Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်လ်အေသင်္ကြန် ဒိုင်ယာရီ

kaiApril 19, 20103min4955

မနက် ၉ နာရီမှာ ပွဲလုပ်တဲ့ ပန်းခြံရှိရာဆီ မိုင် ၅ဝကျော်မောင်းပြီးသွား။ ဟိုရောက်တော့ လူတော်တော်နည်းပါသေးတယ်။ အဲဒီလိုနဲ့ မနက် ၁၁ နာရီခွဲလောက်ရောက်တော့ ဖဲကြိုးဖြတ်ဖွင့်ပွဲလုပ်ပါတယ်။ မနှစ်က ကွန်ဂရက်ဝူးမန်င်းမဖြစ်သေးတဲ့ ဂျူဒီချူးက အခု ကွန်ဂရက်ဝူးမန်င်းအနေနဲ့လာတာမို ု့မြီု ့တော်ဝန်တို့လည်းမနေရပဲ လာကြပါတယ်။
အဲဒီလိုနဲ့ ကတ်ကြေးကိုက်ပြီးဖွင့်တယ်ပေါ့။ ဖွင့်ပွဲသီချင်းကို သိန်းတန်(မြန်မာပြည်)က ဆိုပေးပါတယ်။ ထုံးစံအတိုင်း သင်္ကြန်တေးသွားနဲ့ အကနဲ့ပေါ့နော..။
လူတွေများလာလိုက်တာ ၁၂နာရီလောက်မှာ ပုတီးစိတ်တဲ့ကောင့်တာကလေးထုတ်ကိုင်ပြီး မဏ္ဍပ်နားသွာပါတယ်။ တရားရပြီး ပုတီးစိတ်မလို့ မဟုတ်ပါဘူး ပွဲလာတဲ့ လူဦးရေ တွက်မလို့ပါ။
အဲဒီလိုနဲ့ တကန့်ချင်းတွက်သွားလိုက်တာ နေ့လည် ၁၂နာရီ ၄၅မှာ အဲဒီပန်းခြံဝင်းထဲ လူ ၂၇၀၉ ယောက်လို့ ပြနေပါတယ်။
အပြင်ဖက် မြက်ခင်းပြင်ကလူတွေနဲ့ အဝင်အထွက်လုပ်နေသူတွေကိုတော့ သီးခြားလိုက်မတွက်တော့ပါ။
၁နာရီကျော်ကစလို့ လူတွေ တဖွဲဖွဲဝင်လိုက်ပြန်လိုက်ဖြစ်နေကြပါပြီ။
တချို့က ပွဲလည်းမကြည့်၊ ရေလည်းမပက်၊ မယ်လည်းမငေး အိမ်ပြန်ပြီး မဟေသီနဲ့ အတူတူဝယ်လာတဲ့မုန့်တွေ အားရပါးရထိုင်စားမယ်များ (နှစ်ကူးတွေး)တွေးစဉ်းစားသလား မသိပါ။ လက်နှစ်ဖက်အပြည့်အထုတ်ဆွဲ ပြန်ကြတာများ ဓါတ်ပုံတောင် ရိုက်ထားပါသေး..ခင်ဗျ.။

ကလေးတွေ။ လူကြီးတွေ ရေပက်လိုက်ကြတာမှ မြက်ခင်းဟာ ဗွက်ဖြစ်ပြီ အဲဒိဗွက်နဲ ့ပဲ လုံးထွေးပက်နေကြတာမို ့မြန်မာပြည်က ကလေးတွေထက်တောင် ဖွဲကောင်းတယ် ထင်ရမလားပါပဲ။ ဟုတ်မှာပေါ့..။သူတို့မှာ တနှစ်မှာတရက်ထဲကိုးနော.။ကလေးတွေက မြန်မာစာသင်တန်းတွေက ကလေးတွေအများစုဖြစ်ပြီး ဒီနှစ်ကအရင်နှစ်တွေနဲ့မတူပဲ ထူးခြားစွာများနေတာ သတိထားမိပါတယ်။ မြန်မာစာသင်ရင်း မြန်မာ့ယဉ်ကျေးမှုပါ ဆွဲပါလာအောင်သင်နိုင်တဲ့ ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ရမှာပါ။ ဆရာ ဆရာမတွေ ခွက်စောင်းခုတ်နည်းတော့ သင်ပေးလိုက်ပုံမရတာမို ့သူတို့တွေ ခွက်စောင်းခုတ်နေကြတာတော့ မတွေ့ရပါ။ ရေဘော်လုံးနဲ့ ထု တဲ့လူငယ်တချို ့တော့ သတိထားမိလိုက်ပါတယ်..။

သုံးနာရီ ကျော်ကျော်မှာ မန္တလေးဂေဇက်က လက်ဖက်သုတ်စတုဒီတာကြွေးပါတယ်။ ဒန်ပေါက်ရောင်းတဲ့ ကိုထွန်းဝင်းတို့က မုန့်လုံးရေပေါ်စတုဒီသာ ကြွေးပါတယ်။ မုန့်လုံးရေပေါ်လုံးပေးတဲ့ လုပ်အားပေးတွေကို ဒန်ပေါက် စတုဒီသာ ထပ်ကြွေးပါတယ်။
မုန့်လုံးရေပေါ်စတုဒီတာက နေ့လည်ကတည်းက လူတွေတန်းစီ စားနေကြတာပါ။ မုန့်လုံးရေပေါ်က ငရုတ်သီး ထည့်ပုံတော့ မတွေ့မိပါဘူး။ ရိုးရိုးသားသားပဲ ထိုင်လုံးနေကြပုံပေါ်ပါကြောင်း..။

ဖွင့်ထားတဲ့ မြန်မာစားသောက်ဆိုင် ၃ဝဆယ်လောက်က လာတဲ့လူ ၅၀၀ဝ လောက်ကို အစားအသောက်နဲ့ တောက်လျှောက်ဧည့်ခံနေတာပါ။ အဲ..ငွေတော့ယူတာပေါ့နော။ ဘာအကြောင်းကြောင့်မှန်းမသိ..။ အားလုံးလိုလို ၅ကျပ်.အဲ..၅ဒေါ်လာတန်းကြီးပါပဲ။ ဒီနှစ်အယ်လ်အေ သင်္ကြန်ကို “၅ဒေါ်လာ သင်္ကြန်”လို့တောင် အမည်တပ်ချင်စိတ်ပေါက်သွားပါတယ်။
အအေးလဲ ၅ဒေါ်လာ၊ မုန် ့ဟင်းခါးလည်း ၅ဒေါ်လာ၊ အသုတ်လည်း ၅ ဒေါ်လာ ဖြစ်နေကြတာပါ။ ၅ဒေါ်လာမို ့ဝသလားဆိုတော့ မဝသမို ့နောက်ထပ်ထပ်စား၊ ထပ်စားနဲ့ စာရင်းလည်းချုပ်ရော ၂ဝ လောက်တော့ထ ွက်နေပါရောခင်ဗျား။ ဒါတောင် နာမယ်ကြီးအစားအသောက်တွေဆို အိမ်ပြန်သည်ကြသူတွေလည်း တော်တော်များများ တွေ့မိပါရဲ့..။ ဒါကလည်း တနှစ်မှာ တရက်ထဲကိုးဗျ..နော..။
ဆိုင်ဖိုးငွေ ၂၁ဝ သွင်းကြပြီး ရောင်းရတာမို ့အမြတ်ကျန်ရအောင် ရောင်းကြတယ်ဆိုလည်း ..အင်း..ဒါက ဈေးကွက်စီးပွားရေးစံနစ်ဆိုတာကြီးလားလို့တွေးမိပြန်ပါရော.။
နောက်နှစ်တော့ ဆိုင်ဖွင့်ဦးမှ လို့ပဲ တေးမှတ်မိပါတော့တယ်..။ ဟုတ်တယ်လေ..တရက်ထဲ ကက်ရှ်တထောင်ကျန် နည်းသလားနော..။
အဟင်း..အမှန်က…ဒီလိုနဲ့ပဲ ၅နှစ်လောက် နှစ်တိုင်းလိုလိုစဉ်းစားနေခဲ့တာပါလေ..။

ဈေးဆိုင်တွေမှာ ဟာလာလုပ်ထားတဲ့ (မွတ်ဆလင်တွေစားလို့ရတဲ့)ဆိုင်လည်းပါတယ်။ ခရစ်ယန်တွေထွက်တဲ့ဆိုင်လည်း ပါပါတယ်။ ရှမ်းစာတွေလည်းရနိုင်သလို ယိုးဒယားစာလည်း ရောင်းနေတာတွေ့ရကြောင်းပါခင်ဗျား။

အဲဒီလိုနဲ့ သံချပ်တိုက်လိုက်၊ သင်္ကြန်ယိမ်းကလိုက်၊ မယ်ရွေးပွဲလုပ်လိုက်၊ သိန်းတန်(မြန်မာပြည်)သီချင်းဆိုလိုက် နဲ့ သွားလိုက်တာ ၄နာရီကျော်မှာ ကျုပ်တို့ မန္တလေးဂေဇက်ရဲ့ အမကြီး မနီလာစိန် မွေးနေ့ပွဲလုပ်ပါတယ်။
တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းက လုပ်ပေးတယ် ဆိုပါတော့။
မြန်မာပြည်သိန်းတန် တိုင်ပေးတဲ့ ဟက်ပီဘတ်ဒေးသီချင်းနဲ့ မနီလာ ကိတ်မှုန် ့အကြီးကြီးကို ခွဲရတာပါ။
စင်ပေါ်မှာတက်ခွဲတာပါ။ မွေးနေ့မင်္ဂလာ။ နှစ်သစ်မင်္ဂလာ ၊မင်္ဂလာတွေထပ်ပြီးဆင့်ပြီး ပျော်ရွင်ပါစေ အမ မနီလာခင်ဗျား။

၅နာရီလောက်မှာ ပြန်ခဲ့ပါတယ်။ အားလုံးမဏ္ဍပ်တွေသိမ်းကြ၊ စင်တွေဖျက်ကြနဲ့ ကျန်ခဲ့ကြလေရဲ့။ လုပ်အားပေးတွေက မနေ့ကလည်း ညနေ ရနာရီအထိ လုပ်ပေးကြတယ်ဆိုပါတယ်။
ဒီနေ့လည်း မိုးချုပ်ဦးမှာ အသေအချာပါပဲ။ မြန်မာတွေ ပျော်ကြဖို ့နှစ်ကူးအမှတ်ရနိုင်ကြဖို့ ့ လုပ်အား၊ ငွေအားလှူကြတဲ့သူတွေပါ။
ဒီလိုပွဲကြီးတပွဲဖြစ်ဖို ့ဘယ်နှလကြိုတင် ပြင်ရဆင်ရတယ်ဆိုတာ လုပ်ဖူးကြမှ သိကြမှာပါ။ အနည်းဆုံး သုံး-လေးလ ကြိုပြင်ရတာပါပဲ။
ဦးဆောင်တဲ့ တောင်ပိုင်းကယ်လီ မြန်မာအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှုး၊ လူငယ်ခေါင်းဆောင်တွေနဲ့ ဗော်လန်တီယာ လုပ်အားပေးများကို အားလုံးက ကျေးဇူးတင် အမှတ်ရနေကြမှာပါ။

အရမ်း..အရမ်းကို သာဓုခေါ်ပါတယ်လို့။

…မယ်ရွေးပွဲလုပ်ပါတယ်။ ပထမဆုလည်းပေးပါတယ်။ ဒါက နောက် သတင်းစာမှာ ဖေါ်ပြမှာမို ့ဆရာစား..အဲ.သတင်းစာစား ချန်ခဲ့ပါတယ်..။
မြန်မာတွေ ထောင်ချီလာကြ..စုဝေးပျော်ရွှင်ကြပေမဲ့ မြန်မာပြည်ကသင်္ကြန်နဲ့မတူတာက အရက်သေစာသောက်စားတာလုံးဝ မရှိပါ။ ဒါကြောင့် ခိုက်ရန်ဖြစ်ကြတာဆိုတာ ဂျိုနဲ့လား မေးရမှာဖြစ်ပါတယ်..။ ဒီတော့..မှတ်ချက်ချနိုင်တာ တခုက..သင်္ကြန်တွင်းရန်ဖြစ်ကြတယ် ဆိုရာမယ်..မိန်းမကြောင့်မဟုတ်၊ အစားအသောက်ကြောင့်မဟုတ်.။ အပြိုင်အဆိုင်ကြောင့် မဟုတ်ပဲ…အရက်ကြောင့်လို့ ပါပဲ.။တည့်တည့်ကို စွပ်စွဲလိုက်ပါတယ်.။ဟုတ်ပါတယ်…အရက်ပါ။

ပြောစရာကျန်ရစ်တာတခုက…စားပြီးတဲ့ခွက်တွေ။ ပန်းကန်တွေ၊ ရေဗူးတွေ၊ အမှိုက်တွေ ဒီအတိုင်းချပစ်ထားတဲ့သူတွေရှိနေတာပါ။ ဘယ်သူကများသိမ်းပေးမယ် ထင်နေသလည်းမသိ..။ လုပ်အားအခမဲ့ပေးလှူတဲ့ သူတွေကို အလုပ်ပိုပေးတာ.. ဖြစ်နေတာ မသိလေရော့သလား…။
ဒါလေးတခုတော့…ဒို့ ဗမာတွေ ….ပြင်သင့်တယ် ထင်ပါကြောင်း..။

===============

http://www.flickr.com/photos/htaiksan81/sets/72157623763222245/

ဓါတ်ပုံတွေက ရဲ့ SCBA အတွင်းရေးမှုး ကိုဟင်နရီရိုက်ထားတာတွေပါ။

===============

ဧပြီလ ၂ဝ ရက်နေ့မှာ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းက အီးမေးလ်နဲ့ပို့တဲ့ ကျေးဇူးတင်ကြောင်းထုတ်ပြန်စာပါ။

HAPPY BURMESE NEW YEAR EVERYBODY!!!!

SCBA would like to appreciate the support of everyone for this event, first of all we would like to say a big THANK YOU FOR ALL THE HELP AND SUPPORT! For helping in any way possible when you were needed, to make our 2010 LA Thingyan-Water Festival event a BIG success!

SCBA would like to say Thank You to Congresswoman Judy Chu, Monterey Park Mayor Anthony Wong, and all Association Presidents for your support. We would like to also give a special thank you to all the Nationality Groups for continuously supporting us and joining in the opening ceremony along with us!

To the SCBA Youth Group thank you so much for coming out early morning-after closing, to come and help set up everything to make everything went smoothly! You all did a SUPERB JOB! We thank you for all of your patience and hard work to make this event a successful one!  We couldn’t have done this without you guys and we will like to share our success with all of you.

We are look forward to the next event!!!

The following links hold some photos that were taken the day of the Thingyan so we hope you enjoy!!!

MORE PHOTOS AND VIDEOS TO COME!!! Please wait for them to be submitted to us from our Photographers.

http://www.flickr.com/photos/htaiksan81/collections/72157623771322987/

https://myanmargazette.net/?p=3868

2010 Thingyan Organization Committee Southern California Burmese Association (SCBA)

5 comments

Leave a Reply