Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိတ်ဆွေအားလုံးကိုသိစေချင်ပြီး သက်ဆိုင်သူများကိုမေးချင်ပါသည်

nyilwinJanuary 28, 20111min28814

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ နာမည်ကြီးအထူးကု ဆေးရုံကြီးတစ်ခုရဲ့ တာဝန်ရှိသူများနဲ့ ဒီဆေးရုံမှာ လူနာတွေကို ရောဂါကုသပေးနေတဲ့ သမားတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျလိုက်တွေ့ပြီမေးရမှာ…။ အဆင်မပြေတဲ့အတွက် ကျွန်မ သိချင်လွန်းတဲ့ အချက်တွေကို ဒီကနေဘဲမေးလိုက်ရတာပါ။ ဒီဆေးရုံရဲ့ တာဝန်ရှိသူများနဲ့ အထူးကုသမားတော်ကြီးများ မိမိတို့အသက်သခင်ကျေးဇူးရှင်ဆိုပြီး ယုံကြည်အားကိုးစွာနဲ့ ကိုယ့်အသက်နဲ့ ခန္ဓာကိုယ်ကို အပ်ထားတဲ့ လူနာနဲ့ လူနာရှင်တွေအပေါ် ဘယ်လိုများသတ်မှတ်ပြီး ဘယ်လိုများ သဘောထားပါသလဲ? ကျွန်မဘာလို့ ဒီမေးခွန်းကို မေးရသလဲဆိုရင် ကျွန်မအမျိုးသားဟာ သူယုံကြည်အားကိုးစွာနဲ့ သူ့အသက်ကို အပ်နှံထားတဲ့ အဆစ်အမြစ်သမားတော်၊ ရင်ခေါင်းပိုင်းဆိုင်ရာ သူ့အဆုတ်ကို ကုသပေးနေတဲ့ အမျိုးသမီးသမားတော်၊ သွေးရောဂါကုသမားတော်ကြီးနဲ့ နောက်ဆုံးအပ်လိုက်ရတဲ့ နှလုံးအထူးကု သမားတော်ကြီး လေးယောက်စလုံးရဲ့ ဥပက္ခာပြု လျစ်လျူရှုခြင်းကိုခံရပြီး (၂၉.၁၁.၂၀၁၀) တနလာင်္နေ့ ညနေ(၄:၃၀) မှာ အဲ့ဒီဆေးရုံရဲ့ (ICU) ဆိုတဲ့အထူးကြပ်မတ်ဆောင်မှာဘဲ အသက်ပျောက်ခဲ့ရပါတယ်။ ကျွန်မအမျိုးသားဆုံးတာ ဒီနေ့ဆိုရင် တစ်လကျော် ရှိသွားပေမဲ့ သူဆုံးခါနီး နိုဝင်ဘာလ (၂၈) ရက်နဲ့ (၂၉)ရက်နေ့တွေမှာ.. ဒီဆေးရုံပေါ်မှာ ကျွန်မတို့ခါးသီးစွာ တွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေနဲ့အဖြစ်အပျက်တွေကို ဘယ်လိုမှ ဖြေဖျောက် မရနိုင်သေးဘူးဆိုတာ..။ သက်ဆိုင်သူ အားလုံးကို သိစေချင်ပါတယ်။

ကျွန်မရူးမတတ် သိချင်နေတဲ့အချက်က ကျွန်မအမျိုးသားဟာ ဘာကြောင့် ဒီလောက်အချိန်တိုတို အတွင်းမှာ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တာလဲ ဆိုတာ သူမဆုံးခင်အချိန်ကလေးအတွင်းမှာ… သူ့ကို ကုသပေးနေကြတဲ့ သမားတော်ကြီးတွေထဲက တစ်ယောက်လောက်ဘဲဖြစ်ဖြစ် ရောက်လာခဲ့ပြီး သူဟာဘာကြောင့် ကုလို့မရနိုင်တော့ဘူး ဆိုတာကို ပြောပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ အနေနဲ့ နည်းနည်းလေးတော့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုကျွန်မအမျိုးသားဆုံးခါနီးမှာ ဆေးရုံပြန်တက်ရတာ ဒုတိယအကြိမ်ပါ၊ ပထမအကြိမ်က အောက်တိုဘာလ (၂၃) ရက်ကနေ နိုဝင်ဘာလ (၁၁) ရက်နေ့ထိ ရက်နှစ်ဆယ်တိတိ ကြာခဲ့ပါတယ် ၊ ဒီအတောအတွင်းမှာ သူ့တို့ကုသပေးနေတဲ့ သမားတော်ကြီးသုံးယောက်ပါ ၊အဆစ်အမြစ်သမားတော် … ရင်ခေါင်းပိုင်းဆိုင်ရာ အမျိုးသမီးသမားတော်နဲ့ သွေးအထူးကုသမားတော်ကြီးတွေပါ ၊ ကျွန်မ အမျိုးသားမှာ သွေးလေးဘက်နာရောဂါ ရှိတဲ့အတွက် အဆစ်အမြစ်သမားတော်နဲ့ ကုသနေတာ တစ်နှစ်လောက်ရှိခဲ့ပါပြီ။ အခုဆေးရုံတတ်ရမဲ့ အခြေအနေကြောင့် သူနဲ့သွားပြတဲ့ အချိန်ကစပြီး ကျွန်မတို့ လူနာရှင်တွေဘက်က ကိုယ်တင်ချင်တဲ့ ဆေးရုံကအစ ကိုယ်ကုချင်တဲ့သမားတော်အထိ ဘာတစ်ခုမှ ရွေးချယ်ပိုင်ခွင့် မရခဲ့ပါဘူး။ ဒီဆေးရုံမှာ မတင်ချင်လို့ တခြားဆေးရုံမှာ တင်ဖို့ပြောပေမဲ့ အဆစ်အမြစ် သမားတော်က လက်မခံလို့ သူတို့တင်ခိုင်းတဲ့ ဆေးရုံမှာဘဲတင်ခဲ့ရပြီး… သူတို့ဆေးရုံမှာရှိတဲ့ သူတို့အချင်းချင်း ချိတ်ပေးတဲ့ သမားတော်တွေနဲ့သာ ကုခဲ့ရတာပါ။ ကျွန်မတို့မှာ ကိုယ့်လူနာဘာဖြစ်မှန်း မသိရဘဲ..။ အဆုတ်သမားတော်နဲ့ သွေးသမားတော်တို့ ရောက်လာမှ အဆုတ်နဲ့သွေးထဲမှာ ပြဿနာရှိမှန်း သိရပါတယ်။ ဒါပေမဲ့ လူနာနဲ့ ကျွန်မတို့ လူနာရှင်တွေဆိုပြီ အရမ်းကိုယုံကြည်အားကိုးခဲ့ပါတယ်။

ဒီလိုနဲ့ဆေးရုံမှာ ရက်နှစ်ဆယ်ကြာပြီး နိုဝင်ဘာလ (၁၁) ရက်နေ့မှာတော့ ဆရာဝန်သုံးယောက်စလုံးက လူနာသက်အန္တာရယ် မရှိတော့လို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာကို ယုံကြည်မိပြီး လူနာကို အိမ်ပြန်ခေါ်ခဲ့မိတာ… ကျွန်မတို့ရဲ့ အမှားလားလို့ ဖြေမရနိုင်အောင် နောင်တရနေခဲ့ပါတယ်။ ဒီအဖြစ်မျိုးကြုံရမှာစိုးလို့ လူနာကိုဆေးရုံက မဆင်းစေချင်သေးလို့ လူနာရဲ့ အဆုတ်ထဲမှာ တီဘီဖြစ်နေလို့ တီဘီဆေးကို ခြောက်လသောက်ရမယ်ဆိုပြီး ကုသပေးနေတဲ့ ရင်ခေါင်းသမားတော်ထံကို ကျွန်မကိုယ်တိုင်ဖုန်းဆက်ပြီး လူနာကိုဆေးရုံမှာ ပိုစိတ်ချရတဲ့အချိန်ထိ ထားချင်လို့ လူနာဆေးရုံက မဆင်းနိုင်အောင် ပြောပေးဖို့ တောင်းတောင်းပန်ပန် ပြောခဲ့တဲ့ လူနာရှင်ကျွန်မရဲ့ စကားကို လုံးဝလစ်လျူရှုပြီး လူနာကိုဆေးရုံက ဆင်းစေခဲ့ပါတယ်။

ရှေ့ရက်က ပြောခဲ့တဲ့ သမားတော်သုံးယောက်စလုံးရဲ့ အသက်အန္တာရယ် မစိုးရိမ်ရတော့ဘူးဆိုတဲ့ စကာသာမှန်ခဲ့ရင် လူနာဟာဆေးရုံပေါ်မှာ.. ဒီထက်ပိုပြီးစိတ်ချရတဲ့ အခြေအနေထိ နေခဲ့ရမယ်ဆိုရင် အခုလောက်ထိမြန်မြန် ကျွန်မတို့ကို စွန့်ခွာသွားရမှာ မဟုတ်ဘူးလို့ တွေးမိပြီး ကျွန်မတမြေ့မြေ့နဲ့ခံစားနေရတာဟာ ဘယ်သူကြောင့်ပါလဲ ? ဆေးရုံကဆင်းပြီ ဆယ့်ခုနှစ်ရက်ကြာတဲ့အထိ ကြားထဲမှာ အဆုတ်ရဲ့ အခြေအနေကို တခါမှ ပြန်မစစ်ဆေးတာဟာ လူနာရဲ့ရောဂါအခြေအနေက သိပ်ကိုစိတ်ချရတဲ့ အနေအထားမှာ ရှိနေပြီလို့ သတ်မှတ်ထားလို့လား ? ဒါမှမဟုတ်ကိုယ့်ရဲ့ ကုသချက်ဟာ အရမ်း မှန်ကန်နေလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲထားတာလား ? လူနာဟာတီဘီရောဂါ အမှန်တကယ် မဟုတ်ဘဲ တီဘီဆေးကိုသောက်နေရလို့ အခုလောက် မြန်မြန်အခြေအနေ ဆိုးရွားသွားတာလား? တီဘီပိုးမတွေ့ပေမဲ့ ရွေးစရာလမ်းမရှိလို့ တီဘီဆေးကိုဘဲ သောက်ရမယ်လို့ပြောသွားတဲ့ ဒီသမားတော်ရဲ့ စကားကို ကျွန်မအခုထိ ကြားယောင်နေတုန်းပါဘဲ။ ဒါကြောင့်မို့လူနာကို ဒုတိယအကြိမ် သူမကိုယ်တိုင် ဆေးရုံ ပြန်တတ်ခိုင်းခဲ့ပေးမဲ့ လူနာအသက် ထွက်သွားတဲ့ အချိန်ထိတချက်မှ လှည့်မကြည့်ဘဲ… ပစ်ထားခဲ့တာဟာ ဘာကြောင့်ပါလဲ? ဘယ်သူမှာတာဝန် အရှိဆုံးလဲဆိုတာ သူမကိုယ်တိုင်လဲသိနေမှာပါ ။ ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့ သက်ဆိုင်ရာ သမားတော်မှာ အဖြေတစ်ခုခုတော့ ရှိနေလိမ့်မယ်လို့ထင်ပါတယ်။ ဆေးရုံကဆင်းပြီ တစ်ပတ်အကြာ (၁၈.၁၁.၂၀၁၀)နေ့မှာ အဆစ်အမြစ် သမားတော်နဲ့ သွေးသမားတော်တို့ ချိန်းထားတဲ့ အတွက်သွားပြန်ပြခဲ့ပါတယ် ၊အဲ့ဒီအချိန်ထိ သမားတော် နှစ်ယောက်စလုံးက လူနာမှာစိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ လုံးဝမပြောခဲ့ပါဘူး။

လူနာကလဲ အိမ်မှာ စိုးရိမ်ရလောက်အောင် ထူးခြားတဲ့ လက္ခဏာမပြတော့ ကျွန်မတို့လဲ သိပ်မစိုးရိမ်ခဲ့ပါဘူး ၊ ဒီလိုဆရာဝန်တွေကိုဘဲ ယုံကြည် ထားမိတာဟာလဲ ကျွန်မတို့ရဲ့ အမှားလားလို့ တွေးပြီး ဖြေမရနိုင်အောင် ခံစားနေရပါတယ်။ ကျွန်မအခု နောက်ဆုံး ပြောပြချင်တာကတော့ လူနာဆေးရုံကဆင်းပြီး (၁၇)ရက်အကြာမှ အဆုတ်သမားတော်က ပြန်ပြဖို့ချိန်းတဲ့ နိုဝင်ဘာလ (၂၈) ရက် နေ့လည် (၁:၃၀) ကနေ လူနာဆုံးတဲ့ နိုဝင်ဘာ (၂၉) ရက်ညနေ (၄:၃၀) အချိန်ထိ ခါးသီးစွာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပါဘဲ ၊ (၂၈) ရက် နေ့လည် (၁:၃၀) ဆေးရုံရောက်မှ လူနာရဲ့ အဆုတ်ကို ဓာတ်မှန်ပြန်ရိုက်ပြီး အဆုတ်သမားတော်ကို ပြတော့မှ အဆုတ်ရဲ့အခြေအနေက အရမ်းစိုးရိမ်ရလို့ ဆေးရုံပြန်တင်ခိုင်းပါတယ်။ နှလုံးအခြေအနေလဲ မကောင်းလို့ဆိုပြီး နှလုံးအထူးကု သမားတော်ကို လာကြည့်ခိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ကျွန်မတို့ အရေးပေါ်ခန်းမှာဘဲ ရှိနေသေးတာပါ ၊ ညနေ (၅:၀၀) လောက်မှ လေးထပ်မှာ အထူးခန်းရလို့ လူနာကို အခန်းထဲ ရွှေ့ပေးခဲ့ပါတယ်။ ဒီအခန်းမှာ လူနာဟာ (၁၈:၀၀) နာရီလောက် နေခဲ့ရပေမဲ့ နှလုံးသမားတော် အပါအဝင်ကျွန်မတို့ လူနာကို ကုပေးဖို့ယုံကြည် အားကိုးစွာ အပ်နှံထားတဲ့ သမားတော်လေးယောက်စလုံး အရိပ်တောင်မတွေ့ခဲ့ရပါဘူး။ On Call ခေါ်ပေးခိုင်းလဲ တစ်ယောက်မှ ရောက်မလာကြပါဘူး၊ လူနာဟာ တညလုံး မျက်လုံးကြောင်တောင်နဲ့ မလှုပ်မယှက် ငြိမ်နေတာကို ဘာဖြစ်လို့ဒီလို ဖြစ်နေတာလဲလို့ လာကြည့်တဲ့ (MO)တွေကို မေးကြည့်တော့ အဆုတ်ဝေဒနာရှင်တွေဟာ ဒီလိုဘဲ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ကလဲ ဒီလိုမျိုးတစ်ခါမှ မကြုံဘူးတော့ သူတို့ပြောတာကိုဘဲ ယုံကြည်နေခဲ့မိပါတယ်။

နောက်ဒီဆေးရုံက တော်တယ်လို့ သတ်မှတ်ထားပြီးခေါ်ပေးတဲ့ အသက်ခြောက်ဆယ်ရှိ မှော်ဘီမှာ နေတဲ့အမျိုးသား သူနာပြုက မနက် (၅:၀၀) မှာထပြီး လူနာကို အတင်းထထိုင်ခိုင်း ရေပတ် အတင်းတိုက်ပေး လူနာကိုအတင်း လှုပ်ခိုင်းပါတယ်။ ကျွန်မတို့လူနာရှင်က တားတာလဲမရပါဘူး ၊ ဒီအချိန်မှာ လူနာက စကားတောင် ကောင်းကောင်းမပြောနိုင်တော့တဲ့ အခြေအနေပါ။ ဒီအခြေအနေကို တစ်ညလုံးတွေ့မြင်နေရက်နဲ့ သူနာပြုတစ်ယောက် လုပ်နေပြီး ပြင်းထန်စွာ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ကို ဒီလိုပုံမျိုး လုပ်သင့်ပါရဲ့လား ? ဒီဆေးရုံရဲ့ တာဝန်ရှိသူတွေ ဆုံးဖြတ်ပေးကြပါ။

လူနာဟာ ဆေးရုံရောက်ပြီး နောက်နေ့ နိုဝင်ဘာလ (၂၉) ရက် မနက် (၁၁:၀၀) နာရီ အရောက်မှာ လူနာရဲ့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေကြောင့် ဘယ်သမားတော်ကိုမှ အားကိုးမျှော်လင့်လို့ မရနိုင်တော့ဘူး။ ဆိုတာသိလိုက်ရတဲ့အတွက် ဒီဆေးရုံရဲ့ (ICU)လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင်ကို ပို့ပြီး အဲ့ဒီမှာရှိတဲ့ တာဝန်ကျဆရာဝန်ရဲ့ လက်ထဲကိုဘဲ ကိုယ့်လူနာကို အပ်လိုက်ရပါတယ် ၊ (ICU) ရောက်မှ အဲဒီက ဆရာဝန်တွေပြောလို့ ကိုယ့်လူနာဟာ တစ်ညလုံး မျက်လုံးကြောင်တောင် ဖြစ်နေတာဟာ… သတိလစ်နေမှန်း သိလိုက်ရတာပါ ၊ လူနာဟာ တစ်ညလုံး သတိလစ်လိုက် ပြန်လည်လာလိုက်.. ဖြစ်နေတာပါ ၊ ဒီလိုအခြေအနေမျိုးကို ခြောက်နှစ်လုံးလုံး ဆေးပညာတွေ သင်ယူခဲ့တဲ့ ဆရာဝန်တွေ တကယ်ဘဲ မသိတာလား ? ကျွန်မတို့ လူနာရှင်ကိုဘာဖြစ်လို့ အမှန်တိုင်း မပြောပေးနိုင်တာလဲ? (ICU) ရောက်တော့ လူနာကို တပ်ပေးထားတဲ့ စက်တစ်လုံးက မမှန်ဘူးတဲ့ ပျက်နေတာတဲ့။ ဒါသူတို့ ဆရာဝန်အချင်းချင်း ပြောလို့ ကျွန်မတို့ ကြားပြီး တော်တော်ကို တုန်လှုပ်သွားမိပါတယ်။ (ICU)ဆိုတာ လူနာတွေ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ပိုက်ဆံအများကြီး ပေးမှထားရတဲ့နေရာပါ။ ဒီလိုနေရာမှာ ဒီလိုအဖြစ်မျိုးဖြစ်သင့်ပါရဲ့လား ? လူနာဟာ (ICU) ရောက်ပြီး ငါးနာရီကျော်ကြာမှ အသက်ထွက်သွားတာပါ။ အဲဒီ့ အချိန်ထိ ဘယ်သမားတော်တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး။ ဘာဖြစ်လို့မလာကြတာလဲ ? လူနာဟာ ကုလို့ မရနိုင်တော့ဘူးဆိုတာကို.. ကြိုသိနေခဲ့ရင်တောင် လူနာရှင်တွေကို တစ်ချက်လောက်တော့ မျက်နှာပြပြီး နှစ်သိမ့် ပေးသင့်တယ်လို့ ထင်ပါတယ် ။ ရိုင်းရိုင်းပြောရရင် ကျွန်မတို့က သမားတော်တွေကို အခမဲ့ ကုခိုင်းတာတောင် မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဆေးရုံနဲ့ သမားတော်တွေ တောင်းသလောက်ပေးပြီး အားကိုးတကြီးနဲ့ ကိုယ့်လူနာကို အပ်ခဲ့တာပါ။ ဘာဖြစ်လို့များ လူနာနဲ့လူနာရှင်တွေကို ဒီလောက်ထိ မထေမဲ့မြင်ပြုပြီး လျစ်လျူရှု ထားခဲ့ကြတာလဲ?

လူနာဟာ ကုမရနိုင်တော့တဲ့ အခြေအနေ ဖြစ်နေရင်တောင် ကျွန်မတို့ လူနာရှင်ကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တာပေါ့ ။ အခု သမားတော်တွေရဲ့ လုပ်ရပ်ဟာ ကိုယ်ကုသပေးနေတဲ့ လူနာတစ်ယောက်ကို ပစ်ထားခဲ့တာ။ သိပ်ရက်စက်ရာ ကျနေတယ်လို့များ မတွေးမိဘူးလား? ကျွန်မအခု ဒီကနေ မေးနေတာကို သက်ဆိုင်ရာ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ သမားတော်တွေ သိကြမှာပါ ၊ ကျွန်မဒီကနေ တင်ပြတာတွေက.. ပုဂ္ဂိုလ်ရေးအရ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက် နစ်နာစေလိုတဲ့ ဆန္ဒမရှိပါဘူး ၊ လူနာရှင်တွေရဲ့ ခံစားချက်ကို သက်ဆိုင်သူတွေ သိစေချင်ရုံပါ။ ကျွန်မ နောက်ဆုံးပြောချင်တာက သမားတော်ကြီးများအားလုံး မိမိတို့ကို အားကိုးယုံကြည်ပြီး ကိုယ့်အသက်ကို အပ်ထားတဲ့လူနာတွေကို အချိန်နည်းနည်းပေးပြီ ဂရုစိုက် အလေးထားပေးမယ်ဆိုရင် လူနာတွေကိုယ်စား ကျွန်မသမားတော်ကြီး အားလုံးကို အမြဲကျေးဇူးတင်နေမိမှာပါ ။

ဒီနိုင်ငံမှာရှိတဲ့ အထူးကုဆေးရုံမှ တာဝန်ရှိသူများနဲ့ သမားတော်များအားလုံး လူနာနဲ့ လူနာရှင်တွေအပေါ် ကိုယ်ချင်းစာစိတ် ထားပေးနိုင်ကြပါစေ။

မူရင်းလင် ့ပါ http://openeyeproxy.appspot.com/www.demowaiyan.co.cc/2011/01/blog-post_26.html

14 comments

  • sayargyi

    January 28, 2011 at 6:04 am

    ကိုယ်ချင်းစာမိပါတယ်…ဆေးရုံ နဲ့ ဆရာဝန် နာမည်တွေကိုပါ အတိအကျထည့်ပေးရင် နောက်နောင် လူနာများအတွက်ပါ တခုခု အကျိုးရှိမယ် ထင်ပါတယ်…

  • MaMa

    January 28, 2011 at 9:29 am

    အင်းးးးးးး ဒီလိုအတွေ့အကြုံတွေက ဖွင့်ပြောမယ်ဆိုရင် ခံရတဲ့လူတွေ အများကြီးဘဲ ရှိလိမ့်မယ်ထင်တယ်။ ကိုယ်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ထပ်တူဖြစ်ရပ်မျိုး ဖြစ်ခဲ့၊ ခံစားခဲ့ဖူးတယ်။ ဖြစ်ဖြစ်ချင်းတော့ သိတဲ့ တွေ့တဲ့လူတိုင်းကို အဲဒီအကြောင်းတွေ လျှောက်ပြောတာပေါ့။ အဲဒီတုန်းက အင်တာနက်ခေတ် မဟုတ်သေးတော့ ခုလိုတော့ ပြောခွင့်မကြုံခဲ့ဘူးပေါ့။

  • yuyu

    January 28, 2011 at 10:38 am

    အစ်မရဲ့ post ကိုဖတ်ပြီးစိတ်မကောင်းပါဘူး အစ်မရယ်
    ယုတို့အမေလဲ ဆေးရုံကနေဆုံးတာပါ အဲဒီတုန်းက ယုကငယ်သေးတော့ ဆေးရုံအတွေ့အကြုံတွေမရှိလို့ဘာမှမသိခဲ့ရပါဘူး
    လူလူချင်းစာနာစိတ်ရှိကြရင် သိပ်ကောင်းမှာပဲ အစ်မရယ်

  • kopauk mandalay

    January 28, 2011 at 3:38 pm

    အရင်နှစ်က ဆုံးသွားခဲ့တဲ့ ကလေးမလေးရဲ့ မိခင်လို တိတိကျကျနဲ့ သက်ဆိုင်ရာကိုတိုင်ကြားသင့်တယ်လို့ယူဆပါတယ်။
    အဲဒီကလေးမလေးတုံးကတော့ လူသိရှင်ကြား အမှန်အတိုင်းဖြစ်သွားတာပါဘဲ။
    အပြင်ဆေးခန်းက မနိုင်ရင် ဆေးရုံကြီးကိုဘဲ ပို့ရတယ်လို့ သိရပါတယ်။
    ဆေးရုံကြီးမှာလဲ ဒီဆရာဝန်ကြီးတွေထိုင်ကြတာပါဘဲ။
    ဒါပေမယ့် အပြင်ဆေးခန်းမှာဘဲ လူတွေကြိတ်ကြိတ်တိုးအောင် ဘာလို့ပြနေကြသလဲဆိုတဲ့ အဖြေကို သိသူများက
    ပြောပြနိုင်ရင် သိပ်ကောင်းမှာဘဲနော်။

  • unclegyi1974

    January 28, 2011 at 3:52 pm

    ကိုပေါက်ရေ
    ဆေးရုံကြီးမှာမပြပဲအပြင်ဆေးခန်းမှာငွေကုန်ခံပြီး
    ကုတာ
    ၁ ကိုယ့်လူနာကိုဂရုစိုက်စေချင်တာ
    ၂ ဆေးရုံကြီးသွားလည်းအခန်းခမကုန်တာကလွဲ
    လို့ဆရာဝန်ကြီးကိုပေးရတာ ဆေးဝယ်သုံးရတာ
    အပေါက်စောင့်ကိုမျက်နှာချိုသွေးရတာ အိမ်သာ
    တက်တာကအစအဆင်မပြေတာ သန့်ရှင်းရေးသ
    မားကိုလည်းကြောက်ရတာ သူနာပြုကိုလည်း
    မျက်နှာကြည့်နေရတာ တွေကြောင့်လို့ပြောရင်
    ကျေနပ်မှာပါနော်

    လူနာရှင်ကိုလည်းစာနာပါတယ် ဒါပေသိ
    လွှမ်းမိုးရဲ့သီချင်းလို ရပ်ကွက်ထဲမှာဒီလိုဘဲ
    လို့ပြောရမလို မြန်မာနိုင်ငံကဆရာဝန်ကြီးတွေလည်း
    ဘယ်လိုဖြစ်နေဆိုတာပြောမပြတတ်အောင်ဖြစ်
    နေပါပြီ
    ဟိုတလောကပဲဂျာနယ်လစ်ကြီးတယောက်သူ့
    အကြောင်းရေးပြီးပြီ
    အဆိုတော်တယောက်ကလည်းသူ့အကြောင်းပြော
    ပြီးပြီ
    ဒါကြောင့် ရဲတိုက် ရဲတိုက် ရဲတိုက်
    လို့ပဲ….

  • zaw min

    January 28, 2011 at 5:03 pm

    ပြည်မြို့ ရှိ မျိုးသုခ အထူးကုဆေးခန်းကို လည်းလူနာရှင်တွေက တရားစွဲထားကြောင်း မနေ့က ဧရာဝတီ သတင်းထဲမှာဖတ်လိုက်ရတယ်။
    သူနာပြုဆရာမက ဆေးမှားထိုးပေးလိုက်လို့ လူနာရှင် အသက်ဆုံးရူံးသွားရပါတယ်တဲ့။သိချင် သူများသွားဖတ်ကြည့်လိုက်တော့ဗျုို။ကျွန်တော်တော့ လက်ညောင်းလာလို့မတင်တော့ပါဘူး။

  • ဆူး

    January 28, 2011 at 5:24 pm

    မြန်မာ နိုင်ငံ ရန်ကုန် မြို့ ရဲ့ အရိုးဆေးရုံ ဆင်မလိုက်မှာ ရှိတယ်။ ဆေးရုံကို တက်တုန်းက ဒုတ်ကောက်နဲ့ ဆင်းတော့ ဆေးရုံ ကဒ်နဲ့ ပက်လက်ဆင်းရတယ်။
    မခွဲခင်မှာ ထင်မြင်ချင်တွေ အစည်းအဝေးထိုင်ပြီး ရှိသမျှ ဆရာဝန်တွေ အကြံထုတ်ကြတယ်။ ခွဲလိုက်တယ် ဟော.. ထင်တာနဲ့ မြင်တာ လွဲသွားပြီး.. ခွဲခံလိုက်ရတဲ့ အကျိုးကြောင့် ပက်လက် ဘဝနဲ့ သေတဲ့ အထိဘဲ.. ထိုင်တောင် မထိုင်နိုင်ဘူး ခါးမခိုင်တော့လို့.. အဲဒီ တိုင်ပင်ဆွေးနွေးကြတဲ့ အထဲမှာ ပါတဲ့ ဆရာဝန် တယောက်ကို ခွဲခန်းဝင်မဲ့ အထဲမှာ ပါတယ် ထင်လို့ သွားကန်တော့လိုက်သေးတယ်။ သူက သိတယ် ခွဲပြီးတဲ့ အချိန်မှာ မှားသွားပြီ ဆိုတာ သိပြီး စိတ်မကောင်းတော့ ဆေးရုံဆင်းတော့ အိမ်ကို လာလာကြည့်ပေးတယ်။ မခွဲခင်က ခွဲတဲ့ အထဲမှာ မပါဘဲ လက်ခံလိုက်လို့လား သို့မဟုတ် မှားယွင်းမှု ကို စာနာလို့လား မသိဘူး အချိန်မရွေး မအားတဲ့ ကြားက အိမ်ကို လာကြည့်ပေးရှာတယ်။ တကယ်ခွဲတဲ့ ဆရာဝန်ကတော့ ခွဲပြီးကတည်းက လာမကြည့်ဘူး တခါတော့ လာတယ် ခွဲထားတဲ့ အနာ ကောင်း မကောင်း ကြည့်ပြီး ကတည်းက လာကို မလာတော့ဘူး။ မျက်နှာချင်း မဆိုင်ရဲတာလား တော့မသိဘူး။ လူနာ နဲ့ လူနာရှင် ဆရာဝန်မျက်နှာ မြင်ရင်တော့ ပို အားရှိမှာပေါ့။ စမ်းသပ်ခန်းထဲ မှာ လိုသလို အသုံးချ ပြီးသွားတဲ့ အခါ ပြန်လှည့်မကြည့်သလိုများ ဖြစ်နေမလား။ သူနာပြုတွေကလည်း ဆရာဝန် အထာ သိနေလို့လား မသိဘူး ဆေးရုံက အမြန် ဆင်းစေချင်ကြတယ်။ ဆေးရုံမှာ ၁လ နေလိုက်ရတယ်။ သန့်ရှင်းရေး ကိုလည်း ရေစီးရတယ်။ သူနာပြုတွေကိုလည်း ရေစီးရတယ်။ သူနာပြုတွေကိုလည်း တော်ကြာ မုန့် တော်ကြာ ဘာညာ ကျွှေးရတယ်။ သီးသန့် တယောက် နေ့ ည ခေါ်ထားရတယ်။ သူနာပြုဆိုတာ စားပွဲမှာ ထိုင်ပြီး လေပေါတာ နဲ့ ဆရာဝန်လာရင် စာရွက် လိုက်မှတ်တာ ဒါဘဲ လုပ်တာ။ သေခါနီးမှ စင်္ကာပူကို ဆေးစာရွက်တွေ သွားပြတော့ ဟိုက ဆရာဝန်က ခေါင်းကိုစစ်ဆေး စကန် ရိုက်ခိုင်းတယ်။ သွားပြန်ပြတော့ အဖြေထွက်လာပါတယ်။ ပြသနာ ခါးမှာ မရှိဘဲ ခါးခွဲလိုက်တော့ ဒုကိ္ခတ ဖြစ်သွားတာ အရင်းအမြစ်က ဦးနှောက်ထဲမှာ ရှိတဲ့ အရည်အိတ်ခမ်းတာ ဖြစ်ပါသတဲ့ကွယ်။ ကုဖို့ ကြိုးစားရင်းနဲ့ လောကကြီးထဲက ထွက်ခွာသွားရှာတယ်။ အိပ်ယာထဲမှာ မထ နိုင်ဘဲ လဲနေသူ အဖို့ ရောဂါဟောင်းမျိုးစုံက ဝင်လာတယ်။ အသည်းရောဂါ ရှိရင် မေ့ဆေးနဲ့ မတည့်ဘူး ဆိုတာ သိလို့ မေ့ဆေးဆရာဝန်ကြီးကို အဲဒီ ကိစ္စပြောပြရင်း ထောင်ထုတ် တထုတ် ပေးလိုက်တယ်။ မေ့ဆေး အကောင်းစားလို့ ပြောသော်ငြားလည်း တလ ပြည့်တဲ့ အချိန်မှာ ကိုမာ ဝင်သွားပြီး သတိလစ်သွားတယ်။ ဒီတော့ အရိုးဆေးရုံကနေ အနောက်ပိုင်း ဆေးရုံကို ရွေ့ရတယ်။ အနောက်ပိုင်း ဆေးရုံကနေ အိမ်ကို ဆေးရုံကားနဲ့ ပက်လက် ဆင်းရတယ်။ အိမ်မှာ နေရင်းနဲ့ ခဏခဏ အသည်းဖောက်လို့ ဆေးရုံ နဲ့ အိမ် ကူးနေရတယ်။ ဆေးရုံတွေထဲမှာတော့ အကယ်ဒမီ ဆေးရုံက အကောင်းအဆုံးဘဲလို့ ခံစားရတယ်။ သူနာပြု ခေါ်စရာ မလိုလောက်အောင်ကို ဂရုစိုက်တယ်။ ခေါ်တာနဲ့ ချက်ချင်းလာတယ်။ သောက်စရာ ဆေးက အစ လာထည့်ပေးတယ်။ ပိုက်ဆံ လည်း အလောတကြီး မတောင်းဘူး။ သွင်းထားတဲ့ ပိုက်ဆံ ကုန်သွားလည်း ဆေးရုံက ဆေးတွေ ထုတ်ပေးတယ်။ အကြွေးပေးတဲ့ သဘောပေါ့။ ဆင်းတော့မှ ကျသလောက် ရှင်းတာက တပိုင်းပေါ့။ လူနာရှင် စိတ်ညစ်အောင် အကြွေးစာရင် အတင်းထိုးပေးတာမျိုး မလုပ်ဘူး။

    အဲဒီ အရိုးဆေးရုံမှာ သွားတက်တဲ့ အချိန်က ပြင်သစ်က ဆေးရုံသုံး ပစ္စည်း အသစ်တွေ လှူထားတယ်လို့ ပြောတယ်။ အဲဒီ စက်သစ် ကြီးတွေနဲ့ ခွဲမှ ရောဂါ ပျောက်မှာ မို့ ဆေးရုံကို လာခဲ့ပါဆိုပြီး ညွန်ကြားခဲ့တာကတော့ ဦးကျော်မြင့်နိုင် အရိုးအထူးကု ဆရာဝန်ကြီး ထိုအချိန်က ဆေးရုံအုပ်ကြီး ဖြစ်ပါတယ်။

  • my name is phone myat htay

    January 28, 2011 at 6:42 pm

    ဆရာဝန် ဆရာမ များနှင့် ပေါင်းသင်း ဆက်ဆံရသော ဘဝမှ မြန်မာနိုင်ငံသားများ ကင်းဝေးပါစေ။ ရွာသူ ရွာသား အပေါင်း ရောဂါဘယ ကင်းဝေး ကြပါစေ။ မြန်မာပြည်မှာ ဘယ်ဆရာဝန် ဘယ်ဆရာမ မှယုံလိုမရဘူး ကိုယ်ချင်းစာစိတ် မရှိတဲ.လူတွေ ငွေနောက်လိုက် စားပြီးနားမလည်ခြင်ယောင်ဆောင် တဲ.လူတွေ၊ အဲဒီလိုလူတွေ မြန်မြန် ဝဋ်လည်ပါစေ။

  • char too lan

    January 29, 2011 at 7:00 am

    ဖတ်ရတာရင်ထဲကိုနင့်သွားတာပဲ ကျန်းမာပါစေ…ကျန်းမာကြပါစေ…………
    ချမ်းသာပါစေလို့မပြောတော့ဘူး 🙁

  • eros

    January 29, 2011 at 9:39 am

    မြန်မာပြည်က ဆရာဝန်များ ကယ်တင်ရှင်များဘဝ မှ လူထုချဉ်ဖတ်၊ လိုင်စင်ရ သူသတ်သမားများ ဘဝရောက်နေပါကလား။ ပညာပဲ တကယ်မတက်တာလား၊ နိုင်ငံခြားမှာလို လျော်ကြေးပေးရ၊ ထောင်ကျတာမရှိလို့ ပြီးပြီးရောလုပ်ရတာလား အလွန်ဆုံး ဆမ ပိတ်ရုံဆိုတော့။ စေတနာမပါတာလား ။ မတော်လောဘနဲ့ ငွေမျက်နှာပဲကြည့်နေတာလား။

  • kai

    January 29, 2011 at 10:27 am

    အတင်းမတုပ်တဲ့ အဖြစ်မှန်တွေဆိုရင်… ဆရာဝန်ကြီးတွေနံမယ်သာတပ်ရေးပါ..။ ယူအက်စ်မှာ .. အဲဒီဆရာဝန်ကြီးတွေနဲ ့ခေတ်ပြိုင်ရော..ပိုဝါရင့်တဲ့ မြန်မာဆရာဝန်ကြီးတွေရောရှိတယ်..။
    အဲဒါကြောင့် .. ယူအက်စ်က မြန်မာဆရာဝန်တွေ .. သူတို့ရဲ့လုပ်ရပ်တွေ ..အသေးစိတ်သိကုန်မှာကိုတော့ .. နည်းနည်းထည့်စဉ်းစားကြမယ်လို့ထင်တယ်..။
    အပြန်အလှန်ထိန်းကျောင်းမှု ပိုရှိတာပေါ့..။

    • ဆူး

      January 29, 2011 at 12:45 pm

      အသေးစိတ် တင်ပေးဖို့ ဆရာဝန်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေတော့ မပြောတတ်ဘူး။ လွန်ခဲ့တဲ့ ၉နှစ် က ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးပါ။ သေတာတောင် ၆နှစ်ရှိသွားပြီ။ လွန်ခဲ့တဲ့ ၉နှစ် က ပထမပိုင်း ၂လ လောက်မှာ အရိုးဆေးရုံနဲ့ အနောက်ပိုင်း ဆေးရုံတွေမှာ ဆေးကုတာ တင် သိန်း၃ဝလောက် ကုန်သွားတယ်။ နောက်ပိုင်းတော့ တတိတိပါဘဲ။ ဆရာဝန် သဘောကောင်းဖို့ ရေလွတ်ဖို့ လိုရင် ရေလွတ် ရသလို ဆေးရုံမှာ ရေဖြန်းသင့်ရင် ဖြန်းရတယ်။ ဆေးရုံစရိတ်နဲ့ အလူးအလဲဘဲ။ သူများတွေက မေးကြတယ် နိုင်ငံခြား ဘာလို့ သွားမကုလဲ တဲ့.. နိုင်ငံခြား က အခုလို ထွက်ဖို့ မလွယ်ကူပါဘူး။ လွယ်လွယ်ကူကူ ထွက်နိုင်တဲ့ အချိန်မှာ ကြိုးစားခဲ့ပေမဲ့.. မခံတော့ဘူး ဆုံးပါးသွားတယ်။

  • seaman

    January 29, 2011 at 11:47 am

    SSC Clinic ဘဲ ဖြစ်မယ်ဆိုဒါ 100% သေခြာပါတယ်
    အဲဒီ ဆေးရုံရဲ. ဝန်ဆောင်မှုူ ၊ လူနာတွေကိုစောင်.ရှောက်မှု ၊ MO တွေရဲ.ဂရုမစိုက်မှု ၊ သူနာပြု တွေရဲ. အရည်အချင်းမပြည်.ဝမှု၊ သန်.ရှင်းရေးဝန်ထမ်း တွေရဲ. (မရောင်ရာဆီလူး) မှု (မလိုအပ်သော TV ကို နေ.တိုင်းသန်.ရှင်းရေး လုပ် လူနာ အိပ်နေလဲ လုပ်၊ လိုအပ်တဲ. ကြမ်းပြင်ကိုသန်.ရှင်းရေး သေချာမလုပ်၊ Bed sheet, Pillow case & blanket တွေကို လူနာဝမ်းသွားလို.ပေသွားရင် လဲခိုင်းရင် ၂/၃ နာရီ လောက်ကြာသည်)
    သူနာပြု တွေ ဆိုရင် BP တောင်သေခြာမတိုင်းတတ်တဲ.သူတွေရှိတယ်၊ Manual မတိုင်းတတ်လို. Digital ပြေးယူပြီးတိုင်းတော. စက်ကိုမသုံ.တတ်၊
    ွှအဲဒါတွေကိုမြင်နေရတဲ.လူနာက ရောဂါ ၂ ဆတိုး၊ လူနာရှင် ကစိတ်မကောင်းဖြစ် ၊ တကယ်ဆိုတော. SSC Clinic က ပြည်သူ.ဆေးရုံကြီး ရဲ.ဝန်ဆောင်မှု နဲ. လူနာ/ လူနာရှင် တွေဆီက နေပိုက်ဆံ တွေညာယူနေတဲ.ဆေးရုံပါ ၊ SSC ဆေးရုံမှာ OPD ပြမယ်ဆိုရင်တော. ပြသနာမရှိပါ။ အတွင်းလူနာအနေနဲ.တော. ပြသနာအများကြီးရှိပါတယ်( ပိုက်ဆံကုန်ပြီး စိတ်မောဖြစ်မှာသေချာပါတယ်)

    ကျွှန်တော်.အမေ SSC ဆေးရုံ တက်တုန်းက ကိုယ်တွေ.တွေပါ။

  • naywoonni

    January 29, 2011 at 1:06 pm

    အင်း တို့တိုမပူပါဘူး တို့ရွာထဲမှာလည်း ချာဝန်းမလေး ရှိတယ်ဆိုပဲ ရွာသားတွေ ရွာထဲကချာဝန်မလေးဆီမှာပဲ ကုကြနော် ဘေးကော့မသွားကြလေနဲ့ ဘေးထွက်ဆိုးကျိုးဆိုတာသိလား ဘေးထွက် သွားလို့ ဆိုးကျိုးရတာ တ်ိရား

Leave a Reply