမယ်၊ ခရီးသွားဖို့လိုမယ်၊ မိတ်ဆွေများများထားဖို့လိုပါမယ်။ ဒါပေမဲ့အရေးကြီးဆုံးက မျှတတဲ့စိတ်၊ သမာသမတ် ကျတဲ့စိတ်ရှိဖို့လိုတာဖြစ်ပါတယ်။ မျှတတဲ့စိတ်၊ သမာသမတ်ကျတဲ့စိတ်ကို Righteousness လို့ခေါ်ပါတယ်။ ဒီ Righteousness ကိုမမွေးမြူပေးနိုင်ရင် အသိဉာဏ်တွေဟာ ဘယ်တော့မှ တိုးမလာတော့ပါဘူး။ မျှတတဲ့စိတ်မရှိသူများဟာ သတ္တိမရှိပါဘူး။ အမြဲဖုန်းကွယ်နေလိုတဲ့ ဆန္ဒရှိပါတယ်။ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မလေ့လာလိုတော့ပါဘူး။ ဒါကြောင့်နားလည်သဘောပေါက်မှု အားနည်းသွားပါတယ်။ လူတစ်ယောက်ဟာ သူဘာလုပ်ရမယ် ဆိုတာ နားမလည် တော့ဘူးဆိုရင် အခြေအနေ (၂)မျိုးဖြစ်တတ်ပါတယ်။ ပထမတစ်မျိုးက အလွန်ဒေါသကြီးတတ်ပါတယ်။ ဒုတိယတစ်မျိုးက အလွန်အားငယ်တတ်ပါတယ်။ ဒါကြောင့် ဒေါသကြီးသူတွေ၊ အားငယ်တတ်သူတွေတွေ့ရင် နားလည်ဘို့ လိုနေသေးတယ်ဆိုတာ သိရပါမယ်။

လူသားတွေဟာ အသိဉာဏ်မတိုးလာတော့ဘူးဆိုရင် တိရိစ္ဆာန်နဲ့ဘာမှ မခြားပါဘူး၊ တိရိစ္ဆာန်ထက်ပင် မိုက်မဲတဲ့ သတ္တဝါတွေဖြစ်လာလေ့ရှိပါတယ်။ လူသားတွေကို သမာသမတ်ကျအောင်မျှတတဲ့စိတ်ရှိအောင် မလေ့ကျင့် ပေးနိုင်တဲ့ အခြေအနေ၊ ခွန်အားရှိတဲ့ မျှတတဲ့ Information ပါတဲ့စာပေတွေကို မရနိုင်တဲ့အခြေအနေ၊ ရေးသားတဲ့နေရာနဲ့ နားထောင်တဲ့နေရာမှာ မမှန်ကန်တဲ့အရာတွေ၊ အနှစ်သာရမပါတဲ့ သင်ကြားမှုတွေ၊ အလွတ်ကျက်ပြီး ဖြေဆိုမှုတွေ၊ ခရီးမသွားဘဲ ကျဉ်းမြောင်းစွာသာရှင်သန်နေသူတွေ၊ မိတ်ဆွေအပေါင်း အသင်းမရှိသူများဟာ အသိဉာဏ်ကို မဖွံ့ဖြိုးမတိုးတက်စေနိုင်တဲ့အတွက် အားလုံးအတွက်ဘုံရန်သူနံပါတ် (၁) ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

4 comments

  • Tettoe Aung

    December 20, 2010 at 8:57 am

    Very good. But I cannot agree with the proposition that you need to have companions, do you mean that you must have companions even if they were of no benefit to you? How will you consider the teachings in the Mingla suttra, in particular, as regards to the company you keep (asevana ca balanam, panditanan ca sevana, puja ca pujaneyyannam, etam mangalam uttamam – not to associate with fools, but to associate with the wise; and to honour those who are worthy of honour, this is the supreme blessing). Good books are good companions and when I say a good book it must be the kind of what (I think) it’s either Ghandi or Nehru who said ‘a good book must be something that changed the life of the reader.” If one consider ‘life as a continuous learning process’ then the enemy number one as mentioned can easily be overcome. Good article again and thank you.

  • asiamasters

    December 20, 2010 at 10:09 am

    Thank you very much for your comment. You are right that it’s a little controversial issue “to have companions” without knowing their characters and behaviors. But what I mean is not concern with associate with companions. It’s really concern with making more friends. Many friends and students discuss about this factor that whether they should choose a good friend or not. In my opinion, choosing friends are very difficult. People are changing and badly corrupted. Absolutely power corrupts absolutely. How we can make friend is to understand what is the level of a person which he is informed or attained. If we can understand more, we may be able to forgive and forget more. Actually, friends are very important in our life. With friends, we are just like a castle which the enemies can not penetrate.

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2010 at 4:42 pm

    ( ကိုယ့်စာကိုဖတ်ပြီး ဝေဖန်လာရင်တော့ ဖတ်လာတာကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။)
    ဒီအတွေးခေါ်ဟာ တော်တော် ပညာရှိဆန်ပါတယ်။
    ကျွန်တော်တို ့ရွာသူရွာသားတွေအားလုံး လုံးဝ လိုက်နာကျင့်သုံးထိုက်ပါတယ်
    ကိုယ်ရေးတာကို ဟုတ်ပါတယ် မှန်ပါတယ် ပြောပြီး ဖင်မ ဂေါင်းမ လုပ်မှ ကြိုက်တာတွေမှ ပဏာရကြတာဟာ ရုတ်တိမရှိပါဘူး
    လူတစ်ယောက်ဝေဖန်လာတာဟာ ခံစားတတ်ရင် အတတ်ပညာ/အသိတရားတစ်ခုကို ရရှိတာနဲ ့တူပါတယ်
    ကြိုက်ရင် လက္ခံလိုက် မကြိုက်ရင် ပယ်လိုက်ရုံပါဘဲ
    သေသေချာချာနားလည်ထားရမှာက အကြောင်းအရာတိုင်းမှာ အမြင်တူညီမှုတွေ ဟာ
    တစ်ဦးနှင့်တစ်ဦး ကွာခြားနေတတ်ကြတယ်ဆိုတာကိုပါ။
    အမြင်မတူတိုင်း ရန်သူထင်ရင် မှားပေမပေါ့နော

    (ရန်သူလို့ဆိုလိုက်ရင် မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုင်ဆိုင်မှု၊ အကျိုးအမြတ်တွေကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသူတွေ၊ ဖြစ်စေတဲ့သဘောတရားတွေ၊ ဖြစ်စေတဲ့အကြောင်း တွေဖြစ်ပါတယ်။)
    အဲ့သည်မှာတော့ ခပ်ကျဉ်းကျဉ်းပြောရရင်တော့
    ဥပမာ
    ကိုယ်က နေရာတစ်ခုမှာ ဈေးရောင်းနေတယ်ဆိုပါတော့ ရောင်းကောင်းတာပေါ့နော်
    အခြားတစ်ယောက်က ကိုယ့်ဘေးနားမှာ လာရောင်းတဲ့အတွက် ကိုယ်က ရောင်းမကောင်းတော့ဘူး
    (ပိုင်ဆိုင်မှု၊ အကျိုးအမြတ်တွေကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသူတွေ ) အဲ့ဒါနဲ ့တွေးလိုက်ရင် ဘေးဆိုင်က ရန်သူဖြစ်သွားမလား?
    စာကိုယ်တစ်ခုလုံး မှတ်သားထိုက်ပါတယ်
    မိမိအမြင်မှာတော့ ကျွန်ုပ်တို ့အားလုံးရဲ ့ဘုံရန်သူဟာ
    အခြေနေအကြောင်းတရားတွေအပေါ်မှာ မှန်ကန်စွာ မဆုံးဖြတ် မပြုမူနိုင်ကြခြင်းသာလျှင်
    ဟု ထင်မိပါကြောင်း
    (ကိုယ်ထင်တာ ကိုယ်ပြောတာနော် ပိုက်ဆံပေးရတာမှ မဟုတ်တာ တစ်ဆယ်တောင်ရသေးတယ်
    ဒါဘဲနော် ဇာတ်ဆရာ အခါတစ်သောင်းမန်းပြီး တစ်သိန်းပြည့်လို ့မပေဘဲနေကြည့် ကိုဘားမားထိကို တက်တိုင်ပြီး 🙂 အာဖကန်စစ်ပွဲထဲကို
    ပေါ်တာထည့်ခိုင်းလိုက်မယ်။

  • Tettoe Aung

    December 21, 2010 at 5:02 am

    Yes, you’re right. Friends are important and choosing friends is also a very hard thing to do. But from what I’ve been taught and what I have taught my children is that they can have friends from all walks of life but be careful not to give up your principles for the sake of friendship. If your friends, however, have values which are admirable by all means copy and adopt for yourselves. Be inclusive but be selective at the same time. In my experience I had a very moving experience when a friend of mine taught me that, “Make friends and they may be of help when needed.” That’s what I’ve found out when I was in trouble and today I have an open mind when it comes to friends. “Take the bitter with the sweet; the good with the bad.” Thanks.

Leave a Reply