We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
6 comments
intro
February 2, 2011 at 9:41 am
ဘယ်မှာဖြစ်နေတာလဲ၊ ဘာအတွက် ဆန္ဒပြနေကြတာလဲ ဆိုတာ info နည်းနည်းလောက်တော့ ပေးဦးလေ အစ်ကိုရ…
kai
February 2, 2011 at 9:53 am
အဲဒါ..အီဂျစ်နိုင်ငံကိုင်ရိုမှာဖြစ်နေတာပါ..။
အစိုးရတဖွဲ ့လုံးလည်း ပြုတ်သွားပြီ..။ သမ္မတမူဘာရက်ကလည်း .. လာမဲ့စက်တင်ဘာအထိ.. (တရားဝင်သက်တန်းကုန်တဲ့အထ်ိ)ပဲလုပ်မယ် ပြောနေပါတယ်..။
လူတွေက လျှော့မသွားပဲ..တိုးပြီး ဆက်ဆန္ဒပြနေတာပါ..။ အနည်းဆုံး လူ ၁သန်းလောက်ချီတက်ဆန္ဒပြတယ်ဆိုတာပဲ..။
မြန်မာပြည်ရဲ့ ၈၈ နဲ့တော်တော်တူပါတယ်..။
အဲဒီကနေ သင်ခန်းစာတွေအများကြီးထပ်ယူလို့ရမယ်ထင်မိပါတယ်..။
အစ္စလမ်မစ်နိုင်ငံတွေချည်း..အဲဒီ လူထုဆန္ဒပြလှိုင်းလုံးတွေဝင်လာနေတာပေါ့..။ တူနီးရှားကစတာ..။
ဆူဒန်လည်း.. တောင်မြောက်ကွဲသွားတယ်..။ အခု အီဂျစ်၊ ဂျော်ဒန် ကလည်း ဘုရင်က အစိုးရအဖွဲ ့ကိုဖြုတ်ပစ်လိုက်တယ်တဲ့..။ မော်ရိုကိုလည်း အခြေအနေမကောင်းဘူး..။
ကောင်းလာမလား ဆိုးလာမလားတွေ ..ရင်တထိတ်ထိတ်နဲ့..စောင့်ကြည့်ပေတော့…။
ကမ္ဘာတခုလုံး .. တဝုန်းဝုန်းနဲ့ကို ဂယက်ရိုက်လိမ့်မယ်..။
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2011 at 10:05 am
ဒီပွဲကတော့ ပွဲဂျီးပွဲဂေါင်းဘဲဗျို ့
အရှေ ့အလယ်ပိုင်း ဒီမိုကရေစီနဲ ့
အမေရိကန်ဂျီး ရွာလည်နေတဲ့အချိန်မှာ
တရုပ်ဂျီး ဘယ်လို ကြာကူလီလုပ်မယ်ဆိုတာလေ
အဟေဟေး
လောက်စာလုံး အလုံးရှစ်သောင်းကျော်လုံးထားတယ်ကွ
မကောင်းသူထိပ် ကောင်းသူထိပ်
kai
February 2, 2011 at 10:23 am
တူနီးရှား နိုင်ငံ ကျုးနစ်မြို ့က .. လမ်းဘေးဈေးသည်တယောက် ကိုယ့်ကိုယ်တိုင်ကိုမီးရှို ့ဆန္ဒပြတာကနေ စတယ်ပြောကြတယ်..။
ကျုပ်ကတော့ .. အိုဘားမားသမ္မတဖြစ်ပြီး ၂၀၀၉နှစ်လယ်..ကိုင်ရိုမှာ ကမ္ဘာကျော်မိန့်ခွန်းပြောတာကနေ စတယ်ထင်တာပဲ..။
http://www.huffingtonpost.com/2009/06/04/obama-speech-in-cairo-vid_n_211215.html
ဒီမိုကရေစီ ဆိုတာကို .. အာရတ်ကမ္ဘာထဲ..စံနစ်တကျနဲ့ပစ်သွင်းလိုက်တာပဲ.။
၂ဘီလီယန်ကျော်သွားတဲ့ မွတ်စလင်လူဦးရေရဲ့ .. အင်ပါယာအသစ်ထူထောင်မှု ပြယုတ်လို့လည်း ဆိုကြတာပဲ..။
တရုတ်ကြီး ဝင်နှောက်ရဲဦးမယ်တော့ မထင်..။
အခုတင်သတင်းတက်လာပြန်ပြီ…
ဂယက်တွေ… ယီမင်ကို ကူးသွားပြီတဲ့…။
မိုက်ကယ်ဂျော်နီအောင်ပု
February 3, 2011 at 3:31 am
သူတို ့စီမှာလဲ ကြက်ဖွတ်ရှိတယ်ဗျို ့
အီဂျစ်ကြက်ဖွတ်ပေါ့ဗျာ
ဗွီအိုအေ သတင်းပါ
အီဂျစ်နိုင်ငံမှာ မနေ့ညအထိ ဆက်ဖြစ်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို ထောက်ခံသူတွေ ကိုင်ရိုမြို့တော်မှာ မနေ့က မြင်းတွေ၊ ကုလားအုပ်တွေ စီးနင်းပြီး ဆန္ဒပြ လူအုပ်ကြီးထဲ အတင်း ဝင်ရောက်လာပါတယ်။ အဲဒီအခါ သမ္မတ မူဘာရက်ခ်ကို ဖြုတ်ချရေး ဆန္ဒပြသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။
တဘက်နဲ့တဘက် ခဲတွေနဲ့ ပစ်ပေါက်တာတွေ၊ ထိုးကျိတ်တာတွေလည်း ဖြစ်ခဲ့တဲ့အကြောင်း ရုပ်မြင်သံကြားတွေက ပြသနေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ မဖြစ်ရအောင် အီဂျစ်တပ်ဖွဲ့တွေက သေနတ်နဲ့ သတိပေး ပစ်ဖောက်မှုတွေ လုပ်ခဲ့ရပါတယ်။
သမ္မတ မူဘာရက်ခ်ကို ထောက်ခံသူတွေက ဆန့်ကျင်သူတွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ခဲ့ပါတယ်။ ကိုင်ရိုမြို့က ကမ္ဘာကျော် ပြတိုက်ကြီးထဲကိုလည်း သမ္မတ ထောက်ခံသူတွေက မီးလောင်ဗုံး အနည်းဆုံး ၂ လုံး ပစ်သွင်းခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီဗုံးတွေကို ခပ်မြန်မြန် ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မနေ့ကညပိုင်း ကိုင်ရိုမြို့က လွတ်မြောက်ရေး ရင်ပြင်အနီး အချင်းချင်း ပဋိပက္ခဖြစ် တိုက်ခိုက်မှုတွေကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၆၀ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့လည်း ဆန္ဒပြသူတွေက အမိန့်ကို ဖီဆန်ပြီး နေ့ရော ညပါ ဆန္ဒတွေ ပြနေကြတာ ၉ ရက် ရှိသွားခဲ့ပါပြီ။
သံချပ်ကာကားတွေနဲ့ စစ်သားတွေ လမ်းတွေမှာရှိတယ် ဆိုပေမဲ့လည်း ဆန္ဒပြသူတွေကို ဘာမှ အနှောင့်အယှက် မပေးကြပါဘူး။
မနေ့တုန်းက ဆန္ဒပြသူတွေထဲမှာ အရပ်ဝတ်နဲ့ရဲတွေ ဝင်ရောက်နေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။ ပြည်ထဲရေး ဝန်ကြီးကတော့ ဒီအချက်ကို ငြင်းပါတယ်။
သမ္မတ မူဘာရက်ခ်ကတော့ နောက်အစိုးရ ဖွဲ့တဲ့အခါ သူ ထပ်မပါတော့ဘူးလို့ ပြောထားပါတယ်။ ဆန္ဒပြသူတွေကတော့ သူ့ကို အခုဆင်းပေးရမယ်လို့ တောင်းဆိုနေကြတာပါ။
အီဂျစ်မှာ နိုင်ငံရေး အပြောင်းအလဲကို ချက်ချင်းလုပ်ပေးဖို့ အနောက် အင်အားကြီး နိုင်ငံတွေက တိုက်တွန်းနေတာကို အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းပယ်လိုက်ပါတယ်။ အီဂျစ်ရဲ့ ပြည်တွင်းရေးကို နိုင်ငံခြား တိုင်းပြည်တွေက ဝင်ပြီးစွက်ဖက်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို တိုက်တွန်းနေကြတာလို့ မနေ့က ထုတ်ပြန်တဲ့ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆန္ဒပြမှုတွေ မရပ်ရင် တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိလာမှာ မဟုတ်ဘူးလို့ အီဂျစ် ဒု-သမ္မတက ပြောတဲ့အကြောင်း၊ စစ်တပ်အရာရှိတွေက လူတွေကို အိမ်ပြန်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းနေတဲ့အကြောင်း အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားမှာ ဖော်ပြနေပါတယ်။
kai
February 3, 2011 at 8:15 am
၈၈ တုံးက ..ဦးနေဝင်းက .. ရာထူးကထွက်တယ်..။
ပါတီစုံနဲ့သွားမယ်ပြောတယ်..။ သမ္မတအဖြစ် ..ဦးစိန်လွင်ကိုတင်တယ်..။
လူတွေဆန္ဒပြတာ မလျှော့သွားတော့ .. ဦးမောင်မောင်ကိုတင်တယ်..။
လူထုက .. မလျှော့သွားတော့ .. လူထုထဲ ..ထောက်လှမ်းရေးတွေထည့်ပြီး .. အကြမ်းဖက်တာတွေဖြစ်လာအောင်လုပ်တယ်..။
အကျဉ်းထောင်တွေ ဖေါက်တယ်..။ ပြည်သူပိုင်ပစ္စည်းတွေကိ ုဖေါက်တယ်..။ ခိုးတယ်..။ လူထုအချင်းချင်း ..ယုံကြည်မှုတွေလျှော့လာပြီး .. ကိုယ့်လမ်းကိုယ့်ရပ်ကွက်စောင့်ရတာတွေဖြစ်လာတယ်..။ ခေါင်းဖြတ်တာတွေဖြစ်လာတယ်..။
နောက်တော့ .. ဦးမောင်မောင်က ..မဆလကို ဖျက်ပေးလိုက်တယ်မှတ်မိတယ်..။
(အဲဒီမှာ ..အခြေခံဥပဒေဖျက်လိုက်တာလား ..မသေချာ)
ဆိုတော့ ..တပ်က မဆလအောက်ကလွတ်သွားပြီး … တိုင်းပြည်ကြီးပျက်နေပါပြီ.. မြန်မာပြည်ကြိးကို..ကျွန်တော်ကယ်တင်ခဲ့သည်လုပ်ပြီး… အာဏာသိမ်းလို့ရသွားတာပေါ့..။
၁၉၈၈ စက်တင်ဘာ ၁၈မှာ အာဏာသိမ်းလိုက်ပါတယ်..။
မြန်မာတွေက .. အစိုးရဝန်ထမ်းရော..။ စစ်တပ်(ရေနဲ့လေတပ်)ကရော..ရဲရော..။ အကုန် ဆန္ဒပြသူတွေနဲ့ပေါင်းကြတာပါ..။ မြန်မာ့လူဦးရေရဲ့ ..၁ဝပုံ၁ပုံလောက် လမ်းပေါ်ထွက်ကြတယ်လို့တောင် ပြောလို့ရမယ်..။
ဆန္ဒပြတဲ့ရက်ကလည်း ..ဇူလိုင်လကုန်လောက်ကနေ တွက်ရင်ကို .. တလခွဲလောက်အသာလေးကြာတယ်..။
အီဂျစ်နဲ့ယှဉ်ပြီး .. ပြန်သုံးသတ်ကြည့်တာပါ..။
ဆိုတော့ ..အီဂျစ်မှာ .. မကြာခင်မှာ ..တပ်က တဖက်ဖက်နဲ့ တွဲသွားလိမ့်မယ်..။
မြန်မာပြည်ပုံစံအတိုင်းဆို .. သမ္မတမူဘာရက်ဖက်ပါသွားဖို့များတယ်.။
ဒီရက်ပ်ုင်းအတွင်း .. လူထုဖက်က ခေါင်းဆောင်တယောက်ကထွက်လာပြီး .. မူဘာရက်နဲ့ စားပွဲပေါ်မှာ စကားမပြောရင်. .. လူထုဖက်ကရှုံးသွားနိုင်တဲ့အခြေအနေရောက်နေပြီ ..ထင်မိတာပါပဲ..။
လူထုမှာက .. ဗျူဟာနဲ့လုပ်တာမဟုတ်ပဲ.. အီမိုးရှင်းနဲ့..စိတ်ဒေါသနဲ့ဆိုတော့ .. အာဏာရှင်တွေဖက်ကို ဘယ်တော့မှ ထွက်ပေါက်မပေးတတ်ကြဘူး..။ အလျှော့အတင်းနဲ့လည်း မကစားကြဘူး..။
အခုဥပမာအတိုင်းဆို ..မူဘာရက်အစိုးရထွက်ဖို့ပြောတယ်..။
မူဘာရက်က သူကလွဲပြီး ကက်ဘိနက်ကို ထွက်ခိုင်းလိုက်တော့ .. မူဘာရက်ကိုယ်တိုင်ဆင်းဖို့ပြောတယ်..။
မူဘာရက်က .. သက်တန်းကုန်တဲ့ စက်တင်ဘာမှာ ..ထွက်မယ်..ပြန်အရွေးမခံဘူးပြောတော့ ..။ ချက်ချင်းထွက်ဖို့ပြောနေတယ်..။ဒါက လက်ငက်းအခြေအနေ..။
မူဘာရက်ချက်ချင်းနှုတ်ထွက်လိုက်ရင်.. သူ့ကို ကြိုးစင်တင်ဖို့ .. တဆင့်ထပ်တောင်းဆိုကြလိမ့်မယ်..။
ကြိုးစင်တင်လိုက်ရင်.. သူ့အစိုးရအဖွဲ ့က လူတွေအကုန်ကြိုးစင်တင်ဖို့ပြောလိမ့်မယ်..။
အာဏာရှင်တွေကို … ထွက်ပေါက်မပေးထားဖူး..။
ကဲ.. ငွေရောင်ပိတ်ကားပေါ်… ဆက်ကြည့်ကြတာပေါ့နော..။
ဒီ အီဂျစ်သတင်းတွေ မြန်မာပြည်မှာ .. ဖေါ်ပြခွင့်ရရဲ ့လားတော့ သိချင်သား..။