“တံတားလေးတစင်း………… ခင်းရအောင်”
တစ်ရက်အလုပ်ကိစ္စရှိတာနဲ့ “ကိုမြသွေး” တို့ ရုံးကို ရောက်သွားပါတယ်။
ဖြစ်ချင်တော့ ကျွန်တော်ရောက်တဲ့အချိန်“ကိုမြသွေး” က အပြင်ကို ထွက်သွားတာ်နဲ့ကြုံနေပါတယ်။
သူ့ရုံးကလေးတွေက ကျွန်တော့်ကို သူထိုင်တဲ့စားပွဲနားမှာဘဲနေရာပေးပြီးစောင့်ခိုင်းထားပါတယ်။
ကျွန်တော်ထိုင်နေတုန်းမှာဘဲ သူ့စားပွဲပေါ်က ဖုံးနှစ်လုံးက တစ်လုံးပြီးတစ်လုံးထ ထမြည်ပါတယ်။
“ အမိန့်ရှိပါရှင်-ဦးမြသွေးအပြင်ခဏသွားပါတယ်ရှင့် “
“ xxxxxxxxxxxxxxxxx “
“ ပစ္စည်းလိုချင်ရင် မှာထားခဲ့လို့ရပါတယ်ရှင့် “
“ xxxxxxxxxxxxxxxxx “
“ ပြန်လာရင်ဘယ်သူဆက်တယ်လို့ပြောလိုက်ရမှာလဲရှင့် “
“ xxxxxxxxxxxxxxxxx “
“ ပြန်လာရင်ပြောလိုက်ပါ့မယ်ရှင် “
ခဏနေတော့ သူ့ဟန်းဖုန်းလေးက မြည်လာပြန်ပါတယ်။
“ မဟုတ်ပါဘူးရှင့် ဆရာအပြင်ခဏသွားပါတယ်ရှင့် “
“ xxxxxxxxxxxxxxxxx “
“ဆရာ့ ဟန်းဖုန်းက ရုံးမှာကျန်ခဲ့ပါတယ်ရှင့်“
“ xxxxxxxxxxxxxxxxx “
“ အများဈေးဆိုရင် 34000ကအနည်းဆုံးပါရှင့် “
“ xxxxxxxxxxxxxxxxx “
“ ဆရာနဲ့မှ ဆိုရင်လဲရပါတယ်ရှင့် ကျမပြောတဲ့ဈေးက လက်ကားဈေးပါရှင့် “
“ xxxxxxxxxxxxxxxxx “
“ ကောင်းပါပြီရှင့် “
ကျွန်တော်ထိုင်စောင့်နေတဲ့ နာရီဝက်လောက်အတွင်း ဖုန်းက အကြိမ်ပေါင်းများစွာမြည်ပါတယ်။
ဖုန်းမြည်လိုက်တယ်ဆိုတာနဲ့ ဟိုဘက်က ဘာပြောတယ်တော့ မသိဘူး။
ဒီဘက်ကနေပြန်ဖြေတဲ့အသံကတော့ တစ်ပုံစံတည်းပါဘဲ။
ကျွန်တော့်အထင် အားလုံးက ကိုမြသွေးနဲ့ပြောမှဘဲ အရောင်းအဝယ်ဖြစ်မယ့်ပုံစံပါဘဲ။
“ကိုမြသွေး” တို့က စက်သုံးဆီတွေရောင်းလက်လီလက်ကားရောင်းတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
“ကိုမြသွေး” က လဲ ဒီမှာလုပ်နေတာ ဆယ်ငါးနှစ်ကျော်ကျော်လောက်ရှိပြီဆိုတော့ လုပ်သက်
အတော်ရင့်ပြီလို့လဲပြောလို့ရပါတယ်။
ဒီမှာထိုင်စောင့်နေရင်း စိတ်ထဲမှခံစားလာရတာကတော့ “ကိုမြသွေး” မရှိရင် ကိစ္စမပြီးဘူးဆိုတာကိုပါဘဲ။
နောက်ဆယ့်ငါးမိနစ်လောက်နေတော့“ကိုမြသွေး” ပြန်ရောက်လာပါတယ်။
ရောက်တယ်ဆိုတာနဲ့ သူအပြင်သွားနေတုန်း ဝင်လာသမျှဖုန်းတွေကို ပြန်ဆက်ပြီး လုပ်စရာရှိတာတွေ
ကိုပြီးပြတ်အောင်လုပ်ပြီး ပြီဆိုမှာ ကျနော်နဲ့စကားပြောဖြစ်ပါတယ်။
သူနဲ့အလုပ်ကိစ္စတွေပြောလို့ ပြီးပြတ်သွားတဲ့အခါနေ့လည်ထမင်းစားချိန်ရောက်နေပါပြီ။
အဲဒါနဲ့ ဘဲ သူတို့ရုံးနားလေးက ‘ပုံ ‘စားရတဲ့ထမင်းဆိုင်လေးကိုနှစ်ယောက်သားချီတက်ခဲ့ကြပါတယ်။
ထမင်းဆိုင်ရောက်တော့ ကျွန်တော်က“ ခင်ဗျားအပြင်သွားတုန်းရုံးမှာက ဖုန်းတဂွမ်ဂွမ်နဲ့ဗျာ။
ဖုန်းဆက်တဲ့သူတိုင်းကလဲ ခင်ဗျားမရှိဘူးဆိုတာနဲ့ ကျန်တဲ့သူတွေနဲ့အလုပ်မလုပ်ဘူး။
နောက်မှပြန်ခေါ်မယ်ဆိုတဲ့လူတွေချည်းဘဲ။ခင်ဗျားနဲ့ဝယ်မှ ဈေးလျှော့ပေးတာတို့
အကြွေးဝယ်လို့ရတာတို့ ဆိုတာတွေကို ကန့်သတ်ထားပေးတာလား”လို့မေးလိုက်တော့။
“ကိုမြသွေး” က “ မဟုတ်ဘူး ကိုပေါက်ရ ကျနော်နဲ့ဝယ်လဲ ဒီဈေးဘဲ ၊သူတို့နဲ့ဝယ်လဲဒီဈေးဘဲ၊
ဈေးနူန်းကဘယ်လောက်ယူရင် ဘယ်ဈေးဆိုတာအတိအကျသတ်မှတ်ထားပြီးသားလေ၊
ဝယ်ပြီးတာနဲ့ဘယ်ရက်မှာငွေချေရမယ်ဆိုတာလဲ သတ်မှတ်ထားပြီးသားပါ။ “
“ဒါဆိုရင်………………… “
“ကိုပေါက်ရာ အရှင်းဆုံးပြောရရင်တော့ ကျန်တဲ့လူတွေကဖောက်သည်နဲ့သူတို့ကြားမှာ
“ယုံကြည်မူ့”ဆိုတဲ့ တံတားလေးခင်းမထားကြလို့ပါ“
“တော်တော်များများက ဖောက်သည်က ဘာဖြစ်ချင်တယ် ဘယ်လိုလုပ်ပေးစေချင်တယ်ဆိုတာထက်
ကိုယ့်ဘက်က အသာစီးရအောင် အဆင်ပြေအောင်ဘဲ အမြဲစဉ်းစားလို့ ဆုံးဖြတ်ချက်တွေချပြီး ဟိုလိုမရဘူး
ဒီလိုမရဘူးဆိုပြီး ငြင်းပယ်ပြီး လုပ်ကြတာများတယ်၊
အဲတော့ ကိုယ့်ဘက်ကတော့ အဆင်ပြေ ကုန်သည်ဘက်က အဆင်မပြေဖြစ်ကုန်ရော။
ကျွန်တော်ကတော့သူ့ဘက်ကိုယ့်ဘက် ကို မျှအောင်စဉ်းစားပြီး ကိုယ့်ကို
ပိုင်ရှင်ကပေးထားတဲ့ဘောင်အတွင်းဝင်အောင်လုပ်ပေးလိုက်တော့ သူ့တို့ လဲအဆင်ပြေ
စိတ်လဲကျေနပ်ပေါ့ဗျာ။
ဒီတော့လဲ တစ်ခါထဲကိစ္စပြတ်အောင်လုပ်ပေးတဲ့ ကျွန်တော်နဲ့ဘဲစကားပြောချင်ကြတော့တာပေါ့။ “
အဲတော့မှ သူပြောတာမှန်တယ်ဆိုတာက်ိုလက်ခံလိုက်ရပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်”စက်သုံးဆီ”ဝယ်ဘို့လာတာ
“ကိုမြသွေး” ကို ထိုင်စောင့်နေလို့ပါဘဲ။
နောက်တော့မှ “ကိုမြသွေး” ကဆက်ပြောပါတယ်။
“ကိုပေါက်ရေ ဖောက်သည်ဆိုတာက ဘယ်သူဖြစ်ဖြစ် သူတို့ကိုဦးစားပေးခံချင်တာ
သဘာဝဘဲဗျ။ဘာမဆို “မရဘူး၊မဖြစ်နိုင်ဘူး”ဆိုတာကိုတုံးတိကြီးပြောမယ့်အစား အကျုးိနဲ့အကြောင်းနဲ့ သေသေချာချာလေးရှင်းပြတာ ခံယူချင်တဲ့သူချည်းပါဘဲ။
ကိုယ့်ကို လဲဒီလိုလုပ်ပေးရင်ကျေနပ်တာပါဘဲ။
နောက်ကိုယ်ကရောင်းလိုက်တာဘဲဖြစ်ဖြစ် ဝယ်တာဘဲဖြစ်ဖြစ် ကိုယ့်ဘက်က လဲ
ထိုက်သင့်တဲ့တာဝန်ယူမူ့ကတော့ ရှိသင့်တယ်လို့ ယုံကြည်ပါတယ်။
တော်တော်များများကရောင်းတာ ဝယ်တာကို ပါးစပ်လေးနဲ့ပြောပြီးသွားတယ်ဆိုရင်
တာဝန်ကျေပြီလို့ ထင်ထားကြတာလေ။ရောင်းပြီး တဲ့အခါ ကိုယ်လုပ်ပေးရမှာတွေက
အများကြီးရယ်” လို့ပြောပါတယ်။
အဲဒီနေ့ “ကိုမြသွေး” ဆီကပြန်လာတဲ့အခါသူပြောလိုက်တဲ့ “ယုံကြည်မူ့တည်ဆောက်ခြင်း”ဆိုတဲ့
စကားလုံးလေးက ကျွန်တော့်ရင်ထဲမှာခုန်ပေါက်နေသလိုပါဘဲ။
သူပြောမှပြန်စဉ်းစားကြည့်မိပါတယ်။
ကျွန်တော်တို့တစ်တွေနေ့စဉ်ပေါင်းသင်းဆက်ဆံနေကြ ရောင်းဝယ်နေကြတယ်ဆိုတဲ့နေရာမှာ
တစ်ဦးနဲ့တစ်ဦး ကြား အလိုအပ်ဆုံးကတော့ ယုံကြည်ခြင်းပါဘဲ။
အပြန်အလှန်ယုံကြည်မူ့ မရှိဘူးဆိုရင ်ဘာမှ လုပ်လို့အဆင်မပြေပါနိုင်ပါဘူး။
ဒီလိုယုံကြည်မူ့ရှိဘို့ဆိုတာ ကလည်း မိမိကိုယ်တိုင် တည်ဆောက်ယူမှသာရနို်င်ပါတယ်။
တစ်စုံတစ်ယောက်ကနေ “ ငွေကြေး“နဲ့ဖြစ်စေ “အခွင့်အရေး”နဲ့ဖြစ်စေ“အာဏာ“နဲ့ဖြစ်စေ
ယုံကြည်ခိုင်းလို့ မရနိုင်ပြန်ပါဘူး။
ရတယ်ဆိုရင်လဲ “ အတု“ဘဲဖြစ်မှာ သေချာပါတယ်။
သူပြောတဲ့ “ယုံကြည်မူ့” ဆိုတာလေးကို ကောင်းကောင်းအသုံးချသွားတဲ့ လူငယ်လေးတစ်ယောက်ကိုသတိရမိပါတယ်။
သူကတော့ ကျွန်တော့် သူငယ်ချင်းရဲ့ညီလေးပါ။
“စိုးလွင်ဌေး”လို့ခေါ်ပါတယ်။သူ့အလုပ်က ပွဲစားပါ။
သူကျောင်းသားဘဝကတည်းက နိုင်ငံခြားကလာတဲ့ တစ်ပါတ်ရစ်ပစ္စည်းေတွေကို အရောင်းအဝယ်လုပ်ပါတယ်။
အရင်တုံးက တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့အချိန်ဆိုတော့ ခုခေတ်လို လွယ်လွယ်ကူကူဝယ်လို့ရတဲ့ခေတ်မဟုတ်ပါဘူး။
နိုင်ငံခြားဖြစ်ပစ္စည်းဆိုတာ ရှားပါးပစ္စည်းထဲမှာပါ ပါတယ်။
သင်္ဘောသားတို့၊ပညာတော်သင်သွားတဲ့လူတွေ အားကစားသမားတွေ လို့အပြန်မှာသယ်လာမှ
နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ၊ဆီကို ဟိုနိုင်ငံက ပို့ပေးလိုက်မှ ရနိုင်တဲ့ပစ္စည်းလေးတွေပါ။
အဲဒီအချိန်တုံးက ကက်ဆက်တို့ စပီကာတို့၊အမ်ပလီဖိုင်ယာတို့ ၊အီကွေလိုက်ဇာတို့ဆိုတဲ့ သီချင်းနဲ့ပါတ်သက်
တဲ့ စက်ပစ္စည်းလိုချင်တယ်ဆိုရင်လဲ တစ်ပါတ်ရစ်ကောင်းကောင်းလေးတွေဘဲရှာသုံးရပါတယ်။
သူကတော့ အဲလိုပစ္စည်းလေးတွေကို အရောင်းအဝယ်လုပ်ပါတယ်။
သူဆီကဝယ်လိုက်တယ်ဆိုရင် သူကအစအဆုံးကူညီလို့ပေးပါတယ်။
သူက သူ့ဆီကဝယ်ထားတဲ့ပစ္စည်းဖွင့်လို့ ပြုလို့မရဘူးဆိုရင်လဲ နားလည်တဲ့သူဆီကိုပို့ပြီးပြင်ပေးပါတယ်။
မလိုချင်တော့လို့ပြန်ရောင်းမယ်ဆိုရင်လဲ ပြန်ရောင်းပေးပါတယ်။
သူဆီကဝယ်ထားတာမဟုတ်ပေမယ့်လဲ မလိုချင်တော့ ဘူး ပြန်ရောင်းချင်တယ် အလဲအထပ်လုပ်ချင်တယ်ဆိုရင်လဲ
အဆင်ပြေအောင်ရှာကြံလို့လုပ်ပေးပါတယ်။
သူက ဘယ်နေရာမဆိုရကောင်းစေရယ်လို့သဘော မထားဘဲကူညီပေးတတ်တော့ သူမှာမတောင်းဘဲလဲရနေပါတယ်။
ဒီတော့လဲ လူငယ်ပိုင်းရောလူကြီးပိုင်းရော တစ်ခုခုရောင်းချင်ဝယ်ချင်ရင် “ကိုစိုး” “ မောင်စိုး“ကိုဘဲသတိရလိုက်ကြပါတယ်။
သူလူကြီးပိုင်းရောက်လာတော့လဲ ပွဲစား အဖြစ်နဲ့အောင်မြင်လာပါတယ်။
အိမ၊်မြေကွက်၊ငှားမလား ရောင်းမလား ဝယ်မလား လာခဲ့!
ဖုန်းဝယ်ချင်သလား ငှားချင်သလား ပြန်ရောင်းချင်သလား အဆင်ပြေစေရမယ်!
ကားဝယ်ချင်သလား အလဲအထပ်လုပ်ချင်သလား အိုကေစေရမယ်!
သူနဲ့ဆက်စပ်ပါတ်သက်သူမှန်သမျကလဲ “ကိုစိုး” လုပ်ပေးတယ်ဆိုတာနဲ့
စိတ်ချပြီးသား ယုံကြည်ပြီးသား။
ယုံကြည်မူဆို့တဲ့ တံတားအစင်းပေါင်းများစွာခင်းထားသူလိုပြောမယ်ဆိုရင်မမှားဘူးထင်ပါတယ်။
ကျွန်တော်အမြင်အတိုင်းပြောမယ်ဆိုရင်တစ်စုံတစ်ယောက်အပေါ်မှာ “ယုံကြည်မူ့”ရှိတယ်ဆိုတာ
ဆင်းရဲတာ-ချမ်းသာတာ၊ ပညာတတ်တာ-မတတ်တာ၊မျုးိရိုးမြင့်တာ-မမြင့်တာ
လူမျုးိ- ကိုးကွယ်မူ့ ၊ကျား-မ၊ ကြီးတာ-ငယ်တာ၊ရုုပ်လှတာ-ရုပ်ဆိုးတာ ဆိုတာတွေနဲ့ လုံးဝမပါတ်သက်ဘဲ အဲဒီလူရဲ့ကိုယ်ကျင့်တရားကောင်းတယ် -မကောင်းဘူးဆိုတာနဲ့ဘဲလုံးဝသက်ဆိုင်တယ်လို့ ယူဆပါတယ်။
ကျနော်တို့ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
ပိုက်ဆံလဲချမ်းသာ၊ရုပ်လဲဖြောင့်၊ပညာလဲတတ်၊ဉာဏ်လဲကောင်းဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးပါတယ်။
သူငယ်ချင်းတွေစားကြသောက်ကြ သွားကြလာကြမယ်ဆိုရင်လဲ သူက အကုန်အကျခံရမှကျေနပ်တဲ့သူပါ။
ကျနော်တို့သူငယ်ချင်းတွေက သူနဲ့အလုပ်ကိစ္စတွဲလုပ်ဘို့ဆိုရင် အားလုံးက လက်ရှောင်ကြပါတယ်။
ဘာလို့လဲဆိုတော့သူနဲ့ပေါင်းပြီးအလုပ်လုပ်သူမှန်သမျှဟာ သူနဲ့မြန်မြန်ကွဲရင်ကွဲ မကွဲရင် မွဲသွားတာများပါတယ်။
ဘာလို့လဲတော့ မမေးပါနဲ့တော့ ဒီလောက်ဆိုသဘောပေါက်………………………………..။
သူငယ်ချင်းတွေအလုပ်ကိစ္စပြောနေဆိုနေတုန်းသူဝင်လာတာတွေ့ရင် အရေးကြီးတာတွေအကုန်ရပ်ဘဲ။
တော်ကြာငါလဲပါမယ်ပြီး ပြောလာမှာကိုကြောက်ကြလွန်းလို့ပါ။
ဟိုအရင်ခေတ်ကလူတွေက လိုအပ်ချက်တွေနည်းပါးကြတော့ လောဘတွေလည်းနည်းပါး။
ဒီတော့ မတရားတာကိုလုပ်မယ်ဆိုတဲ့ စိတ်မိုက်စိတ်ရိုင်းကလဲ အလျှင်းမရှိကြတော့ တစ်ယောက်နဲ့
တစ်ယောက်ယုံကြည်စွာလုပ်ကိုင်ဆောင်ရွက်ကြတော့ အရမ်းကိုစိတ်ချမ်းသာခဲ့ရတယ်လို့ခံစားရပါတယ်။
ကျွန်တော်တို့ခေတ်မှာတော့ လူတစ်ယောက်အကြွေးရောင်းမိပြန်ရင် ပြန်မှဆပ်ပါမလားဆိုပြီး ပူပန်ရ
တစ်ယောက်ယောက်ကို များ ပစ္စည်းငှားလိုက်မိပြန်ရင်လဲ ပြန်မပေးမချင်းဘာများဖြစ်မလဲလို့ တထင့်ထင့်
နဲ့နေရ အတော်ကို တရားကျစရာကောင်းပါတယ်။
ဒါကတော့ အပြန်အလှန်ယုံကြည်မူ့နည်းပါးကြလို့ပါ။
နည်းဆို မယုံကြည်နိုင်စရာတွေကလဲ များမှများကိုးဗျ။
ယုံကြည်မူ့ပျက်ပြားသွားတဲ့အကြောင်းလေးတစ်ခုကို မိတ်ဆွေတစ်ယောက်ကပြောပြဘူးပါတယ်။
“ကျနော်တို့အဒေါ်တွေက သိပ်အစွဲအလန်းကြီးတာ ကိုပေါက်ရ။
သူတို့ယုံတယ်ဆိုလွှတ်ယုံတာ။
ကျွန်တော်တို့ငယ်ငယ်က ရွှေတွေဘာတွေဝယ်မယ်ဆိုရင် သူ့အသိဆိုင်ကလွဲရင် ဘယ်မှ ဝယ်လိုမရဘူး။
သူအသိဆို်င်ကလဲ သူလာတယ်ဆိုတာနဲ့ အအေးသောက်မလားအပူသောက်မလား ပါးစပ်မဟရသေးဘူး
စားစရာက တန်းရောက်လာအောင်ကို ဧည့်ဝတ်ကြေတာ။
ကျွန်တော်တို့ တစ်မျိူးလုံးတစ်ဆွေလုံး ကျွန်တော့် အဒေါ်အသိမိတ်ဆွေအားလုံး
ရွှေဝယ်မယ်လို့သာ ကျွန်တော်အဒေါ်ကြီးမသိလိုက်နဲ့ သူ့အသိဆိုင်ကိုတန်းခေါ်သွားတာဘဲ။
ဒီပြင်ဆီများ သွားဝယ်လို့ကတော့ အပြောအဆိုခံရတာ တစ်ရက်မပြီးနှစ်ရက်မပြီးကြုံတိုင်းပြောတော့တာ။
တစ်ခါက အဒေါ်မိတ်ဆွေဆိုင်ခန်းတွေရှိတဲ့ဈေးက အဖျက်ခံရပါတယ်။
အဲတော့ ယာယီဆိုင်ခန်းတွေ မှာသွားဖွင့်ရတော့ အခြေအနေပျက်သွားတယ်ပေါ့ဗျာ။
ဖြစ်ချင်တော့ အဲဒီနှစ်က ရွှေဈေးက ဗြုန်းဆို အများကြီးကိုတက်သွားပါတယ်။
အဒေါ်ကလဲ လုပ်ငန်းအသစ်ချဲ့ဘို့ငွေလိုတာရယ် နောက်ရွှေဈေးတက်တယ်ဆိုတော့
မြတ်ပြီဆိုပြီးသူအရင်ကဝယ်ထားတဲ့ရွှေတွေကိုထုတ်ရောင်းဘို့ သူမိတ်ဆွေဆိုင်ကိုသွားပါတော့တယ်။
အဲဒီမှာ ဟိုက ပြန်မဝယ်နိုင်ဘူးလို့ ငြင်းလိုက်ပါသတဲ့။
ငွေကျပ်နေတယ်အကြောင်းပြတာပေါ့လေ။
အဲတာနဲ့ အဒေါ်ကလဲ ရွှေဆိုတာ ဘယ်ဆိုင်ရောင်းရောင်းရတယ်ဆိုပြီး မြို့ထဲက နာမယ်ကြီးဆိုင်မှာသွားရောင်းတော့
ဟိုဆိုင်ကအဒေါ်ရွှေတွေကိုကြည့်ပြီး “သူတို့ဆိုင်ကဘောက်ချာပါတဲ့ ရွှေကိုသာ စိတ်ချလက်ချပြန်ဝယ်တာ “လို့ အဲဒီဆိုင်က ဝန်ထမ်းတွေက ပြောလိုက်ပါသတဲ့။
အဒေါ်ကလဲ “ ညည်းတို့ ဟာက ကြီးကျယ်လိုက်တာအေ“ဆိုပြီး နောက်တစ်ဆိုင်ကိုထပ်သွားပါသတဲ့။
နောက်တစ်ဆိုင်က အဒေါ်ကိုလည်းသိနေတဲ့ မျက်မှန်းတန်းမိတဲ့ဆိုင်ဖြစ်နေပါသတဲ့။
အဲဒီဆိုင်ရှင်က အဒေါ်ရွှေတွေက ရွှေသားမကောင်းဘူး ကြေးများတယ်လို့ ပြောပါသတဲ့။
အဒေါ်ပြန်ရောင်းမယ်ဆိုရင်လဲ ဝယ်ပါမယ်။
ဒါပေမယ့်ရွှေကိုဘဲယူမှာလို့ပြောပါတယ်။
အဲဒိအခါကြမှ အဒေါ်လဲ စိတ်ပေါက်ပေါက်နဲ့ “ကဲ ရသလောက်ပေါ့ အေ”လို့
စိတ်ဖြတ်ပြီးရောင်းခဲ့ပါသတဲ့။
သူပြန်ရောင်းဘို့ ရလိုက်တဲ့ရွှေက သူဝယ်ထားတဲ့ အလေးချိန်ထက်စာရင် သုံးပုံတစ်ပုံလောက်ဘဲပြန်ရပါသတဲ့။
အဲတော့ ဝယ်ထားတာနဲဆိုရင် တက်ဈေးနဲ့တွက်ပေးတာတောင် ရှုံးပါသတဲ့။
အဒေါ်လဲ ဝယ်နေကျသူ့မိတ်ဆွေရွှေဆိုင်ကို အတော်လေးစိတ်နာသွားပါသတဲ့။
သူပစ္စည်းသူပြန်မဝယ်တာ ငွေကျပ်လို့ မဟုတ်ဘူး ရွှေအစစ်မဟုတ်တော့ ရှုုံးမှာကြောက်လို့မဝယ်တာဆိုတာကို
ကောင်းကောင်းသဘောပေါက်သွားပါသတဲ့။
နောက်ဆိုရင် အဲဒီဈေးကို သွားမဝယ်ဘို့ သက်သေခံလက်မှတ်ပေးနိုင်တဲ့ ကိုယ့်ပစ္စည်းကိုယ်အာမခံတဲ့
ဆိုင်ကိုသာ ဝယ်ဘို့ ကြုံတဲ့လူတိုင်းကိုပြောပါတော့ သတဲ့။
ဒါလေးကလဲ ယုံကြည်မူ့ပျောက်သွားတာပေါ့နော်။
အဲဒီနေ့ “ကိုမြသွေး” ဆီကပြန်လာတဲ့အခါသူပြောလိုက်တဲ့ “ယုံကြည်မူ့တည်ဆောက်ခြင်း”ဆိုတဲ့
စကားလုံးလေးက ကျွန်တော့်ရင်ထဲမှာခုန်ပေါက်နေသလိုပါဘဲ။
သူပြောမှပြန်စဉ်းစားကြည့်မိပါတယ်။
ကျနော်တို့ ကျင်လည်လှုပ်ယှားနေရတဲ့ နေ့စဉ်ဘဝကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက်မယုံကြည်ဘူးဆိုရင်
ဘာမှလုပ်လို့မရတာအမှန်ပါဘဲ။
မိသားစုဝင်တွေ၊အိမ်နီးနားချင်းတွေ၊မိတ်ဆွေသူငယ်ချင်းတွေ၊
စီးပွားဘက်တွေ၊အကျုးိတူပူးပေါင်းလုပ်ဆောင်နေသူတွေ၊
ကြားမှာ အပြန်အလှန်ယုံကြည်မူဆိုတာက မရှိမဖြစ်တဲ့အရာတစ်ခုဆိုတာကိုတော့ ဘယ်သူမှ
ငြင်းပယ်လို့မရတာအမှန်ပါဘဲ။
ကျွန်တော်တို့တစ်တွေနေ့စဉ်ပေါင်းသင်းဆက်ဆံနေကြ ရောင်းဝယ်နေကြတယ်ဆိုတဲ့နေရာမှာ
တစ်ဦးနဲ့တစ်ဦး ကြား အလိုအပ်ဆုံးကတော့ ယုံကြည်မူ့ပါဘဲ။
အပြန်အလှန်ယုံကြည်မူ့ မရှိဘူးဆိုရင ်ဘာမှ လုပ်လို့အဆင်မပြေပါနိုင်ပါဘူး။
ဒီလိုယုံကြည်မူ့ရှိဘို့ဆိုတာ ကလည်း မိမိကိုယ်တိုင် တည်ဆောက်ယူမှသာရနို်င်ပါတယ်။
တစ်စုံတစ်ယောက်ကနေ “ ငွေကြေး“နဲ့ဖြစ်စေ “အခွင့်အရေး”နဲ့ဖြစ်စေ“အာဏာ“နဲ့ဖြစ်စေ
ယုံကြည်ခိုင်းလို့ မရနိုင်ပြန်ပါဘူး။
ရတယ်ဆိုရင်လဲ “ အတု“ဘဲဖြစ်မှာ သေချာပါတယ်။
ကဲကျွန်တော်တို့ခင်ဗျားတို့တစ်တွေအားလုံး
အလုပ်လုပ်ရာမှာဘဲဖြစ်ဖြစ်
ပေါင်းသင်းဆက်ဆံရာမှာဘဲဖြစ်ဖြစ်
မရှိမဖြစ်လိုအပ်တဲ့
ယုံကြည်မူ့ ဆိုတဲ့တံတားလေးကိုပေါင်းကူးအဖြစ်ဆောက်တည်ခဲ့ဘူး ခင်းခဲ့ဘူးပါသလား?
တကယ်လို့များမဆောက်ဘူးသေးဘူးဆိုရင် အခုကဘဲစလို့
တံတားလေးတစင်း ခင်းလိုက်ကြရအောင်ပါ။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။
9 comments
weiwei
January 15, 2011 at 6:30 pm
ဒီတစ်ခါ ပို့စ်တစ်ခုထဲနဲ့ အပြီးဖတ်လို့ရလို့ တော်တော်အဆင်ပြေသွားတယ် … ယုံကြည်မှုဆိုတာ ကုန်သည်လောကမှာ အလွန်အရေးကြီးတဲ့ အချက်ပါ … တရုတ်တွေ မြန်မာပြည်မှာ စီးပွားဖြစ်နေကြတာ ယုံကြည်မှုကို တည်ဆောက်နိုင်လို့ပါပဲ …
မိုက်ကယ်ဂျော်နီအောင်ပု
January 15, 2011 at 6:38 pm
တစ်ခြား စာရင်းဇရားမရှိတဲ့ အရောင်းအဝယ်တွေကြတော့ တိဝူး
ရွှေဆိုရင်တော့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုက သတ်သတ်ပါ
ခုခေတ်စားလာတာကတော့ သူ ့ဆိုင်ပစ္စည်းသူဂရမ်တီခံတဲ့ခေတ်လို ့ပြောရင်ရမလားမသိဘူး
သူ ့ပစ္စည်းက ဂရမ်တီကောင်းလာတော့ သူ ့ဆိုင်အမှတ်အသားပါရင် တစ်ခြားဆိုင်တွေကပါ လက္ခံပေးလာတဲ့သဘောရှိတယ်
ဥပမာ ငွေနဲ ့ဆို
ရွာက ဒေါ်လာတွေသဘောပါ မြန်မာနိုင်ငံတော်က အဆင့်မြင့် ငွေကြေးတွေမဟုတ်ပေမဲ့
သူတို ့ရွာက ဒေါ်လာတွေကို ဂရမ်တီကောင်းတဲ့အတွက်ကြောင့်
လှည့်ပတ်သုံးစွဲကြတဲ့သဘောပါ
စာရင်းဇယားသဘောကြတော့
ဆီဆိုင်လိုမျိုးတွေဆို အရောင်းဝယ်တွက် ဘယ်သူ ့ကိုမှ စောင့်စရာမလိုပါဘူး
တာဝန်ကျ သူက စာရ်းဇယားနဲ ့ရောင်းရင် ဝယ်တဲ့သူကလည်းစာရင်းဇယားနဲ ့ဘဲဝယ်တာပါဘဲ
ကျသင့်ငွေကို လက္ခံက သူတစ်ရွက် ကိုယ်တစ်ရွက်ဆိုတော့ ရှင်းရှင်းလေးပါဘဲ ရွာမှာပြောပါတယ်
အခြားပွဲစားတွေကတော့ သူ ့စဆိုင်နဲ ့သူ ပါဘဲ
တွေ ့ဘူးသမျှ ပွဲစားတွေကတော့ ဘယ်သူ ့ကိုမှ တစ်ခါမှ မတစ်ခါဘူးပြောကြတာဘဲ
တစ်ချို ့ဆို မိုးကြိုးပစ်ဆိုပြီးကျိန်တဲ့လူကရှိသေးတယ်
အဲ့လိုကျိမ်တဲ့သူနဲ ့တွေရင် မသိမသာ ခပ်ခွာခွာနေရတယ်
မတော်နေ သူ ့ကို မိုးကြိုးပစ်လို ့ ကိုယ်ကိုပွတ်သွားမှာဆိုးရသဂိုး
kopauk mandalay
January 16, 2011 at 2:34 am
တစ်ခြား ကမ္ဘာက လူတွေနဲ့ မြန်မာပြည်က လူတွေရောင်းပုံဝယ်ပုံမတူကြပါဘူး။
ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေရတာပါ။
ရော့ပိုက်ဆံ ပေးပစ္စည်းလဲမဟုတ်ပြန်သလို့။
ရော့ပစ္စည်း ပေးပိုက်ဆံဆိုရုံနဲ့လဲ အလုပ်မဖြစ်ပါဘုူး။
ဒီလိုအရောင်းအဝယ်ပြဿနာလေးတွေကို သတ်သတ်ရေးပါအုံးမယ်။
ဒါမှ လက်ရှိမြန်မာပြည်မှာဘယ်လို အလ ုပ်လုပ်နေကြသလဲဆိုတာ တခြားကမ္ဘာကလူတွေသိအောင်လို့ပါ။
နေ့စဉ် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ချီတက်နေပုံလေးတွေကိုပြောပြချင်ပါသေးတယ်။
bigcat
January 16, 2011 at 4:08 am
လေးပေါက်ကို ဦးလေးသဖွယ် ယုံကြည်အားကိုးချင်ပါတယ်။ 😉
weiwei
January 16, 2011 at 4:12 am
ကိုပေါက်က တခြားကမ္ဘာလို့သုံးလိုက်တော့ … အဲဒီမှာနေတာက လူတွေမဟုတ်ဘူးလားဟင် … 😛
bigbird
January 16, 2011 at 6:11 am
ယုံကြည်မှ ု။ ယုံကြည်မှ ုရဖို ့အတွက် သစ္စာတရားရှိရမယ်။ဖြောင့်မတ်မှန်ကန်ရ
မယ်။ ပြောသလိုလုပ် ပြီး လုပ်သလိုပြောရမယ်။
အားလုံးပေါင်းပြီး အနှစ်ချုပ်လိုက်တော့ သီလမြဲနေရင် အားလုံးရဲ ့ယုံကြည်
မှ ုကို ရရှိနေမှာ သေချာမလွဲပါဘူး။( ကျွန်တော် အတွေးသက်သက်ပါ)
soungthazin
January 16, 2011 at 8:48 am
ကိုပေါက်က်တံတားခင်းပြီးရင်တို့အတွက်ပိုခင်းလိုက်ပါ။
kopauk mandalay
January 16, 2011 at 11:09 am
တစ်ခြားကမ္ဘာလို့ တမင်သုံးလိုက်တာက တစ်ချို့သောလူများရဲ့စိတ်မှာ
မြန်မာပြည်ဆိုတာ သုခမရှိ ဒုက္ခတွေနဲ့ ဝိုင်းရံနေတဲ့နိုင်ငံလို့ သတ်မှတ်ထားတယ်လို့
ယူဆတဲ့အတွက် အဆင်ပြေနေသောနိုင်ငံများကို တစ်ခြားကမ္ဘာလို့ သုံးလိုက်တာပါ။
manawphyulay
January 17, 2011 at 3:09 am
ယုံကြည်မှုတစ်ခု ဖြစ်ဖို့ဆိုတာ အကြာကြီးတည်ဆောက်ယူရပါတယ်။ အဲဒီယုံကြည်မှုကို ပျက်ယွင်းအောင်လုပ်ဖို့ဆိုတာ မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ မနောတော့ ယုံကြည်မှုနဲ့ ဘဝကို ရှေ့ဆက်နေပါတယ်။