Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပထမဆု Top

first prize

ပထမဆု

လောကမှာ လူတိုင်း ပထမ ဖြစ်ချင်ကြသည်။ နံပါတ်တစ်ဂဏန်းသည် အကြီးဆုံး၊ အတော်ဆုံး သင်္ကေတကို ဆောင်သည်။ နံပါတ်ကြီးလေ များလေ ပိုကောင်းလေများလည်း ရှိသည်။ သို့ရာတွင် သဘောကတော့ အတူတူ ဖြစ်သည်။ ထိပ်ဆုံးနေရာသည် ပြိုင်ဖက်မရှိ တဦးတည်းအတွက် ဖြစ်သည်။ ရုံးလုပ်ငန်းဌာနများတွင် ယင်းသဘောကို ထင်ရှားစွာ တွေ့ရသည်။ ညွှန်ကြားရေးမှူးချုပ်သည် ဩဇာ အာဏာအရှိဆုံးဖြစ်ပြီး ဒုညွှန်ချုပ်ကတော့ နာမည်သာရှိပြီး အောက်ခြေဝန်ထမ်းများ၏ ရုံးစာရေးကြီးဟု အမည်နာမ သမုတ်ခြင်းကို ခံရလေ့ရှိသည်။ အခြား ဒုတိယရာထူးများတွင်လည်း အလားတူ ဖြစ်သည်။ ဒုတိယသည် ပထမ၏တဝက်မျှပင် လုပ်ပိုင်ခွင့်အာဏာ မရှိတတ်ပေ။
အသိတဦး ငယ်စဉ်က အစိုးရအလုပ်တာဝန်ဖြင့် နယ်သွားရသည်။ ထိုနယ်၏ စစ်တိုင်းမှူးသည် သူနှင့်ရင်းနှီးသော ဗိုလ်မှူးကြီးဖြစ်သည်။ တော်လှန်ရေးကောင်စီ ခေတ်ဖြစ်၍ ဗိုလ်မှူးအဆင့်ဆိုလျင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်။ (ယနေ့ခေတ်လို လူတိုင်း ဗိုလ်ချုပ်ဖြစ်သောခေတ် မဟုတ်သေး၊ စကားချပ်)။ တိုင်းမှူး နေ့လည်စာစားတုန်း အလည်ရောက်သွားသဖြင့် သူတို့ကို ဝင်စားရန်ပြောသည်။ သူတို့လည်း ရင်းနှီးစွာ စကားစမြည်ပြော၊ စားကြကြသည်။ ဘေးမှဒုတိုင်းမှူး ဂျူနီယာ ဗိုလ်မှူးကြီးက မျက်လုံးပြူး ကြည့်သည်ကို သတိမပြုမိကြ။ သူတို့တိုင်မှူးဆီက ပြန်တော့မှ ဒုတိုင်းမှူးက ကြိမ်းသည်။ သူလိုအဆင့်တူတောင် ထမင်းအတူမစားရ၊ ကိုယ့်ကိုယ်ကို ဘာကောင်တွေ မှတ်သလဲလို့ ဆဲသည်။
တချိန်က ဆိုရှယ်လစ်စနစ်ကို မှီလိုက်သူများအဖို့ တစ်နှင့်နှစ် သိပ်မထူးခြားခြင်းများကိုလည်း မှတ်မိကောင်း မှတ်မိကြလိမ့်မည်။ ကြေးစားပရော်ဖက်ရှင်နယ် ပြိုင်ပွဲအစား ယှဉ်ပြိုင်ခြင်းသာ အဓိက ဟူသော အားကစားစိတ်ဓါတ် မြှင့်တင်ရေး ခံယူချက်ဖြင့် ဆုချီးမြှင့်ရာတွင် ကွာခြားမှု ကြီးကြီးမားမား မရှိ။ ဈေးကွက်စီးပွားရေး စနစ်အောက်တွင်မူ နံပတ်တစ် သို့မဟုတ် ပထမ နေရာသာ တန်ဖိုးရှိသည်။ ဆုကြေးတန်ဖိုး၊ ဂုဏ်အရှိန်အဝါ၊ စပွန်စာ စီးပွားရေးကြော်ငြာများ အစစအရာရာ ကွဲပြားသွားသည်။ ကမာ္ဘ့အားကစားပြိုင်ပွဲ၊ အိုလံပစ်၊ နိုင်ငံတကာပြိုင်ပွဲများတွင် နံပါတ်တစ်ချိတ်သူ၊ ရွှေတံဆိပ်ရသူများ အတွက်သာ ကြီးကြီးမားမား နေရာရှိသည်။ ကမာ္ဘ့အဆင့် သတ်မှတ်ချက် များတွင်လည်း စုစုပေါင်း ဆုတံဆိပ် အရေအတွက်ထက် ပထမဆုရခြင်းကိုသာ ဦးစားပေး သတ်မှတ်သည်။ ဘော်လုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသာ ရေကုန်ရေခန်း ယှဉ်ပြိုင်ကြပြီး တတိယ နေရာလုပွဲမှာမူ သာမန်မျှသာဖြစ်သည်။
သည်လိုဆိုတော့ တစ်သည်မည်သူမျှ ယှဉ်လို့မရအောင် တော်နေသည် ့သဘောဖြစ်သည်။ လက်တွေ့မှာရော အမြဲတမ်း ဖြစ်နိုင်ပါ့မလား။ အခြေအနေ အချိန်အခါ ဘက်လိုက်မှု အမျိုးမျိုးသော အကြောင်းများလည်း ရှိသေးသည်။ နှာတဖျား နောက်ကျသွားရုံမျှနှင့် ဒုတိယဖြစ်ကျန်ခဲ့သည်များစွာ ရှိသည်၊ အချို့ကိစ္စများတွင် အခွင့်အရေးသည် နှစ်ခါပြန်မလာတော့။ နှမြောဖို့ကောင်းသည်က အမှန် ထူးချွန်ပြီး ကံအကြောင်းမလှလို့ ပထမ မဖြစ်လိုက်ရသူ၏ အရည်အချင်းများဖြစ်သည်။ ဥပမာ- နိုင်ငံ ထိပ်တန်းလျို့ဝှက် တီထွင်မှု နှစ်ခုရှိသည်။ နှစ်ခုစလုံး ရည်မှန်းချက်တူပြီး အောင်မြင်ရန် အလားအလာ ရှိသည်၊ သို့သော် ပေးထားသော ဘတ်ဂျတ်အရ တခုသာရွေးသည်။ အပယ်ခံရသော တီထွင်မှုသည် လျို့ဝှက်ချက် ဖြစ်၍ ဖိုင်တွဲထဲတွင် တသက်လုံး အိပ်ရတော့သည်။ ပညာရှင်လည်း တီထွင်မှုနှင့်အတူ ဒုတိယတန်းစား အဖြစ် ပြည်ဖုံးကား ချရဖို့များသည်။
တီထွင်သူရော၊ ရွေးချယ်သူ ဒိုင်လူကြီးများသည် ခံစားချက်နှင့် လူသားဖြစ်လို့ ဘက်လိုက်မှု၊ မျက်နှာသာပေးမှုများနှင့် လုံးဝ အကြိမ်တိုင်း ကင်းမည်ဟု မည်သူအာမခံ နိုင်ပါမည်နည်း။ ဘော်လုံး ဗိုလ်လုပွဲတွင် ဒိုင်လူကြီးအမှား၊ လာဘ်စား၊ ကစားသမားညစ်သောကြောင့် ရှုံးပြီးပထမ မရလိုက်ခြင်း များစွာရှိသည်။ ကမာ္ဘ့ဖလားလို လေးနှစ်တကြိမ် ပွဲမျိုးဆိုလျင် အညစ်ခံလိုက်ရသော အသင်း အဖို့ သမိုင်းတွင် ထိုအကြိမ်အတွက် ကမာ္ဘပေါ်တွင် အတော်ဆုံးဆိုသောဂုဏ်ပုဒ် မရှိတော့။ အခြားနယ်ပယ် ကဏ္ဍ များတွင်လည်း ထိုနည်း၎င်းများစွာ ရှိနိုင်ပါသည်။
နံပါတ်၁ (သို့မဟုတ်) ပထမကို ညွှန်းဆိုရာတွင် အရေအတွက်ထက် အရည်အချင်း သဘော ဆောင်သည်လည်းရှိသည်။ ဥပမာ- ဈေးကွက်တွင် ဦးဆုံးရောင်းချသူ၊ ပထမဆုံး တီထွင်သော ပစ္စည်း။ သည်ကိစ္စများတွင်တော့ နံပါတ်တစ်ဂဏန်းသည် အားအကြီးဆုံး အကောင်းဆုံးကို မဆောင်။ သို့ပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်သော ခေတ်ကြီးတွင် ဈေးကွက်အားသာချက်အဖြစ် ကြိုးပမ်းကြသည်။ အချို့က ဂုဏ်ဒြပ်တခုအဖြစ် လုပ်ယူသည်။ ဥပမာ- ကမာ္ဘပေါ်တွင် အမြင့်ဆုံး အဆောက်အဦး။ မြန်မာပြည်တွင် ဘဏ်များအပြိုင်အဆိုင်ဖြင့် မည်သူက အေတီအမ်စနစ်ကို ပထမဆုံးသုံးသည်၊ အွန်လိုင်းဘဏ်စနစ်ကို ပထမဆုံးသုံးသည် စသဖြင့် ကြော်ငြာကြသည်။ မားကက်တင်းတွင်တော့ ရှေးဦးစွာ ဈေးကွက်တင် ထိုးဖောက်နိုင်လျင် ခြေကုပ်ရ၍ အားသာချက် တခုဖြစ်သည်။ သို့သော် အရင်ဦးတိုင်း ပထမနေရာတွင် အမြဲတည်မည် ဆိုခြင်းကတော့ ရှားလှသည်။
သချာင်္ဗေဒဖက်မှ ကြည့်ပြန်တော့ ၁နှင့်၂သည် နီးနီးလေး၊ ကိန်းပြည့်တခုသာ ကွာသော်လည်း ၎င်းတို့အကြား ဒသမကိန်းများကိုဆုံးအောင် ဘယ်လိုမှရေတွက်လို့မရ။ စတြာဝဠာကြီး ဘယ်လောက် ကျယ်သလဲ၊ ဘယ်မှာဆုံးမလဲ ဆိုတာထက် ၁နှင့်၂ မည်မျှကွာသည်ကို အရင်ရှာကြလျင် ကောင်းမည် ထင်သည်။ ဒီသဘောအရ ၁နှင့် ကွာခြားချက် မည်မျှသေးငယ်ပါစေ ၎င်းတို့အကြားသည် infinity အဆုံးအစမရှိဖြစ်၍ ၁သည်တစ်သာ ဖြစ်သည်။ မည်သူမှ ယှဉ်တုလို့မရ။ လောကုတ္တရာ အမှန်သစ္စာ နယ်တွင် ဤသို့ရှိမည်ထင်သည်။ ရဟန္တာတို့သိအပ်သော သစ္စာညဏ်ကို အောက်အရိယာ အင်္သချေ ပြိုင်တု၍မရလို့ ဆင်ခြင်နိုင်သည်။ လောကီနယ်တွင်တော့ တော်ရုံတန်ရုံကွာသည်ကို အထက်လမ်း အောက်လမ်းနည်းများသုံး၍ ပြုပြင်ဖန်တီး စီရင်ကြသည်။ မြန်မာစကားတွင်လည်း အကြံတူ နောက်လူ သာစမြဲ ဆိုတာရှိသည်။
တစ်ဂဏန်း သို့မဟုတ် ပထမ၏ သဘောတရား၊ လှည့်စားချက်များကို ဆင်ခြင်မိသည်။ လူ့လောကတွင် ထိပ်ဆုံးရောက်သူများကို တွေ့တိုင်း အတွေးပေါ်ရသည်။ ထိုသူသည် မည်သို့သော တစ်မျိုးဖြစ်မလဲ၊ သချာင်္ဂဏန်းလို ပြိုင်သူမဲ့နံပါတ်တစ်လား၊ နောက်လူများအကျော်တက် ခံရမည့် မူလ သမားနံပါတ်တစ်လား၊ ကိုယ်တိုင် ကံကောင်းထောက်မလို အခွင့်အရေးရခဲ့ရင် မထိုက်တန်ဘဲ ထိပ်ဆုံး ပထမဆိုတာကို ယူမိမှာပဲလား။ ကိုယ်တိုင်မဖြစ်တောင် ကိုယ်အမှီသဟဲပြုနေရသူက နံပါတ်တစ်ဆိုရင် မသိကျိုးနွံပြု၊ အားပေးအားမြောက် ပြုနေမှာလား။ ခင်ဗျားတို့ရော ဘယ်လိုသဘောထားကြမှာလည်း၊ ထားနေကြ၊ ထားခဲ့ကြသလဲ။ ရောက်တတ်ရာရာ တွေးရင်းနဲ့ပဲ နှစ်ဟောင်းကိုနှုတ်ဆက်လို့ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ အားလုံး နှစ်သစ်မင်္ဂလာမှာ အဆင်ပြေ ကံကောင်းကြပါစေ။

8 comments

  • weiwei

    December 31, 2010 at 8:42 am

    ငယ်စဉ်တုန်းကတော့ အတန်းထဲမှာ အမြဲ နံပါတ်တစ်လွယ်လွယ်ရခဲ့တော့ နံပါတ်တစ် ကို ဘယ်လိုမှ မခံစားရဘူး … အခုစိတ်နဲ့ပြောမယ်ဆိုရင်တော့ နံပါတ်တစ်ကို မလိုချင်တော့ဘူး … နံပါတ်တစ်ရဲ့ တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး … ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တယ်ဆိုပြီးပေးလဲ လိုချင်တပ်မက်စိတ်မရှိတော့ဘူး … နံပါတ်တစ် စိတ်အချမ်းသာဆုံးလူပဲ ဖြစ်ချင်တယ် … 🙂

  • naywoonni

    December 31, 2010 at 8:43 am

    ပထမဆု ကိုမလိုချင်ပါဘူး ။ ကြာရှည်ထိန်းမထားနိုင်လို့—– ကိုယ့်အကြောင်းကိုသိတော့ နောက်မှာပဲနေပါ့မယ်။

  • weiwei

    December 31, 2010 at 8:47 am

    တစ်ဂဏန်းကို နောက်တစ်မျိုးစဉ်းစားရင်တော့ အစပထမ … ဘယ်ကိစ္စမဆို တစ်ကနေ စရတာမဟုတ်လား …. အဲဒီ တစ်ကလဲ အရေးပါတာပဲ … အစ ပထမဖြစ်တဲ့ တစ်ကို စမိရင် နှစ် သုံး လေး ဆက်လုပ်ဖို့ မခက်တော့ဘူး …
    မနက်ဖြန်ကျရောက်မယ့် တစ်ရက်နေ့ကနေစပြီး အကောင်းဆုံးစိတ်ဓါတ်တွေနဲ့ နှစ်သစ်ကို အစပျိုးလိုက်ကြပါစို့ ……

  • search123

    December 31, 2010 at 10:14 am

    ငယ်ငယ်တုန်းကတော့ ပထမဆိုတဲ့ နေရာ ကို သိပ်မက်မောပါတယ်။
    အရွယ်ရောက်လာတော့ အများကသိကြတဲ့ နံပါတ် ၁ ၊ ပထမ ဆိုတဲ့ အရာထက် ပိုလေးနက် တာတွေ ကို သိလာရတယ်။
    ပထမ ဆိုတာ လူတိုင်းလိုချင်ကြပေမဲ့ နေရာတိုင်းအတွက် ကောင်းချင်မှကောင်းတာမျိုးလေ။
    Mandalay Gazette Member အားလုံး Happy New Year ပါ။

  • The Reds

    December 31, 2010 at 1:57 pm

    ပ ထ မ ကို မ ကြိုက် လို. ငယ် ငယ် က တည်း က ဒု တိ ယ နဲ. ညား ခဲ. ပေါင်း များ ပါ တယ် ဗျာ ..

  • kai

    December 31, 2010 at 11:52 pm

    ကွန်ပျုတာလောကမျာတော့ … သုံည(၀) နဲ့တစ်(၁)က အသက်ပဲ.။ နာမ်ပဲ..
    ၀၊၁ ကို အဖွင့်အပိတ်၊ အနိမ့်အမြင့် ယူတဲ့အခါမှာဒစ်ဂျစ်တွေဖြစ် အဲဒီကနေ ..အခုလိုကွန်ပျူတာတွေ အင်တာနက်တွေဖြစ်လာတာပေါ့..။

    အဲဒီ၂ခုကို ၈ဘစ် ..၈လုံး..၁၆လုံး စသဖြင့်အတွဲလေးတွေလုပ်တဲ့အခါမယ်..ဖြစ်လာတာတွေကနေ … အဓိပါယ်တွေဖွင့်ပြီး… အင်တာနက်နဲ့ အိုင်တီလောကကြီးတခုကို ဖန်ဆင်းလိုက်ကြတာပါ…. .
    ဖြစ်နိုင်ချေတွေ တိတိကျကျ တွက်ထုတ်လို့ရတာကိုး..။

    ဆိုတော့.. ပစ္စုပ္ပန်ရှုပြီး … လက်တွေ့ကျကျ လုပ်ကြတာလို့ ပြောရမှာပါပဲ..။
    ဒီတော့ .. ဒိဗ္ဗစက္ကုရသလို .. မြန်မာပြည်က လူကိုလည်းလှမ်းကြည့်စကားပြောနိုင်တယ်..။ ဧဝရက်တောင်တက်နေသူကိုလည်း .. ဝါယက်လက်စ်အီလက်ထရောနစ်ပစ္စည်းတွေအကူအညီနဲ့.. အကြားအမြင်ရပြီး အခက်အခဲတွေ့ရင် ..ကူညီနိုင်တယ်..။ သံတွေ၊အလူမီနီယံတွေကနေ ..လေယဉ်ကြီးတွေဆောက်..မိုးကောင်းကင်ပျံ။ မြေလျှိုး၊ ရေငုတ် အကုန်လုပ်နိုင်တယ်..။

    ဒီလိုလုပ်ကြတာမယ်.. သုံည ဘယ်ကလာသလဲ..။ ဘာကြောင့်ဖြစ်သလဲ..။ ၁ ဘယ်ကလာသလဲ..။ ၁ ဘာကြောင့်ဖြစ်လာသလဲ..။
    သုံည ဘာဆက်ဖြစ်မလဲ..။ ၁ ဘာဆက်ဖြစ်မလဲ..။ မစဉ်းစားကြရပါဘူး..။

    မာလုကျပုတ္တသုတ်တော် တခုတည်းနဲ့.. ဒီအင်တာနက်လောကကြိးကို အပလိုင်းလုပ် စဉ်းစားပြတာပါ..။
    စဉ်းစားတတ်ရင်… အင်မတန်အကျိုးများပါတယ်..။

  • manawphyulay

    January 1, 2011 at 11:31 am

    မနောကတော့ ပထမ မရရင် ဒုတိယ နေရာက မနေချင်လို့ ဟီး………….. မပေးပါနဲ့တောင် ပြောထားရတယ်လေ။
    ဝါသနာတူ စေတနာတူ
    ဝေဒနာပါတူတဲ့ မန်းဂေဇက်မောင်နှမတွေကိုယ်စား
    ကိုယ်တို့မြေရဲ့ တာဝန်ကျေ မန်းဂေဇက်မောင်နှမများကို
    လေးစားစွာနှုတ်ခွန်းဆက်
    နှစ်အသစ်ရဲ့ ပထမ(တစ်) မှစပြီး
    ကမ္ဘာကြီးအတွက် ရှင်သန်စေ။

  • ဆူး

    January 8, 2011 at 4:46 pm

    နံပါတ် ၁ ဆိုတာ ငယ်ငယ်ကတော့ ရတယ်။ နောက်ပိုင်းတော့ ၁ ဆိုတာ ဝေးလာတယ် စာမှ မလုပ်ချင်တာကိုးး..
    လူလောက ပတ်ဝန်းကျင်မှာလည်း နံပါတ် ၁ မရောက်ဘူး
    မွေးချင်းထဲမှာလည်း နံပါတ် ၁ မဟုတ်။
    ၁ ဆိုတာ ကိုယ်နဲ့ မဆိုင်တဲ့ အရာလို့ဘဲ ထင်နေမိတယ်။
    နံပါတ် ၁ ဆိုတဲ့ နေရာကြီးကိုလည်း မလိုချင်ဘူး။ အေးအေး ဆေးဆေး မထင်မရှားဘဲ နေချင်တယ်။

Leave a Reply